Pages

August 15, 2010

ဆေးရောင်စုံမြင်ကွင်းကျယ်

ဆေးရောင်စုံမြင်ကွင်းကျယ်..
Download

နေရောင်ခြည်ဟာပေတရာလမ်းပေါ်ခုန်ကာပေါက်ကာရောက်လာ

မြန်မာစံတော်ချိန်နံနက်ခင်းဟာ ရေဒီယိုထဲကထွက်လာ..
အတောင်ပံမပါတဲ့ ဘိုင်စကယ်သတင်းစာ အိမ်ပေါ်အရောက်ပျံသန်းလာ
ငိုမလိုရီမလိုအိမ်သူမျက်နှာရှာဖွေလမ်းထွက်ဖို့နှိုးဆော်လာ..

လာမယ်ကြာမယ်.. ယာဉ်ရထားတွေ မနိုင်ဝန်ထမ်းကာထွက်ခွါ..
နေပြည်တော်ကို လွယ်အိတ်တစ်လုံးနဲ့  ခြေလျှင်တိုင်းခန်းလှည့်လာ
ရန်ကုန်ရင်ပြင်ပေတရာဈေးမှာ သမင်လိုက်ပွဲနဲ့ တိုးကာ..
ကော်ဖီဆိုင်မှာ လူတချို့ ဟာ လေသေနတ်နဲ့  စစ်တိုက်နေတာ..

နိုင်ငံတကာက မော်တော်ကားတွေ ခြေစုံရပ်ကြည့်မောကာ
ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြှီးတစ်ပိုင်း ပြတ်ကာ
အဆီပြန်နေလောင် ဆံပင်တွေမွဲကာ ၀င်ငွေအလုပ်မှန်လိုက်ရှာ
အကြိမ်ကြိမ်အဖန်ဖန် လီဘာလဲကာ ကြံရာမရတဲ့ နောက်ဘိတ်ဆုံးမှာ..

ကားလမ်းဘေးက ဗေဒင်ဆရာရေ အားကိုးစမ်းပါရစေ..
ကြီးပွါးကိန်းတော့မြင်နေပြီလေ ဟောကိန်းထုတ်လို့ နေ
အိတ်ကပ်ထဲက အကြွေတွေ အပြင်ကိုမျက်စပစ်လို့ နေ..

လောလောလတ်လတ် ထောင်ကိုမြင်ရင် ရာကိုစွန့် ကာ...
ထီတစ်စောင် တစ်ကျပ်နဲ့  ထိုးကာ..
မည်သူမဆို နေပူထဲမှာ မျှော်လင့်ခြင်းရဲ့ မျက်နှာ..

ကြော်သံလှော်သံညှော်သံကြားမှာ အစာအိမ်ဟွန်းသံပေးလာ
အကြံတူကံမကူ ဥာဏ်အုတ်ခေါင်းက
ဆံပင်ဖြူတစ်ချောင်းနှစ်ချောင်း ထိုးထွက်ခါလာ

...
ကားလမ်းဘေးက ဗေဒင်ဆရာရေ အားကိုးစမ်းပါရစေ..
ကြီးပွါးကိန်းတော့မြင်နေပြီလေ ဟောကိန်းထုတ်လို့ နေ
...

Updated the Links. Thank, Ma KOM and SDL..

5 comments:

khin oo may said...

ဒီတစ်ခါ ပိုစ်အသစ်တက်ဘို့အတော်ကြာတယ် မအားဘူးလား မအားရင်လဲမအားကြောင်းရေးပါဦး. သီချင်းဒေါင်းလုပ်တာ အဆင်မပြေလို့နားထောင်မရပါ. ကျန်သူတွေ ကိုစောင့်ကြည့်လိုက်ပါဦး။

Anonymous said...

မှန်၏။ ဒေါင်းမရ၊ ဖွင့်မရပါ။


sdl

Anonymous said...

နားထောင်လို့ ရပြီ..
ကော်ဖီဆိုင်မှာ လူတချို့ ဟာ လေသေနတ်နဲ့  စစ်တိုက်နေတာ..
ma mon

Anonymous said...

ကိုင်ဇာဆိုတာ သတိရတယ် ငယ်ဘ၀ကို လွမ်းသွားတယ် ... နောက်တပုဒ်ရှိသေးတယ် မနေနေနိုင် သိရင်တင်ပေးပါ.. မြွေတွန်သံချို တောပရိယာယ်နဲ့ သားရဲတွေကြား ရိုးမရဲ့ညနေခင်းလေးကိုတောင် အလှကြည့်ဖို့ မအားပါခင်ဗျာ... ဆိုတာလေ..
အားပေးလျှက်

အနောနေမတ်

Anonymous said...

(အကြိမ်ကြိမ်အဖန်ဖန် လီဘာလဲကာ ကြံရာမရတဲ့ နောက်ဘိတ်ဆုံးမှာ..)..အဲဒီမှာ လီဘာ မဟုတ်ဘူးဗျ..
လေဘာ(ကဒ်)ကိုပြောတာ..အလုပ်သမားကဒ်ပေါ့..