



Pokémon Go ရဲ့ မှာ Level ကုန်သွားပြီ။ အမြင့်ဆုံး ဖြစ်တဲ့ Level 40 ရောက်သွားပါပြီ။
ဒီဂိမ်းကို စင်္ကာပူမှာ တရားဝင် စထွက်တဲ့ အချိန်က 6 August 2016။ ကိုယ်တွေက သူငယ်ချင်းတွေနဲ့  ခရီးသွားနေတော့ ဂိမ်းမဆော့ဖြစ်ဘူး။ ၈ ရက်နေ့ ည ပြန်ရောက် immigration မှာ စောင့်ရင်း သတင်းတွေဖတ်ရင်း ဒီဂိမ်းအကြောင်းတွေ့  လို့  download လုပ် ဆော့ကြည့်တယ်။ နောက်နေ့ ပြန်ဖျက်လိုက်တယ်။ ပျင်းလို့ ။ ၁ ပတ်- ၁၀ ရက်လောက်နေမှ ထပ်ပျင်းတာနဲ့  ဂိမ်းကို download ပြန်လုပ်ဆော့ခဲ့တာ ခု Level 40 ရောက်တဲ့ အထိပါပဲ။
Level 1: Monday, 8 August 2016
Level 40: Sunday, 3 June 2018
အခုလို Level ကုန်သွားလို့  ဆက်ဆော့စရာ မရှိတော့ဘူး ဆိုတာမျိုး မဖြစ်ပါဘူး။
ဒီဂိမ်းက သွားရင်းလာရင်း လမ်းမှာတွေ့ တဲ့ ပိုကီမွန်လေးတွေ ဖမ်းတာ။ ကိုယ်က ဂိမ်းဆော့တာမှာ rule တစ်ခုထားတယ်။ အကောင်စုံအောင်ဆိုပြီး evolve လုပ် မယူဘူး။ wild မှာ ပေါ်တဲ့ ဖမ်းလို့ ရတဲ့ အကောင်ဆို တွေ့ တဲ့ အထိ စောင့်ဖမ်းတယ်။ wild မှာ လုံးဝ မပေါ်ဘူးဆိုမှ evolve လုပ်ယူဖြစ်တယ်။ ဒီတော့ ကိုယ်က အခု Level သာကုန်တယ် မရှိသေးတဲ့ ပိုကီမွန်လေးတွေ အများကြီးကျန်သေးတယ်လေ။
ဂိမ်း Level တက်ဖို့  Experience Point ရအောင် ဆော့တာမျိုး လုပ်ဖို့  မလိုတော့ပေမဲ့ အကောင်လေးတွေစုံအောင်တော့ အေးဆေး ဆက်ဆော့ဖြစ်နေဦးမယ် ထင်ပါတယ်။
အတွေးအခေါ် ကောင်းသူ၊ စဉ်းစားဆင်ခြင်ဉာဏ် ရှိသူတွေဟာ ခုလို ဂိမ်းတစ်ခုမဟုတ် ကစားဖူးကြသည်။ ဒီအထဲကမှ ဇွဲဝီရိယ ရှိသူတွေကတော့ ဂိမ်းတစ်ခုမဟုတ်တစ်ခုကို Level ကုန်အထိ ဆော့ဖူးကြပါသည်။
No comments:
Post a Comment