Pages

September 03, 2010

ခေတ်နဲ့ အညီ

အလုပ်တွေမှာ လူဟောင်းတွေ ထွက်သွားတဲ့အခါ နှုတ်ဆက်တဲ့ "Farewell" အီမေးတွေပို့ ကြ၊ လူသစ်တွေ ရောက်လာရင် မိတ်ဆက်၊ ကြိုဆိုတဲ့ "Welcome" အီးမေးတွေပို့ ကြတာ ထုံးစံတစ်ခု ထင်တယ်။

ကြိုဆိုတဲ့ အီးမေးပုံစံတွေက ဟိုးအရင်ကလိုပါပဲ။ အဲ...နှုတ်ဆက်တဲ့ အီးမေးတွေက အရင်ကထက်ထူးလာတယ်။ ၂၀၀၉ နှစ်ဦးပိုင်းလောက်စတယ် ပြောလို့ ရနိုင်တယ်။ အရင်က ကြိုကြားကြိုကြားပါရာကနေ ခုဆို နှုတ်ဆက်တဲ့ အီးမေးတိုင်းလိုလိုမှာ ပါလာတာတွေ့ ရတယ်။ အဲဒါ ဘာလဲဆိုတော့ "Find me on Facebook!" ,"Add me on Facebook!" ဆိုတဲ့ စကားနဲ့  Facebook Profile URL/ Facebook Account Email Address ပါ။

ဘာရယ်မဟုတ်ပါဘူး၊ အလုပ်အသစ်ပြောင်းလို့  စိတ်ကူးနေသူတွေ အလုပ်ဟောင်းကလူတွေကို Farewell Email ပို့ တဲ့အခါ နှုတ်ပါတယ်၊ ကျေးဇူးတင်တယ် ဘာဘာညာညာလေးတွေ ရေးကြပြီး ဆက်သွယ်လို့ တဲ့ အရာလေးတွေပြောတဲ့အခါ အီးမေးနဲ့  ဖုန်းနံပါတ်အပြင် ခေတ်မီအောင် Facebook Account လေးပါ ထည့်ပေးချင် ပေးလို့ ရတယ် ဆိုတာလေး သတင်းပေးတာပါ။

ဥပမာလေးတွေ..
ဒါက A. VP တစ်ယောက်စီက..
We will surely meet again. Meanwhile I can be contacted at my email at xxxxx@xxx.com. You can also find me on Facebook :)

ဒါက ဒါရိုက်တာ တစ်ယောက် ...
I can be reached at my personal email address which is xxxxx@xxxxx.com(or Facebook). Please do keep in touch.

ဒါက မန်နေဂျာတစ်ယောက်...
Wish you all be happy and well.
Add me on facebook! xxxxx@xxxxx.com

ဒါက BA တစ်ယောက်..
My email/facebook address is xxxx@xxxx.com
Do keep in touch, Thank You.

ဒါက နောက်တစ်ယောက်
I hope to hear from you all in the future and I can be reached at
Personal Email: xxxx@xxxx.com
Mobile Number: xxxxxxx
Facebook : www.facebook.com/xxxxx

ဒီပိုစ့်ရေးရင် ၂၀၀၉-၂၀၁၀ အတွင်း လက်ခံရခဲ့တဲ့ အီးမေးတွေတစ်ချက် ပြန်ကြည့်ပြီး နည်းနည်းကူးရေးပြတာ။ ပုံစံအမျိုးမျိုး နဲ့ ပါပဲ။ အများကြီးကျန်သေးတယ်။

4 comments:

သိင်္ဂါကျော် said...

facebook ကတော့ နိုင်ငံတိုင်းမှာလို ခေတ်စားနေတာပါပဲ..

Anonymous said...

Face book မသုံးပါ အကောင့်တော့ရှိတယ် ဒါပေမယ့် မသုံးဘူး။ privacy မရှိဘူးလို့ ခံစားရလို့။

ပုံ/
အနောနေမတ်

Anonymous said...

ဟုတ်တယ် ဖဘ ကိုသူများ ကိုသွားစပ်စုဘို့ဘဲ အကောင့်ထားတာ။ အီးမေလ်ပိုကြိုက်တယ။် ပိုချစ်ခင် ပို privacy ရှိသလိုဘဲ ခံစားရတာကိုပြောတာပါ။
ပုံ
အနော်မနတ် တူး

Nay Nay Naing said...

ဒါကြောင့်လည်း fb မှာ ဘယ်သူမှန်း မသိရင် လက်မခံတတ်တဲ့ သူတွေ များများလာတာ နေမယ်။
ကိုယ့်အကြောင်း တခြားသူတွေကို မသိစေချင်ရင် သူ့ များအကြောင်းလည်း မသိချင်တာ/ သိရအောင် ကြိုးစားတာမျိုး မလုပ်တာကောင်းတယ် ထင်ပါတယ်။