Pages

September 25, 2010

Lighting

အခုနက လူသံတွေဆူညံ ညှော်နံ့ တွေရလို့  ကြည့်လိုက်တော့ တိုက်အောက်မှာ လူငယ်တွေ ဖယောင်းတိုင်းတွေနဲ့  မီးထွန်းနေပြီး၊ ကလေးတွေ မီးပန်းတွေနဲ့  ဆော့နေတာ တွေ့  မိတယ်။ သူတို့ တွေ မီးထွန်းနေကြတာ ခနပါပဲ၊ သိပ်မကြာဘူး။

From Singapore


From Singapore
ပုဇွန်မျှားတဲ့အကြောင်းအတွက် ဓာတ်ပုံတွေမလုပ်ရသေးဘူး။ သူတို့ တွေ မီးထွန်းနေကြတာတွေ့ ပြီး သီတင်းကျွတ် မှာ ဆော့ရတာ ပြန်အောင့်မေ့သွားမိပါသေးတယ်။

2 comments:

အမှောင်ထုထဲက အလင်းစက်များ said...

ဒုတိယပုံက ကလေးတွေ ၀ိုင်းနေကြတာကို မြင်မိတော့ ငယ်ငယ်က “ငရဲမီး” ဆော့တာ သတိရမိတယ်..

သတင်းမကျွတ်ခင် ဘုရားပေါ်မှာ ဖယောင်းလိုက်ခွာတယ်.. စုထားတယ်...

ဆော့မယ်ဆို လူကြီးတွေကို နဲနဲ အရိပ်အခြေကြည့်၊ မြေကြီးမှာ ချိုင်းလေး ဖြစ်အောင်တူး၊ ဖယောင်းတိုင်စိုက်၊ အပေါ်ကနေ သံခွက်လေးနဲ့  ဖယောင်း ထည့် တအားဆူလာရင် (အပေါ်ကခွက်ကို မီးဟတ်လာရင်) ရေနဲ့  တောက်ပြီး ကိုယ့်ဖာသာကို အော်ရတာ အမော..

စိတ်ထဲမှာ ကိုယ့်ဖာသာ မှော်ဆရာလိုလို ပေါ့.... အဟီးးး

ကလေးဘ၀ သတိရမိပါအိ...

SZA said...

I miss Thadingyut as well :(