Pages

April 01, 2010

Please Note : 1st of April

ဒီမနက် အခန်းတံခါးဝ တံခါးဖွင့်ဖို့  ကတ်ဖြတ်တဲ့ နေရာအပေါ်မှာ အနီရောင်မျှားပုံနဲ့  စာတမ်းတစ်ခု ကပ်ထားတာတွေ့ လို့  ဘာများလဲဆို ဖတ်မိပါတယ်။ အရင်က အဲဒီနေရာမှာ ဘာမှမရှိဘူးလေ။ ရေးထားတဲ့ စာက သိပ်မထူးဆန်းပါဘူး။ ဒီလိုပုံစံ ခပ်ဆင်ဆင် စာသားတွေက အမြဲမြင်နေကြပဲ။ ဒါပေမယ့် အောက်နားက အ၀ါရောင် နုတ်လေးဖတ်ပြီး ပြုံးမိသွားတယ်။ ဒီလိုနေ့ မျိုးမှာ ဘာလာပြောပြော မယုံဘူးဆိုတဲ့ သူတွေကို ကြောက်တယ် ထင်တယ်။
From ThePhotoILike

Please Note: This is not an April Fools' Day Joke!

ဒါနဲ့  ဒီနေ့  ဟိုနေရာသွားလည်း April Fools၊ ဒီနေရာသွားလည်း April Fools၊ Website တွေသွားလည်း April Fools၊ Application တွေမှာလည်း April Fools၊ Game တွေမှာလည်း April Fools..... အင်း... အားလုံး အရူးတွေကြီး ပါပဲလား။ ဘယ်သူက တမူးသာမလဲ မသိဘူး။ ဒီလိုနေ့ မျိုး မွေးတဲ့သူကတော့ သာမှာ သေချာပါတယ်။

2 comments:

အရုဏ်ဦး said...

April Fool က မနက်အစောကတည်းက ခံလိုက်ရတယ်။ ကိုယ်ကလည်း အားကျမခံ ပြန်နောက်တာ ယုံမယ်လို့ မထင်ထားပေမယ့် ယုံသွားကြတဲ့သူတွေ ရှိတယ်။ ဟိဟိ

Soe Moe said...

humm . . . အဲဒီနေ့မွေးတဲ့သူက အရူးတွေထဲမှာ တစ်မူးသာတယ် ဆိုပါလား . . .