Pages

April 30, 2015

Home Cooked Food

ပထမဆုံး စားဖူးတဲ့ အိမ်မှာချက်သော ငါးခေါင်းဟင်း။

ငါးခေါင်းဟင်း စားလေ့မရှိဘူး။ မကြိုက်ဘူး။ ရန်ကုန်မှာတုန်းက အလွန်ဆုံးစား ငါးရံ့ခေါင်းချဉ်ဟင်း၊ ဒါတောင် အမေက ငါးခေါင်းကို သူ့ ပန်းကန်ထဲဆယ်ထည့်ပြီး ကိုယ့်ပန်းကန်ထဲက အသားထွင်ပြီးသား လာထည့်ပေးမှ စားဖြစ်တာမျိုး။ ခုလို ငါးခေါင်းအကြီးကြီးကို ချက်တာမျိုး လုံးဝ မစားခဲ့ဘူး။ မဆလာနံ့၊ curry ဟင်းနံ့ မျိုးကို လုံးဝမကြိုက် စားလေ့မရှိ၊ ငါး သိပ်မကြိုက်တာကြောင့် လည်းပါမယ်။ စင်္ကာပူရောက်မှ ရှောင်လို့ မကောင်းတဲ့ အခါတွေမှသာ စားဖြစ်တယ်။ တစ်ခါတလေ ရှားရှားပါးပါးဆိုသလို လူအများနဲ့  မလွဲမရှောင်သာ အပြင်ဆိုင်မှာ စားတဲ့အချိန် ပဲ စားဖြစ်တာပါ။ မှတ်မှတ်ရရ ဆိုင်မှာ နောက်ဆုံးစားဖြစ်တာ မမွန်ဒီလာလည်တုန်းက ဆိုတော့ အတော်ကြာပြီ။ အဲဒီတုန်းက စားနေရင်း အရိုးဆူးသွားတဲ့အတွက် နောက်ပိုင်း ငါးခေါင်းဟင်းဆို ဝေးဝေး ပိုရှောင်ဖြစ်တယ်။ :D

ခုလို အိမ်မှာချက်တဲ့ ငါးခေါင်းဟင်းတော့ စားလို့ ရတယ်။ ဟင်းချက်တဲ့သူက ဟင်းချက်ကောင်းတယ်။ ပြီးတော့ ကိုယ့်အကြောင်းသိနေတဲ့အတွက် ကိုယ်မစားတတ်၊ မကြိုက်တဲ့ အနံ့တွေ အများကြီးမပါပဲ ငါးခေါင်းဟင်းအရသာလည်းမပျက်၊ စားလို့ လည်းရအောင် ချက်ပေးထားလို့ ထင်တယ် အရသာရှိပြီး စားလို့ ရတယ်။

အဲ့ဒီနေ့ က ငါးခေါင်းဟင်းတစ်ခုတည်းဆို စားဝင်မ၀င် မသေချာလို့  (ချက်တဲ့သူ လက်ယာကို မယုံတာ မဟုတ်ပါ) ကြက်သားလေးပါကြော်ဖြစ်တယ်။

ငါးခေါင်းဟင်းချက်တဲ့သူက ချက်တဲ့သူက စိတ်ရှည်တယ်။ သေချာ အဆင့်ဆင့်ချက်တာ။ ဒါက ပထမဆုံး ဟင်းလုံးတုန်း ရိုက်ထားတာ။ ဓာတ်ပုံရိုက်ဖို့ မနည်းဖယ်ခိုင်းရတယ်။

From Food

နောက်ပိုင်းတော့ တားမရမှန်းသိလို့ လားမသိဘူး၊ ဓာတ်ပုံရိုက်ခွင့် ပေးတယ်။ ရိုက်ချင်လွန်းလို့ ရယ်တော့ မဟုတ်ပါဘူး။ သူများချက်တာဆိုတော့ ဒီတိုင်းကြီး ဘာမှမလုပ်ပဲ စားတာမျိုးဆို သိပ်မကောင်းဘူးထင်တာနဲ့  ဘေးကနဲ့  ဓာတ်ပုံရိုက်ပြီး စားကောင်းအောင် အားပေးခဲ့တာပါ။

လုံးပြီနောက် အိုးထဲပြောင်း ချက်နေတုန်း အဆင့်ဆင့်ရိုက်ထားတာ။

From Food
ဒါကတော့ ငါးခေါင်းကြီး အိုးထဲကနေ ပန်းကန်ထဲ ရောက်သွားတဲ့အခါ ရိုက်ထားတဲ့ ပုံပါ။

From Food
ကြက်သားကြော်လေးလည်း ဓာတ်ပုံရိုက်ဖို့ မမေ့ခဲ့ပါဘူး ... သေချာ ဒီလို အရောင်ရအောင် စိတ်ရှည်လက်ရှည်ကြော်ရတာ (တခါတလေမို့  စိတ်ရှည်တာ :D ) ဓာတ်ပုံရိုက်ဖို့ မေ့လို့ မဖြစ်ဘူးလေ။

From Food

အားလုံးချက်ပြီး  စားရန် အသင့် ထည့်ပြီးပုံ.. နှစ်မျိုးလုံးကို  တစ်ရက်တည်းချက်တာမှန်း  မှတ်မိအောင်  ခုလို  တွဲရိုက်ပေးခဲ့ရတယ်..... 

From Food

မနွယ်ချက်တဲ့ ငါးခေါင်းဟင်းကလည်း ကောင်း၊ ကိုယ့်ဘာသာ ကြော်တဲ့ ကြက်သားကြော်ကလည်း ကောင်းဆိုတော့ အဲဒီနေ့ က သာမာန်ထက် ထမင်းပိုစားဖြစ်ခဲ့တယ်။ ဒီဟင်းတွေ  ချက်စားဖြစ်တာကြာပြီ အလုပ်ရှုပ်နေတာနဲ့  ခုမှပဲ ဒီမှာလာမှတ်ထားဖြစ်တယ်။

2 comments:

Anonymous said...

မကြာသေးသလိုပါပဲကွယ်

mm

သက်ဝေ said...

ညက နေနေ့အိမ်နားက ဖြတ်တော့ နေနေ က ဒီမှာနေတာလို့ ကိုကြီးကို ပြောမိတယ် သူက နေနေ ဆိုတာ ဘယ်သူလဲ ပြန်မေးလို့ မွန်မွန်လာတုန်းက မံမံတူတူစားရင်း ငါးခေါင်း အရိုးစူးသွားတဲ့ ကလေးမလေးလေ လို့ ဆွေမျိုးစပ်ပြနေမိသေး... တိုက်ဆိုင်ချက်... :D
ဟုတ်တယ် တကယ်ပဲ ဘယ်လောက်မှ မကြာသေးသလိုပါပဲ... :D