Pages

July 26, 2009

Week End Movies

ခုရက်ပိုင်းကြည့်ဖြစ်တဲ့ Korea ဇာတ်လမ်းတွဲ။ အားလုံး ၂၈ ပိုင်းရှိတယ်။ ကိုရီးယားမှာ တစ်ပတ် (စနေ၊ တနင်္ဂနွေ) ၂ ပိုင်းနဲ့  ဧပြီ ၂၅ ရက်နေ့ က စပြနေတာ၊ ကိုရီးယားမှာ စနေနေ့ ပြတဲ့အပိုင်းက စင်္ကာပူ စနေနေ့ ညနက်ပိုင်းဆို အင်တာနက်ပေါ်မှာ အင်္ဂလိပ် စာတမ်းထိုးနဲ့ ကြည့်လို့ ရနေပြီ။ တင်ပေးတဲ့သူတွေက အရမ်းမြန်တယ်။ ကျွန်မ ကြည့်ဖြစ်နေတာ ၄-၅ ပတ်လောက် ရှိပြီ။ ဟိုတလော နေမကောင်းစ ဖြစ်တဲ့အပတ်က ကြည့်ဖြစ်တာ။ တစ်ပိုင်းကို အပိုင်းငယ် ၇ ပိုင်း ခွဲခွဲပြီး တင်ပေးထားတာဆိုတော့ တစ်ပတ်တစ်ပတ် ပျင်းလာတဲ့ အချိန်ဆို အပိုင်းသေးလေး တစ်ပိုင်းနှစ်ပိုင်း ၀င်ဝင် ကြည့်ဖြစ်နေခဲ့တယ်။ ကိုယ်ကြည့်တာ ကြာနေပြီဖြစ်ပေမယ့်၊ ခုမှ သတင်းပေးတာက ဒီနေ့  အဲဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်း ပြတာဖြစ်လို့ ပါ။ ဒီမှာ ရေးထားတာ ဖတ်ပြီး သွားကြည့်ဖြစ်တယ်ဆို ကြည့်ဖြစ်သူတွေ ဆန့် တငင်ငင် မဖြစ်ပဲ တစ်ထိုင်ထဲအပြီး ကြည့်လို့ ရအောင်ဆိုတဲ့ အတွေးနဲ့  ဒီနေ့ မှ ဒီနေရာမှာ ရေးဖြစ်တယ်။

ဇာတ်လမ်းက အရမ်းကောင်းသလားဆို မဆိုးပါဘူးလို ပဲပြောရမယ်။ အဲဒီထဲက မိထွေးနေရာ ဗီလိန်ခန်း သရုပ်ဆောင်တဲ့ မင်းသမီးကြီး သရုပ်ဆောင် ကောင်းတယ်။ ဇာတ်လမ်းကို မပြောပြတတ်ဘူး။ အချိန်ရတယ် ကိုရီးယားဇတ်လမ်းတွဲ စိတ်ဝင်စားတယ်ဆို သွားကြည့်။ ကျွန်မ ပထမ စကြည့်တာ MySoJu မှာ၊ နောက်တော့ ViiKii ကိုပဲ တိုက်ရိုက်သွားကြည့်ဖြစ်တယ်။ အဲဒီက တင်တာ ပိုစောတယ်။ ViiKii မှာကြည့်ရတာ အတော်လေးအဆင်ပြေတယ်။ ကွန်နက်ရှင် နှေးနေတဲ့ အချိန်တောင်ကြည့်လို့ ရတယ်။ ခုနောက်ပိုင်း ကိုရီးယားဇာတ်လမ်းတွေ ကြည့်ဖြစ်ရင် အောက်က ဇာတ်လမ်းထဲက စကားတွေကို ဘာသာပြန်တဲ့ အင်္ဂလိပ် စာတမ်းထိုး အပြင်၊ အပေါ်မှာ စာတမ်းထိုးတဲ့ စာတွေပါ လိုက်ဖတ်ဖြစ်တယ်။ သူများတွေအတွက်တော့ မသိဘူး ကျွန်မအတွက်တော့ အဲဒါတွေ ဖတ်ရတာ မရီမိတောင်မှ အနည်းဆုံးတော့ ပြုံးမိတယ်။ ဒီတော့ မျက်နှာအကြော လျှော့ပြီးသားဖြစ်တယ်။

ViiKii မှာ ကြည့်လို့ ရတဲ့ နေရာ က ဒီမှာ။ အခုထိတော့ နောက်ဆုံး အပိုင်း ၂၈ တင်ထားတာ မတွေ့ သေးဘူး။ ဒါပေမယ့် ဒီည ညနက်ပိုင်းမှာတော့ အဲဒီနောက်ဆုံးပိုင်း တင်ပေးမယ်ထင်ပါတယ်။




6 comments:

khin oo may said...

ဒါကြောင့်မို့ပျောက်နေတာကိုး.
သွားကြည့်လိုက်မယ်။
ကြည့်မယ်မကြည့်ဘူးဆိုတာကိုတော့....

khin oo may said...

..ကြည့်ရတာတော့ကောင်းမဲ့ပုံဘဲ။
အချိန်တွေ မလောက်ပါဘူးဆိုမှ နေနေရယ်။ ဘယ်နားကနေ အချိန်တွေ ကိုဆွဲထုတ်ရပါ့မလဲ။

Nay Nay Naing said...

ညစာ ထမင်းစားရင် ကွန်ပြူတာရှေ့  မှာစား.. အဲဒီအချိန်ကြည့်... တို့ လဲ ဒီလိုပဲ ကြည့်တာပဲ..

Sweet Sweet said...

အဲ့ဒီကားကို ကျွန်မလည်းကြိုက်တယ်။ နောက်ဆုံးပိုင်းတင်ပြီလား။ အမြန်ပြေးသွားကြည့် အုံးမှ။ mysoju မှာတော့ နောက်ဆုံးပိုင်းမတင်သေးဘူး။

SZA said...

တော်မီလဲ အဲဒီ့ကားကို အပိုင်း၁နည်းနည်းစကြည့်သေးတယ်..အခုတလော ဘာမှလဲ မကြည့်ဖြစ်ပါဘူး facebook မှာ ဂိမ်းဆော့နေတာနဲ့အချိန်ကုန်တယ် ပြီးခဲ့တဲ့ပိတ်ရက်ကလဲ farm frenzy 3 ဆော့နေတာနဲ့ အချိန်ကုန်ရော..
Mr.Brain ဆိုတဲ့ ဂျပန်ကားကြည့်ကြည့်ပါ..ကောင်းတယ်..စိတ်ဝင်စားဖို့လဲကောင်းတယ်..အချစ်ကားမျိုးမဟုတ်ဘူး..တော်မီကတော့ မင်းသားကိုသိပ်ကြိုက်လို့ကြည့်ရင်းနဲ့ကြည့်တာ ဇာတ်လမ်းပါ စိတ်ဝင်စားဖို့ကောင်းတယ်..

ကြည် said...

ကိုးရီးယားကားကြိုက်တယ်။
ကြည့်လိုက်မယ်။
ကောင်းတာတွေ့ရင်လက်တို့အုံးနော့။
mysoju မှာတော့ အမြဲကြည့်ဖြစ်တယ်။
viikiiတော့ မကြည့်ဖြစ်သေးဘူး။
စမ်းလိုက်ဦးမှ။