Pages

August 24, 2009

50% off for Ladies Night @ Seoul Garden

ဒီ Discount ကို သိတာ ဂျူလိုင် လထဲက၊ သွားစားမယ် သွားစားမယ် စိတ်ကူးနေတာ၊ ခုအချိန်အထိ အကောင်အထည် မဖော်ဖြစ်သေးဘူး။ အစားအသောက်ဆို ဆီပြန်ချက်တာ၊ ပြုတ်တာတွေ ထက်စာရင် ကြော်တာ၊ ကင်တာကို ပိုပြီး သဘောကျတယ်။ ကျန်းမာရေးနဲ့  မညီညွတ်မှန်း သိတယ်၊ ဒါပေမယ့် ကြိုက်တော့လည်း စားမိတာပဲ။

Click here to get Discount voucher (To Print)

50% off for Ladies Night @ Seoul Garden - every Mondays to Wednesdays!
- only for Adult Buffet Dinner.
- dinner time (5:00pm – 10:30pm)
- Valid from 27th July – 26th August 2009


ဟိုးအရင်ကတော့ Seoul Garden မှာ မကြာမကြာ သွားစားဖြစ်ခဲ့တယ်။ အဖော် ကောင်းတာကို။ အဲဒီမှာ သူငယ်ချင်းတွေနဲ့  တခါသွားစားတုန်းက UOB Credit နဲ့  ပေးတယ်ဆို ဆို 3rd Person ကို Free ဆိုပြီး Discount ပေးတာ ကြုံဖူးတယ်။ အခု ဒီတစ်ခါ မိန်းကလေးဆို ၅၀% လျှော့ပေးတဲ့ Discount က ဒီအပတ် နောက်ဆုံး။ ယောက်ျားလေးတွေကိုတော့ အစားကြီးတာများလို့ လျှော့မပေးတာ ထင်တယ်။ တကယ်ဆို အစားအသောက် တစ်ခုခု သွားစားမယ်ဆို နှစ်ခါချိန်းစရာ မလိုအောင် အဆင်သင့်ဖြစ်နေတတ်တဲ့ သူငယ်ချင်းတွေက ယောက်ျားလေးတွေ။ အခုဟာက Lady Only ဆိုတော့ သူတို့ လဲ ခေါ်မရ။ ဒီတော့ အခုအချိန်ထိ မစားဖြစ်သေးဘူး။သွားမစားရတဲ့အတွက် ပုံတွေ မတင်နိုင်ဘူး။ စိတ်မကောင်းဘူး။ Lady Only ဆိုတာကို မကျေနပ်ဘူး။ ယောက်ျား၊ မိန်းမ မခွဲခြားပဲ တန်တူ အခွင့်အရေး ရှိသင့်တယ်။

P.S .. မမွန် နဲ့  မမေ ကို သတိရတယ်။

4 comments:

ThuHninSee said...

တော်ပါ..သွားရည်ကျအောင် လာနှိပ်စက်နေတယ်။

မေ said...

ဒီပို့စ်ကို ခုမှဖတ်ဖြစ်တယ် ... တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ ဘူဖေးဆိုင်တွေ အကြောင်းပြောရင်း နေနေကျွေးတဲ့ မရီနာဘေးကဘူဖေးရော၊ ဆိုးလ်ဂါဒင်က ဘူဖေးတွေအကြောင်း ယှဉ်ပြောနေတာ ... ဂျူရောင်း ဆိုင်းယန့်စ်ပက်ခ်က ဆာကူရာလဲ ပါသေးတယ် ... ပြောရင်းနဲ့ စားချင်တာ အရမ်းပဲ။

SZA said...

i could join if i knew early :D

khin oo may said...

အဝေးကလူတွေကို လွမ်းမပြပါနဲ့လေ။