Pages

November 03, 2010

Who's Suing Whom? (InfoGraphic)

From ThePhotoILike

ဒီပုံကို InformationIsBeautiful ဆိုဒ်မှာ တွေ့ တာပါ။ အဲဒီဆိုဒ်ကို သဘောကျတယ်။ သတင်းအချက်အလက်တွေကို အခုလိုပဲ ပုံလေးတွေနဲ့  ပြပေးတယ်။ တကယ်ဆို ဒီပုံထဲ အချက်တွေကို နည်းပညာနဲ့ ဆိုင်တဲ့သတင်းတွေ ဖတ်လေ့ရှိသူတွေ အကုန်သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အခုလို ပုံလေးနဲ့  ပြထားတော့ အားလုံးကို လွယ်လွယ်ကူကူ ပုံလေး(InfoGraphic) တစ်ချက် ကြည့်ယုံနဲ သိခွင့်ရတယ်။

ဒီလို Infographics (Information graphics) တွေကြည့်ရတာ ကြိုက်တယ်။ စာဖတ်ရ သက်သာတယ်လေ။ စိတ်ဝင်စားတဲ့ သတင်းတွေကို ဖတ်တာ အကုန်ဖတ်မိဖို့ မလွယ်ဘူး။ အချိန်ရမှ သတင်းတွေ ဖတ်ရတာဆိုတော့ သတိမထားမိ လိုက်တာ၊ လွတ်သွားတာတွေ ရှိနိုင်တယ်။ (ဆင်ခြေပေးလို့ လည်း ယူဆနိုင်ပါတယ် ;))။ ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တွေဆို Reader တွေနဲ့ ဖတ်တာများပါ။ ဒါပေမယ့် မသိလိုက်တာတွေလည်း ရှိတာပဲ။ နေတိုင်းအချိန်ရရင် အကုန်ခေါင်းစဉ်လောက်တော့ အနည်းဆုံး ကြည့်ဖြစ်ပေမယ့်၊ အလုပ်များလို့  ၃-၄ရက် မဖတ်ဖြစ်၊ အသစ်တွေများနေရင် MakeAllAsRead ဆိုတာလေး နှိပ်လိုက်တတ်တဲ့ အကျင့်ကြောင့်ဖြစ်မယ်။ Infographics တွေတော့ ကြည့်တယ်။ အဲဒီထဲက ကိုယ်မသိတာလေးတွေတွေ့ လို့  သိချင်တာလေးများ ပေါ်သွားရင် လွယ်လွယ်ကူကူ Google လုပ် ရှာဖတ်လိုက်နိုင်တယ်။

2 comments:

P.Ti said...

တူလိုက်တဲ့ mark all as read အကျင့်

TZA said...

အင်ဖိုဂရပ်ဖ်ကိုပြန်ဆွဲထားတဲ့ အင်ဖိုဂရပ်ဖ်ကို သတိရသွားတယ်၊ ကျနော်လည်း အဲဒီပုံမျိုး သိပ်ကြိုက်တယ်ဗျာ