Pages

May 06, 2009

Easy Money

ဒီ Internet Security နဲ့  ပတ်သက်တဲ့ ကာတွန်းကြည့်ပြီး ကျွန်မ သူငယ်ချင်းတွေထဲက အင်တာနက်ပေါ်မှာ ဘဏ်( ငွေကြေး) နဲ့  ပတ်သက်တဲ့ ၀န်ဆောင်မှု့ မှန်သမျှ အသုံးပြုလေ့ ၊ အသုံးပြုချင်စိတ်လည်း မရှိ ပါဘူး ဆိုသူများကို သတိရသွားတယ်။ သူတို့ လည်း အိုင်တီနယ်ပယ်မှာ အလုပ်လုပ်နေသူတွေပါ။ ယုံကြည် စိတ်ချမှု့ မရှိလို့  မသုံးဘူးလို့  ပြောကြပါတယ်။



အင်တာနက်ပေါ်က ၀န်ဆောင်မှု့ တွေသုံးရတာ လုပ်ဆောင်မှု့ တွေကို လျှင်မြန်လွယ်ကူ စေပါတယ်။ လိုအပ်ရင် သုံးရမယ်၊ သုံးတဲ့အခါ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ တော့လိုပါတယ်။

7 comments:

Life is for Success said...

n3 coming back. long time no see ... i think u not feeling well.

rarely i used internet banking coz i lazy to check regularly. but in these days most of the payment using via online service.... so no choice try to use less and more careful.....

Ko Boyz said...

ဟင်.. ဘလော့မသုံးနဲ့လေ...။

Anonymous said...

ပိုစ်နဲ့ တော့ မဆိုင်ပါဘူး.......

Java ရဲ့ SCJP ဖြေဖို့  အတွက် ဘယ်လောက် အချိန်ပေး ပြီး ဘာတွေပြင်ဆင်ထားဖို့  လိုလဲ့....
လောလောဆယ်တော့ .net developer တစ်ယောက်ပေါ့ :)

ကျေးဇူး ပြုပြီး မနေရဲ့ အတွေ့ အကြုံလေးပြောပြပါလား?
ဖြစ်နိုင်ရင် ပိုစ် တခုလောက်ရေးပေးပါလား?
(တောင်းဆိုတာ များသွားပြီလား မသိဘူး .... ဟီး ဟီး :).... )

Technology ပိုစ်တွေကို အမြဲလာအားပေးနေတယ်တဲ့
pagolay

ကြည် said...

ပြောချင်တာကို ကာတွန်းလေးနဲ့ပြထားတာကောင်းတယ်နော်။ လုံခြုံရေးကို အထူးဂရုစိုက်တာကတော့ မမှားဘူး။ ဘယ်နေရာမဆိုပေါ့။

Anonymous said...

ထွင်တဲ့လူတွေက အားနညးချက်တွေရော အားသာချင်တွေရောသိပြီးသားမို့
သုံးတဲ့လူတွေက အဲဒီဗဟုသုတတွေသိထားရင်ပိုပြီး အဆင်ပြေမှာပါ

khin oo may said...

ဖတ်သွားတယ်။ အသံတိတ် (မိုးချိုသင်းစကားကိုသိတ်ကြိုက်လို့ယူသုံ့းနေတယ။် )

Libratun said...

သိပ်စိုးရိမ်စရာတော့ မရှိပါဘူးအစ်မ။ ဒီ technical knowledge တွေက စပယ်ရှယ်လစ်တွေတောင် တော်တော်လုပ်ယူရတာဆိုတော့။ ဒါပေမယ့် အစ်မပြောသလို လုံခြုံရေးအသိနဲ့ သတိရှိရမှာတော့ အသေအချာပဲ။ ကျွန်တော့်ဥာဏ်သိသလောက်ပေါ့နော် နည်းနည်းပြောကြည့်မယ်။ အဲဒီအတွက်က ဂျီမးလ်သုံးရင် setting မှာ "every time use secure channel https" ဆိုတာကတော့ အရေးကြီးတယ်။ အဲဒါမရရင် မသုံးတာကောင်းတယ်။ ရရင်တော့ address bar မှာ https:// ဆိုပြီးသွားလိမ့်မယ်။ အိုင်ဘဏ်းကင်းလည်း အဲဒီ ချန်နယ် နဲ့သွားတာပဲ။ ဒါပေမယ့် သုံးပြီးရင် cache, cookies, history တွေ ရှင်းပေးဖို့လိုမယ်။ cookies တွေကို မဖျက်ရင် မြန်တယ်ဆိုပေမယ့် securityက ပို အရေးကြီး တာပေါ့နော်။ firefox ကတော့ အကောင်းဆုံးပဲ။ browser option ကနေပြီး ပိတ်ရင် အဲဒါတွေဖျက်မလားဆိုပြီး မေးခိုင်းတဲ့ option ပါတယ်။ နောက်ဆုံးလောလောဆယ် ကျွန်တော် အကြံတစ်ခုရတာအကောင့် နှစ်ခု လုပ်ထားပြီး အွန်လိုင်း ဘဏ်းကင်း လုပ်မယ့် အကောင့်မှာ ပိုက်ဆံနည်းနည်းပဲ လိုသလောက်ထားဖို့ပဲ။ လောလောဆယ်တော့ တော်တော်ရှည်သွားပြီထင်တယ်။ တော်ဦးမှ။