Pages

May 21, 2009

ဘဝ

ဘ၀....

ကလေးလေး တစ်ယောက်လိုတော့ ဘယ်ဖြူစင်မှာလဲ

လောကလမ်းမများ စမ်းတ၀ါးဝါးဝဲလယ်
အိပ်မက်တို့ ရှည်လျား မောပန်းလို့ နွမ်းနယ်
ခရီးတို့ မဆုံးခင်အထိ ငါဟာ မှားယွင်းရအုံးမယ်

ဆုံးဖြတ်ချက်တွေနဲ့  ယုံကြည်ခိုင်မာဆဲ
ငါ့အတွက် နားခိုမယ့် အရူးအမူးတမ်းတ စေ
အေးချမ်းတဲ့ အိမ်လေး တစ်နေ့ တော့တွေ့ ရမယ်
အလင်း သို. မရောက်ခင် အထိ ငါဟာမှားယွင်းရအုံးမယ်

မှားယွင်းရအုံးမယ်.. ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ.. မှားယွင်းရအုံးမယ်.. ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
အဝေးဆုံးသော အချိန်အထိ ငါဟာ မှားယွင်းရအုံးမယ်..

1 comment:

ကြည် said...

ဟုတ်တယ်နော်..လောကလမ်းမများတစ်ကယ်ကို စမ်းတ၀ါးဝါးပါပဲ...ရှည်လွန်းတဲ့ခရီးလမ်းကို အားလုံးလျောက်လှမ်းကြရအုံးမယ်..