Pages

February 07, 2010

07 February 2010


ဒီနေ့  တနင်္ဂနွေနေ့ ။ ဒါပေမယ့် အလုပ်လာရတယ်။ ၂၀၁၀ အတွင်း ပထမဆုံး အလုပ်လာရသော တနင်္ဂနွေနေ့  ပါ။ အလုပ်ကို ၁၀ နာရီလောက် ရောက်တယ်။ ၂ နာရီလောက်မှာ ကိုယ့်အပိုင်းတွေ Test လုပ်တာ ပြီးသွားတယ်။ ကြီးကြီးမားမား ပြဿနာ မရှိဘူး။ မိုင်တာနာ ဒေတာတစ်ခု တစ်နေရာမှာ မပြတာ တွေ့ တယ်ဆိုလို့  တစ်ချက် ပြင်လိုက်ရတယ်။ မြန်ပါတယ်။ အားလုံး ပြင်တာ စမ်းတာမှ ၅ မိနစ် လောက်ပဲ ကြာတယ်။ တစ်ခြား တစ်ယောက်ရေးတဲ့ အပိုင်းမှာလဲ မိုင်နာအယ်ရာ ၂ ခုတွေ့ တယ်လို့  ပြောတယ်။ တကယ်ဆို ဒါတွေကို UAT မှာ ကတည်းက တွေ့ သင့်တယ် ဆိုပေမယ့် ကိုယ်တွေအချိန်လု လုပ်ရသလို ၊ သူတို့ တွေလည်း အချိန်သိပ်မရတာ သိတယ်ဆိုတော့ နားလည်ပေးလိုက်ကြ ပါတယ်။ ပုံမှန်ဆို ဒီလို အချိန်မှာမှ ရှာတွေ့ တဲ့ အယ်ရာကို ကြီးကြီးမားမား ပြဿနာမဟုတ်ရင် ပြင်ပေးလေ့ မရှိဘူး။

တခြားသူတွေ အပိုင်းတွေ Test လုပ်နေတာ မပြီးသေးလို့  မပြန်ရသေးဘူး။ User တွေစီက အားလုံး အဆင်ပြေတယ်ဆိုမှ ပြန်လို့ ရမယ်။ ၂ လကျော် ၃ လ နီးပါး စိတ်ပန်းလူပန်း ဖြစ်နေစေတဲ့ အလုပ်တစ်ခုပြီး သွားပြီဆိုတော့ စိတ်ချမ်းသာသွားတယ်။ အခု အီးမေး ပြန်စရာရှိတာလေးတွေ ပြန်ရင်း၊ တချက်တစ်ချက် ဖေ့ဘုတ်ဝင်ပြီး ဂိမ်းဆော့နေတယ်။ တနင်္ဂနွေမို့ လားမသိဘူး အလုပ်က အင်တာနက်က သိသိသာသာ မြန်နေတယ်။ ဂိမ်းဆိုလို့  တခြားဂိမ်းတွေ မဆော့နိုင်ပါဘူး။ Wall ပေါ်မှာ ပေါ်လာတဲ့ PS က သူများပေးတဲ့ နှင်းဆီးပန်းလေးတွေ ၀င်ဝင်ယူတာပါ။ ၁၂ ရောင်ရှိတယ် ပြောထားတာ၊ ရောင်စုံ အကုန်မရသေးဘူး။ ၁၀ မျိုးပဲ ရသေးတယ်။

ဒီနေ့  ဘယ်အချိန်ပြန်လို့  ရမလဲ မပြောနိုင်သေးဘူး။ သိပ်တော့ ကြာမယ် မထင်ဘူး။ ကြာလည်း ကိစ္စ မရှိပါဘူး။ ကိုယ့်အပိုင်းတွေ ပြီးသွားပြီဆိုတော့ စိတ်ပူစရာလည်း မရှိ၊ လုပ်စရာရှိတာလေးတွေ လုပ်ရင်း ဂိမ်းလေးဆော့လိုက် ဟိုဖတ်ဒီဖတ်လုပ်လိုက်နဲ့ ပဲ ပြန်ရမယ့် အချိန်စောင့်နေလိုက်တော့မယ်။ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။

5 comments:

Vista said...

ဟင့်တို့ များလည်းတူတူပဲ အလုပ်လာရတယ်
power trip ဖြစ်လို့ ကိုယ့်စက်တွေ အကုန်ဒေါင်းသွားတယ် ..ဟင့်

Ko Boyz said...

စဖတ်ဖတ်ခြင်း မိုင်တာ ဒေတာဆိုလို့ မနည်းတွေးယူရတယ်။ တိုက်ပိုအယ်ရာကိုး။ အလုပ်လုပ်ရသော တနင်္ဂနွေနေ့ပေါ့လေ။

khet myint myint said...

မိုင်တာဒေတာ=meta-data ကိုဆိုလိုတာလား

khin oo may said...

နားမလည်သေးဘူး
မိုင်တာ ဒေတာ

khin oo may said...

အလုပ်မသွားရရင်တော့ပိုကောင်းမယ။်