Pages

December 15, 2009

♦ Cartoons : IT Security Awareness - Be Careful

ဝေးဝေးလည်း မနေနိုင်ပါဘူး။ မသုံးပဲလည်း မနေနိုင်ဘူး။


တကယ်တကယ်ဆို ကိုယ့်အတွက် ရတာတွေက ဒီ့ထက်မကပါ။


ကိုယ့်အတွက် အကျိုးရှိတာတွေ အများအပြားရနိုင်သလို အပေါ်က ပုံထဲကလို မလိုအပ်တဲ့ အရာတွေ ကိုယ့်ကွန်ပြူတာထဲ ရောက်လာနိုင် ပါတယ်။ စိုးရိမ်တဲ့အတွက် ဂရုစိုက်ရပါတယ်။

အမြဲ သတိ ပေးတယ်။ အင်တာနက်ပေါ်ကနေ လွယ်လွယ်ရတယ်ဆိုပြီး ဒေါင်းလုတ်တွေ အလွယ်တကူ မလုပ်နဲ့တဲ့။ ဟုတ်ကဲ့။ မလိုတာတွေကို ဒေါင်းလုပ် မလုပ် မိအောင်နေပါတယ်။ စိတ်မချရတဲ့ အီးမေးတွေကို လုံးဝ မဖွင့်ပါဘူး။ exe ဖိုင်ဆို တော်ယုံနဲ့  ဒေါင်းလုပ် မလုပ်ပါဘူး။ စိတ်မချရတဲ့ Website တွေကို မသွားပါဘူး။ Security Update လည်း အမြဲလုပ်ပါတယ်။ AntiVirus Software ကိုလည်း အမြဲ update လုပ်ဖို့ မမေ့ ရပါဘူး။

ကိုယ့်အိမ်က အင်တာနက်ကိုလည်း လုံခြုံရေး ဂရုစိုက်ပါတယ်။ Password တွေကိုလည်း ရှည်ရှည်လျားလျား ရှုပ်ရှုပ်ရှက်ရှက်ထား ပါတယ်။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် မမှတ်မိရလောက်အောင် ဖြစ်ရပါတယ်။ တခြားသူတွေကို ကိုယ့် Password ပေးသိတာမျိုး မလုပ်ပါဘူး။ Messenger တွေ ၊ အီးမေးတွေက နေ လင့်တွေ ဖိုင်တွေ ရတယ်ဆိုလည်း ပို့ တဲ့သူကို တကယ်ပို့ တာလား ဆိုတာ သေချာအောင် confirm လုပ်ပြီးမှာ လိုအပ်တာတွေ ဆက်လုပ်ပါတယ်။ Thumbdrives တွေသုံးရင်လည်း အဲဒီထဲက ဖိုင်တွေမကူးခင် Scan လုပ်တဲ့အကျင့်လေး အမြဲလုပ်ရပါမယ်။ ကွန်ပြူတာမှာ folders တွေ မလိုအပ်ရင် share မလုပ်ပါဘူး။ လုပ်ဖို့ လိုမယ်ဆိုရင်လည်း Password လေး ထည့်ထားပါတယ်။

ကျန်သေးလား။ ကျန်နိုင်သေးတယ်။ ဒါပေမယ့် အခုတော့ ဒီလောက်ပဲ စဉ်းစားရပါတယ်။ သတိရတာရှိမှ ထပ်ဖြည့်ပါမယ်။

Source : the Infocomm Development Authority of Singapore (IDA).

Other Related Post:
♦ Cartoons : IT Security Awareness - Ghost Writer!!
♦ Cartoons : IT Security Awareness - Backup your files!!
♦ Cartoons : IT Security Awareness - Power Down!
♦ Cartoons : IT Security Awareness

4 comments:

သိင်္ဂါကျော် said...

ကာတွန်းပုံလေးတွေက ထိမိတယ်နော်...
ဟုတ်ပါတယ်.. ဂရုစိုက်ရမှာတွေပါပဲ...

ကြည် said...

ဟုတ်ပါရဲ့ Emails ရရင်ပျော်ရသလောက် Viruses နဲ့ Worms ၀င်လာရင် ခေါင်းငိုက်စိုက်ကျရော။

khin oo may said...

ဘာမှ မလုပ်ထားပါ။ နားမလည်လို့

မီယာ said...

thumbdrive ဖျက်လို့ စက်တလုံးတော့ ပါသွားပြီ :( ဘာမှ ဒေါင်းလုပ် မလုပ်ပါဘူး ထပ်ပေါ်လာရင် ရေးပါဦး သိတော့ ကာကွယ်လို့ ရတာပေါ့