Pages

April 16, 2009

Collection of 2009 Thingyan Photos

ဒီနေ့  သင်္ကြန် အတက်နေ။ အတာ သင်္ကြန်ပွဲရဲ့ နောက်ဆုံးနေ့ ဆိုတော့ သင်္ကြန်ပွဲကို ဆင်နွဲ ခွင့်ရတဲ့သူတွေ အစွမ်းကုန် ပျော်နိုင်ဖို့  ကြိုးစားနေ လောက်ပြီ။ ဒီနှစ် သင်္ကြန် ပုံတွေ အင်တာနက်ပေါ်မှာ သိပ်မတွေ့ ဘူး။ ကိုယ်ပဲ မတွေ့ တာလား၊ အင်တာနက် နှေးနေလို့  ပုံတွေ တက်မလာတာလားတော့ မသိဘူး။သင်္ကြန်ဓာတ်ပုံတွေ တွေ့ ရင် ပြောပါလို့  တောင်းဆိုသူများ အတွက်။ စုံချင်မှ စုံမယ်၊ ကျွန်မ တွေ့ မိသလောက် နေရာတွေကို စုထားတာပါ။

သင်္ကြန်ဘလော့
ရန်ကုန်သင်္ကြန်
[Home] HtooTayZar ဘလော့မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
မန္တလေးသင်္ကြန်
[Home] NyiMinSan ဘလော့မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
[Home] MgHla ဘလော့မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
တာချီလိတ်သင်္ကြန်
[Home] NineNineSaNay ဘလော့မှ သင်္ကြန်ဓာတ်ပုံများ
အဲဒီ သင်္ကြန်ဖက်ရှင်က ပုံတွေကိုကြည့်၊ တခြားသူတွေတင်ထားတဲ့ သင်္ကြန်ပွဲက လူပုံတွေကိုကြည့်ပြီး သဘောကျနေမိတယ်။

Thangyan Photos from Forums

တခြား ပုံနည်းနည်း စီတင်ထားတဲ့ ဘလော့တွေလည်း တွေ့ မိတယ်။
ဒီအောက်မှာတော့ နေးတစ် ၂၀၀၉ သင်္ကြန် တော့ပစ် မှာ 3dCrazy ဆိုတဲ့ မန်ဘာ တင်ပေးတဲ့ ပုံတွေထဲက ၂ ပုံကို သဘောကျလို့  ပြန်လည် ဖော်ပြတာပါ။ တစ်ယောက်ချင်းတွေကို ရိုက်ထားတာထက်စာရင် ဒါမျိုးကြည့်ရတော့ သင်္ကြန်ပွဲကြီး ဘယ်လောက်တောင် စည်ကားနေတယ်ဆိုတာ သိလိုက်ရတယ်။ ပိုပြီး သဘောကျတယ်။ တခြားပုံတွေပါ ကြည့်ချင်တယ်ဆို နေးတစ်မှာသာ သွားကြည့်လိုက် ပါတယ်။ တခြားမန်ဘာတွေလည်း သင်္ကြန်ဓာတ်ပုံတွေ တင်ပေးနေတာ တွေ့ ရတယ်။


တံတားဖြူမီးပွိုင့်ကနေ အင်းယားလမ်းထဲကို လှမ်းရိုက်ထားခြင်း


တက္ကသိုလ်ရိပ်သာလမ်းသစ်ထဲကို လှည်းတန်းမီးပွိုင့်မှ ရိုက်ထားခြင်း

ခုတော့ ဒီလောက်ပဲ။ နောက်ထပ် ဓာတ်ပုံတွေ Links အသစ်တွေ တွေ့ ရင် Update လုပ်ပါအုံးမယ်။ တခြား သိတာများ ရှိရင်လည်း သတင်းပေးပါအုံး။ Links တွေ ပို့ ပေးတဲ့ သူငယ်ချင်းများ နဲ့  ဓာတ်ပုံတွေကို မျှဝေသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း....

Other Related Post: Collection of 2008 Thingyan Photos

7 comments:

jurassic said...

မနေနေနိုင် ပေးထားတဲ့လင့် တွေက အကုန်အစုံပါပဲ...ကျနော်ကတော့  နေးတစ် နဲ့ ကျူးပစ်မှာ သင်္ကြန် အစတည်းက စောင့် ကြည့်နေတာ..စလုံး သင်္ကြန်ပွဲ ကပုံတွေကြည့်ပြီးတော့ရယ်လိုက်ရတာ :))
ဓါတ်ပုံ ဆရာတွေတော်တယ်ဗျာ. လေးစားပါတယ်...
နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ ပါစေ

အပြုံးပန်း said...

သင်္ကြန်ကျနေကြတာကို
လာကြည့်သွားတယ်။

MrDBA said...

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မနေနေ။

chocothazin said...

http://picasaweb.google.com/soeethiha/2009SingaporeWaterFestival?authkey=Gv1sRgCLHYmO7ivIX3cQ#slideshow

singapore thingyan :)

မီယာ said...

ပုံတွေ အစုံပဲ... အားလုံးစု တင်ထားပေးတာ ကျေးဇူးပဲ နေနေ

MrDBA said...

ဘလော့ အမြန်နှုန်းလေး တစ်ချက်လောက် အားလျှင်စမ်းကြည့်ပေးပါလား ..ခွိခွိ။ စမ်းသပ်ထားတာရှိလို့ ..:P

ကြည် said...

ပျော်ရွင်ဖွယ်ကောင်းသောနှစ်သစ်ဖြစ်ပါစေ။ လိုရာဆန္ဒပြည့်ဝပါစေ။