Pages

April 20, 2011

IRIS

ဒီမနက် Bus ကားပေါ်မှာ၊ အပေါ်ဘက် လက်ကိုင်တန်းတွေနားမှာ ချိတ်ထားတဲ့ ကြော်ငြာတွေကို သတိထားလိုက် မိတယ်။
From Singapore

ရေးထားတာက IRIS... ကိုယ် IRAS လို့ ဖတ်မိသွား စိတ်ဝင်စားသွားတယ်။ ပူပူနွေးနွေး ဟိုတလောကမှာ ဒီက အစိုးရကို အခွန်ပေးဖို့  IRAS ဆိုဒ်ဝင်ပြီး လိုတာတွေ လုပ်ထားရတာ မဟုတ်လား။ စိတ်ထဲ ဒီစာလုံး စွဲနေတယ်။ နောက်တစ်ခါ သေချာထပ်ကြည့်မှ SBS Transit ရဲ့ IRIS မှန်း သိလိုက်ရတယ်။ App Store မှာ ရှာကြည့်လိုက်တာမှာ အခု သိပ်မကြာခင်ကမှ အသစ်ထွက်တဲ့ Application ဆိုတာနဲ့ Install လုပ်လိုက် ပါတယ်။ စမ်းကြည့်ရတာပေါ့။

IRIS မှာ iris NextBus နဲ့  iris Journey Planner ဆိုပြီး နှစ်ခုပါတယ်။ ကောင်းမကောင်း၊ ကိုယ့်အတွက် အသုံးဝင်မ၀င် သေချာသိချင်ရင်တော့ စင်္ကာပူက အိုင်ဖုန်းသုံးသူတွေ ဖုန်းမှာ Install လုပ် စမ်းသုံးကြည့်ကြပါ။ Install လုပ်ရတာ လွယ်သလို၊ မလိုချင်ရင် ပြန်ဖျက်ဖို့ ကလည်း ခက်တဲ့အရာမှ မဟုတ်တာ။

From Singapore

1 comment:

khet myint myint said...

ကျနော်ကတော့ အမြဲပဲ http://www.sbstransit.com.sg/mobileiris ကနေ စစ်နေတာ.. ခု iris က မရိုးရှင်းသလိုပဲ.. စစသုံးချင်းမှာတော့ ဘယ်ကစရမှန်းမသိဘူး.. web link ကနေစစ်တာကိုပဲ အသားကျနေတယ် ။