Pages

December 13, 2009

Week End...

အလုပ်ပိတ်ရက်တွေမှာ အပြင် မထွက်ဖြစ်ဘူး။ အိမ်မှာ လုပ်စရာရှိတာလေးတွေ လုပ်ပြီးလို့  ဂိမ်းလည်း မဆော့ချင်၊ ရုပ်ရှင်လည်း မကြည့်ချင်တဲ့ အချိန်တွေမှာ....


အခု အပတ် မဟုတ်ဘူး။ နိုဝင်ဘာ ပထမ အပတ်ကပါ။ အိမ်မှာနေရင်း ပျင်းလာတာနဲ့  Window 2003 Server သွင်းထားတဲ့ ကွန်ပြူတာကို Window 7 Enterprise Edition ပြောင်းသွင်း ဖြစ်ခဲ့တယ်။ OS အသစ် ဆိုတော့ စမ်းကြည့်ချင်တာလည်း ပါတယ်။ အခုလို OS အသစ်အသစ်တွေ ထွက်တိုင်း လိုသလို စမ်းနိုင်ဖို့  တစ်စုံတစ်ယောက်ကလည်း အမြဲ တွန်းအားပေး လိုအပ်တဲ့ Software တွေ အကုန် စီစဉ်ပေးတယ်။ ကျန်တာတော့ ကိုယ့်ဘာသာလုပ်ပေါ့လေ။ ကိုယ်မလုပ်နိုင်တာ ရှိမယ်ဆိုရင်တော့ သူကူပါတယ်။

ဒီကွန်ပြူတာကို ဒီရောက်ခါစ အချိန်က ၀ယ်တာဆိုတော့ အတော်လေး ကြာနေပြီ။ စသုံးတုန်းက Window XP သွင်းထားတယ်။ Window Vista ထွက်ခါစက တစ်ခါ ပြောင်းပြီး သုံးကြည့်သေးတယ်။ သိပ်မကြိုက်တာ နဲ့  တခြား OS တွေပြောင်းသုံးတယ်။ နောက်ဆုံးကတော့ Window 2003 Sever Standard Edition သုံးနေခဲ့တာ။ အခု Window 7 သွင်းတယ် ကျန်တာ အကုန် အဆင်ပြေ တယ်။ ပြသနာလို့ ပြောနိုင်တာဆိုလို့  Network Cards တွေကို ချက်ချင်း တန်း မသိဘူး။ အဲဒီ ကွန်ပြူတာမှာ Network ကတ် သုံး ခုတတ်ထားတယ်။ တစ်ခုမှ မသိဘူး။ ဒါပေမယ့် USB Wireless Adapter တစ်ခုရှိနေတာနဲ့  သုံးကြည့်တော့ အဆင်ပြေပြီး အင်တာနက်ရသွားတယ်။ အင်တာနက်ရတော့ Windows Auto Update လုပ်လိုက်တဲ့ အခါ စက်မှာ တတ်ထားတဲ့ ကတ်တွေကို အလိုလို သိသွားတယ်။ Graphic Card လည်း သူ့ အလိုလို သိတယ်။ မဆိုးပါဘူး။ Window Activate မလုပ်သေးပဲ ဒီတိုင်း စမ်းသုံးကြည့်တယ်။ သွင်းချင်တာတွေ သွင်းကြည့် ကလိဖြစ်တယ်ပေါ့။ အဲဒီ အပတ် စနေ တနင်္ဂနွေ နှစ်ရက်လုံး အချိန်ကုန် သွားတာပါပဲ။

4-5 ရက်လောက် စမ်းကြည့်ပြီး ဆက်သုံးမယ် စိတ်ကူးတာနဲ့  OS တစ်ခါပြန် တင်ပြီး Window Activate လုပ်လိုက်တယ်။ တကယ်မသုံးပဲ Key ကို မဖြုန်း လိုက်ချင်ဘူး။ အခုအချိန်အထိတော့ အဲဒီ ကွန်ပြူတာမှာ Window 7 ဆက်သွင်းထားတုန်းပဲ။





ဒါက OS အသစ် Install လုပ်နေတဲ့ တခဏ အချိန်မှာ...
ဟိုဖြုတ်ဒီဖြုတ်

Other Related Posts :
Window Vista in My Computer
Microsoft Windows Update
Ubuntu

ဒီတစ်ပတ် နောက် တမျိုး။ ... နောက်များမှ ရေးပါအုံးမယ်..

4 comments:

khin oo may said...

ပညာရှိပါလား။

ကြည် said...

တို့ညီမလေး တော်တယ်ဟေ့။

သိင်္ဂါကျော် said...

window 7 မှာ network card တန်းမသိဘူးလို့ ပြောသံကြားနေတာ.. ခုတော့ ဖြေရှင်းနည်း သိသွားပြီ..
window 7 မှာ တစ်ချို့ကိစ္စတွေ လည်း သူများနဲ့မတူ နည်းနည်း ခက်ခဲတာလေးတွေ ရှိတယ် ဆိုလို့ မသုံးဘူးသေးဘူး..

Rita said...

တော်တာ ပစ္စည်းတွေ မပိုအောင် ဖြုတ်တတ်တယ်ပေါ့
:D