Pages

July 15, 2009

Weather Forcast

ဒီလို ရာသီဥတုနဲ့  ကိုယ့်ရဲ့ ကျန်းမာရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့ လိုတယ်။


ဟိုနေ့ တွေက သက်သာ မလိုလိုဖြစ်နေတဲ့ ချောင်း ပြန်စဆိုးလာပြီ။ ချောင်းဆိုးရတာ မောတယ်။ ပင်ပန်းတယ်။ အရင်နေ့ တွေက ချောင်းဆိုးတာ များလွန်းတော့ နံရိုးတွေထဲက အောင့်ပြီး ကွန်ပြူတာရှေ့ တောင် မထိုင်နိုင်ဘူး။ မထိုင်ချင်ဘူး။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့  အိပ်ယာထဲ လှဲနေတာ များတယ်။ အဲယားကွန်း လုံးဝ မသုံးပဲနေတာတောင် ၂ ပတ်လောက်ရှိပြီ။ ပေလို့  တေလို့  မဖြစ်တော့တဲ့ အခြေအနေမို့  အသွားအလာ အနေအထိုင် အစားအသောက် ဂရုစိုက်ပြီး နေကောင်းအောင် ကြိုးစားနေကာမှ ဒီ မိုးနဲ့  တကယ်ပါပဲ။

မိုးရွာတာကို ကြိုက်ပါတယ်။ တော်ယုံ သဘာဝ အအေးကိုလည်း မကြောက်ဘူး။ ရေခဲမှတ်အောက် အေးတယ်ဆိုတဲ့ အခြေအနေတွေမှာ နေဖူးပါတယ်။ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိုးအေးစိမ့်စိမ့် အချိန် အဲယားကွန်းဖွင့်ထားတဲ့ အခန်းထဲမှာ နေရတာကိုတော့ လုံးဝ လုံးဝ မခံနိုင်ဘူး။

6 comments:

:P said...

ချောင်းဆိုးတာကြာရင် နံရိုးအောင့်လာတယ်။ ကြာလာတော့ အသက်ရှူလိုက်တိုင်း နံရိုးက အောင့်လာတယ်။ ကြာရင် လှဲအိပ်လိုက်ရင် အောင့်တဲ့အဆင့်ကိုရောက်ခဲ့ဖူးတယ်...။အဲ
ဒီတော့မှ ကိုယ့်ကိုယ်ကို ဂရုပြန်စိုက်ရတော့တယ်..။

သေချာဂရုစိုက်ပြီး ဆေးသောက်ပါ N3.
ကျန်းမာရေး... ကျန်းမာရေး...။

nyimuyar said...

Prevention is better than cure, Be Healthy :D, Good Luck, I drink hot water when atmosphere become freeze.

viddeo said...

Hey, i have heart youtube has been blocked in your country, so if you want to watch youtube videos visit http://www.viddeo.net . You can watch and download all youtube videos. Http://www.viddeo.net

လင်းကြယ်ဖြူ said...

ကျန်းမာရေးက အရေးကြီးပါတယ်...
ကုယ်၏ကျန်းမာခြင်းပြည့်စုံမှ လိုရာကို ဦးတည်သ္ဂားနိုင်ပါမယ်..
ဟဲ..ကျွန်တော် ဆရာဝန်တစ်ယောက် မဟုတ်ရပါ..
ဆေးဖိုးဝါးခလိုချင်လို့ထင်နေဦးမယ်...
နောက်တာပါ..
ပျော်ပါစေခင်ဗျာ..

rose of sharon said...

အခုတလောဘယ်နေရာမှနေလို့မကောင်းပါဘူး.. အအေးမိချောင်းဆိုးတွေလဲ ဖြစ်လိုက်ပျောက်လိုက်နဲ့.. အရင်ထက်ကိုပိုပြီးဂရုစိုက်နေရတယ်

some1 said...

Forecast, add an e in, tks :)