Pages

August 07, 2009

Penang : Bat Cave Temple

မနှစ်က သွားခဲ့တဲ့ ခရီး။ ပီနန်သွားတဲ့ အကြောင်း၊ ရေးမယ်ဆို အစပျိုး၊ နောက်တော့ မရေးဖြစ်ဘူး။ အစဉ်လိုက်ရေးမယ် စိတ်ကူးမိတာကလဲ ရေးချင်စိတ်ကို အဟန့် အတားတစ်ခုဖြစ်နေစေခဲ့တယ်။ ဒီနေ့ တော့ ရေးချင်တာရေးတော့မယ်လို့ စိတ်ကူးပြီး ပုံတွေပြန်ကြည့် စိတ်ကူးပေါ်တာလေးက စရေးလိုက်တယ်။ ကြာရင်မေ့သွားတော့မှာ၊ အခုတောင် အတော်မေ့နေပြီ။

ခရီးသွားခြင်း
ပီနန်သို့ တစ်ခေါက်

လင်းနို့ ဂူလို့ ခေါ်မလား Penang Bat Cave က ပီနန်းတောင်ကုန်း ကိုသွားတဲ့လမ်းမှာ ရှိတယ်။ ကျွန်မတို့ ငှါးတဲ့ကားကိုမောင်းတဲ့ ကားသမားကို သဘောကောင်းတယ် ဆိုရမယ်။ တစ်နေရာ ရောက်တိုင်း အဲဒီနေရာရဲ့ ထူးခြားမှု့ တွေကို ရှင်းပြပေးမယ်။ သွားမယ်ဆိုတုန်းကလည်း ချက်ချင်းကြီးသွားသလိုဖြစ်နေတယ် ကိုယ်သွားမယ့်နေရာမှာရှိတဲ့ ထင်ရှားတဲ့နေရာတွေမှာ ဘာတွေရှိသလဲဆိုတာ ဖတ်မှတ်မထားမိဘူး။ တကယ်ဆို ခရီးတစ်ခု မသွားခင် ကိုယ်သွားမယ့် နေရာကို Google အကူအညီနဲ့ ကြိုလေ့လာတားခဲ့ရင် ပိုကောင်းမယ်။

ပထမ လင့်နို့ ဂူသွားမယ်ဆိုလို့  ဂူအကြီးကြီးတွေ့ ရမယ်ထင်တာ ကားဆိုက်လို့ ရှေ့ မှာကြည့်လိုက်တော့ အဆောက်အအုံ သေးသေးလေးတစ်ခုတွေ့ လိုက်ရတယ်။ အရင်ကတုန်း (နှစ် ၂၀-၃၀က) ဒီနေရာကို တော်ယုံလူ ၀င်ခွင့်မပြုဘူးလို့ ပြောတယ်။ ကျွန်မ မှတ်မိသလောက် အဲဒီကားသမားရှင်းပြတာတော့ လင်းနို့ ကိုခေါ်တဲ့ အသံထွက်က တရုတ်လို့ ကံကောင်းခြင်း ဆိုလား အဓိပ္ပါယ်ရတယ်တဲ့ အဲဒီမှာ ကံကောင်းအောင် စီရင်ဆောင်ရွက်လို့ ရတဲ့ အစီအရင်တွေရှိတယ်ပြောတယ်။ အထဲ ရောက်တော့လည်း ဘယ်လို လုပ်ရမယ်ဆိုတာ ကျွန်မတို့ ကို ရှင်းပြပါတယ်။ တကယ်ဟုတ် မဟုတ်တော့ မသိဘူး သူပြောသလို၊ သူလုပ်ပြသလို လိုက်တော့ လုပ်ကြည့်လိုက်တယ်။ သူပြောတဲ့အရာတွေက ခက်ခဲတာတွေလည်း မဟုတ်ဘူးလေ။ ( ဒီလို ထည့်ပြောရတာက တချို့ အရာတွေဟာ တခြားသူတွေ လွယ်လွယ်ကူကူ လိုက်လုပ်နိုင်ကြပေမယ့် ကျွန်မအတွက် လိုက်လုပ်ရခက်တာ တွေရှိလို့ ပါ။) အင်း... ကံကောင်းတယ် ဆိုတာကလည်း လူတိုင်းလိုချင်တဲ့ အရာမဟုတ်လား။

ပထမ ပြောပြတာက ၀င်ဝင်ခြင်းမှာတွေ့ ရတဲ့ အမ်းကုန်းးရုပ်ကြီး။ အဲဒီအရုပ်ရှေ့ မှာ ထုံးစံအတိုင်း မွေးတိုင်တွေထွန်းထားတယ်။ ထူးထူးခြားခြား ဆီပုံးတွေ အများကြီးလည်းတွေ့ ရတယ်။ ဘာလို့ အဲလို ဆီပုံးတွေရှိနေတာလည်း သိချင်စိတ်ရှိပေမယ့် ထုံးစံအတိုင်း တစ်ခုခုဆို မေးဖို့ နှုတ်တွန့် တဲ့ကျွန်မ မမေးဖြစ်ခဲ့ဘူး။ ဒီတော့ ပြန်မပြောပြနိုင်ဘူးပေါ့။ အဲဒီအကျင့်လေးလည်း ပြင်ရအုံးမယ်။
From PenangBatCave
အဲဒီ အမ်းကုန်းက လူတွေ အသေအချာ စိုက်ကြည့်နေတာတွေ့ ရတယ်။ ကားသမားကရှင်းပြတယ် အဲဒီအမ်းကုန်က ကံစပ်တဲ့သူတွေကို (ထီ) နံပါတ်ပေးတယ်တဲ့။ ပေါက်တဲ့သူတွေရှိတယ်ပေါ့။ လူတွေယုံကြတယ်ပေါ့။ ဒါကြောင့် ကြည့်နေတာတဲ့။ ဘယ်လိုကြည့်လည်းဆိုတာ ရှင်းပြတယ်။ နဖူးမှာရှိတဲ့ ကျောက်စိမ်းပြားတဲ ခါးမှာရှိတဲ့ ကျောက်စိမ်းပြား နေရာကို အသေအချာ စိုက်ကြည့်ရတယ်လို့  ပြောတယ်။ အဲဒါဆို နံပါတ်တွေ ပေါ်လာတယ်တဲ့။ နဖူးနဲ့  ခါးက အပြား တစ်ခုက နံပါတ် ၄ လုံး၊ တစ်ခုက နံပါတ် ၃ လုံးမြင်ရတယ်ဆိုလား... သေချာမမှတ်မိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်မြင်ရမယ့် နံပါတ်တွေမတူဘူး၊ ကြည့်ကြဆိုပြီး တိုက်တွန်းလို့  စမ်းကြည့်ဖြစ်ပါတယ်။
From PenangBatCave
(Tua Pek Kong - Senior Grand Uncle )
အဲ.. ပြောသေးတယ် ကိုယ်မြင်ရတဲ့နံပါတ်ကို ဘယ်သူမှမပြောရဘူး။ ကိုယ့်ဘာသာ စိတ်ထဲမှာထားပြီး ထီထိုးရတယ်တဲ့။ ဒါမှပေါက်မှာလို့  ပြောတယ်။ မကြည့်တော့ဘူး ပြောတာကို စမ်းကြည့်ပါ အတင်းလာ တိုက်တွန်းနေတာနဲ့ကြည့်လိုက်ပါတယ်။ ဘာဆို ဘာမှ မမြင်ဘူး။ ကျွန်မ က အဲလိုတွေ မယုံတတ်လို့ လားတော့လည်း မသိပါဘူးလေ။ ကျွန်မကို နံပါတ်တွေ မြင်ရတယ် မဟုတ်လား ၊ မြင်ရတဲ့ နံပါတ်သူ့ ကိုပြောစရာမလိုဘူးနော် စတာတွေလာမေးနေတော့ သွားလေးဖြီးပြီး ပြုံးပဲ ပြလိုက်တယ်။ သူက ယုံကြည်မှု့နဲ့ တိုက်တွန်းနေတာလေ။ ကျွန်မ ဒါတွေ မယုံဘူး မမြင်ရဘူးလို့ လဲ ပြောလို့ မကောင်း၊ ဘာမှလည်း မမြင်ရဆိုတော့ ပြုံးပဲပြလိုက်တာ အကောင်းဆုံးပဲတွေးခဲ့ မိတယ်။ တခြားသူတွေကြည့်တာတော့ မြင်ရတယ်ပြောတာပဲ။ အဲဒီနံပါတ်တွေ ထီထိုးဖြစ်ကြလား၊ ပေါက်လား မပေါက်လားဆိုတာတော့ စကားစပ် မမေးကြည့်မိဘူး။

နောက်ကံကောင်းအောင်လုပ်တယ်ဆိုတဲ့ နည်းကတော့ လွယ်ပါတယ်။ အဲဒီ အမ်းကုန်းရဲ့ နောက်ကိုသွားလိုက်ရင် နေရာ နည်းနည်းလေး ရှိနေတာတွေ့ ရမယ်။ ဂူပေါက်လေးလို ပေါက်တစ်ခုရှိပြီး အဲဒီဝင်ပေါက် ညဘက်မှာ ရေပန်းလေး ကျနေတာရှိတယ်။ အဲဒီက ရေကို လက်ခုပ်နဲ့ ခပ်ပြီး မျက်နှာအရင်သစ်တဲ့။
မျက်နှာသစ်ရတဲ့ နေရာ
From PenangBatCave
မျက်နှာသစ်ပြီးရင် အဲဒီ ရေးပန်းဘေးမှာရှိတဲ့ ရေကန်သေးသေးလေးထဲက လိပ်မကြီးနဲ့  လိပ်ကလေး ၂ ကောင်ကို ခေါင်းကနေ အဖျားပိုင်းအထိ တစ်ကောင်ကို သုံးခါ ကန်လေးထဲက ရေကို ခပ်ပြီး ရေဖြန်းပေးရတယ်တဲ့။ ရေခပ်ဖို့ ရေမှုတ်လေး ထားပေးထားတယ်။ နေရာက ကျဉ်းကျဉ်းလေးဆိုတာ ဒါလေးလုပ်ဖို့  တန်းစီရသေးတယ်။ ကိုယ့်ရှေ့ မှာ အဲလို လုပ်နေတဲ့သူတွေကလည်း အများကြီးလေ။ လိပ်တစ်ကောင်ကို သုံးခါ ဖြေးဖြေးချင်း ခေါင်းက အမြှီး ရေဖြန်းရတာဆိုတော့ နည်းနည်းတော့ကြာတယ်။ စောင့်ရတာ စိတ်တောင် မရှည်ချင်ဘူး။
လိပ်မကြီးနဲ့  လိပ်လေး ၂ ကောင်
From PenangBatCave
အဲဒါပြီးတော့ မပြီးသေးဘူး။ အဲဒီလိပ်တွေရဲ့ မျက်နှာချင်းဆိုမှာရှိတဲ့ ကျောက်တုန်းမှာ ကတ်ထားတဲ့ လိပ်ကြီးကို ခေါင်းကနေ ဟိုအဖျားအထိ ကိုယ့်ရဲ့ လက်နဲ့ သုံးကြိမ် တိတိ သပ်ပေးရတယ်တဲ့။ အဲဒါလုပ်ပြီးရင်တော့ ကံကောင်းအောင်လုပ်တဲ့ အစီအစဉ်ပြီးပါပြီ။
ဒါက လိပ်...
From PenangBatCave
အပေါ်က လိပ်ကို အနီးကပ်ရိုက်ထားတာ။
From PenangBatCave
အားလုံးပြီးမှ မေးရတယ်။ လင်းနိုဆိုလို့ တစ်ကောင်မှလည်းမတွေ့ ပါဘူးဆိုတော့မှ ခုနက ရေပန်းဘေးက အပေါက် ၀င်ကြည့်ရတာ၊ အဲဒီမှာရှိတယ်ဆိုလို့  လင်းနို့် တွေကို သွားကြည့်ခဲ့ ပါသေးတယ်။ ဒီမှာက ကျွန်မမြင်ခဲ့ရတဲ့ ပီနန် လင်းနို့ ဂူက လင်းနို့ တွေ။ နေ့ ခင်းဆိုတော့ သူတို့ တွေ အိပ်နေတယ်၊ အသံမထွက်မိပဲ ကြည့်ဆိုတာတာင် မနေနိုင်လို့  ဒါပဲလားဆို မေးမိသေးတယ်။
From PenangBatCave
ဒီအောက်က ပုံကတော့ အန်ကယ်ကြီး ရုပ်ဘေးမှာ ယွန်းလိုဟာတွေ စီထပ်တင်ထားတာတွေ့ လို့  ဒီလိုပဲ ဓာတ်ပုံ ရိုက်လာလိုက်တာ။ ဘာလဲတော့ မမေးနဲ့  ၊ မသိဘူး။
From PenangBatCave
ဒါကတော့ လင်းနို့ ဂူအ၀င်က လိပ်။ အဲဒီလိပ်နဲ့  ပတ်သက်တာတော့ အထွေအထူး မသိဘူး။ ရေးရင်းတွေးမိတာ ဓာတ်ပုံတွေအရ၊ ကျွန်မ မှတ်မိတာလည်းမမှားဘူးဆို အားလုံးအဲဒီမှာ လိပ် အကြီး ၃ ကောင်နဲ့  လိပ်အသေးလေး ၂ ကောင် အရုပ်တွေရှိတယ်ပေါ့။
From PenangBatCave
အဲဒီသွားတုန်းက ကျွန်မမှာ ကိုယ်ပိုင် ကမ်မရာပါ၊ ပါလာတဲ့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ရတာဆိုတော့ အများကြီးမရိုက်နိုင်ဘူး။ ဖုန်းကလည်း သိတဲ့အတိုင်း ၅ နာရီပဲ ခံတယ်ပြီးတော့ အားကုန်ရော။ တကယ်ဆို အသေအချာ ကိုယ်သွားခဲတာလေးတွေ ရေးမှတ်ထားချင်တာပါ။ ခုတော့လည်း ရှိသမျှနဲ့ ကျေနပ်လိုက်ပါတယ်။ ၀င်ပေါက်လေးတောင် ဓာတ်ပုံမရိုက်ခဲ့ရလို့  Google အားကိုးပြလိုက်တယ်။

ဒီမှာ သူများတွေ ရိုက်ထားတာတော့ လင်းနို့ တွေက အများကြီးလိုပဲ။ ကိုယ်တော့ အဲလောက်မတွေ့ ဘူးထင်တာပဲ။ မျက်စိက မကောင်း အလင်းရောင်မရ မှောင်နေတာကြောင့် မမြင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ကဲ ပီနန်းက လင်းနို့ ဂူအကြောင်းကတော့ ဒီလောက်ပါပဲ။ နောက်တစ်ကြိမ် အဲဒီနေရာကို ထပ်သွားဖြစ်မယ်ဆိုတာက မသေချာတဲ့ အရာမို့  မမေ့ခင် မှတ်မိသမျှလေး ချရေးပြီ မှတ်ထားလိုက်ပါတယ်။ တခြားနေရာတွေအကြောင်း မှတ်ထားဖို့ ရေးဖြစ်အောင်ကြိုးစားပါအုံးမယ်။ ခုတလော အရမ်း ပင်ပန်းတယ်။ ဒီ လင်းနို့ ဂူအကြောင်းတောင် မနေ့ က နေမကောင်းလို့ ခွင့်ယူဖြစ်တုန်း စရေးမိလို့  ဒီနေ့ အဆုံးသတ်ဆက်ရေး ဖြစ်ခဲ့တယ်။

6 comments:

ရွက်လွင့်ခြင်း said...

ဘာပဲဖြစ်ဖြစ် ဗဟုသုတ ရပါတယ်
မြင်လည်းမြင်ဖူးတာပေါ့
စီဗုံးမရှိလို့  ဒီမှာပဲ ရေးခဲ့တယ်

An Asian Tour Operator said...

Nice presentation / Nice post. :-)

rose of sharon said...

ပီနန်ကိုဘယ်တော့ရောက်ဖြစ်မယ်မသိပေမဲ့ ဗဟုသုတ တခုအနေနဲ့မှတ်သားမိပါတယ်...

Anonymous said...

hello... hapi blogging... have a nice day! just visiting here....

မီယာ said...

လင်းနို့တွေ အသည်းယားစရာ... မရောက်ဖူးတဲ့နေရာကို သွားလည်ရတာနဲ့ ပျော်စရာကောင်းနေပါပြီ

Libratun said...

interesting...
thanks,sis