ဒီနေ့  အခန်းထဲမှာ ဟိုရှင်းဒီရှင်း ရှင်းလို့ ရတာတွေ အကုန်ရှင်းရင်း မြန်မာ သီချင်း CD အဟောင်းတွေကို ကွန်ပြူတာထဲ ပြန်ထည့်ကြည့် ဖြစ်တယ်။ CD တွေက အတော်တော့ ကြာပြီ။ ကျောင်းတတ်တုန်းကဆိုတော့ ၁၀ စုနှစ် တစ်ခုနီးပါရှိနေပြီ။ CD တွေမှာပါတဲ့ သီချင်းတွေကတော့ စုံနေတာပဲ။ သီချင်းတချို့ ပြန်နားထောင်ဖြစ်တယ်။
၂၀၀၁ ခုနှစ်က CD တစ်ချပ်ထဲမှာ ကိုမှိုး ရဲ့ သီချင်း ၃ ပုဒ်တွေ့ တယ်။ သူတို့ ငယ်ငယ်တုန်းက ကိုမှိုး ကို သိပ်ကြိုက်ခဲ့တယ်လို့  Facebook ထဲမှာ ပြောနေတဲ့ မမ များကို သတိရသွားမိ ပါတယ်။
2 comments:
အင်း.. စာနာတတ်သူမို့ကတော့ မျက်စိမှိတ် ဆိုနိုင်လောက်အောင်ကို အဆောင်ရှေ့မှာ အသေ သွားကြွေဖူးတယ်...။
အဟက်....
သမိုင်းဟောင်းတွေ လာတူးဆွနေတယ်....။
(Word Verification ကို ဖြုတ်လိုက်ပါဟယ်...)
ဖြုတ်လိုက်ပြီ။ မKOM ပြောတုန်းထဲက ဖြုတ်ပေးမလို့ ပဲ၊ မေ့နေတာ။
Post a Comment