Pages

May 22, 2009

ရိုက်နေသည်...

စိတ်ကူးတည့်ရာ မြင်သမျှ တွေ့ သမျှ အရာတွေ အားလုံးကို ဓာတ်ပုံလိုက် ရိုက်ဖြစ်နေတယ်။

ဓာတ်ပုံတွေက အမြန် အမြန်ရိုက်ရတာဆိုတော့ ကောင်းတာလည်း ရှိသလို၊ မကောင်းတာတွေလည်း ရှိတယ်။ တခါတလေ Camera Setting တွေ ပြောင်းဖို့ မေ့သွားတာ၊ ရိုက်ချင်တာကိုတွေ့ လိုက်ပေမယ့် အချိန်မရလို့  မရိုက်လိုက်ရတာတွေလည်း ရှိတယ်။ လက်နှေး နေတာလေ။ နောက်ဆို ဒါမျိုးတွေ အဖြစ် မခံနိုင်ဘူး။ အခု အရင်ကထက် လက်မြန်မြန် ရိုက်ထဲ့ လိုက်နိုင်အောင် ကျင့်နေတယ်။ Camera နဲ့  လက်နဲ့  မကွာပဲ အမြဲနီးပါရှိနေတဲ့ ကျွန်မကို လူကြီးတွေက လက်ရှိသုံးနေတဲ့ Point & Shoot Camera အစား D-SLR Camera ယူမလား ၀ယ်ပေးမယ်လို့ တောင် မေးလာတယ်။ ပြီးရင်တော့ အခုအလုပ်က ထွက်လိုက် ဓာတ်ပုံသာ လိုက်ရိုက်နေတော့တဲ့။ အားပေးတာ :))... အဲဒီ D-SLR Camera တွေက ဈေးကြီးတယ်။ Lens တွေဆိုလည်း ဈေးကမနည်းဘူး။ မ၀ယ်ပေးပါနဲ့  မယူတော့ပါဘူး ဆိုပြီး အလိမ္မာလေး သုံးပြောခဲ့ရတယ်။

ဓာတ်ပုံတွေရိုက်တဲ့အခါ လက်ထဲမှာ အမြဲရှိပြီး သုံးဖြစ်နေတာက "Canon IXUS 110 IS" ပါ။ ( ကြုံတုန်းလေး ဆိုပြီး တမင်ထည့်ပြောလိုက်ပါတယ်။) အဲဒီ Camera လေးက အရွယ်အစား အသေးဆုံးလို့  မပြောနိုင်ပေမယ့် ခလုတ်ရှိတဲ့ဘက်က အ၀ိုင်းပုံလေးဆိုတော့ လက်မှာ ကိုင်ရတာ အဆင်ပြေပြီး၊ သုံးလို့ ကောင်းတယ်။ မသိမသာ ခိုးရိုက်လို့ လည်း ရတယ်။ တခြား လက်လှမ်းမှီရာ cameraလေးတွေ ခနယူပြီး ရိုက်ဖြစ်လိုက်တဲ့ အခါတွေလည်း ရှိတယ်။ ဒါပေမယ့် အတော်လေး နည်းပါတယ်။

အရောင်လေးမျိုးမှာ ဘယ်အရောင်ကို ရွေးချယ်သုံးမယ် ထင်သလဲ...

အခု ရက်ပိုင်းမှာတော့ ပုံတွေသာရိုက်ဖြစ်တာ၊ ကိုယ်ရိုက်ထားတဲ့ပုံတွေ ကိုယ့်ဘာသာကိုယ်တောင် သေချာ ပြန်ကြည့်ဖို့ တောင် အချိန်မပေးနိုင်သေးဘူး။ အလုပ်တွေ သိပ်ရှုပ်နေတယ်။ ဒါပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာတော့.... ဒီနေရာမှာ ရောင်စုံ ဓာတ်ပုံတွေနဲ့  ဝေစည်လာမယ် ဆိုတာကို စိတ်ချလက်ချ အသေအချာ ယုံကြည်ထားလိုက်ပါ။


Update : (2009-05-26) ဖြေပြီ။ အလုပ်ရှုပ်နေလို့ ပါ။
ပန်းရောင် မဟုတ်၊ အပြာရောင် မဟုတ်၊ ရွှေရောင် မဟုတ် တဲ့ ..

(မ KOM အခေါ်အရတော့ အဖြူရောင်) ငွေရောင်ကို သုံးပါတယ်။

ခုတလော ဒီနေရာမှာ တစ်ခုခုရေးဖြစ်ဖို့ တောင် အတော်ကြိုးစားနေရတဲ့အတွက် ကွန်မန့် တွေ တစ်ခုချင်း မပြန်နိုင်ဘူး ဖြစ်နေပါတယ်။ ဒီနေရာကို လာရောက်ပြီး ကျွန်မ ရေးသမျှ ဖတ်ကြည့်သူများ၊ ကွန်မန့် ချန်ခဲ့သူများ၊ အခုပိုစ့်မှာ ခန့် မှန်ဖြေကြည့်သူများ၊ အားလုံး.. အားလုံးကို ကျေးဇူး တင်ပါတယ်။

14 comments:

MrDBA said...

အယ် မိန်းခလေးဘဲ ပန်းရောင်ကိုင်မှာပေါ့။ လာထား မှန်တယ်မဟုတ်လား။

khin oo may said...

အဖြူပါ။

khin oo may said...

ကျင့်ချင်ရင် ဘွှိုင်းစ်ကိုခေါ်ပြီး ပန်းသီးကိုခေါင်းပုံတင်ပြီး ရိုက်ကြည့်ပါလား။

khin oo may said...

အချစ်ကို သာပြောလိုက်ပါ။ ပါးလေးတော့ဖောင်းပစေ။

Anonymous said...

အညိုယူလိုက်.. အပေအတေခံတယ်။လက်ကကွာထားမယ်ဆို..
ဒီအရောင်အဆင်အပြေဆုံး။း)

Doughnut IO said...

ဓာတ်ပုံ blog သပ်သပ်ခွဲပါလား။

Myo Kyaw Htun said...

Sis,

waiting for your photo posts.

မီးမီးချစ် said...

မိန်းခလေးငယ်ရေ ပန်းရောင်ကြိုက်တယ်ဟုတ်..

khin oo may said...

မဖြေသေးဘူးလား။ဟွန်း.။

Nay Nay Naing said...

ပန်းရောင် မဟုတ်၊ အပြာရောင် မဟုတ်၊ ရွှေရောင် မဟုတ် တဲ့ ..(မ KOM အခေါ်အရတော့ အဖြူရောင်) ငွေရောင်ကို သုံးပါတယ်။

ခုတလော ဒီနေရာမှာ တစ်ခုခုရေးဖြစ်ဖို့ တောင် အတော်ကြိုးစားနေရတဲ့အတွက် ကွန်မန့် တွေ တစ်ခုချင်း မပြန်နိုင်ဘူး ဖြစ်နေပါတယ်။ ဒီနေရာကို လာရောက်ပြီး ကျွန်မ ရေးသမျှ ဖတ်ကြည့်သူများ၊ ကွန်မန့် ချန်ခဲ့သူများ၊ အခုပိုစ့်မှာ ခန့် မှန်ဖြေကြည့်သူများ၊ အားလုံး.. အားလုံးကို ကျေးဇူး တင်ပါတယ်။

JulyDream said...

ဓါတ်ပုံတွေ တင်ရင် လာငေးပါမယ်။

ksanchaung said...

ရိုက်မယ့်သူတွေ များကုန်ပဟ။ ငါ မော်ဒယ်လိုင်းပြောင်းမှ တော်ချေမယ်။

khin oo may said...

မှဲ့လေးတော့မဖြူတ်နဲ့နော်. ကိုကေ.။

khin oo may said...

ဝမ်းသာလိုက်တာ. ။