Pages

October 12, 2011

Full moon day of Thadingyut

သီတင်းကျွတ်လပြည့်နေ့ ..

ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ်အချိန်အခါ ဖြစ်ပါစေ။


အိမ်ကို ဖုန်းမဆက်ဖြစ်တာ အတော်ကြာပြီ။ ဒီနေ့  မနက်စောစောမှာတော့ အိမ်ကို ဖုန်းခေါ်ဖြစ်ခဲ့တယ်။ ဖေဖေ မရှိဘူး အပြင်သွားနေလို့ မေမေ နဲ့ ပဲ စကားပြောဖြစ်တယ်။ အခါကြီးရက်ကြီးတွေဆို ခုလိုပဲ ဖုန်းဆက်လေ့ရှိတာကြောင့် ဒီနေ့ လည်း ဖုန်းဆက်လာမှာပဲဆို ထင်နေတယ်လို့ ပြောတယ်။ ခုလိုပဲ အဝေးကနေ ဖုန်းထဲက တစ်ဆင့်ပဲ စိတ်ထဲကမှန်းပြီး ကန့် တော့ဖြစ်တဲ့ နှစ်တွေက နည်းမှ မနည်းတော့တာ။

ဒီနှစ်တော့ ဦးကြီးလည်း အိမ်မှာ ရောက်နေတာနဲ့  နှုတ်ဆက်စကားပြော ကန်တော့ဖြစ်တယ်။ ဖေဖေ နဲ့ စကားပြောဖို့  ညနေပိုင်း ဖုန်းထပ်ဆက်ရအုံးမယ်။ အခုလို လူကြီးမိဘတွေကနေ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အစစ အရာရာ အဆင်ပြေစေဖို့  ဆုမွန်ကောင်းတောင်းပေးတာ နားထောင်ရတာ စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။

ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ် အချိန်တွေကို သတိရမိပါသေးတယ်။ အစမ်းစားမေးပွဲပြီးလို့  သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ မိုးပျံအောင် အားပါးတရ ကစားခဲ့ရတာကို သတိရတယ်။ ဆီမီးတွေထွန်း၊ ပွဲဈေးတွေလျှောက် စားချင်တာတွေဝယ်စား ခဲ့ရတာကို သတိရတယ်။ အမျိုးထဲက သက်ကြီးဝါကြီးတဲ့သူတွေကို လိုက်ကန်တော့ပြီး မုန့် ဖိုးတွေတာကိုလည်း သတိရမိပါတယ်။

ခုတော့ အလုပ်များနေပါ၏။ ။

1 comment:

Margaret Joe said...

ဒီပိုစ့်လေးကိုဖတ်ရင်းနဲ့...တို့များငယ်ငယ်က..သီတင်းကျွတ်ကိုလွမ်းသွားပါတယ်..မုန့်ဘိုးကမရတော့ဘဲ..ပေးရတဲ့သူဖြစ်သွားခဲ့ပြီမို့...........