From Burmese Food |
င.. ငါးပိထောင်း စားလို့ ကောင်း...
ပုံတွေ့ ရတာနဲ့ တင် အနံ့ လေးတွေ မွှေးလာသလို ခံစားရပြီ ဗိုက်ဆာလာတယ်။ တချို့ ကတော့ ပြောတယ်.. ဒီလို ငါးပိထောင်း တစ်ခွက်နဲ့  တောင် ထမင်း ၂ပန်းကန် ၃ ပန်းကန် စားနိုင်ပါတယ်တဲ့.. ပြောကြတာပဲ။ တကယ်ဟုတ် မဟုတ် အခွင့်အရေးကြုံမှ ငါးပိထောင်းတစ်ခွက်ထဲနဲ့  ထမင်းကျွေးကြည့်ပါအုံးမယ်။
ဒါနဲ့  အခု ငါးပိထောင်း ထောင်းတဲ့သူက အတော်လေးတော်တယ်။ ခပ်စပ်စပ်လေး နဲ့  စားလို့ ကောင်းတယ်။ ဘယ်သူလဲ မသိဘူး။ နောက်မှ နည်းမေးကြည့်အုံးမယ်။ အခုတော့ ဘယ်သူ ဘယ်လိုထောင်းတာလဲတောင် မမေးမိဘူး။ စားဖို့ ပဲသိတယ်။
From Burmese Food |
မပြည့်ချက်တဲ့ ဟင်းရည်သောက်က ငါးနဲ့  ကန်စွန်းရွက် ချဉ်ဟင်း။ ကိုယ့်ဘာသာဆို ဒါမျိုး ယောင်လို့ တောင် ချက်စားမှာ မဟုတ်ဘူး။ ချဉ်ဟင်းတစ်ခွက် ချက်တာ ရှုပ်တယ်ထင်တယ်။ စားရတာနဲ့  မကာမိဘူး။ ဒီမနက်မှ မပြည့်ဟင်းချက်နေတာကြည့်ပြီး စဉ်းစားမိတယ်၊ ကိုယ့်ဘာသာ ချဉ်ဟင်း မချက်ဖြစ်တာ ၁၀ နှစ် ကျော်တောင်ရှိရောမယ်။
From Burmese Food |
From Burmese Food |
ဒါပဲလားဆို မဟုတ်ပြန်သေးဘူး။ ဒီနေ့  ထမင်းဝိုင်းမှာ... ငါးကြော် နဲ့  ငါးဖယ်သုတ်လည်းပါ ပါသေးတယ်။ အစားအသောက် များများစားပါ။
8 comments:
ဆီလျော့ပေမဲ့ ထမင်းတော့ပိုစားဖြစ်မယ်ထင်တယ်။ သွပ်သွပ်.
kom
ကောင်းတာ ကြည့်လို့ကို မဝဘူး။
kom
ဒီလိုငပိထောင်းလေးမျိုး အကောင်းစားလေးနဲ့သာဆို.. ဟင်းမပါလဲရပါတယ်။ ထမင်းစားဝင်ပါတယ်။၂ပန်းကန်၃ ပန်းကန်တော့ မစားနိုင်ဘူး။ တစ်ပန်းကန်ပဲ။ ဒီတော့
ကြုံတဲ့အခါ ဒီလိုငပိထောင်းလေးနဲ့ ကျွေးဖို့ တောင်းဆိုပါတယ်။
:D :D :D
မမွန်
ဒီနေ့ ငပိထောင်း ထောင်းစား ပလိုက်တယ်၊ အဲ သူများကို ထောင်းခိုင်းပြီး စားလိုက်တာပါ၊ မခင်ဦးမေ မဟုတ်ပါ၊
အစားသည်လူနှင့်တည့်အိ...တဲ့ဗျ....
ဝ - ဝက်သားချဉ် ပြုံးရွှင်ရွှင် ...
မရမ်းသီး ငပိထောင်း - သားရေတောင် ကျဒယ်
အဲဒီအပေါ်ကတစ်ယောက်က ပေါက် ပါ. သူကမှာ ဘလော့ရှိပါတယ်။ ( http://ah-pauk.blogspot.com/ ) သူက ဒေါ်ရွေမိုး ငပိထောင်းဘူးကို ဖွင့်ပြီးစားတာပါ. တို့သင်ထားတာပါ။
kom
တို့လဲ ဒေါ်ရွေမိုးဗူး သတိရသွားပီ. ဖွင့်စားဦးမှ.
kom
Post a Comment