Pages

March 27, 2009

သီချင်းများနဲ့  နေ့ စွဲများ..

တစ်သက်လုံး သီချင်းတွေ နားထောင်လာ ခဲ့တယ်။ တကယ်ဆို နားထောင်ဖူးတဲ့ သီချင်းတွေက အများကြီး၊ ကြိုက်ခဲ့တဲ့ သီချင်းတွေကလည်း အများကြီး။ တချို့  သီချင်းတွေကိုဆို နားမထောင်တာ ကြာတော့ မေ့နေပြီ။ တစ်နေရာရာမှ ပြန်ကြားလိုက်မှသာ ဒီသီချင်းလေး ဟိုးအရင်က ဘယ်လို နားထောင်ပြီး၊ ဘယ်လို ကြိုက်ဖူးတာလို့  ပြန်ပြီး သတိရတတ် လာတယ်။ အခုနောက်ပိုင်း အဲဒီလို့  ကြုံရတာ များများလာပြီ။

အထူးသဖြင့် အင်္ဂလိပ်သီချင်းဆို ဘယ်သူဆိုတာမို့  ကြိုက်တယ် ဆိုမျိုးထက်စာရင် နားထောင်ရလို့  ကိုယ်စိတ်နဲ့  တွေ့ တာမျိုးဆို အကုန်ကြိုက်ခဲ့တယ်။ နာမည်တွေကို မှတ်တဲ့ နေရာမှာ အားနည်း၊ ကြိုက်တဲ့ သီချင်းတွေ ဆိုပြီး သီးသန့်  စုထားတာလည်း မရှိ( မတည်မြဲခြင်းသဘော) ဆိုတော့ တခါတလေ သီချင်းတွေ နားထောင်ချင်ရင် လိုက်ရှာရတာ အတော် ပင်ပန်းတယ်။ ဘာနားထောင်ချင် မှန်းမသိလို့  ပင်ပန်းတာ ပိုရပါတယ်။ ခေါင်းစဉ် ဒါမှမဟုတ် ဆိုတဲ့ အဆိုတော် သိမယ်ဆို ရှာလို့ ရနိုင် သေးတယ်။

ခုရက်ပိုင်း သီချင်းဟောင်းတွေကို နားထောင်ဖို့  ပိုပြီး အာသီသ ရှိနေတာနဲ့  အင်တာနက်ပေါ် လိုက်မွှေကြည့်ရင်း ယူအက်စ် Billboard မှာ ထိပ်ဆုံးနေရာ ရခဲ့တဲ့ သီချင်းတွေရဲ့ နာမည်တွေကို စုစည်းပေးထားတဲ့ နေရာ တစ်ခုတွေ့ တယ်။ ၁၈၉၁ ကနေ စလို့  အခု အချိန် အထိ။ စိတ်ကြိုက် ဖြစ်သွားတယ်။ သီချင်းနာမည်တွေ လိုက်ရှာလိုက်၊ နားထောင်ကြည့်လိုက် လုပ်ဖြစ် နေတယ်။ သီချင်းတွေကို YouTube မှာ လိုက်ရှာ နားထောင် သလို၊ အမ်ပီသရီး ရှာပြီးလည်း နားထောင်ဖြစ်တယ်။

#1 Song in the U.S.A. on Any date in History
According to Billboard Magazine

သီချင်းဟောင်း၊ သီချင်းကောင်းလေးများကို ပြန်လည်ရှာဖွေ နားဆင်ခံစားလိုသူများ အတွက် အသုံးဝင်မယ် ထင်ပါတယ်။ တခြားနိုင်ငံအတွက် အဲလိုလုပ်ထားတဲ့ ဆိုဒ်များ ရှိမလားဆိုပြီး လိုက်ရှာကြည့်တာတော့ မတွေ့ ဘူး။ အဲဒီဆိုဒ်မှာ ရက်စွဲ အလိုက် လိုက်ရှာကြည့်လို့ ရတဲ့အတွက် စိတ်ဝင်စားတယ်ဆို ကိုယ့်စိတ်ထဲမှာ မှတ်မှတ်သားသား ရှိနေတဲ့နေ့ ရက်တွေမှာ နံပါတ် ၁ ဖြစ်ခဲ့တဲ့ သီချင်းက ဘာလည်းဆိုပြီး ကြည့်လို့ ရတယ်။

အင်တာနက်ပေါ်က တချို့ နေရာလေးတွေမှာ ဒီဆိုဒ်လေး သုံးပြီး ကိုယ်ရဲ့မွေးနေ့ မှာတုန်းက ဘယ်သီချင်းက ထိပ်ဆုံး ရောက်နေတာ၊ သီချင်းရဲ့ အဓိပ္ပါယ်က ဘယ်လို ဆိုပြီး ပြောနေတာမျိုး တွေ့ မိတယ်။ တစ်စုံတစ်ယောက်က မွေးနေ့ မေးလို့  တိုက်ရိုက်မပြောချင်ရင် သီချင်းလေးပြောပြီး မွေးနေ့ ဘာလည်း ကိုယ့်ဘာသာရှာကြည့်လို့  ပြောလို့ ရတယ်။ သီချင်းက #1 US Billboard မှာ ရက်အတန်ကြာ ရှိနေတယ်ဆိုရင်တော့ တခြား Hints လေးတွေပါ ထည့်ပေးဖို့ လိုလိမ့်မယ်။

သီချင်း နာမည်ကြည့်ပြီး အမ်ပီသရီး ရှာနားထောင်ချင်တယ်ဆို ဒီဆိုဒ်တွေ သုံးရှာကြည့်လို့ ရတယ်။
SkreemR
SeekMp3

March 25, 2009

Get over it!!

Obama Sets Up Online Town Hall Meeting

အမေရိကန်သမ္မတ Obama က လာမယ့် ကြာသာပတေးနေ့ မှာ WhiteHouse.gov Website က တစ်ဆင့် Online Town Hall Meeting တစ်ခု ပြုလုပ်မယ်လို့  ဖတ်လိုက်ရတယ်။ စိတ်ဝင်စားဖို့ အတော်လေး ကောင်းတယ်။

Online Town Hall Meeting ဆိုတာ ဘာလဲ။ အွန်လိုင်းမှာ ပြုလုပ်တဲ့ Informal Public Meet တစ်မျိုးပါ။ လူတစ်ဦး တစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုက ဦးဆောင်ပြီး ကျင်းပတယ်။ ဘယ်လို အကြောင်းအရာတွေကို မေးနိုင်တယ် ပြောထားတယ်။ လူတွေက အဲဒီအကြောင်းအရာနဲ့  သက်ဆိုင်တဲ့ ကိုယ်မေးချင်တဲ့ မေးခွန်တွေကို အွန်လိုင်းကနေ ပို့ ပေးလို့ ရတယ်။ တခြား သူတွေရဲ့ မေးခွန်းတွေကို Vote ပေးလို့ ရတယ်။ အဲဒီနေရာမှာ မေးတဲ့ မေးခွန်းတိုင်းကို ဖြေပေးတာ မဟုတ်ပါဘူး။ လူကြိုက် အများဆုံး (မေးသူ အများဆုံး) ဆိုတဲ့ မေးခွန်းမျိုးတွေထဲက တချို့ ကို ရွေးချယ်ပြီး ဖြေပေးမှာပါ။ အခု ပြုလုပ်တဲ့  Obama ရဲ့ Online Town Hall Meeting မှာ နည်းပညာပိုင်းအရဆို Google Moderator နဲ့  App Engineကို သုံးပြီး ပြုလုပ်ထားတယ် သိရတယ်။
WhiteHouse Website မှာ Your Questions on the Economy လို့ ပြောထားတော့ Obama ကို စီးပွါးရေးနဲ့  သက်ဆိုင်တဲ့ မေးခွန်းတွေ မေးလို့ ရတယ်ပေါ့။ မေးခွန်းတွေကို Topic 11 တွေခွဲပြီး ပေးထားတယ်။ မေးခွန်း မေးဖို့  ယူဆာကောင့် လုပ်ဖို့ လိုတယ်။ ပြီးရင် ကိုယ်မေးချင်တာတွေ ပို့ လို့ ရပြီ၊ သူများမေးတာတွေ Vote ပေးလို့ ရပြီ။ မေးခွန်းတွေကို ပေးပို့ တဲ့အခါ ကိုယ်တိုင်သရုပ်ဆောင်ပြီး ကိုယ်မေးချင်တာကို မေးထားတဲ့ Video မျိုး ပို့ ပေးတာမျိုးကို အားပေးပါတယ် ပြောထားပေမယ် စာနဲ့  ဒီတိုင်း မေးလည်းရတယ်လို့ လည်း ပြောထားပါတယ်။ ကိုယ်တိုင် ဘာမေးရမယ်မှန်း မသိတောင် သူများ မေးထားတာတွေထဲက ကြိုက်တာတွေ့ ရင် Vote လုပ်လိုက်ပေါ့။ အခု လက်ရှိ လူ ၆၇၀၀ ကျော်က မေးခွန်း ၆၇၀၀ ကျော်မေးထားပြီး မဲအရေအတွက် ၂ သိန်း ၂ သောင်းကျော် ရနေတယ်လို့ ပြနေတယ်။

Obama က သူ့ ကို မေးထားတဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်းတွေကို ဖြေမှာလဲ၊ ဘယ်လို ဖြေမှာလဲ သိချင်တယ်ဆို ကြာသာပတေးနေ့ မှာ အဲဒီနေရာမှာပဲ သွားပြန်ကြည့် နားထောင် နိုင်တယ်ပါတယ်။

March 24, 2009

လူ့ စိတ်

တစ်စုံတစ်ခုကို ပြန်မရနိုင်မှန်းသိလိုက်ရတဲ့ အခါ...
ဆုံးရှုံးသွားခြင်းအတွက် စိတ်မကောင်းဖြစ်ရမလား။
ခံစားမှု့က ထူးဆန်းတယ်...
စိတ်ပေါ့ပါးသွားသလိုပဲ.. ပြီးတော့ ရယ်မောမိတယ်..
အဲလိုတွေဖြစ်မယ် လုံးဝ မထင်ထားခဲ့ဘူး..

မေးတယ်..
တန်ဖိုးမထားလို့ လားတဲ့ ..မဟုတ်ပါဘူး...
အရေးမကြီးလို့ လားတဲ့.. ဒါလည်း မဟုတ်ပြန်ဘူး...
ဘာမှ မခံစားရလို့ လားမေးမယ်ဆို.. စိတ်ထဲမှာ တစ်ခုခုရှိပါတယ်..
ကြိုးစားကြည့်အုံးမလားတဲ့.. ထားလိုက်လို့ ပဲ ပြောမိတယ်..
အစားထိုးရမယ် ထင်လို့ လားမေးပြန်တယ်... အလုံးစုံတော့ မဖြစ်နိုင်ဘူး..
အသေးအဖွဲ အရေးမပါတဲ့ အရာတစ်ခုမှ မဟုတ်တာ...
ဒါပေမယ့်လဲ..

အခု အချိန်မှာ..
စိတ်ချမ်းသာနေတာတော့ အမှန်ပဲ..
(၂၃-၀၃-၂၀၀၉)

March 20, 2009

စိတ်ကြိုက်ပွိုင့်

မနေ့ က ဒါတွေ ရတယ်..
From Food
ကျေးဇူးတင်၍ မှတ်တမ်းတင်လိုက်သည်။

မောင်ငယ် တစ်ယောက် ယူလာပေးတာ။ ကျေးဇူး အထူး။ ဘာမှာချင်လဲ၊ ဘာစားချင်လဲ မေးလို့  အာလူးကြော်နဲ့  မရမ်းသီး စားချင်တယ် ဆိုပြီးမှာ လိုက်တယ်။ နေမကောင်းတာတောင် အာလူးကြော် တစ်ထုတ်ဖောက်ပြီး နည်းနည်း စားလိုက်သေးတယ်။ ပြီးမှ ဆေးသောက် လိုက်တယ်။

March 18, 2009

Giveway Of The Day!!!

Free Licensed Software/Games Daily !!!

ပိုက်ဆံပေးဝယ်ရတဲ့ License နဲ့  ရောင်းတဲ့ Software တွေနဲ့  Game တွေကို Free Download လုပ်ခွင့်ပေးတဲ့ နေရာတစ်ခုပါ။ Software တစ်ခုရဲ့ Download Link ကို အမြဲတင်ပေးထားပြီး ကိုယ်ကြိုက်တဲ့အချိန် ဒေါင်းလုတ်လုပ်ယူလို့  ရတာ မျိုးတော့ မဟုတ်ဘူး။ တစ်နေ့ မှာ Download လုပ်ဖို့  Software တစ်ခုပဲ တင်ပေးတယ်။ အချိန်အကန့်  အသတ်နဲ့  ဒေါင်းလုတ် လုပ်ခွင့် ပေးတယ်။ သတ်မှတ်ချိန် ကျော်သွားရင် တခြားသူစီက Download လုပ်ထားတဲ့ File ရအုံးတောင်မှ Activite လုပ်လို့  မရတော့ဘူး။



ပုံမှန်ဆို Software တစ်ခုကို ၂၄ နာရီ ပဲ ဒေါင်းလုတ် လုပ်ခွင့်ပေးတယ်။ တစ်ခါတလေ ဒီထက်ကြာကြာ ပေးတာမျိုး ရှိတယ်။ အဲဒီဆိုဒ်က Software/Game ထုတ်တဲ့သူတွေစီက တရားဝင် ခွင့်ပြုချက်ယူပြီး တင်တာဆိုတော့ ဒေါင်းလုတ်လုပ်ခွင့်ပေးတဲ့ အချိန်ကြာရှည်မှု့ဟာ သူတို့ တွေအကြား သဘောတူညီမှု့နဲ့  ဆိုင်တယ်။ Software တွေအများစုက အသစ်တွေ များတယ်။ ထုတ်တဲ့ကုပ္မဏီတွေကလည်း သူတို့ ပစ္စည်း လူသိအောင် ကြော်ငြာတဲ့ အနေနဲ့ တင်ခွင့်ပေးတာ ထင်တယ်။ Trial Version မဟုတ်ဘူး၊ Limited Version မဟုတ်ဘူး၊ Full Version တွေ ပေးတယ်။ Register လုပ်ပြီး တရားဝင်သုံးလို့ ရတယ်။ စမ်းဖူးသလောက်တော့ အဲဒီမှာတင်တဲ့ ဒေါင်းလုတ်လုပ်ပြီး Activite လုပ်ရတာက လွယ်ပါတယ်။ ဒေါင်းလုတ်လုပ်ယူလိုက်တဲ့ ဖိုင်တွေမှာ ဘယ်လို Activite လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါပြီးသား။

အကြံပေးချင်တာတစ်ခုက Download လုပ်ပြီး၊ Install မလုပ်ခင်မှာ User Rating တွေကြည့်သင့်တယ်။ သူများတွေရဲ့ Review တွေကို Comments မှာ ဖတ်ကြည့်သင့်တယ်။ ဘာပြဿနာမှ မရှိဘူး၊ ကောင်းတယ် သင့်တော်တယ် ထင်တယ်မှသာ Install လုပ်သုံးကြည့် သင့်တယ်။ ဘာလို့ လဲ ဆိုတော့ တချို့  Package တွေမှာ ထရိုဂျန်တွေ၊ ဘာတွေပါနေတယ်ဆိုတာမျိုး Comments တချို့ မှာ ရေးထားတာ တွေ့ ဖူးလို့ ။

USE at your own RISK!

ကျွန်မ ဒီ Site ကို ကို Guitablood စီက တစ်ဆင့် သိပြီး နေ့ စဉ် ကြည့်နေတာ ၁ နှစ်ကျော်လောက် ရှိပြီ။ အဲဒီမှာ တွေ့ မိတဲ့ တချို့  Software/Games တွေက အတော်လေး ကောင်းတယ်။ Software တွေ စမ်းတာ စိတ်ဝင်စားသူတွေ အတွက် ဒီလို ဆိုဒ်တွေဟာ အတော်လေး အသုံးဝင်မယ် ထင်မိတဲ့ အတွက် မသိသေးသူတွေ သိသွားအောင် သတင်းပေးလိုက်ပါတယ်။ အမြဲ မျက်ခြေမပြတ် ကြည့်နေဖို့ လိုတဲ့ ဆိုဒ်တစ်ခုဆိုတော့ ကြိုက်တယ်ဆို Reader နဲ့  ထည့်ပြီး ဖတ်မှ အဆင်ပြေတယ်။

Rabbit Brand Seafood Delicacies

လုပ်စရာရှိတာလေးတွေ လုပ်ရင်း တစ်ဘက်က တစ်ခုခု ရေးမယ် စဉ်းစားတယ်။ ဟိုတို့ တိ ဒီတို့ တိ လုပ်ထားတာလေးတွေ အဆုံးသတ်ရင် ကောင်းမလား။ စမ်းကြည့်တယ်။ မဖြစ်ဘူး။ ဒါနဲ့  အစားအသောက် အကြောင်းပဲ ရေးဖြစ်သွားတယ်။ စားရတာ လွယ်သလို၊ ရေးရတာလဲ လွယ်တယ်။ အရသာရှိတဲ့ စာပေတွေ။

မနေ့ က စားဖြစ်တဲ့ နေ့ လယ်စာ။

တကယ်ဆို မနေ့  နေ့ လယ်က ထမင်းစားဖို့  စိတ်မပါခဲ့ဘူး။ ထမင်းစား မဆင်းပဲ နေမလို့ ၊ အလုပ်လူတွေက ဘယ်သူနဲ့ မှ ချိန်းထားတာ မရှိရင် သူတို့ နဲ့  အတူ လိုက်စားဆိုတာနဲ့  စားဖြစ်သွားတယ်။ အစားအသောက်ရွေးတဲ့ ကိုယ့်အကြောင်းသိနေတော့ ဘာစားချင်လည်း မေးရှာပါတယ်။သွားချင်တာသွား၊ စားချင်တာစား ဖြစ်တယ် ပြောလိုက်တော့ အဲဒီ ဆိုင်ကို သွားဖြစ်တယ်။ ဆိုင်နာမည်က "Rabbit Brand Seafood Delicacies"။

ကျွန်မ အတွက်တော့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပဲ။ မဆိုးဘူး။ အစားအသောက်တွေက စားရတာ အဆင်ပြေတယ်။ အဲဒီမှာ ရတာတွေက Set Meal တွေ။ အစားအသောက်နဲ့ အတူ Drink + Dessert ပါပြီးသား။ အစားအသောက် စားပြီး တစ်ခုခုသောက်လေ့ရှိတဲ့ သူတွေအဖို့  အဆင်ပြေတယ်။

Set Meal အပြည့်အစုံ။ S$ 5.50 ပေးရတယ်။
no0dle + white fugus dessert + soup + chinese tea


ဒီနားက Food Court တွေမှာ S$3-4 နဲ့  စားဖို့  တစ်ခုခု ရနေတာ ထက်စာရင်တော့ နည်းနည်းများတယ် ပြောကြမလား။ Food Court မှာတော့ သောက်ဖို့ ဟာမပါတော့ ထပ်ဝယ်သောက်ရမှာပေါ့။ အလုပ်နားမှာ အဲလို ဆိုင်လေးတွေ အတော်များများ ရှိတယ်။ အခုဆိုင်က သူလို တခြားဆိုင်တွေနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆို ဈေးသက်သာတယ် တောင်ပြောလို့  ရမယ်။ အဲလိုဆိုင်တွေမှာ စားရင် အဓိက`ကောင်းတဲ့ အချက်က အစားအသောက် အရသာတွေ။ Food Court မှာ စားရင် ကြုံနေကြ အမြဲတစ်မျိုးထဲ ဖြစ်နေတဲ့ အရသာတွေနဲ့  ကွဲထွက်နေတယ်။ အပြင်မှာပဲ စားလေ့ရှိတဲ့သူတွေ အတွက် ကောင်းတယ်။


ရေနွေးကို ဘီယာခွက်နဲ့  ထည့်သောက်တာ။ မနေ့ က ထမင်းစားပြီး ရေနွေး ၂ ခွက်လောက်သောက် ဖြစ်တယ်။ ရေနွေးကြမ်းနဲ့  ပန်းကန်သေးသေးလေးမှာ ထည့်ထားတဲ့ ငါးခြောက်ကြော်လို ဟာတွေက ကိုယ့်ဘာသာ ယူရတာယ်။ တစ်ခါထည့် မဟုတ်ဘူး၊ ကြိုက်သလောက် ထပ်ယူလို့ ရတယ်။ ရန်ကုန်က ငါးခြောက်ထောင်းကြော်လို ပဲ စပ်စပ်လေးနဲ့ စားလို့ ကောင်းတယ်။

Rabbit Brand Seafood Delicacies
11 Circular Road
Singapore 049367
Contact : 65570874

#02-114 Lucky Plaza
Singapore 238863
Contact : 67379722

WebSite : rabbitbrand.com.sg

Google ကြည့်တော့ Lucky Plaza မှာလည်း ဆိုင်ခွဲရှိတယ် သိရတယ်။ WebSite လည်းရှိတယ်။ ဘယ်ဈေးကြည့်လည်း ဘာတွေရလဲဆိုတာ စပ်စုကြည့်နိုင်ပါတယ်။ Menu ကြည့်ပြီးကြည့်တယ်ဆို သွားစာပေါ့နော်။

ဒါကတော့ တခြားတစ်ယောက် စားတဲ့ ဟင်း။

March 17, 2009

ကောင်းကင်ငိုတဲ့နေ့ 

ဒီလို နေ့ မျိုးဆို ..

အိမ်မှာနေရင်း..

ပြူတင်းပေါက်ကငေး..
စောင်ခြုံကွေး...
...
စာအုပ်လေးဖတ်...
သီချင်းနားထောင်..
ရုပ်ရှင်လေးကြည့်...
...
ရေနွေးပူပူလေးသောက်..
ငရံ့ခြောက်ဖုတ်လေးစား..
လက်ဘက်သုတ်လေးစား..
ကြာဇံဟင်းခါးလေးသောက်..
....
လုပ်နေချင်တာတွေ ..
အများကြီး.. အများကြီး..
.
.
.
လက်တွေ့ မှာတော့..
အလုပ်မှာ ငုတ်တုတ်..


ငုတ်တုတ်ထိုင်ရင်း ငိုက်လာတယ်။
ကွန်ပြူတာပေါ်က စာတွေမမြင်တော့တဲ့ အခြေအနေအထိတောင် ငိုက်လာလို့ .. ဒီအချိန် အိမ်မှာသာဆို ဘာတွေလုပ်မလဲ စဉ်းစားရင်း တွေးမိတာတွေ ချရေးလိုက်တယ်။ လုပ်ချင်တာတွေ အများကြီး ကျန်သေးတယ်။ ဒါပေမယ့် ဆက်မရေး နိုင်တော့ဘူး။ အလုပ်လုပ် ရပါအုံးမယ်။

March 16, 2009

Be Strong..

The weak can never forgive.
The forgiveness is the attribute of the strong.
- Mahatma Gandhi


♦ Cartoons : IT Security Awareness - Ghost Writer!

ကိုယ့် အီးမေးရဲ့ Password တခြားသူ သိလည်း အရေးအကြီးဘူး၊ ကိစ္စမရှိဘူး ဆိုသူများသို့ ...




အလုပ်နဲ့  သက်ဆိုင်တဲ့ အီးမေးမို့  Boss အကြောင်း ခေါင်းစဉ်တပ် ပို့ တာ ထင်ပါတယ်။ တခြား ကိုယ်ပိုင်အီးမေးသာ ဆိုရင်.. ဘယ်သူတွေစီ ဘယ်လို အကြောင်းအရာတွေ ပို့ မလဲ မသိဘူး...

Source : the Infocomm Development Authority of Singapore (IDA).

Other Related Post:
♦ Cartoons : IT Security Awareness - Backup your files!!
♦ Cartoons : IT Security Awareness - Power Down!
♦ Cartoons : IT Security Awareness

March 14, 2009

ချစ်တာအပြစ်လား.

မှန်စီရာ ရွှေအိမ်မြနန်းပေါ်မှာ
အချစ်မရှိရင် ဘ၀အဓိပ္ပါယ် မရှိတော့ပါ
အစဉ်ပြေသလို ပျော်စရာရှာတဲ့အခါမှာ
နှလုံးသား ချစ်ပန်းကလေးတွေ ဖူးပွင့်လာ..
အသည်းရဲ့လိုလားချက်များ တားမရစကောင်းပါ
အချစ်ရှိတဲ့လူတိုင်း နားလည်မှာ...

အကြင်နာကိုမြတ်နိုးသူ လူသားတွေကြားထဲမှာ
တို့ နှစ်ယောက်ချစ်တာ အပြစ်လား...
ချစ်တာအပြစ်လား

ပျော်စရာတွေငိုစရာတွေ တွေ့ ချိန်မှာ
အချစ်ရဲ့ခံစားချက်တွေ သိတတ်လာ
ရွှေပင်လယ် ငွေပင်လယ်တွေ ဆီးကာခါ
ခရီးဆက်မယ် အချစ်အတွက်ဆို ရဲဝံ့စွာ
အေးချမ်းတဲ့အရိပ်လေးတစ်ခု တို့ အတွက်ပေးပါ
ချစ်ကြတဲ့သူများနားခိုရာ

ဏ္ဍနြေ္ဒစင်အောင်ရင်ဖွင့်သူ လူသားတွေကြားထဲမှာ
တို့ နှစ်ယောက်ချစ်တာ အပြစ်လား...
ချစ်တာအပြစ်လား

မတူညီတဲ့အလွှာခြားပါစေ ... ချစ်တာအပြစ်လား..
အဆင်ပြေရာဘ၀ခြင်းတွေ ... ချစ်တာအပြစ်လား
ပျော်စရာရှာလူသားတွေ ခံစားကာ ... ချစ်တာအပြစ်လား

တကယ်ဆိုရင် လွယ်ကူပါလျက်အခြေမှာ
အတားအဆီးတွေခြားထားရင် မချစ်ဝံ့သာ..
အတောင်စုံရင် ဝေဟင်ကို အပြေးပျံကာ..
အမြင့်ဖက်ကို ခရီးဆက်ရန်ထွက်ကြမှာ..
အချစ်ငှက်တို့  သဘာဝနဲ့ အလှအပတရားကို
ခွင့်လွှတ်တဲ့သူတိုင်း နားလည်မှာ..

ကြင်ကြင်နာနာစိတ်များနဲ့  လူသားတွေကြားထဲမှာ..
တို့ နှစ်ယောက်ချစ်တာ အပြစ်လား..

ချစ်တာအပြစ်လား


ချစ်တာအပြစ်လား - ကိုင်ဇာ ၊ ရတနာမိုင်
ချစ်တာအပြစ်လား - မေခလာ ၊ ဇော်ပိုင်
ချစ်တာအပြစ်လား - မေဆွိ (Credit to GreenGirl)

သီဟနာဒ

သီဟနာဒ

လက်သီးဆုပ်မလား၊ လက်ဝါးဖြန့် မလား..
ကြိုက်တာကိုရွေးစမ်း ကိုယ့်လူ
မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင် လုပ်ကြည့်လိုက်လေ
နွားသိုးမှန်ရင်တော့ ဂျိုချက်ဘယ်ကင်းပါ့မလဲ

မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ
လက်သီးဆုပ်မလား လက်ဝါးဖြန့် မလား..
နွားသိုးမှန်ရင်တော့ ဂျိုချက်ဘယ်ကင်းပါ့မလဲ

မြင်းကောင်းခွာလိပ်၊ ပန်းကောင်းအညွန့် ကျိုး
ကုသိုလ်ကံအရေးနိမ့်လောက်အောင်
ဖြစ်မှဖြစ်စမ်း မဖြစ်မှမဖြစ်ဘူး
ဘေးမလာခင် ပြေးတွေ့ မယ့်အကောင်
ရှင်လျက်နဲ့ အသေထား..
ယောက်ျားမာန်သေမှ လျှော့မယ့်ဇွဲ

မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ
လက်သီးဆုပ်မလား လက်ဝါးဖြန့် မလား..
ကြိုက်တာကိုရွေးစမ်းကိုယ့်လူ
ရှင်လျက်နဲ့ အသေထား..
ယောက်ျားမာန်သေမှ လျှော့မယ်ဇွဲ

တရားချင်းပြိုင်မလား၊ ဓားချင်းဆိုင်မလား..
မင်းခေါ်ရင် ထူးပစ်လိုက်မယ်
အတွင်းစိတ်နောက်ချေး အပြုံးနဲ့ ရွေှ့ချ
မင်းစေတနာမင်းအကျိုးပေးမယ်
လုပ်ရဲရင်ခံရဲ စိတ်မျိုးနဲ့ နေပေါ့ ရှုံးရင်လည်း

မင်းလည်းယောက်ျား၊ ငါလည်းယောက်ျား
စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ
လက်သီးဆုပ်မလား လက်ဝါးဖြန့် မလား..
ကြိုက်တာကိုရွေးစမ်းကိုယ့်လူ
လုပ်ရဲရင်ခံရဲ စိတ်မျိုးနဲ့ နေပေါ့ ရှုံးရင်လည်း

March 13, 2009

Shopping @ Friday The 13th

ဒီနေ့ ... သောကြာနေ့ ..
ဒီနေ့ .. ၁၃ ရက်နေ့ ..
ဒီနေ့ .. ဈေးဝယ်ထွက်တယ်..

အဲဒီတော့ ဘာတွေ ထူးထူးခြားခြား ဖြစ်လဲ။ အောက်က ပစ္စည်းတွေ အိမ်ကို ပါလာတယ်။ ပြီးတော့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေ လျှော့သွားတယ်။ နောက်ပြီး ခြေထောက် နည်းနည်း ညောင်းသွားတယ်။ ဒါပါပဲ။

သတိပေးချက်။ ။ လူကိုခင်တယ်ဆို.. ဘယ်လောက်ကုန်သွားလဲ မမှန်းပါနှင့်။

ခုတလော ပင်ပန်းတယ်။ ခေါင်းနည်းနည်း ရှုပ်တယ်။ ဒီနေ့  သောကြာနေ့ ဆိုတော့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားလိုက်တယ်။ စစ်တီးဟော ထမင်းသွား စားတယ်။ ပြီးတော့ အိမ်မပြန်ပဲ Suntec ဘက်သွားပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်တယ်။ လူတွေ အများကြီးပဲ။ ဒီနေ့  လူတွေ များမှာပေါ့၊ Suntec မှာ IT Show 2009 နဲ့  တခြား Warehouse Sale တွေရှိနေတယ်။

တစ်ယောက်တည်းဆိုတော့ ကြည့်ချင်တာတွေ အကုန် လျှောက်ကြည့်တယ်။ Burberry Sale ရှိတယ်။ လူတွေအများကြီး တန်းနေတာ။ ကြီးကျယ်တယ်။ ပါလာတဲ့ အိတ်တွေအကုန် ပလတ်စတစ်အိတ်တွေနဲ့  စွတ်ပြီးမှ အထဲဝင်ခိုင်းတယ်။ လူတန်းကြီးက အရှည်ကြီးပဲ။ စိတ်မ၀င်စားလို့  ၀င်မကြည့်တော့ဘူး။ IT Show 2009 ရှိတယ်။ ၀င်ကြည့်တယ်။ ၀ယ်ချင်တာ မတွေ့ ဘူး။ ပြန်ထွက်တယ်။ Body Shop Sale ရှိတယ်။ ၀ယ်စရာ နည်းနည်းရှိတာနဲ့  ၀င်ကြည့်တယ်။ လူတွေထဲတိုးပြီး လိုမယ်ထင်တာ တစ်ချို့  ခပ်မြန်မြန်ကောက် ထည့်လိုက်တယ်။ ပိုက်ဆံ ရှင်းတယ်။ ပြန်ထွက်လာတယ်။ လူတွေကို နည်းနည်း အချိန်ပေးပြီး ရပ်ကြည့်ဖြစ်တယ်။ ပြီးတော့ အချိန်ရသေးတာနဲ့  epi Centre ကို နောက်ထပ် သွားကြည့်တယ်။ နောက်ဆုံး အိမ်ပြန်လာတယ်။

Burberry Sale နဲ့  Body Shop Sale က မနက်ဖြန် နောက်ဆုံး၊ IT Show က သဘက်ခါ အထိရှိမယ်။ SunTec - Event Calendar မှာ ကြည့်လို့ ရပါတယ်။

အိမ်ရောက်လို့  ၀ယ်လာတာတွေ ပြန်ကြည့်တော့ ပထမ ၀ယ်ဖို့ စိတ်ကူးမရှိတာ တချို့ လည်း ပါလာတာတွေ့ ရတယ်။ သူရေးထားတာ ဖတ်မိလို့  ဟို စတော်ဘယ်ရီဘူး ကောက်ထည့် လာတာဖြစ်မယ်။ ရေချိုးတာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ၀ယ်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ အများကြီး မပါတဲ့အတွက် ကိစ္စမရှိဘူးလို့  သတ်မှတ် လိုက်တယ်။ စိတ်ချမ်းသာသွားတယ်။

ဒီနေ့  လှေခါးအောက်တွေ ကတော့ ဖြတ်ခဲ့မိတယ်။ ရှောင်လို့ မှ မရတာ။ ဒါပေမယ့် လမ်းမှာ ကြောင်မည်းကြီးတော့ မတွေ့ ခဲ့ပါဘူး။

March 12, 2009

National Flower: Burma Padauk!

ဒီမနေ့ မနက် အလုပ်လာလာ လမ်းမှာ မွှေးလိုက်တာဆိုပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တော့ ပိတောက်တွေ ပွင့်နေတာ တွေ့ လိုက်ရတယ်။ ဒီနှစ်အတွက်ဆို ဒီနိုင်ငံမှာ ပထမဆုံးတွေ့ တဲ့ ပိတောက်ပေါ့။ မြန်မာပြည်မှာ လို့ ပင်လုံးကျွတ် ၀င်းထိန်နေအောင် ပွင့်တာ မဟုတ်ပေမယ့် ဒီနိုင်ငံမှာ တွေ့ ဖူးသမျှကို မဆိုးဘူး၊ အတော်လေးများတယ် ပြောလို့ ရမယ်။ လမ်းတစ်လျှောက် ပိတောက်ပန်း ရနံ့ လေး သင်းပြီးမွှေးနေတာ အရမ်း သဘောကျတာပဲ။ သိပ်တော့ မခံစားလိုက် နိုင်ပါဘူး။ အလုပ်မှီအောင် မြန်မြန်လျှောက်လာလိုက်ရလို့ ။

ဒီမနက် မြင်လိုက်ရတဲ့ ပိတောက်ပန်းတွေကြောင့် ပိတောက်ပန်းအကြောင်း နည်းနည်းရေးချင်စိတ်ပေါ် သွားတယ်။ ပိတောက်ပန်းက ကျွန်မတို့ နိုင်ငံရဲ့ National Flower ဟုတ်တယ် မဟုတ်လား။

အရှေ့ တောင်အာရှမှာ ရှိတဲ့ နိုင်ငံတွေ နဲ့  အဲဒီနိုင်ငံတွေရဲ့ National Flowers တွေပါ။
  • Burma - Paduak (Pterocarpus Indicus) (ပိတောက်)
  • Singapore - Vanda Miss Joaquim Orchid (သစ်ခွ)
  • Vietnam - Lotus (ကြာ)
  • Thailand - Ratchaphruek (Cassia Fistula Linn) (ငုပန်း)
  • Brunei - Simpor (Dillenia Suffruticosa)
  • Malaysia - Bunga raya (Hibiscus Rosa-Sinensis) (ခေါင်ရမ်းပန်း)
  • Laos - Dok Champa (Plumeria) (တရုတ်စကား)
  • Philippines - Sampaguita Jasmine (Arabian Jasmine) (စံပယ်)
  • Cambodia - Rumdul (Mitrella Mesnyi)
  • Indonesia - Moon Orchid or Angrek bulan (Phalaenopsis Amabilis) (သစ်ခွ)
ဒါနဲ့  ဟိုတနေ့ က အလုပ်က တစ်ယောက်က နင်တို့  National Flower ကဘာလဲ လာမေးတာနဲ့  ပိတောင်ပန်းပုံတွေကို အင်တာနက်ပေါ်မှာ လိုက်ရှာပြီး ပြလိုက်ရတယ်။ တခါမှ မမြင်ဖူးဘူး ပြောနေလို့  စင်္ကာပူမှာ အဲဒီအပင်တွေ အများကြီးပဲ၊ Orchard လမ်းမပေါ်မှာ လည်း အပင်ကြီးတွေ ရှိတယ်၊ တခြားနေရာတွေမှာလည်း အများကြီးပဲ မသိဘူးလားဆိုတော့ မသိဘူးတဲ့။ Orchard မှာ အပင်ကြီးတွေရှိတာ သိတယ်၊ သူဘာအပင်မှန်း မသိဘူးတဲ့။ ညံ့လိုက်တာလို့  မပြောလိုက်ပါဘူး။ ပြောတော့ ပြောချင်တာပေါ့။ ပြောလို့  ပြောတာ မဟုတ်ဘူး၊ ဒီကလူတွေ သဘာဝ ပတ်ဝန်းကျင် ပန်းပင်တွေကို စိတ်ဝင်စားတာ အတော်လေး နည်းတယ်။ ကျွန်မ တွေ့ ဖူးသလောက်ပေါ့။ ကျွန်မ တစ်ခါတလေ သူတို့ နဲ့ အပြင်သွားရင်း မြန်မာလို ခေါ်တာပဲ သိပြီး အင်္ဂလိပ်လို ဘယ်လိုခေါ်လည်း မသိတဲ့ အပင်တွေတွေ့ လို့  ၊ အပင်နာမည် သိချင်လို့  မေးရင် သူတို့ မသိဘူးလို့  ဖြေတာများတယ်။ ဘယ်လို သိလဲ၊ တရုတ်လို သိလားဆိုလဲ မသိဘူး ဆိုတာပဲ။ စင်္ကာပူရီယမ်း မဟုတ်တဲ့ သူတွေ စီကတော့ တခါတလေ အဖြေရတယ်။

ရေးရင်း ဘယ်ရောက်သွားမှန်းမသိဘူး။ ဟို National Flower အကြောင်းလာမေးတဲ့ စင်္ကာပူရီယမ်း တရုတ်မကို့  ပိတောက်ပန်းအကြောင်း နည်းနည်း ပြောပြဖြစ်တယ်။ တို့ နိုင်ငံမှာဆို အဲဒီအပင်က ပန်းပွင့်ပြီးဆို တစ်ပင်လုံး ၀ါထိန်နေအောင် ပွင့်တာ၊ လှသလား မမေးနဲ့ ၊ အနံ့ ကလည်း အရမ်းမွှေးတယ်၊ တစ်နှစ်မှာ တစ်ရက်တည်း ပင်လုံးကျွတ်ပွင့်တာ ( တချို့ အပင်တွေ ဒီမှာလိုပဲ နည်းနည်းချင်း ပွင့်တာရှိတတ်တာ မပြောလိုက်ဘူး :D) ၊ ဗမာနှစ်ကူး အချိန်မှာမှ ပွင့်တာ ဆိုပြီး ပြောလိုက်တာ တအံ့တသြနဲ့  နားထောင်သွား ရှာတယ်။ ပြီးတော့ ပုံတွေပြပါအုံးဆိုလို့  အင်တာနက်ပေါ်က ပန်းပုံတွေရှာပို့ လိုက်ရသေးတယ်။ အခု ရေးနေရင်းမှ စဉ်းစားမိတယ်။ နွေရာသီ ဧပြီလမှာ ရွာတဲ့မိုး၊ နှစ်သစ်ပွဲအတွက် ရွာတဲ့မိုး၊ နှစ်သစ်ကူး မိုးရွာပြီး နောက်တစ်ရက်မှာ ပွင့်တယ်ဆိုတာ ထည့်ပြီး မပြောလိုက်ရဘူး။ လိုသွားတယ်။

အင်တာနက်ပေါ်က ကျွန်မကြိုက်တဲ့ ပိတောက်ပန်းပုံ တချို့ ...

Photo Source: Flintz (Flickr)


Photo Source: MgMinThu (Flickr)

Photo Source: MgMinThu (Flickr)

ဒီအောက်ပုံကတော့ စင်္ကာပူက ပိတောက်၊ ဒီနိုင်ငံမှာလည်း ပိတောက်ပန်းရှိကြောင်း ဟို အလုပ်က တစ်ယောက် သိအောင် ပြလိုက်တယ်။
Photo Source: YeTun (Flickr)

ဓာတ်ပုံတွေ ရိုက်ပြီး တင်ပေးထားတဲ့ သူအားလုံးကို ကျေးဇူးတင်တယ်။ ဒီပုံတွေကြောင့်သာ ပိတောက်ပန်း ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ကြောင်း ပြလိုက်နိုင်တာပါ။

အဲဒီတစ်ယောက်က ဆက်မေးလို့  ပိတောက်ပင် အကြောင်း နည်းနည်း ရှင်းပြဖြစ်တယ်။ ပိတောက်ပန်း အပြင်၊ ပိတောက်သားရဲ့ အသုံးဝင်ပုံ၊ ပိတောက်သား ပုံတွေလည်း ပြဖြစ်တယ်။ ပိတောက်သားဆိုလို့  ပိတောက် ကျီးပေါင်းသားနဲ့  လုပ်ထားတဲ့ စားပွဲတစ်ခု ကျွန်မတို့ ငယ်ငယ်က အိမ်မှာ ရှိတယ်။ စားပွဲက အ၀ိုင်း။ ဆက်ရာမရှိဘူး။ ဘေးက အချွန်အချွန်တွေ ဖြစ်နေတာ။ အကွက် အကွက်တွေနဲ့  အရမ်းလှတယ်။ ဒါကြောင့် အဲလို ပုံစံတွေကို လိုက်ရှာပြဖြစ်တယ်။ ဒါတော့ သူက သိတယ်။ မြင်ဖူးတယ်၊ လှတယ်တဲ့။ ပိတောက်ကို အရင်က "Rosewood" လို့ ပဲသိခဲ့တာ၊ အဲဒီတစ်ယောက်ကို ရှင်းပြရင်း သိချင်လာလို့  နည်းနည်း လိုက်ရှာကြည့်မှာ ပိတောက်ပင်ဟာ ဖိလစ်ပိုင်တွေ အတွက် National Tree ဖြစ်နေမှန်း သိလိုက်ရတယ်။ National Flowers တော့ မဟုတ်ဘူး။ နောက်ပြီး ပိတောက်ပင်ဟာ ထိုင်းနိုင်ငံက Chonburi နဲ့  Phuket အတွက်ဆို Provincial Tree လို့ လည်း သိလိုက်ရပါတယ်။

ပိတောက်ကို တခြားနိုင်ငံတွေမှာ ဘယ်လိုခေါ်လည်း သိချင်တယ်ဆို မှတ်ထားဖို့။ ဒါလေးတွေ သိထားတော့ တစ်ယောက်ယောက်ကို ရှင်းပြတဲ့အခါ ပိုလွယ်တာပေါ့။

Narra (Philippines)
Sonokembang (Indonesia)
Angsana or Sena (Indonesia, Malaysia and Singapore)
Tnug (Cambodia)
Pradu (Thailand)

ပိတောက်ပင်တွေကို Pterocarpus indicus လို့ ခေါ်တယ်။ မြန်မာပြည်က ပိတောက်ကတော့ Pterocarpus macrocarpus။ macrocarpus က indicus ထက်ပိုပြီးမာကျောတယ်တဲ့။ သစ်သားကို ပြောတာထင်တယ်။ ဒါကတော့ ၀ီကီမှာတွေ့ တာ။

ပိတောက်ပင်တွေ ပင်းလုံးကျွတ်ပွင့်ပြီးဆို အရမ်းမွှေးတာပဲ။ ငယ်ငယ်က နေခဲ့တဲ့ အိမ်မှာ ပိတောက်ပင်ကြီးရှိတယ်။ အပွင့်ကြီးမျိုး။ ပိတောက်မှာ အပွင့်ကြီး အရောင် နည်းနည်းဖျော့တာနဲ့  အပွင့်သေး အရောင်နည်းနည်းရင့်တာ နှစ်မျိုးရှိကြောင်း သတိထားမိတယ်။ ပိတောက်တွေဖူးလာပြီဆို အရမ်းသဘောကျတာ။ တစ်ရက်မိုးရွာပြီးလို့  နော်ကတစ်ရက် မနက်မိုးလင်းပြီဆို အပင်ကိုကြည့် စရာမလိုဘူး၊ အိပ်ယာ အနိုး မျက်လုံးတောင်မပွင့်သေးဘူး၊ ပိတောက်ပန်းနံ့ ကရနေပြီ။ အဲဒီအချိန်မှာ တချို့  ပိတောက်နံ့ မကြိုက်တဲ့သူတွေအဖို့ တော့ အတော်လေး နေရခက်မယ်။ ဘာပဲဖြစ်ဖြစ် ပိတောက်ပွင့်တဲ့အချိန်တွေကို သတိရနေတယ်...

March 11, 2009

♠ နေ့ လယ်စာ...

ဒီနေ့  နေ့ လယ်စာ ဟိုတရုတ်ဆိုင်မှာ ထမင်းသွားစားဖြစ်တယ်။ အဲဒီဆိုင် မရောက်တာတောင် အတော်ကြာပြီ။ အလုပ်က လုပ်ဖော်ကိုင်ဖက် ၂ ယောက်က သူတို့  ထမင်းဘူး ယူမလာဘူး၊ နေ့ လယ်စာ အတူသွား စားရအောင် ပြောလာတာနဲ့  တရုတ်၊ ဖိလစ်ပီနိုး နဲ့  ဗမာ အားလုံး စားနိုင်မယ့် အဲဒီဆိုင်ကို သွားစား ဖြစ်ခဲ့တယ်။ ဒီနေ့ လယ် မိုးလည်း မရွာဘူးလေ။ အရင်မှာလေ့ ရှိတာထဲက မဟုတ်ပဲ ဟင်းအသစ်တွေ စားဖြစ်တယ်။ ဒီတော့ ကျွန်မရဲ့ Food Menu ကို Update လုပ်ဖို့ ဖြစ်လာပြီပေါ့။

ဒါလေးက ချဉ်ချဉ်စပ်စပ်လေး သုတ်ထားတာ။ ကြော်ထားတာတုန်းကလည်း စားလို့ ကောင်းသလို အခုလို သုတ်ထားတာလည်း စားကောင်းတယ်။ စပ်စပ်လေးဆိုတော့ မိုးအေးအေး အချိန်မှာ စားလိုက်ရတော့ ပိုပြီး ခံတွင်းမိန်သွားတယ်။

ဒါကတော့ ခရမ်းသီးနဲ့  အားလူး။ ဒါလည်းစားလို့ ကောင်းပါတယ်။

ဒီအောက်က ပုံကတော့ ကြက်သား။ စားလို့ လုံးဝ မကောင်းဘူး။ ကျွန်မ တစ်ယောက်တည်းမှ မဟုတ်ဘူး။ တခြား ၂ ယောက် လည်း မကောင်းဘူးဆိုတာ ထောက်ခံတယ်။ နောက်ဘယ်တော့မှ ဒီဟင်းကို မှာ မစားတော့ဘူးလို့  ၃ ဦးသဘောတူ ဆုံးဖြတ် လိုက်ကြတယ်။

သီချင်းတွေ နားထောင်မယ်၊ ကာတွန်းတွေ ဖတ်မယ်... အဲ.. ပြီးတော့ အစားအသောက် ကောင်းကောင်းလေးတွေ လျှောက်စားလိုက်နဲ့  ဘ၀ကြီးက ငြိမ်းချမ်းနေ လိုက်တာ။

ဒါနဲ့  လူတစ်ယောက်က အခက်အခဲတွေ အကြောင်းမပြောတိုင်း ဒီလူမှာ အခက်အခဲ မရှိဘူးလို့  ယူဆလို့  မရနိုင်ပါဘူး။ တစ်ယောက်နဲ့  တစ်ယောက် ဘ၀ကို ရင်ဆိုင်တဲ့ ပုံစံခြင်းမှ မတူကြတာ။ လူတိုင်းရဲ့ ဘ၀မှာ အခက်အခဲဆိုတာ ရှိတာကြီးပဲ။ ဘ၀ကို ဘယ်လို ရင်ဆိုင် မလဲ။ ဘယ်လို ရင်ဆိုင်သလဲ။ ဘာပဲဖြစ်နေနေ... ကိုယ့်ရဲ့ စိတ်က အေးချမ်းနေပြီး၊ ကိုယ်ရဲ့ ခန္စာမှာလည်း အားအင်အပြည့်ရှိနေမှသာ ဘ၀မှ ကြုံတွေ့ ရတဲ့ ဆိုးမှု့ ကောင်းမှု့ မှန်သမျှကို ဖြတ်သန်းကျော်ဖြတ်နိုင်မယ်၊ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အရာတွေကို ရရှိနိုင်မယ်လို့  ထင်တယ်။ လူဘ၀ကြီးက တိုတိုလေးပါ။ လိုချင်တာတွေ ရအောင် ကြိုးစားပါ။ ဒါပေမယ့် ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ကြိုးစားကြတာပေါ့။


ဒီအောက်ကတော့ Update လုပ်ထားတဲ့ Menu အသစ်။


Other Related Posts :
♠ စားမှာပဲ..
♠ Northern Chinese Cuisine

March 10, 2009

Do it or Die


Do it or Die

Don't let your troubles make you cry
Don't waste a moment wonderin' why
When everything goes wrong
You have to go on
And do it or die
Do it or die now
Stand your ground

Don't let your bad breaks
go gettin' you down
Even when times get rough
And you've had enough
You still gotta try
Do it no matter what the people say
They don't even know you

Die before you let them stand in your way
(Don't you know that)
You should know that
life is a gamble all along
Winners or losers you keep rollin' on
So go on and roll the dice
You only live twice
So do it or die

ဒီသီချင်း သီဆိုတဲ့ အဖွဲ့ က Atlanta Rhythm Section (ARS)။ သီချင်းထွက်တာ သိပ်တော့ မကြာသေးပါဘူး။ ပထမအကြိမ် ထွက်တာ 1979 ဆိုတော့ နှစ် ၃၀ လောက်ပဲရှိ ပါသေးတယ်။ 1996 မှာ တစ်ခါ၊ 1997 မှာတစ်ခါ ပြန်ထွက်ခဲ့သေးတယ်။

March 09, 2009

A New Cartoon Every Morning!

ဒီနေ့ က တနင်္လာနေ့ လည်း ဖြစ်ပြန်၊ ရာသီဥတုကလည်း အုံ့ မှိုင်းမှိုင်းကြီးဖြစ်နေတော့ လူက လန်းလန်းဆန်းဆန်းမရှိ ထုံထိုင်းထိုင်းကြီး ဖြစ်နေတယ်။ ခုမှ မနက် ၁၀ နာရီပဲ ရှိသေးတယ်။ အိမ်ပြန်ချိန်ရောက်ဖို့ ဆို နောက် ၈ နာရီ လိုသေးတယ်။ လန်ဆန်းသွားအောင် ဘာလုပ်ရင် ကောင်းမလဲ... ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း သတိရသွားတာနဲ့ .. Randy Glasbergen ရဲ့ ကာတွန်းစာမျက်နှာကို သွားကြည့်ဖြစ်တယ်။ ပြီးတော့ ရီလိုက်ပြုံးလိုက်ပြီး စိတ်ပေါ့ပါးသွားတယ်။
ဒီနေ့  အတွက် ကာတွန်းမှာ ပါတဲ့ စာသားက...

အဲဒီက ကာတွန်းတွေဟာ Professional အလုပ်အကိုင် နဲ့ ပတ်သက်တဲ့ ကာတွန်းတွေပါ။ စီပွါးရေး၊ ကွန်ပြူတာ၊ ဆေးပညာ ... စုံနေတာပဲ။ ကျွန်မတို့  ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်မှာ တကယ့် ဖြစ်ပျက်နေတဲ့ အရာတွေကို ကာတွန်း ဆွဲထားတာ။ အကြောင်းအရာ တစ်ခုကို ဖော်ပြတဲ့အခါ ထိထိမိမိလည်း ရှိတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ရီလည်း ရီရတယ်။ ကျွန်မတော့ အရမ်းကြိုက်လို့  အမြဲသွားသွား ကြည့်ဖြစ်တယ်။ အဲဒီမှာရှိတဲ့ တချို့  ကြိုက်တဲ့ ကာတွန်း ပုံတွေဖော်ပြချင်ပေမယ့် ကော်ပီရိုက် ရှိတာကြောင့် မဖော်ပြတော့ဘူး။ ကြည့်ချင်တယ်ဆို Online Catalog မှာသွားကြည့်လို့ ရတယ်။ ကာတွန်းတွေက အများကြီးဆိုတော့ အတော်လေး အချိန်ပေးပြီး ကြည့်ရမယ်။ ခေါင်းစဉ်လေးတွေ ခွဲပြီး စုထားပေးတော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာက စပြီး တဖြည်းဖြည်းခြင်း ကြည့်သင့်တယ်။ ကြိုက်မှာ သေချာပါတယ်။

Online Catalog :
More than 1000 Cartoons

Cartoon Gift Shop :
Café Press Cartoon Gift Shop
Randy Glasbergen ဆိုတာ အမေရိကားမှာ ထင်ရှားတဲ့ ကာတွန်းဆရာ တစ်ဦးပါပဲ။ သူရဲ့ ကာတွန်းတွေကို နာမည်ကြီး စာစောင်တွေ (The Wall Street Journal, Reader's Digest, Harvard Business Review, Cosmopolitan... ) ၊ သတင်းစာတွေ၊ အင်တာနက်ပေါ်က ဆိုဒ်တွေ၊ Seminars၊ Conferences၊ Training materials၊ Mailing lists ... နေရာစုံမှာ အသုံးပြုကြတယ်လို့ သိရတယ်။ တခြားဟာတွေ အသာထား၊ သူတို့ ရဲ့ သဘာဝအရကိုက တတ်ရောက် သူအများစုကို ပျင်းရိအိပ်ငိုက်စေတတ်တဲ့ Seminars၊ Conferences၊ Training လိုတွေမှာတော့ ဒီလိုကာတွန်းတွေ သုံးပေးချင်ဟာ တတ်ရောက်သူတွေကို အာရုံစိုက်မှုကို စွဲဆောင်နိုင်မှာ အမှန်ပဲ။
Randy Glasbergen ရဲ့ တခြားလက်ရာတွေ..
Better Half on King Features by Randy Glasbergen

March 07, 2009

စာဖတ်သူတစ်ဦး၏ မှတ်စု

.... နေရာတကာ လွတ်လပ်ခွင့် ပေးထားလို့လည်း မရ။
.... ဟိန်းလား ဟောက်လား တင်းကျပ်လား၊ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ဆိုလို့လည်း မဖြစ်။

တစ်ခါတစ်ရံ ချော့ရမည်။
တစ်ခါတစ်ရံ ရှင်းပြရမည်။
တစ်ခါတစ်ရံ ဆူပူကြိမ်းမောင်းရမည်။
တစ်ခါတစ်ရံ မသိလိုက် မသိဖာသာနေရမည်။

မင်းလူ

Firefox Addon: KeyScrambler

ကျွန်မ အနေနဲ့  တခြား Browsers တွေ မသုံးဖူး မဟုတ်ဘူး သုံးတယ်။ ဒါပေမယ့် အဓိက အမြဲသုံးဖြစ်တာ Firefox Browser ပါပဲ။ Firefox မှာရှိတဲ့ Add on တွေကြောင့် အဲဒီလို သုံးဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။

ဟိုတခါရေး ဖူးတယ်။ ကွန်ပြူတာမှာ KeyLogger တွေ ရှိနေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်း။ KeyLogger တွေက ကွန်ပြူတာမှာ ကိုယ်ရိုက်ထည့်တဲ့ Key မှန်သမျှကို မှတ်ထားတယ်။ အဲဒီကတစ်ဆင့် တခြားသူတွေက ကိုယ့်ရဲ့ အချက်အလက်၊ password တွေရသွားကြတယ်။ ကိုယ့်ကွန်ပြူတာဆို တော်သေးတယ်။ KeyLogger ရှိမရှိ အမြဲ စစ်နေလို့ ရတယ်။ Public ကွန်ပြူတာတွေ သွားသုံးလို့  အဲဒီကွန်ပြူတာတွေမှာ KeyLogger ရှိမရှိက ကိုယ်က မသိနိုင်ဘူး။ သိအောင်စစ်နေဖို့ လဲ အချိန်က မရ။ ဒီလိုအခါတွေမှာ Firefox Addon တစ်ခုဖြစ်တဲ့ KeyScrambler ကိုသွင်းပြီး သုံးလို့ ရတယ်။

KeyScrambler က Keyboard က ကျွန်မတို့ ရိုက်ထဲလိုက်တဲ့ စာလုံးတွေကို Kernel Driver Level မှာ encrypt လုပ်ပေးတယ်။ Firefox Browser ကို ရောက်မှာသာ decript ပြန်ပြီး လုပ်ယူပါတယ်။ Keylocker တွေ အလုပ်လုပ်ပုံက ကျွန်မတို့  ရိုက်ထည့်လိုက်တဲ့ စာလုံးတွေ Keyboard ကနေ Operation System ကို အသွားမှာ မှတ်ယူ သိမ်းထား လိုက်တာ။ ဒီတော့ KeyScrambler သုံးမယ်ဆိုရင် စက်ထဲမှာ KeyLogger ရှိနေတယ် ဆိုလည်း ကျွန်မတို့ ရိုက်ထည့်လိုက်တာတွေကို မရတော့ပဲ KeyScrambler က encrypt လုပ်ထားတာတွေကိုပဲ ဖမ်းယူရသွားပါ လိမ့်မယ်။ အတော်လေး အသုံးဝင်ပါတယ်။

စမ်းသုံးချင်တယ်ဆို Firefox Addon: KeyScrambler မှာ သွားယူ သွင်းလို့ ရပါတယ်။ KeyScrambler က ယူဆာတွေရဲ့ စစ်တမ်းအရဆို ကြယ်လေးပွင့် ရထားပါတယ်။

တစ်ခုရှိတယ်။ Website မှာရေးထားတဲ့ ကွန်မန့် တွေအရ Game ကစားတဲ့သူတွေ တချို့ မှာ ပြဿနာ ရှိတယ် သိရတယ်။ ကျွန်မကတွက်တော့ ဘာမှ ပြဿနာမရှိ အဆင်ပြေပါတယ်။ စမ်းသွင်း သုံးကြည့်ပြီး မကြိုက်လို့  ပြန်ဖျက်ချင်တယ်ဆိုရင် Firefox Browser မှာ တင်မကဘူး၊ Programs မှာပါ ဖျက်ရပါမယ်။

Other post to read :
ကျွန်တော် နှစ်သက်သော Firefox Add-ons များ by ဖူးနုသစ် (ZT)

March 06, 2009

Dinner - 20090306

ဒီနေ့  ညစာ။ ထမင်း မစားဘူး။ ခုနောက်ပိုင်း ညစာဆို ထမင်းမစား ဖြစ်တာများတယ်။ ၀ိတ်ချတာ မဟုတ်ပါဘူး။ ချစရာ ပိုနေတဲ့ အလေးချိန်လည်း မရှိဘူး။ ဒါပေမယ့် နောက်ပိုင်း အကျင့်ဖြစ်အောင် ညစာ လျှော့စားတယ်။ ဗိုက် အရမ်းဆာတဲ့ နေ့ တွေ လောက်၊ တစ်ပတ် ၃ ရက်လောက်ပဲ ညစာကို ထမင်းစား ဖြစ်တယ်။ မနက်စာကို နေ့ စဉ် မနက်တိုင်း စားဖြစ်အောင် ကြိုးစားပြီး၊ နေ့ လယ်စာများများ စားတဲ့ အကျင့်လုပ်တယ်။

ဒီနေ့ အတွက် ညစာအဖြစ် နန်းကြီးသုပ် စားဖြစ်တယ်။ ကောင်းလားဆို မဆိုးပါဘူး။ ရန်ကုန်ကလောက်တော့ မကောင်းဘူးပေါ့။ ပုံမှာတွေ့ တဲ့ အတိုင်း အသား သိပ်မပါဘူး။ ဟင်းအနှစ်လည်း သိပ်မပါဘူး။ အနှစ်မကြိုက်တဲ့ ကျွန်မ အတွက်တော့ အတော်ပဲ။ အအေးက Coke မသောက်ပဲ Ice Lemon Tea သောက်ဖြစ်တယ်။ ညနေပိုင်းဆိုတော့ Coke မသောက်တာ ကောင်းတယ်လေ။

ဒါနဲ့  နန်းကြီးသုပ်က ကျွန်မ ငယ်ငယ်က မစားတဲ့ အစားအသောက်ထဲ မှာပါတယ်။ ပုံစံကြည့်ပြီး မစားတာ။ စားချင်စရာမရှိလို့  ဆိုပြီး မစားဘူး။ ကျွန်မတို့ အိမ်နားမနီးမဝေးမှာ နန်းကြီးသုပ် နာမည်ကြီးဆိုင် ရှိတယ်။ အဖေက အရမ်းကြိုက်တော့ သွားသွား စားဖြစ်တယ်။ တစ်အိမ်လုံးနဲ့  တစ်ယောက်၊ ကျွန်မ ဆိုင်ကို လိုက်သွားတယ်။ ဒါပေမယ့် မစားဘူး။ ဒါပဲကျွေးမှ တခြားဟာ မရှိဘူးဆိုတောင် အဆာပဲခံမယ်၊ မစားဘူးဆို လုပ် တတ်တာ။ အိမ်က အတင်းကျွေးရင် စားပြီး ခေါင်းတွေ မူးနေရော။ ငယ်ငယ်က ခေါက်ဆွဲ စားရင် ခေါင်းမူးတတ်တဲ့ အကျင့်လည်း ရှိတယ်။ ဒါကြောင့် ကျွန်မ ငယ်ငယ်က ခေါက်ဆွဲကြော် မစားဘူး၊ ကြာဇံကြော်၊ ထမင်းကြော်ပဲ စားတယ်။ နိုင်ငံခြားရောက်မှ နည်းနည်းခြင်း စားနိုင်အောင် လုပ်ယူ ရတယ်။ အခုတော့ တိုးတတ်လာ ပါပြီ။

မှတ်မှတ်ရရဆို ဒန်ပေါက်လိုပဲ နန်းကြီးသုပ် ကို နိုင်ငံခြားရောက်ပြီး မြန်မာပြည် အလည်ပြန်တဲ့ အချိန်ကမှ စပြီး စားမယ်ဆို စားကြည့်ဖြစ်ခဲ့တာ။ ကြိုက်လားဆို အရမ်း မကြိုက်ဘူး။ စားလို့ တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ခုအချိန်အထိ ခေါင်းနည်းနည်း မူးနေတဲ့ အချိန်၊ လူက နုံးနေတဲ့ အချိန်တွေဆို နန်းကြီးသုပ် စားလို့  မရသေးဘူး။

ဒီနေ့ စားတဲ့ နန်းကြီးသုပ် က S$ 3 ပေးရတယ်။ မုန့် ဟင်းခါး ဟင်းရည်ပေးတယ်။ ကျွန်မ စိတ်ထဲ ဟင်းရည်က နည်းနည်း ငံသလိုပဲ။ ဈေးတန်လား မတန်လားဆို ကိုယ့်ဟာကိုယ် ဘာမှ မလုပ်စားဖြစ်တဲ့ ကျွန်မ အတွက်တော့ ဒါ တန်တယ်ပြောရမယ်။

Other Related Post : နန်းကြီးသုပ်၊ နန်းပြားသုပ်၊ လက်ဖက်ရည်

Lady Fingers

Lady Fingers ဆိုလို့  ကောင်မလေးတွေရဲ့ လက်ချောင်းတွေအကြောင်း ရေးမယ် မထင်ပါနဲ့ ။ ရုံးပတေသီး (Okra) အကြောင်း ရေးမလို့ ပါ။ Okra ဆိုလို့  လည်း မြန်မာပြည်က "မ" သီချင်းနဲ့  နာမည်ကြီးတဲ့ အဖွဲ့ အကြောင်းရေးမှာလို့ လည်း မထင် ကြပါနဲ့ ။ စားတဲ့၊ ဟင်းချက်စားတဲ့ ရုံးပတီသီး အကြောင်း ရေးမှာပါ။ ရုံးပတီသီးကို Okra လို့ လည်း ခေါ်တယ်၊ Lady Fingers လို့ လည်း ခေါ်တယ်၊ Gumbo လို့ လည်း ခေါ်ကြသေးတယ်။

မစားချင်ဘူးဆိုပြီး လုံးဝ မစားဘူး။ အမေခွံ့ ကျွေးတောင် မစားဘူး။ ငယ်ငယ်က အဲလိုပဲ။ မလုပ်ဘူး၊ မစားဘူးဆိုလို့  ဆုံးဖြတ်လိုက်တဲ့ အရာတွေကို ဘာအကြောင်းကြောင်းနဲ့ မှ မစားဘူး၊ မလုပ်ဘူး။ ခုတော့ အဲဒီအကျင့် သိပ်မရှိတော့ဘူး။ အသက်ကြီးလာတာနဲ့ အမျှ လိုက်လျောညီထွေနေမှ ဆိုပြီး အဲလိုအကျင့်တွေ ဖျောက်ဖို့  ကြိုးစားရတယ်။ ထားပါ။ ကျွန်မကသာ မစားတာ၊ အမေက ရုံးပတီသီး ကြိုက်တယ်။ ကြော်စားလေ့ ရှိတယ်။ အဖေက ချဉ်ပေါင်းဟင်း ကြိုက်တယ်။ အိမ်မှာက ချဉ်ပေါင်ဟင်းချက်ရင် မျှစ်၊ ခရမ်းသီးနဲ့  ရုံးပတီသီး ထည့်လေ့ ရှိတယ်လေ။ ဒီတော့ ဈေးသွားတဲ့ အခါတွေမှာ အသီးအရွက် ၀ယ်တိုင်းနီးပါး ရုံးပတီသီးလည်း ၀ယ်ရတာ များတယ်။ တခါတလေ အိမ်မှာ အကိုဝမ်းကွဲတွေလာနေတဲ့ အချိန်ဆို အပင်တောင် စိုက်ထားသေးတယ်။ ကျွန်မ မျက်စိထဲတော့ ရုံးပတီသီးအပွင့်က ချဉ်ပေါင်ပွင့်နဲ့  ဆင်ဆင် တူတယ်။

မှတ်မိသေးတယ်။ ရုံးပတီသီး ရွေးရင် အဖျားကို လက်နဲ့  မသိမသာလေး ချိုးကြည့်လိုက်။ ကျိုးတယ် ဆိုနုတယ်။ ငယ်ငယ်တုန်းက မှတ်ထားတာ။ အဲလိုလုပ်ရင် ဈေးသည်က မျက်စောင်းထိုးတယ်။ ရင့်လို့ မကျိုးပဲ အမျှောင်းလိုက် ကွဲသွားရင် တခြားဝယ်တဲ့သူတွေလည်း မယူတော့ဘူးလေ။ နောက်ပိုင်း aဈးဝယ်သက် ရင့်လာတော့ ရုံးပတီသီး အဖျားကို ကျိုးအောင် ချိုးကြည့်ဖို့ မလိုတော့ဘူး။ လက်နဲ့ မသိမသာလေး ထိုးကြည့်ပြီး ရင့်လား၊ နုလား သိနိုင်တယ်။ နောက်တစ်နည်းက အရောင်အနုအရင့် နဲ့ ခွဲတာ။ အကြမ်းဖျင်းတော့ နည်းနည်း သွယ်သွယ်ရှည်ရှည်လေးဖြစ်နေပြီး အရောင်ရင့်နေတယ်ဆို မယူဘူး။ ဒါက တခါတလေ အလုပ် မဖြစ်ဘူး။ ရုံးပတီသီးက အမျိုးအစားကွဲတွေ ရှိတယ်လေ။ နည်းနည်းသွယ်ပြီး အရောင်နုတာ၊ နည်းနည်းပုပြီး အရောင်ရင့်တာ။ ဒီတော့ အရောင်ရင့်တိုင်း ရင့်တယ်လို့  သတ်မှတ်လို့ မရပြန်ဘူး။ ချိုးကြည့်တာ အကောင်းဆုံးပဲ။ ပလတ်စတစ်အိပ်နဲ့ ထုတ် ရောင်းတာ ဆိုရင်တော့ အဲလိုလုပ်ကြည့်လို့ မရဘူးပေါ့။

ပုံမှန်ဆို အသီးအရွက်တွေကို မလှီးခင်တခါနဲ့  လှီးပြီးတခါ ရေဆေးလေ့ရှိတယ်။ လှီးပြီးမှ ဆေးလို့  အဟာရတွေ လျော့သွားမယ်ဆိုလည်း မတတ်နိုင်ဘူး၊ သန့် ရှင်းဖို့ လိုတယ်ဆို ဆေးတာပဲ။ ရုံးပတီသီးကို ကြတော့ ချက်ဖို့ ပြင်တဲ့အခါဆို မလှီးခင် တခါတည်း သန့် စင်အောင် (ဒီကိုလာကို ပြောခြင်းမဟုတ်) ဆေးရတယ်။ လှီးပြီးမှ ရေဆေးတယ်ဆို အချွဲတွေ ထွက်လာရော။ ဆော့ချင်တယ်ဆို ဆီလုပ်တန်း ဆော့လို့ တော့ ရတာပေါ့လေ။ မသိခင်ကဆို လှီးပြီး ရေးတခါထပ်ဆေးတော့ အချွဲတွေ ထွက်၊ တခြား အသီးတွေလို အစေးထွက်တာလားဆို အချွဲတွေ ပြောင်အောင်ဆို ရေးထပ်ဆေး၊ ရေဆေးလေ ပိုထွက်လေနဲ့  ရှုပ်ရှက်ခပ် သွားတာပဲ။ နောက်မှ မေမေ ပြောပြလို့ မှတ်ထားလိုက်တယ်။
ရုံးပတီသီး အကြောင်း နည်းနည်း လေ့လာကြည့်တဲ့ အခါ ရုံးပတီသီး ရဲ့ အစက အာဖရိက ကလို့  သိရတယ်။ ခုတော့ နေရာတကာ တကမ္ဘာလုံး စားနေကြတာပဲ။ အိန္ဒိယမှာ အစားများတယ်။ အစိမ်းရောင်တင်မကဘူး၊ အနီရောင်လည်း ရှိတယ်လို့  သိလိုက်ရတယ်။ အနီရောင် ရုံးပတီသီး အပြင်မှာ တခါမှ မမြင်ဖူးဘူး။

ရုံးပတီသီးစားတာ ကျန်းမာရေးအတွက် ကောင်းတယ်။ ပြောကြတာပဲ။ ဗိုက်တာမင် အေနဲ့  စီပါတယ် သိရတယ်။ မိန်းကလေးတွေ အတွက် သင့်တော်တယ်လည်း ပြောကြတယ်။ အသားအရည် လှတယ်တဲ့။ နောက်ပြီး ရုံးပတီသီးမှာ fiber ပါတာများတဲ့အတွက် ၊ ပိန်အောင်လုပ်တဲ့ အချိန်တွေမှာလည်း ရုံးပတေသီး စားကြတယ် လို့  သိရတယ်။ ၀ိတ်လျှော့ချင်တဲ့သူတွေ စားသင့်တယ်ပေါ့။ နောက်တစ်ခုက မနက်ပိုင်း ရုံးပတေသီးကို လှီးထားတာကို ရေစိမ်သောက်မယ်ဆို ဘာရောဂါ ပျောက်တယ် ဆိုလား။ ဒါကတော့ အတိအကျ မသိလို့  မရေးတော့ဘူး။ အိန္ဒိယက ဆေးမှီးတို နည်းလား မသိဘူး။ ရုံးပတီသီး ရေစိမ်သောက်တဲ့ အကြောင်းသိချင်ရင် အင်တာနက်ပေါ် လိုက်ရှာဖတ်ကြည့်လို့ ရတယ်။

ထူးထူးခြားခြားသိလိုက်ရတာက ရုံးပတီသီး အစေ့ကို ကော်ဖီစေ့အစား သုံးကြတယ်ဆိုတာပဲ။ ကာဖင်း ရှောင်ချင်သူတွေ အတွက်။ အရင်က တခါမှ မသိခဲ့ဘူး။ ကျွန်မကလည်း ကော်ဖီမှ မကြိုက်တယ်။ ကောင်းမကောင်းလည်း မသိဘူး။ မသောက်ဖူးဘူး။ ဖတ်မိသလောက်တော့ WWII မှာလည်း ကော်ဖီစေ့ကို ရုံးပတီသီး စေ့နဲ့ အစားထိုး သုံးခဲ့ကြတယ် သိရတယ်။ အဲဒီ အကြောင်း စိတ်ဝင်စားလို့  သိချင်တယ်ဆို Google : Okra Seeds as Coffee အားကိုး ကြည့်လိုက်ပါ။

ဒီနေ့  အမေ့ကို သတိရတဲ့ စိတ်နဲ့  ထမင်းစားတာမှာ ရုံးပတီသီး ကြော်ချက်မှာ စားဖြစ်တယ်။ စားနေရင်း ရုံးပတီသီး အကြောင်း ရေးဖို့  စိတ်ကူးပေါ်ခဲ့တာနဲ့  ခုလို သိတာလေးတွေ ချရေးဖြစ်သွားခဲ့ပါတယ်။ ဟိုတလောက ရနံ့ သစ်မှာ ထမင်းစားတုန်းတော့ ရုံးပတီသီး တို့ စရာ ချပေးထားတာတွေ့ လို့ နည်းနည်း ယူစားကြည့် ဖြစ်တယ်။ ဟင်းအနေနဲ့ တော့ ဒီနေ့ စားတာဟာ ပထမဆုံး စားဖြစ်ခြင်းပါပဲ။ ကြိုက်လားဆို အဲဒီလောက်ကြီး မကြိုက်ဘူး။ ဒါပေမယ့် စားလို့ တော့ ဖြစ်ပါတယ်။ နောက်ပိုင်း အခွင့်သင့်တဲ့ အခါတွေမှာလည်း ရုံးပတီသီး စား ဖြစ်တော့မယ် ထင်ပါတယ်။ အမေကိုလည်း ပြောပြရအုံးမယ်။

Other Related Post : Citrus Fruits

Do you need ... ?

Do you need a shoulder to cry on or an understanding ear to listen to you?



.......



Life is full of lots of up and downs,
And the distance feels further when you're headed for the ground,
And there is nothing more painful than to let you're feelings take
you down,
It's so hard to know the way you feel inside,
When there's many thoughts and feelings that you hide,
But you might feel better if you let me walk with you
by your side,

And when you need a shoulder to cry on,
When you need a friend to rely on,
When the whole world is gone,
You won't be alone, cause I'll be there,
I'll be your shoulder to cry on,
I'll be there,
I'll be a friend to rely on,
When the whole world is gone,
you won't be alone, cause I'll be there.

All of the times when everything is wrong
And you're feeling like
There's no use going on
You can't give it up
I hope you work it out and carry on
Side by side,
With you till the end
I'll always be the one to firmly hold your hand
no matter what is said or done
our love will always continue on

Everyone needs a shoulder to cry on
everyone needs a friend to rely on
When the whole world is gone
you won't be alone cause I'll be there
I'll be your shoulder to cry on
I'll be there
I'll be the one you rely on
when the whole world's gone
you won't be alone
cause I'll be there!

And when the whole world is gone
You'll always have my shoulder to cry on....

မနေ့ ညနေက အင်တာနက်ပေါ်လျှောက်ကြည့်ရင်း CMS ရဲ့ delicious bookmarks ကတစ်ဆင့် ဒီသီချင်းကို နားထောင်ဖြစ် သွားတယ်။