Pages

December 16, 2009

အတွေးများနဲ့ ရူး... ရူး..

တခါတလေ ခေါင်းထဲမှာ ဖျက်ကနဲ ပေါ်လာတတ်တဲ့ သီချင်း စားသားတချို့ ။ ငယ်ငယ်က အဲဒီသီချင်းက ကိုယ်နဲ့  အရမ်း မရင်းနှီးခဲ့ဘူး။ ဒါပေမယ့် စာသားတချို့ ကို စိတ်ထဲမှာ မှတ်မိနေတယ်။ သီချင်းနာမည်လည်း သိတယ်။ သီဆိုသူကို မှတ်မိတယ်။

သီချင်းနာမည်က ♪ အတ္တ ♪ သီဆိုသူက ♪ မေဆွိ။

အတ္တ

ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့.. ရေလိုကြည်လင်အေးမြလို့  သာယာနေတဲ့ ကိုယ့်ဘ၀ကို
ဘယ်သူဝင်ကာ ဆေးဆိုးလိုက်ပြီလဲ.. အိုး..... စဉ်းစားမရတော့ဘူး ကိုယ့်စိတ်တွေ
လေထဲမှာလွင့်မျောကာ ထိန်းမရနိုင်ဘူး. ကိုယ့်မျက်လုံးတွေထဲ..
အမြင်တွေ မှုန်ရီဝါး မသဲကွဲတော့ဘူး…

ဆန္ဒများနဲ့  စိတ်ဓါတ်ကိုဖိစီး .. ခန္ဒာကိုယ်က သွေးဆဲလ်နဲ့ … တည်ငြိမ်နေတဲ့ နှလုံသားထဲ
ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ… အိုး… အိပ်လို့ မရတော့ဘူး.. ကိုယ့်ညတွေ…
ရင်မောကာ နေရတာ စိတ္တဇလိုပဲ… ကူညီကြပါအုံး…
ဒီမှာကယောင်ချောက်ခြား အတွေးများနဲ့ ရူး... ရူး..

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ… ကိုယ့်အရိပ်ကိုယ် ရန်သူထင်တယ်…
ဦးဏှောက်ထဲမှာ လိုချင်တာပဲသိ… ဘယ်အရာတွေ ဘယ်လို…
အို ကောင်းသလား ဆိုးမှာလား.. ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး.
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး.


ပြန်နားထောင်ချင်လို့  အင်တာနက်ပေါ်မှာ လိုက်ရှာနေတာ ကြာခဲ့ပြီ။ ချောစုခင် (အတ္တ) ဆိုထားတာကိုတော့ တွေ့ တယ်။ နားထောင်ကြည့်တယ် ခံစားလို့ မရဘူး။ မေဆွိ ဆိုတဲ့ အသံက နားထဲ စိတ်ထဲမှာ စွဲနေတယ်။ မေဆွိဆိုတာကိုပဲ နားထောင်ချင်တယ်။ လိုက်ရှာနေတာ အခုအချိန်ထိ လုံးဝ မတွေ့ ဘူး။ ဦးစမ်းအောင် ဆိုတဲ့သူ ရဲ့ Youtube မှာ TV ကလာတဲ့ သီချင်းအဟောင်းတွေ တင်ထားတာ စတွေ့ တဲ့အချိန်ကလည်း ဒီသီချင်းများ ရှိမလားဆို ရှာကြည့်မိခဲ့ပါသေးတယ်။ ဒီသီချင်း ရှိမနေဘူး။

MTV လေး ပြန်ကြည့်ချင်တယ်။ ဒီသီချင်း TV မှာ လာလို့  သာ သိနေခဲ့တာ။ ကိုယ့်စိတ်ထဲ မှတ်မိ နေသလောက်ဆို သစ်ရွက်ကြွေရှုခင်း နောက်ခံနဲ့ ။ အိမ်တစ်လုံး နောက်ခံလည်း ပါတယ်။ နောက်ခံတွေက သီခြား ပန်းချီကား၊ ဓာတ်ပုံလို ဟာတွေလို့  ထင်တယ်။ ဒီတော့ မေဆွိက ထိုင်ခုံ ပုလေးမှာ ထိုင်လိုက်၊ မတ်တပ်ရပ်လိုက် နီးလာလိုက် ဝေးသွားလိုက် ပုံစံ အမျိုးမျိုးပဲ။

အတ္တဆိုတဲ့ အရာနဲ့  သာမန်လူသားတိုင်းက ကင်းနိုင်ကြမယ် မထင်ဘူး။ အတ္တစိတ်လေး အလွန်အကျွံ မများအောင်တော့ အသိတရားလေး နဲ့  ထိမ်းချုပ်ဖို့ လိုပါလိမ့်မယ်။

9 comments:

ကြည် said...

ချောစုခင် အတ္တကိုပဲ နားထောင်သွားပါတယ်။ မေဆွိရဲ့ အတ္တ ရရင်လည်း လာနားထောင်ဦးမယ်နော့။

Unknown said...

ဟတ်ထိတယ် မိတယ်၊ လာနားထောင်သွားပါဒယ်

khin oo may said...

ငါစွဲတွေလည်းဖြုတ်ဘို့လိုမယ်။ (ကိုယ့်ကိုယ်ကိုပြောတာပါ)

Waing said...

သီချင်းလေးနားထောင်သွားတယ် မ
မဆိုဖြစ်တာ တော်တော်လေးကြာပေါ့ စိတ်ထဲပေါ့သွားသလို ခံစားရတယ် ကျေးဇူးပါ

Rita said...

အဆိပ်ကို အစိတ်လို့ ဆိုသွားတာတော့ ရင်နာမိတယ်။
25 ကျပ်ကိုပြောတာလို့ ခံစားရတယ် စိတ်ထဲမှာ။

Anonymous said...

နေနေ

ဒီသီချင်းကို တီဗွီမှာ မေဆွိဆိုတုန်းက အကုန်မှောင်ပြီး သူ့အပေါ်ပဲ မီးအလင်းတန်းဝိုင်းဝိုင်းလေး ထွန်းပေးထားတာကနေ စတဲ့ ပုံနဲ့ လာတာကိုပဲမှတ်မိတယ်။ ဒီသီချင်းကို မေဆွိ ဆိုတာကလွဲလို့ အမလဲ သူများတွေ ဆိုတာ မကြိုက်ဘူး။ မောင် သီချင်းလဲ အဲလိုပဲ ။ ဘယ်သူတွေ ထပ်ဆိုဆို သူ ဆိုခဲ့တာနဲ့ မတူဘူး။
ဒါပေမယ့် ခုသီချင်းကိုလဲ နားထောင်သွားပါတယ်။

အမခင်မင်းဇော်

Yaminnie’s Daydream said...
This comment has been removed by the author.
Yaminnie’s Daydream said...

ဒါလေးက မေဆွိ ဗားရှင်းလေးပါ...

http://www.youtube.com/watch?v=Fb2i-Lqt-Xc&p=7474D9149A7C3EF2&playnext=1&index=6

Nay Nay Naing said...

မေဆွိ ဗားရှင်း Youtube Link လေး ချန်ပေးသွားတာ ကျေးဇူးတင်ပါတယ်။ :)