Pages

September 06, 2010

20100906

ပျင်းလို့  ရေးသည်။

အလုပ်လုပ်စရာလေးတွေ ရှိတယ်။ ဒါပေမယ့် စလို့ မရသေးဘူး။

သောကြာနေ့ က အလုပ်ကွန်ပြူတာမှာ HD အသစ်လဲတယ်။ ကွန်ပြူတာ သုံးရတာ အဆင်မပြေတာလေးတွေ ရှိနေလို့ ပြီးခဲ့တဲ့အပတ်က Helpdesk ကိုဖုန်းဆက် အကြောင်းကြားခဲ့တယ်။ နောက်တစ်ရက်မှာ လာကြည့်ပြီး Window OS အသစ် ပြန်သွင်းပေးမယ်၊ HD ပါလဲပေးမယ် ဆိုပြီး သောကြာနေ့ မှာ အားလုံး လာလုပ်ပေး သွားတာပါပဲ။ ပုံမှန် Standard Software တွေပဲ သွင်းပေးတာဆိုတော့ ကျန်တာတွေ ကိုယ့်ဘာသာ install လုပ်ရမယ် ပြောတယ်။ အများကြီးတော့ install လုပ်စရာ မရှိပါဘူး။ အလုပ်အတွက်လိုတဲ့ License နဲ့ သုံးရတဲ့ Software တွေ ကိုယ့် ID နဲ့  Check လုပ်ပြီး ပြန်သွင်းပေးထားတာတွေ့ တယ်။ လိုတာရှိရင် ဖုန်းဆက်ဆိုလာပေမယ့် ခုထိ ကြည့်မိသလောက်တော့ သူတို့ install လုပ်ပေးနိုင်တာ အကုန်နီးပါး install လုပ်ပေးထားတာ တွေ့ တယ်။ ဒီတော့ တခြား ကိုယ်ဘာသာသုံးလေ့ ရှိတာလေးတွေပဲ ထပ် install လုပ်ဖို့  လိုမယ်။

အခု Firefox၊ iTune install လုပ်ပြီးပြီ။ Zawgyi Unicode လဲ install လုပ်ပြီးပါပြီ။ အလုပ်အတွက်ကတော့ JDK install လုပ်ပြီးပြီ။ အရင်က တခြား Department ကလူတွေနဲ့ မတူ IT-DD က လူတွေမှာ ကိုယ့်ကွန်ပြူတာကိုယ် Admin Access ရှိခွင့် ရှိတယ်။ အခု နောက်ပိုင်း Policy အရ ဘယ်သူမှာ Admin Access ပေးလို့ မရတဲ့ အတွက် ပြန်လာဖြုတ်ရမယ် ပြောတာပဲ။ အခု Admin Right လေး ရှိနေတုန်း Install လုပ်ချင်တာ အကုန်လုပ်ထားပါပြောသွားတယ်။ အလုပ် ကွန်ပြူတာမှာ ဘာမှ အလုပ်အတွက် လိုတာကလွဲရင် တခြားဘာမှ ထူးထူးခြားခြား သိပ်မသုံးတော့ အဲဒါတွေ Install လုပ်တာ သိပ်မကြာလောက် ပါဘူး။ ဒါပေမယ့် အခုအရင်ဆုံး Development environment တစ်ခုပြန်ရအောင် Setup လုပ်နေရတယ်။ အဲဒါ ကြာတယ်။ ပြီးရင် တခြား လိုတဲ့ Configuration တွေ ပြန်လုပ်ရအုံးမယ်။ အဲလိုတွေ လုပ်ရတာ ပျင်းစရာကောင်းတာ။ ဒီနေ့ အဖို့  အလုပ်လုပ်ရတာ စိတ်မပါ။

3 comments:

Anonymous said...

ပျင်းပါသည် အတော်ပျင်းပါသည် မန်းဒေးမို့ ပိုပျင်းပါသည် သုံးရက်ပိတ်မယ့်အပတ်ဖြစ်လို့ ပိုပြီးပျင်းပါသည်..

ပုံ/
အနောနေမတ်

Anonymous said...

အတော်လုပ်ပြီးသွာြးီ့ပီဘဲ။

Anonymous said...

ငါးရက်မှာ နစ်ရက် ဂျုတီကျလို့ မပျင်းနိုင်ပါ။ ပျင်းချင်သော်ငြားလည်းအောင့်ထားရ့ပါသည်။