Pages

February 12, 2009

♣ The Phone I Like Most

ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် သုံးတဲ့ Nokia ဖုန်းကို ကြည့်ပြီး သဘောကျသွားတယ်။ လက်ထဲမှာ ကိုင်ရတာ အဆင်ပြေသလို ပုံစံကိုလည်း ကြိုက်တယ်။ အခု လက်ရှိသုံးနေတဲ့ ဖုန်းကိုသာ မ၀ယ်ဖြစ်ခဲ့ရင် အဲဒီဖုန်းကို သုံးဖြစ်လောက်တယ်။ ဖုန်းတစ်လုံး ၀ယ်ဖို့  လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်သာရှိမယ် ဆိုရင် ပထမဆုံး စဉ်းစားတဲ့ အချက်က အလေးချိန် နဲ့  အရွယ်အစား ဖြစ်မယ်။ ဖုန်းပုံစံကလည်း ကျွန်မ့ အမြင်မှာ အဆင်ပြေဖို့ လိုတယ်။ ဆလိုက်ဖုန်း မကြိုက်ဘူး၊ ခေါက်ဖုန်းမကြိုက်ဘူး။ ခပ်ရှင်းရှင်းပုံစံ ကြိုက်တယ်။ အဲ့ဒီ ၃ ခု စိတ်ကြိုက် မဖြစ်ရင် တခြားဘာတွေ ပိုကောင်းကောင်း ၀ယ်ချင်စိတ် မရှိဖို့ များတယ်။ ထားပါ။

Nokia ဖုန်းလေးကို သဘောကျတာနဲ့  အင်တာနက်ပေါ်လိုက်ရှာ ကြည့်ဖြစ်တယ်။ ရည်ရွယ်ချက်က ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်း ရှိတယ်ဆို ညီမလေးတွေကို ၀ယ်ပေးရင် ကောင်းမလားပေါ့။ ရန်ကုန်မှာ Nokia ဖုန်းက သုံးရတာ ပိုအဆင်ပြေတယ် ပြောသံလည်း ကြားဖူးတယ်။ လိုက်ရှာကြည့်တော့ သူငယ်ချင်းပြောထားတဲ့ အတိုင်း အဖြူနဲ့  မီးခိုး နှစ်မျိုးတွေ့ တယ်။ မိန်းကလေးတွေ အတွက်ဆို အဖြူရောင် ပိုသင့်တော်မယ် ထင်တယ်၊ မီးခိုးရောင်က ယောက်ျားလေးတွေ နဲ့  ပိုလိုက်မယ်။
Nokia ဖုန်းတွေ နဲ့ အဆက်ပြတ်နေတာ ကြာပါပြီ။ ဘာတွေ အသစ်ထွက်လို့ ၊ ဘာက နောက်ဆုံးပေါ်ဆိုတာ မသိဘူး။ ပထမဆုံး ကိုင်ဖြစ်တဲ့ဖုန်းက Nokia၊ အဲဒီဖုန်းအပြီး အခုလက်ရှိကိုင်နေတဲ့ဖုန်း မတိုင်ခင်အထိ ကိုင်ခဲ့တဲ ဖုန်းတွေက Sony Erission တွေကြီးပဲ။ ကြားထဲမှာ Motorola ခန (၁လ) လောက် ကိုင်တာ ရှိတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းက အဆင်ပြေနေရင် တခြားထပ်ဝယ်ဖို့ ကြည့်ဖို့ စိတ်မ၀င်စားတတ်တော့ ဖုန်းတွေကို သိပ်မကြည့်ဖြစ်၊ သိပ်မသိဘူး။ Technology မှာ နည်းနည်း ထူးတာတွေလောက်သာ သတိထားမိတယ်။ အခုတော့ လိုက်ကြည့်ရင်း အရှိန်ရသွားတယ် ဆိုရမလား၊ အဲဒီဖုန်းတင်မကဘူး တခြား Nokia ဖုန်းတွေပါ လိုက်ရှာကြည့်ဖြစ်ပြန်တယ်။ ကြည့်ရင်း ကြည့်ရင်း စိတ်ပြောင်းသွားတယ်။ ကျွန်မ ညီမလေးတွေကို ဟို Nokia ဖုန်း ၀ယ်မပေးတော့ဘူး။ နောက်ဆုံးပေါ် ခပ်မိုက်မိုက် ဒီလို Nokia ဖုန်းပဲ ၀ယ်ပေး လိုက်တော့မယ်။
The Phone I Like Most

ဘယ်လောက်ပဲ ဖုန်းအမျိုးအစား အသစ်အဆန်းတွေပေါ်ပါစေ ဒီဖုန်းထက် ပိုပြီး ကောင်းနိုင်မယ် မထင်ဘူး။ ဘယ်အခါသုံးသုံး ခေတ်မှီဆန်းသစ်နေမယ့်ဖုန်း။ ဒါမျိုးဖုန်း ၀ယ်ထား သင့်တယ်။

* * * * * * *
Update: စင်္ကာပူက လူတချို့  ပုံတွေ မမြင်ရဘူး ဆိုလို့ ပုံတွေကို နေရာပြောင်း တင်လိုက်ပါတယ်။ အလုပ်မှာတုန်းက ကျွန်မ ပုံတွေ မြင်ရတယ်။ အိမ်ရောက်တော့ မမြင်ရတော့ဘူး။ တခြား Blog တွေ လိုက်ကြည့်တဲ့အခါ Blogspot မှာ တိုက်ရိုက်တင်တဲ့ ပုံတွေဆို အကုန်လုံး မမြင်ရပါဘူး။ တခြားနိုင်ငံက လူတွေ မေးကြည့်တော့ ဘာပြဿနာမှ မရှိဘူး၊ ပုံတွေ အကုန်မြင်ရတယ် ပြောတယ်။ ဒါဆို Google Blogger ကဖြစ်တာ မဟုတ်တော့ဘူး၊ စင်္ကာပူက အင်တာနက် တစ်ခုခု ဖြစ်နေတာ။ ကျွန်မ သုံးတဲ့ အင်တာနက်က StarHub။ သူငယ်ချင်းတွေကို မေးကြည့်တော့ တချို့  StarHub သုံးပေမယ့် မြင်ရပြန်တယ်။ Singtel သုံးတဲ့ သူငယ်ချင်းက ပုံတွေ မြင်ရတယ်လို့ ပြောတယ်။ ဖုန်းနဲ့ စမ်းတော့လည်း မြင်ရတယ်။

ဒီတော့ နောက်ဆုံး ကောက်ချက်ချရရင် StarHub တချို့ အိမ်သုံး လိုင်းတွေ နဲ့  Google blogspot နဲ့  ပြဿနာ တတ်နေတာလို့  ယူဆရပါတယ်။ တိုက်ရိုက်လင့်သွားကြည့်ရင် ဒီ error တတ်နေတယ်။ မမြင်ရတဲ့ လူတိုင်း ရဲ့ ကွန်ပြူတာမှာ virus တတ်တာ ဆိုရင်တော့ အတော်ကြောက်ဖို့ ကောင်းတဲ့ virus ဖြစ်မယ်။

9 comments:

:P said...

နက်စုတ်လို့ ဘာပုံမှ မမြင်ရပါသဖြင့် စာကိုသာ ဖတ်ပြီး
မှန်းကြည့်သွားပါကြောင်း..၊ မနက်အစောကြီးမှ လာကြည့်မယ်..။

ZT said...

အင်း။ အတူတူပဲ။ ဘာမှ မမြင်ရဘူး။ ဒီလထဲ All Touch Nokia စင်ကာပူမှာ ဖြန့်မယ် ပြောတယ်။ I-Phone လိုက ပုံစံကလေးပဲ။ မိုက်တယ်။ ဟိုတစ်လောက နိုင်ငံခြားက သူငယ်ချင်းတစ်ယောက် လာတော့ သူကိုင်လာတာ မြင်လိုက်တယ်။

Nay Nay Naing said...

Sin Dar Lar နဲ့  ZT >> ကျွန်မ လည်း အိမ်ကနေ မမြင်ရဘူး။ အခု့  ဒီပိုစ့်က ပုံတွေ တခြားနေရာပြောင်း ညွန်းလိုက်တော့ မြင်သွားပြီ။

အရင် ပိုစ့်တွေက ပုံတွေ မမြင်ရဘူး။ တခြား ဘလော့တွေမှာ Blogspot (Blogger) မှာ တိုက်ရိုက်တင်တဲ့ ပုံတွေ လည်း မမြင်ရဘူး။ အလုပ်မှာတုန်းက မြင်ရတယ်။ အခု ဖုန်းနဲ့  ကြည့်တာ၊ တခြား Internet Serivce Provider ပြောင်းသုံးကြည့်တာ မြင်ရတယ်။ တခြားနိုင်ငံက လူတွေလည်း မြင်ရတယ် ပြောတယ်။ Google (Blogspot) ကသာ ဖြစ်မယ်ဆို လူတိုင်း မမြင်ရသင့်ဘူး။

ဒီတော့ စင်္ကာပူက StarHub Line က ဖြစ်တာလို့  ယူဆလို့ ရတယ်။ နောက်ပြီး အိမ်သုံး (Home User) တွေပဲ ဖြစ်တာလို့ ထင်တယ်။ (User အားလုံး ဟုတ်မဟုတ်တော့ မသိဘူး)။ Business Plan တွေ မဖြစ်တာ သေချာတယ်။ အလုပ်မှာလည်း Starhub ဒါပေမယ့် Business Plan ၊ Blogspot က ပုံတွေ မြင်ရတယ်။

MrDBA said...

ဟုတ်တယ်နေနေရေ StarHub ကလိုင်းတွေ အားကျလာတဲ့ အနေအထားမှာရှိတယ်။ ကျွန်တော့် အိမ်မှာလဲ လိုင်းကဆိုနှေးပြီး ဝါယာလက် နဲ့သုံးရင် ပိုတောင်မြန်နေသေးတယ်။

Anonymous said...

ပုံတွေ မြင်ရပါ ပြီ...
ညီမလေးတွေကို ဝယ်ပေးမယ့် ဖုန်းတော့
ကြိုက်သွားပြီ..။

sin dan lar

Anonymous said...

မြင်ရပါပြီ။ အစက အဲဒီဖုန်း ဝယ်မလို့ပဲ။ E71 ကို သဘောကျတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အိုဘားမား အားကျတာနဲ့ Blackberry ပဲ ဝယ်ဖြစ်သွားတယ်။ :P

Anonymous said...

ငယ်ငယ်တုန်းက အိမ်ရှေ့အိမ်က သူငယ်ချင်းနဲ့ ဖုန်းဆက်သွယ်တယ်ဆိုပြီး
နို့ဆီခွက်ကို ကြိုးနဲ့ ဆက်ပြီးဆော့ဖူးတယ်။ တော်တော် အသာံကည်ပါတယ်။
mm

Myo Kyaw Htun said...

Friend of mine is using this Phone. It is quite good.

Nay Nay Naing said...

BlackBerry ၀ယ်လိုက်တယ်.. ဒါဆို ZT က သထိန်းပဲ.. :P

mm စမ်းသလို တစ်ခါမှ မစမ်းဖူးသေးဘူး။ နောက်တစ်ခါ ရန်ကုန်ပြန်မှာ စမ်းကြည့်အုံးမယ်။ အိမ်မှာ နို့ ဆီခွက်တွေ ရှိလောက်မယ် ထင်ပါတယ်။

ကိုဖြိုး သူငယ်ချင်းသုံးနေတယ်ဆိုတာ အောက်က ပုံထဲက N99 တော့ မဟုတ်ဘူးထင်ပါတယ်. ..