Pages

April 29, 2009

ပလက်ဖောင်းမင်းသား

ကြယ်ရောင်တွေပျောက်တဲ့ညမှာ... အပြင်လောကထဲထွက်လာသူ..
အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ်မမည်တော့ဘူး။

မာကြူရီမီးလုံးအောက်မှာ ကိုယ့်အိပ်ထဲလက်နှိုက်ရှာကြည့်
ငွေရယ်ဆိုလို့  ၁၀ တန်နဲ့  အကြွေတချို့ ...
ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု..

မျက်ရည်ကျပြီးလိုက်ခေါ်သူရယ်မရှိ.. သေလိုက သေနိုင်၏.. ရှင်လိုက ရှင်နိုင်၏
ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်မှ ပြန်လာမယ်ပြန်ခဲ့မယ်
ကိုယ်ယောက်ျားမို့  ကိုယ်သဌေးဖြစ် ခွေးဖြစ်ပါပဲ..

ဒီလိုနဲ့ ရက်ပေါင်းများစွာ ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း.
လူဆိုတာဟာတော်ယုံနဲ့ သေခဲ.. ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ဝ

အပျံသင်စ တဖြစ်လဲတဲ့အခါ .. ကိုယ်ပလက်ဖောင်းမင်းသား အရင့်စား..
ရေဆိုတာဟာ နွေခါမှာ ခက်သေး.. ငွေဆိုတာဟာ ရှာနိုင်သူ ဖို့ မရှား..

လုပ်စရာရှိတာပြီးအောင်မြန်မြန်လုပ်
သိပ်မတွေးနဲ့  သိပ်မမေးနဲ့ ..
အချိန်ကုန်တယ်.. လေကုန်တယ်..

အရလွယ်တိုင်းလည်း တွေ့ တာအကုန်မယူနဲ့ 
အန္တရယ်က လက်တကမ်းမှာ..
ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့..

ဖော်မစုံသူသောက်တဲ့ အလင်းဆိုင်.. ကိုယ်ကြိုက်တဲ့ အခုခေတ်ပေါ်သီချင်း..
ဖီလင်ဆိုတာဒါရယ်ကိုခေါ်သလား.. ဘာရယ်ညာရယ် ကိုယ်လေမသိပဲဆွေး...

အချိန်တန်တော့ ဘ၀ပေးကုသိုလ်.. ကိုယ်လည်းပဲ အတွဲကလေးနဲ့ မိ
မဒီကိန္နရီ စံချိန်မမှီပေမယ့် ... ဟာနေတာကို မဟာရုံသူဖြည့်ပေး..

ရွေးနေရအောင် မင်းကဘာကောင်လဲ..
အကောင်းဆုံးက အကောင်းဆုံးပေါ့
တန်ရာက တန်ရာပေါ့..
ရုပ်ရှင်ကြည့်ပြီးရူးချင်တယ်ဆိုလည်း ကပ်လက်စနဲ့ ကပ်ဦးပေါ့
ထရံထက်မှာ ရွှေမင်းသမီးဇာတ်ကား ကြော်ငြာ

လူဆိုတာ အချစ် (အကျင့်) ရဲ့ကျေးကျွန်.. ထီထိုးရင်းတိုက်ဖို့ မေ့ရင်း..
ဒီအခြေအနေကိုပျော်တယ်လို့ မယူဆရင်... ပျော်တယ်ဆိုတာဘာလဲ ကိုယ်မသိတော့
နာမည်ကျော် ငွေရှိတဲ့ဘ၀ဟာ .. အိပ်မက်နဲ့ ပဲ ကျိန်းကျေတတ်..
ဒီအရွယ်မှာပါ ကိုယ်ဟာဘာကောင်လဲ မသိရင်.. ကိုယ်ထင်တာထက်ကိုယ်ဟာပိုအ, ပေါ့

ကြိုက်တာရမယ့် သူ့ တန်ရာတန်ကြေး
Brother ရေ ဇေပါတယ်.. ငွေသာအရင် မစပါ..
ကိုယ်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွေ့ 
လျှောက်ဦးဟေ့.. လျှောက်ဦးဟေ့..
နောက်ဆုံးနေ့ အထိ... ကိုယ်ပလက်ဖောင်းမင်းသားအရင့်စား

8 comments:

ကြည် said...

အမြဲရောက်ဖြစ်ပါတယ်..ခြေရာမချန်ခဲ့တာပါ။ ဟိုနေ့ကလည်း မိုးမလင်းသေးဘူးအိပ်ဦး သီချင်းလေးကိုလာနားထောင်ပြီး တနေ့လုံးဆိုဖြစ်ခဲ့သေးတယ်။ ခုလည်း ပလက်ဖောင်းမင်းသားကို လာနားထောင်သွားပါတယ်။ ပျော်ရွင်ပါစေ။

Ko Boyz said...

အဲဒီခေတ်တုန်းက သီချင်းများကို ဆင်ဆာ လုပ်တာ သိပ်မတင်းကျပ်ခဲ့ဘူးလို့ ထင်ပါတယ်။ လွတ်ထွက်လာတာတွေ အများကြီးပဲ။
ဆရာ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေဆို မလွတ်မကင်းလေးတွေ ပါပါတတ်တယ်။
ဥပမာ - ဒီသီချင်းမှာဆို ဇေပါတယ် ဆိုတာ.. ညဥ့်ငှက်တွေ ရနိုင်တယ်.. ဆော်ရှိတယ်လို့ ပြောတာ...။

နောက်သီချင်း တစ်ပုဒ် “သခင့်ဆီ အပြေးပြန်လာမည်” ထဲက စစချင်း အပိုဒ်က စာကြောင်း..
“ပချုပ်ဆိုင် ပြူတင်းက ခန်းဆီးစ မလို့ ကြည့်လိုက်ရင်” ဆိုတာလေး.. ပချုပ်ဆိုင်က တစ်ကယ်တော့ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်လို့ အဓိပ္ပါယ်ရတယ်လို့ ရှေ့မှီနောက်မှီ ပက်လက်ကုလားထိုင် အဲ.. အဲ.. ရှေ့မှီနောက်မှီ အစ်ကိုကြီး တစ်ယောက် ပြောပြဖူးတာ မှတ်သားမိတယ်။

chocothazin said...

ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့ ဆိုတဲ့နေရာ အကြိုက်ဆုံးပဲ

Anonymous said...

အမှန်ဆိုသွားခဲ့တာက ....
လူဆိုတာအကျင့်ရဲ့ကျေးကျွန်......ပါ
အချစ်ရဲ့ကျေးကျွန် မဟုတ်ပါ.....
ငယ်ငယ်တုန်းကတအရမ်းခိုက်ခဲ့တဲ့သီချင်းမို့မှတ်မိတာပါ..
၅တန်းလောက်တုန်းကထင်ပါတယ်.....

Steve Evergreen said...

စိုင်းထီးဆိုင်

Bino said...

According to Anonymous (Apr 29,2009)
comment,
I have bad characters, So shall I?
May be Anonymous age is over 5o.

Anonymous said...

ကြိုက်တယ်ဗျာ..
အိမ်ကနေထွက်လာပြီးတဲ့နောက်ပိုင်း
အကြိုက်ဆုံးသီချင်းနှစ်ပုဒ်ရှိတယ်
တစ်ပုဒ်က အရိုးရဲ့အာရှလူလယ်
နောက်တစ်ပုဒ်က ဒီသီချင်းပါ..

ရွေးနေရအောင် မင်းကဘာကောင်လဲ..
အကောင်းဆုံးက အကောင်းဆုံးပေါ့
တန်ရာက တန်ရာပေါ့..


ဒီအရွယ်မှာ ကိုယ်ဟာဘာကောင်လဲ မသိရင်.. ကိုယ်ထင်တာထက်ကိုယ်ဟာပိုအပေါ့


အကြိုက်ဆုံးစာသားတွေပါ..

Kaung said...

http://www.youtube.com/watch?v=YwkYyMhOCVE&feature=share&list=TLtpZNxF4sSTk