Pages

November 17, 2009

Facebook: Magic Circles (Konami Code)

Facebook မှာ သူငယ်ချင်းတစ်ယောက်က Facebook Trick ဆိုပြီး သတင်းပေးထားတာနဲ့  စမ်းကြည့်ဖြစ်တယ်။ စက်ဝိုင်းလေးတွေ ပေါ်လာတာ လှတယ်။

Press up,up, down, down, left, right, left, right, B, A, Enter key,
then press up and down and magic circles will appear.
The only way to get rid of them are to log off or refresh the page.


ဟိုတစ်ခါလည်း အဲလိုကုတ်နဲ့ ပဲ Easter Egg လေးတွေ ပေါ်လာသေးတယ်။ ဒီနေ့ တော့ Code ကို ဘယ်လို ဘယ်သူ စတင်ဖန်တီးတာလဲ၊ ဘာကြောင့် အဲ့လို ဖြစ်တာလဲ သိချင်စိတ်နဲ့  Google ကြည့်လိုက်တော့ ...

အဲဒီ Code ကို Konami Code (Konami Command) လို့  ခေါ်ပြီး Konami ဗီဒီယိုဂိမ်း တွေအများစုမှာ သုံးလေ့ရှိတဲ့ Cheat Code တစ်မျိုး ဖြစ်တယ်ဆိုတာ သိရတယ်။ အဲဒီကုတ်ကို ၁၉၈၀ ကျော်က Nintendo အတွက်ထုတ်တဲ့ Gradius မှာ ပထမဆုံးသုံးခဲ့တယ်။ နောက်ပိုင်းတခြား ဂိမ်းတွေမှာ ပါသုံးတယ်ပေါ့။ Most Famous Cheat Code တဲ့။ ဘာလို့ ဟိုး အရင် ဂိမ်းဆော့တုန်းက ဒီလို Cheat Code တွေ မသိတာလဲ မသိဘူး။ ငယ်ငယ်တုန်းက အခုထက် ပိုရိုးသားခဲ့တာပဲ။

ဟိုကြည့်ဒီကြည့်နဲ့ လိုက်ဖတ်ရင်း အဲဒီ Konami Code က Facebook တစ်ခုထဲမှာ မဟုတ်ပဲ တခြား ဆိုဒ်တချို့ မှာပါ အလုပ်လုပ်ကြောင်း သိရတယ်။

Konami Code (Konami Command)

PHP.net ဆိုဒ်မှာ Logo ပြောင်းသွားတယ်။
Qiwi.be မှာ Enter တစ်ချက်နှိပ်တိုင်း ငမန်းတစ်ကောင် ပေါ်လာတယ်။
BBC Glow မှာ ဓာတ်ပုံ တစ်ပုံ (K-9)ပုံ ပေါ်လာတယ်။
University of Massachusetts Transit Services မှာ စမ်းကြည့်တော့ Rick Astley video Page ကို ရောက်သွားတာတွေ့ ရတယ်။
Google Reader မှာဆို နောက်ခံ ပြောင်းသွားတယ်။

တခြား ဘယ်ဆိုဒ်တွေရလဲနဲ့  ဘာတွေ ဖြစ်သလဲသိချင်တယ်ဆို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ကိုယ်ရဲ့ Website မှာ အဲဒီလို Code လေး ထည့်ရေးထားချင်တယ် ဆို ရေးချင်တယ်ဆို ရေးလို့ လည်းရတယ်။ ကျွန်မ ကိုယ်တိုင်တော့ မစမ်းကြည့်ရ သေးဘူး။ စမ်းဖြစ်မယ်လဲ မထင်ဘူး။ ဒါပေမယ့် စိတ်ဝင်စားတဲ့သူတွေ အတွက်...

The Konami Code - How To Implement it On Your Site @ abhinavsingh.com
Konami Code: Tweetable Konami code @ unwrongest.com

Credit to YeMinHtut

3 comments:

rose of sharon said...

facebook ဝင်မရတာ နှစ်ရက်ရှိပြီ... ဝင်လို့ရရင်စမ်းကြည့်မယ်... ဝေမျှပေးတာကျေးဇူး

rose of sharon said...

facebook ဝင်မရတာ နှစ်ရက်ရှိပြီ... ဝင်လို့ရရင်စမ်းကြည့်မယ်... ဝေမျှပေးတာကျေးဇူး

khin oo may said...

စမ်းချင်ပါဘူး ဖတ်ဘဲသွားတယ်။