ပြီးခဲ့တဲ့အပတ်က တချို့ ရက်တွေမှာ နေ့ လည်ဆို အပြင်သွား၊ လက်တွေ မြှောက်ကြရတယ်။ အောက်ကပုံက အားလုံးရဲ့ လက်တွေ မမြှောက်မှီ အချိန်လေးမှာ ရိုက်ထားလိုက်တာ။ လက်တွေမြှောက်နေတဲ့ပုံ တော့ မရှိဘူး။ အဲ့ဒီအချိန်မှာ ဓာတ်ပုံရိုက်ဖို့  လက်မအားဘူး။
မြှောက်ပြီးရင် ဘာလုပ်လဲဆို... မြှောက်ပြီး စားကြသည်။ အမြှောက်အစား ကျွမ်းကျင်တယ်။ တစ်နှစ်တစ်ခါ ဒီအချိန်လေးမှာ မြှောက်ပြီး စားကြတာ ထုံးစံတစ်ခု။
အမြှောက်ပြီး အစားရဲ့ နောက်ဆက်တွဲများ..
အစားအသောက်တွေ အရမ်းများတယ်။ တစ်ဝိုင်း လူ၁၀ ယောက်၊ ဘယ်လိုစားစားမကုန်ဘူး။ နောက်မှ သိရတယ်။ လူ ၁၀ ယောက် တစ်ဝိုင်း ဆိုပေမယ့် အစားအသောက်က ၁၅ ယောက်စာ။ အင်း.... အတွင်းနဲ့ အပြင် ကွာတယ်။
1 comment:
မြှောက်ပြီးစားတဲ့ မုန့် ကိုတော့ မကြိုက်ဘူး။ဒါပေမယ့် စတိသဘောတော့ စားပေးရတာပေါ့နော် ... သူတို့ ထုံးစံဆိုတော့ ...
Post a Comment