Pages

February 08, 2011

08 February 2011

အားလုံးရဲ့ လက်တွေ လေထဲကိုမြှောက်ထားလိုက်။ နောက်တာ မဟုတ်ဘူး၊ တကယ်။ အခုလို ပြင်ဆင်ထားတာတွေ တွေ့ တဲ့ အခါတိုင်းမှာ ဒီသီချင်း စာသားတွေ ခေါင်းထဲကို အလိုလို ရောက်ရောက် လာတယ်။ ဒီမှာ CNY ဆို အဲ့ဒီလိုတွေ မြှောက်ကြတာ တွေ့ နေ ကြုံနေ မြင်နေရလို့ ထင်ပါတယ်။
From Everything

ဘာအတွက်လည်းတော့ နားမလည်ဘူး။ ခုချိန်ထိတော့ ဘာလုပ်တာလည်းဆိုတာ မေးမကြည့်ဖြစ်သေးဘူး။ သူတို့ အယူအဆနဲ့  တစ်ခုခု ကောင်းစေတဲ့သဘောပဲ ဖြစ်မယ်ထင်ပါတယ်။ မကောင်းတယ် ထင်တာကိုတော့ နှစ်ကူးအချိန် ဘယ်သူမှ မလုပ်လောက်ပါဘူး။

လူတိုင်း အကုန်လုံး ပါဝင်ဆင် နွှဲ လက်မြှောက်ခြင်း လုပ်လို့ ရအောင်ထင်တယ် အများကြီးပဲပြင်ဆင်ထားတယ်။
From Everything

၁၂ ကျော်မှာ လူတွေအားလုံး ရောက်လာတယ်။ လူတွေကြည့်ပြီး မျက်စိတွေနောက် ခေါင်းတွေမူးလာတာနဲ့  အခန်းထဲပြန်ဝင် စားပွဲပြန် သွားထိုင်နေဖြစ်တယ်။ ကိုယ့်လိုပဲ အခန်းထဲမှာ ထိုင်နေတာ ၃ .. ၄ ယောက်ရှိနေတယ်။ လူတွေများ ရှုပ်ရှက်ခပ်နေတာ မနေတတ်ကြဘူး၊ လူမှု့ ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ပြောလည်း ရနိုင်တယ်။ Lucky Draw လည်းဖောက်တယ်။ Grand Prize က S$88 တဲ့။ 8 ဆိုတာ ကြိုက်တယ်ဆို 888 လောက် ဖောက်ပေးသင့်တယ်လို့  တွေးလိုက်မိတယ်။ နည်းလို့ လားမသိဘူး... ဘာဆုမှ မရပါ။

မြှောက်ကြပြုကြ၊ ပြောကြဆိုကြနဲ့  ထမင်းစားချိန် နောက်ကျတယ်။ ထမင်းစားနေတုန်း တစ်ယောက်က မေးလာတယ်။ ကျွန်မတို့ အိမ်မှာ CNY အတွက်ပြင်ဆင်မှု့ တွေလုပ်လားတဲ့။ မလုပ်ပါဘူး ဖြေလိုက်တယ်။ ဘာလို့  မလုပ်တာလဲတဲ့ ဆက်မေးလာပြန်တယ်။ ငါက တရုတ်မှ မဟုတ်တာဆိုတော့ ဘေးကတစ်ယောက်ကြည့်ပြီး Vietnamese တွေကကြတော့ တရုတ်မဟုတ်ပေမယ့် CNY လုပ်ကြတယ်လေတဲ့။ ငါတို တော့ မလုပ်ဘူးပြောတာကို မရပ်ဘူး ဆက်မေးပြန်တယ်။ ရုံးတွေရော ပိတ်လားတဲ့၊ တို့ တိုင်းပြည်မှာ CNY က Public Holiday မဟုတ်ဘူးဆိုတော့ တအံ့တသြနဲ့  နင်တို့ တိုင်းပြည်မှာ တရုတ်တွေ မရှိဘူးလားတဲ့။ ရှိသားပဲလို့ .. လူနည်းလို့ လားတဲ့.. မနည်းပါဘူး ပြန်ဖြေလိုက်တော့ ဒါဆို ဘာလို့ ရုံးတွေ မပိတ်တာလဲတဲ့။ တရုတ်လူမျိုးတွေရှိရင် တရုတ်နှစ်ကူး ရုံးပိတ်ကြတယ်လို့  သူထင်တာ၊ မဟုတ်ဘူးလားတဲ့။ ဗဟုသုတကလည်း နည်းလိုက်တာလို့ ပြောချင်ပေမယ့် မပြောဖြစ်ပဲ.. တို့ တိုင်းပြည်မှာတော့ CNY က ပိတ်ရက် မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေ ရှိပါတယ်။ သူတို့ ဘာသာ သူတို့  နှစ်ကူး လုပ်တယ်။ တခြားသူတွေ ဘာမှ မလုပ်ဘူး။ ဖိတ်ရင်တော့ သွားစားတယ်။ သိသလောက် UK.. US နဲ့  AUSI မှာလည်း CNY က ရုံးပိတ်ရက် မဟုတ်ဘူး ပြောပြီး ထမင်းဆက်စားနေ လိုက်တယ်။ ထမင်းစားချိန် နောက်ကျလို့  ဗိုက်ဆာပြီး စိတ်သိပ်မကြည်ရတဲ့ အထဲ ဘာတွေပြောနေမှန်း မသိဘူး။ ထပ်မမေးတော့ လို့ တော်သေးတယ်။ ထပ်မေးလာရင် ပြန်ဖြေဖို့  လုံးဝ စိတ်ရှည်နိုင်တော့မှာ မဟုတ်ဘူး။

4 comments:

ညယံ said...

နေနေ နဲ့ အမေးခံရတာချင်းတူနေပြီ။ CNY ဆို သူတို့ က Public Holiday ပဲ ထင်နေတော့တာ။ ခက်တယ်နော် ...

Nay Nay Naing said...

ဟုတ်တယ်. ဒါနဲ့  ညယံ ဘလော့က comment ရေးလို့ မရဘူး...

TZA said...

အားလုံးရဲ့ လက်တွေ လေထဲကိုမြှောက်ထားလိုက်။ အားလုံးရဲ့ လက်တွေ လေထဲကိုမြှောက်ထားလိုက်။

ဟားဟား.. ဒါလေးကို သဘောကျတယ်..

Nay Nay Naing said...

ဟိုနေ့ က နောက် တစ်ခေါက် ထပ်မြှောက်လိုက်ရသေးတယ်... စိတ်ထဲမှာ သီချင်းလေးညီးရင်း..