Pages

September 23, 2011

20110923 - သောကြာနေ့  နေ့ လည်စာ

ဒီနေ့  သောကြာနေ့  နေ့ လည်စာ အနေနဲ့  ထမင်းကြော်စားဖြစ်တယ်။

From Everything


ဒီတစ်ခုထဲနဲ့ တော့ ကျန်နေသေးတဲ့ သောကြာနေ့ တစ်ဝက်မှာ အလုပ်ဆက်လုပ်ဖို့  အတွက် လုံလောက်တဲ့ အင်အားကို ဘယ်လိုမှ မရနိုင်ဘူး။ ဒီတော့ ဟင်းရံအနေနဲ့  တချို ဟင်းတွေ ထပ်မှာ စားကြပါတယ်။

ပဲပြားနဲ့  မှို
From Everything

ကြက်တောင်ပံကြော်
From Everything

ကန်စွန်းရွက်အစပ်ကြော်.
From Everything

ကုန်လားဆို တစ်ယောက်တည်းတော့ အဲလောက်ကြီး ဘယ်ကုန်နိုင်မလဲ။ သောကြာနေဆိုတော့ ထုံးစံအတိုင်း အဖွဲ့ လိုက်နေ့ လည်စာသွားစား ကြရတာ။ အပေါ်မှာပါတဲ့ ပဲပြားမှို၊ ကြက်တောင်ပံကြော် နဲ့  ကန်စွန်းရွက် တစ်မျိုးကို ၃ ပွဲစီမှာပြီး လူ ၁၂ ယောက်မျှစားကြပါတယ်။ အပေါ်က တစ်ဆက်က လူ ၄ယောက်စာ အရံဟင်းတွေပေါ့။

မစားလို့ မဖြစ်ဘူး။ အစာများများ စားပေးရတယ်၊ စားမှ အားရှိမယ်၊ အားအင်အပြည့်ရှိမှ အလုပ်လုပ်နိုင်ကြမယ်။

1 comment:

Anonymous said...

အလုပ်ပန်းလို့  ပိန်သွားမှာ မစိုးရိမ်ရတော့ဘူး :))