Pages

February 11, 2009

♪ Her Morning Elegance

ကြည့်ရင်း ကြိုက်လို့ ...


ဒီသီချင်းကို သီဆိုတဲ့ သူက "Oren Lavie"။ သီချင်းပါတဲ့ အခွေခေါင်းစဉ်က "The Opposite Side of The Sea"။

ဒီ ဗီဒီယိုမှာ 3225 still photos ကိုသုံးထားတယ် သိရတယ်။ အဲဒီဓာတ်ပုံတွေ အားလုံးကို Camera တစ်ခုထဲသုံးပြီး ၂ ရက်ကြာ ရိုက်ခဲ့ခြင်းဖြစ်တယ်။ ဒီဓာတ်ပုံတွေ မရိုက်ခင် လိုအပ်တဲ့ "animated computer generated storyboard" ပြင်ဆင်ဖို့ က အချိန် ၄ ပတ် ကြာခဲ့တယ်လို့  သိရတယ်။ "animated computer generated storyboard" ဆိုတာကို မြန်မာလို အဆင်ပြေအောင် ဘာသာပြန်တတ်ဘူး။


သီချင်းဗီဒီယို အကြောင်း အသေးစိတ် သိချင်တယ်ဆို ဒီအောက်က လင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင်၊ ဓာတ်ပုံဆရာနဲ့  ဒါရိုက်တာ/ဖန်တီးသူတွေ အကြောင်း နဲ့  ဘယ်လို ဖန်တီးခဲ့တယ် ဆိုတာတွေကို ရှင်းပြထားတယ်။


4 comments:

ZT said...

animated computer generated storyboard = အသက်ဝင်အောင် ကွန်ပြူတာဖြင့် ဖန်တီးပုံဖော်ထားသော ဇာတ်လမ်းဇာတ်ကွက် အပြောင်းအရွှေ့များ။

ရမ်းသမ်းပြီး ဘာသာပြန်ထားတာ။ :D

chocothazin said...

မနေနေ
အမြဲတမ်း စာတွေလာဖတ်ဖြစ်ပါတယ်။
ဘလော့ဂ်မှာ မနေ' ရဲ့ လင့်လေးချိတ်ထားပါရစေ

khin oo may said...

လာကြည့်သွားသည်။

Nay Nay Naing said...

ZT >> ဘာသာပြန်ပေးတာ ကျေးဇူးပဲ။ ဘာသာပြန်တာ အားကြီးတော်ပါလား။ :D

Choco Thazin >> ညီမရေ.. ပြောနေစရာ၊ ခွင့်တောင်းနေစရာ မလိုပါဘူး။ အမြဲဖတ်ဖြစ်တယ် သိရလို့  ၀မ်သာပါတယ်။

မ KOM >> ဟုတ်ကဲ့ရှင့်။ စိတ်တိုင်းကျ ကြည့်ပါရှင့်။ သဘောကျတာလေးတွေ တွေ့ ရင်လည်း ယူသွားလို့ ရပါတယ်ရှင့်။ :D