Pages

August 20, 2009

Believe me I can Fly...

Parasailing .....
From Penang - Beach

From Penang - Beach

From Penang - Beach
ပီနန်ရောက်သွားတုန်းက Beach မှာ ရိုက်ထားတဲ့ ပုံတွေ။ မမှားဘူးဆို အဲဒီ Beach က Batu Ferringhi Beach ဖြစ်မယ်။ မမှန်ဘူးဆို အတူသွားခဲ့တဲ့သူငယ်ချင်းတွေ လာပြင်ပေးလိမ့်မယ်။ Beach မှာဘာသွားလုပ်ခဲ့လဲဆို... လူကြီးသူမတွေက အနားယူတယ် ကလေးလူကြီးတွေက ကစားခဲ့ကြတယ်။ အဲဒီ Beach မှာ ရေကူးလို့ မကောင်းဘူး ၊ ရေကူးနေတဲ့သူတွေ မတွေ့ ဘူး။ ရေက နောက်ပြီး နက်တယ်။ ဒါပြဿနာ မဟုတ်ပါဘူး။ ရေကြည်တယ် ရေကူးလို့ ကောင်းတယ်ဆိုလည်း ကိုယ့်အတွက် မထူးဘူး။ ကိုယ်မှ ရေမကူးတတ်တာ။

ဘာတွေကစားခဲ့လဲဆို Banana-Boat စီးတယ်၊ JetSki စီးတယ်။ ပြီးတော့ Parasailing လုပ်တယ်။ အဲဒီမှာ ထပ်ဆော့လို့ ရတာ မြင်းစီးတာနဲ့  ကားမောင်းတာ နှစ်ခုလဲရှိသေးတယ်။ အဲဒီနှစ်ခုတော့ မဆော့ဖြစ်ခဲ့ဘူး။ သူငယ်ချင်းစုံတွဲတစ်တွဲကတော့ ကားမောင်းတယ်။ သဲထဲမှာမောင်းရတာ။ အတူသွားတဲ့ သူတွေ အားလုံး အတူစီးလို့ ရတဲ့ Banana-Boat စီးတာကိုဆို တစ်ခေါက်နဲ့ အားမရလို့  နှစ်ခါထပ်စီး ခဲ့ကြတယ်။

ကမ်းခြေမှာ ကစားခဲ့တာတွေထဲမှာ Parasailing လုပ်ရတာကို သဘောအကျဆုံးပဲ။ ဘာလို့ လဲဆို လေထဲမှာ လေဟုန်စီးပြီး ကောင်းကင်ပေါ်ကနေ ဟိုး... အဝေးကရှု့ ခင်းတွေ..နဲ့  ပင်လယ်ပြင်ကြီးကို ကြည့်လို့ ရ၊ မြင်ခွင့်ရခဲ့လို့ ။ အတွေ့ အကြုံအသစ် တစ်ခုပဲ။ အခွင့်ကြုံရင် ထပ်စီးအုံးမယ်။ ရှေ့ ဆောင်လမ်းပြ လုပ်ခဲ့တဲ့ ညီမငယ်လေးကို ကျေးဇူး။ သူသာ မစခဲ့ရင် ဘယ်သူမှ Parasailing လုပ်ခွင့်ကြုံမှာမဟုတ်ဘူး။

Other Related Links:
ပီနန် သို့ တစ်ခေါက်
ခရီးသွားခြင်း
Penang : Bat Cave Temple

5 comments:

ZT said...

ကျွန်တော်လည်း လေထီးစီးခဲ့ပါတယ်။ အဆင်းမှာ လေထီးကြိုးကို အချိန်မီ မဆွဲမိလို့လား သေသေချာချာ မဆွဲမိလို့လားတော့ မသိ။ သောင်ပြင်မှာ ကားယားကြီး ပြုတ်ကျပါတယ်။

SZA said...

i love banana boat..i tried it in pattaya beach :D

Rita said...

(ရေက နောက်ပြီး နက်တယ်။ ဒါပြဿနာ မဟုတ်ပါဘူး။ ရေကြည်တယ် ရေကူးလို့ ကောင်းတယ်ဆိုလည်း ကိုယ့်အတွက် မထူးဘူး။ ကိုယ်မှ ရေမကူးတတ်တာ။)

ဟီးဟီး

ဘာပဲဖြစ်ဖြစ် သွားချင်လိုက်တာနော်

Waing said...

မလေးကိုသွားလည်ရင် အဲ့ဒီနေရာကို သွားဖြစ်အောင်သွားဦးမယ် ပြောရင်းနဲ့တောင် JetSki စီးချင်လာတယ် :))

Soe Moe said...

it took that long to put it on your blog naw... yeah thanks to the brave gal, we had a chance to do parasailing. Jetski was fun ... hehe the only person asked me to slow down was my buddy fd awm....