Pages

May 28, 2009

စလေဦးပုည

ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊ တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊ တူရိယာ နတ်စည်စောင်း၊ သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်းပလေး။ ။

Credit to Yoke KS

6 comments:

Ko Boyz said...

အင်း.. ဒါ့ပုံတင်မယ် ပြောပြီး ကဗျာတွေ လာတင်နေတယ်။ ဒါ အစပျိုးတာလား...။

ကိုပေါ said...

အဲဒီ ဦးပုညပဲပေါ့။

….ညစ်တဲ့မာဃိန်
ပစ်ရှာမည့် ၀ရဇိန်ငယ်
ပန်းတိမ်တွင် ပြင်တုန်းထင့်လေး…….လို့ စပ်ခဲ့တာလေ။း-)

မီယာ said...

နေနေ့ ကင်မရာလေးတွေ ကြည့်ပြီး သွားရည်ကျနေတာ။ မိုးရွာတော့ ပိတောက်ပန်းတွေပွင့်နေလို့ နေနေ့ကို သတိရသေးတယ်။ ကြိုက်တယ် ပြောထားဖူးလို့။

ကြည် said...

ှုဦးပုည ကဗျာလေးကို ဓါတ်ပုံနဲ့တွဲတင်ပေါ့။စတိုင်ဖြစ်အောင်။ တင်မဲ့ဓါတ်ပုံများကိုမျော်နေသူ....

ခင်မင်းဇော် said...

ရန်ကုန်လေဆိပ် ရိုက်ပြထားကတည်းက ထင်နေတာ။ သူ ရန်ကုန်ပြန်တယ်ပေါ့။ ဓါတ်ပုံတွေ စောင့်နေတယ်နော်။

ksanchaung said...

ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးမှ နှုတ်ခွန်းဆက်သပါတယ်။