Pages

November 07, 2012

Free Movies Online: Watch32

Hari Raya Haji အားလပ်ရက်မှာ အွန်လိုင်းကနေ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ သူငယ်ချင်း တစ်ယောက် ပေးလို့  အဲဒီဆိုဒ်ကို သိခဲ့ရတာတာပါ။ Download လုပ်စရာ မလို၊ (streaming) တိုက်ရိုက်ကြည့်ရတာပါ။ တင်ပေးထားနေရာတွေ များတော့ ကိုယ်အဆင်ပြေတဲ့ နေရာကို ရွေးကြည့်လို့ ရတယ်။ ကျွန်မ ကတော့ Google လင့်ကနေ ကြည့်တာများတယ်။ စောင့်စရာ မလိုဘူး။  အပိုင်းတွေနဲ့ တင်ပေးထားလို့  တစ်ပိုင်းပြီးတပိုင်း ကြည့်ရတာတော့ရှိတယ်။ ခြုံပြောရရင် အတော်လေး အဆင်ပြေပါတယ်။

ရုပ်ရှင်တွေက အစုံပါပဲ။ စိတ်ဝင်စားရင် သွားကြည့် သင့်တယ်။

ကျွန်မကတော့ ပိတ်ရက် ၃ ရက် အတွင်း အဲဒီဆိုဒ်ကနေ ရုပ်ရှင် တော်တော်များများ ကြည့်ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ကြည့်ဖြစ်တာတွေက... Animation တွေ ပါပဲ။

ဒီနှစ်ကားကို ကြည့်ချင်နေတာ အတော်ကြာပြီ၊ ရုံတင်တုန်းက မအားတာနဲ့ သွားမကြည့်ဖြစ်ခဲ့ဘူး။
Brave
Ice Age 4: Continental Drift

ရုံတင်တုန်းက ကြည့်ဖြစ်ခဲ့ပေမယ့် ခုနောက်တစ်ခေါက် ထပ်ကြည့်ဖြစ်တယ်။
Madagascar 3: Europe's Most Wanted

အဟောင်းထဲက ဒါတွေလည်း ကြည့်ဖြစ်ခဲ့သေးတယ်။
Anime: The Girl Who Leapt Through Time
Dr. Seuss' The Lorax
Atlantis: The Lost Empire
Antz

၃ရက် အတွင်းမှာ ဒီလောက်ပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ရုပ်ရှင်တွေ နဲ့  တခြား Category အောက်က ရုပ်ရှင်တွေတော့ နောက်မှ အချိန်ရရင် ရသလို ဆက်ကြည့်မယ် စိတ်ကူးမိတယ်။

Other related posts:
Watching Dramas
MySoJu : Watch Korean Dramas Online

Special thanks to Kalvin Alexander