Pages

December 20, 2009

Burmese fried noodle

ဗမာပြည်မှ ခေါက်ဆွဲကြော်
From Burmese Food

ဘယ်ရယ်တော့ မဟုတ်ပါဘူး။ အခု ဗိုက်ဆာနေတယ်။ ရန်ကုန်က ခေါက်ဆွဲကြော် စားချင်စိတ် ပေါ်နေပါတယ်။ ဒီ့အတွက် ရှိတဲ့ ဓာတ်ပုံလေး တင်လိုက်တယ်။ ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ အစားအသောက်တွေထဲက ပုံတွေပါ။ ပုံထဲက ခေါက်ဆွဲကြော်က သံတော်ဆင့် ဆိုတဲ့ စားသောက်ဆိုင်က ၀ယ်လာတာပါ။ အဲဒီနေ့ က ညနေပိုင်း အပြင်လည်း မထွက်ချင်၊ ထမင်းလည်း မစားချင်ဘူးဆိုလို့  အမေက မောင်လေးကို သွားဝယ် ခိုင်းခဲ့တာ။ စားလို့ ကောင်းတယ်။ ကြက်သားနဲ့  လား ၀က်သားနဲ့ လား မမှတ်မိတော့ဘူး။ ကြက်သားဖြစ်မယ် ထင်တယ်။ ဆိုင်မှာ ၀ယ်စားတဲ့ ၀က်သားနဲ့  ခေါက်ဆွဲကြော်တွေက အဆီတွေပါတော့ မစားဖြစ်ဘူး။

3 comments:

khin oo may said...

ပြန်တော့စားတာပေါ့ ဝမ်းနည်းမနေနဲ့။

Rita said...

မမပြောမှပဲ ဝမ်းနည်းဖို့ သတိရသွားပြီ။

:P said...

ဒီနေ့ခေါက်ဆွဲကြော် စားအုံးမှပဲ