Pages

September 29, 2009

Fairytale



"Fairytale" by Alexander Rybak

Years ago, when I was younger
I kinda liked a girl I knew
She was mine and we were sweethearts
That was then but then it's true

I'm in love with a fairytale, even though it hurts
'Cause I don't care if I loose my mind
I'm already cursed

Every day we start a fighting
Every night we fell in love
No one else could make me sadder
But no one else could lift me high above

I don't know, what I was doing
When suddenly, we fell apart
Now a days, I cannot find her
But when I do, we'll get a brand new start

I'm in love with a fairytale, even though it hurts
'Cause I don't care, if I loose my mind
I'm already cursed


Thanks for the song....

September 28, 2009

အရင်လိုပါပဲ...

အရင်လိုပါပဲ။
အလုပ်များတဲ့ အခါများ၊ အတွေးများတဲ့ အခါများ၊ အလုပ်မများ အတွေးမပွါးတဲ့ အချိန်တွေကျပြန်တော့ စာနာစိတ်နဲ့  အနားပေး။ ကိုယ်၊ စိတ် နှစ်မျိုးလုံး။ အလွန်ပိုရင် မကောင်းတဲ့ အရာတွေမှာ ကိုယ့်ကိုကိုယ် သနားတဲ့စိတ်က ထိပ်ဆုံးမှာ ရှိတယ်ဆိုပေမယ့် နည်းနည်းတော့လည်း ရှိဖို့ လိုတယ်။ ;) မပိုစေနဲ့  လိုသလောက်လေး။

တစ်ပတ် ၅ ရက် - တစ်ရက် ၉-၁၀ နာရီလောက် အလုပ်လုပ်။ အိမ်ပြန်ရောက်တော့ ထမင်းစား၊ ကွန်ပြူတာ ကလိရင်းတိုက်ရင်းကြည့်ရင်းစဉ်းစားရင်းပြော။ တစ်ခါတလေ စာဖတ်။ ရေမိုးချိုး.. သန်းခေါင်ကျော်မှာ အိပ်ရာဝင်။ ပုံမှန်လို နေဖြစ်တယ်။ အကြောင်းကိစ္စရှိတဲ့အခါ သူငယ်ချင်းတွေနဲ့ တွေ့ ။ တစ်ပတ် နှစ်ရက်ရတဲ့ အားလပ်ရက်တွေမှာကြတော့ အပြင်မထွက်ဖြစ်သလောက်ပဲ။

သီချင်းကို အရင်ကထက် ပိုနားထောင်ဖြစ်တယ်။ လေ့လာမယ်၊ ဖတ်ကြည့်မယ် ဆုံးဖြတ်ထားတဲ့ စာတွေ အစပျိုးသလို နည်းနည်းခြင်းစီ ဖတ်ဖြစ်နေတယ်။ ပျိုးနေတာ နည်းနည်းကြာပြီ။ မလိုဘူးထင်တာတွေ သိပ်မလုပ်ဖြစ်ဘူး။့် ဂိမ်းတော့ ဆော့တယ် :"> အလွန်အကျွံမဟုတ်ရင် ဖြစ်တာပဲ။ ကွန်ပြူတာနဲ့  နည်းနည်း ခွါခွါနေဖြစ်တဲ့ အချိန်တွေလည်း ရှိလာတယ်။ အများကြီး ထူးခြားတာ မရှိပါဘူး...

ဒါနဲ့  ဒီနေ့  လာမယ့် ၃၀ ရက်နေ့  အတွက် UAT Sign Off လုပ်ပြီးဆိုတော့ အလုပ် နည်းနည်းပါးတယ်...

September 20, 2009

Have You Ever Really Loved A Woman?

When you love a woman
You tell her, that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that it's gonna last forever
So tell me have you ever really
Really, really ever loved a woman?





To really love a woman, to understand her
You gotta know her deep inside
Hear every thought, see every dream
An' give her wings when she wants to fly
Then when you find yourself lyin' helpless in her arms
You know you really love a woman

When you love a woman
You tell her, that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that it's gonna last forever
So tell me have you ever really
Really, really ever loved a woman?
Yeah

To really love a woman, let her hold you
Til' you know how she needs to be touched
You've gotta breathe her, really taste her
Til' you can feel her in your blood
An' when you can see your unborn children in her eyes
You know you really love a woman

When you love a woman
You tell her that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that you'll always be together
So tell me have you ever really
Really, really ever loved a woman?

Oh
You've got to give her some faith, hold her tight
A little tenderness, you gotta treat her right
She will be there for you, takin' good care of you
You really gotta love your woman, ya

And when you find yourself lyin' helpless in her arms
You know you really love a woman

When you love a woman
You tell her that she's really wanted
When you love a woman you tell her that she's the one
'Cuz she needs somebody
To tell her that it's gonna last forever
So tell me have you ever really
Really, really ever loved a woman?
Yeah

Just tell me have you ever really
Really, really, ever loved a woman?
Oh
Just tell me have you ever really
Really, really, ever loved a woman?

September 18, 2009

အရင်အတိုင်းရန်ကုန်

မနေ့ ညက ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ပုံတွေ ကြည့်ဖြစ်တယ်။ အဲဒီတုန်းက အပြင်သွားတိုင်း မြင်မြင်သမျှ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ပြန်ကြည့်ရင်း ရန်ကုန်ကို သတိရတယ်။ မနက်နိုးတော့ ဒီသီချင်းလေးနားထောင် ဖြစ်ခဲ့ပြန်တယ်။ ပိုပြီး သတိရသွားတယ်...

ဘာတွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ ပြောင်းတယ် ပြောပြော...
...

လူတိုင်းက မင်းကိုချစ်တော့ ချစ်ကြမယ်..
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ ကွယ်
မင်းမပြစ်မဟုတ်ခဲ့တာ ငါတို့ နားလည်...
ရန်ကုန်မြို့ကြီးရယ်.. မငိုလိုက်နဲ့ ..




Thanks for the youtube link

September 10, 2009

Miss Independent

Kelly Clarkson - Miss Independent

Miss independent
Miss self-sufficient
Miss keep your distance, mmmm

Miss unafraid
Miss out of my way
Miss don't let a man interfere, no

Miss on her own
Miss almost grown
Miss never let a man help her off her throne

So, by keeping her heart protected
She'll never, ever feel rejected
Little miss apprehensive
Said ooh, she fell in love

What is this feeling taking over?
Thinking no one could open the door
Surprise, it's time, to feel what's real
What happened to miss independent's no longer need to be defensive?
Goodbye, old you, when love, is true

Misguided heart
Miss play it smart
Miss if you wanna use that line, you better not start, no

But she miscalculated
She didn't wanna end up jaded
And this miss decided not to miss out on true love

So, by changing a misconception
She went in a new direction
And found inside, she felt a connection
She fell in love


What is this feeling taking over?
Thinking no one could open the door
Surprise, it's time, to feel what's real
What happened to miss independent's no longer need to be defensive?
Goodbye, old you, when love, is true (when love, is true)

When miss independent walked away
No time for love that came her way
She looked in the mirror and thought today
What happened to miss no longer afraid?
It took some time for her to see
How beautiful love could truly be
No more talk of why can't that be me
I'm so glad I've finally seen

What is this feeling taking over?
Thinking no one could open the door
Surprise, it's time, to feel what's real
What happened to miss independent's no longer need to be defensive?
Goodbye, old you, when love, is true (when love, is true)

Miss independent


-----
Thanks alot....

Burmese Breakfast

ပဲပြုတ် နဲ့  နံပြား
From Burmese Food

ဒီမနက် စားလိုက်ရတဲ့ နံနက်စာ မဟုတ်ပါဘူး။
အခု စားချင်နေတဲ့ ၊
တစ်ခါက စားခဲ့ဖူးတဲ့..
နံနက်စာ။

September 09, 2009

To be careful about what you post ..

President Obama warned American teenagers on Tuesday of the dangers of putting too much personal information on Internet social networking sites..

*** *** *** *** ***

Taking part in a question-and-answer session with a group of 14- and 15-year-old school students, Obama was asked by one pupil for some advice on becoming U.S. president.

"Well, let me give you some very practical tips. First of all, I want everybody here to be careful about what you post on Facebook, because in the YouTube age, whatever you do, it will be pulled up again later somewhere in your life" Obama said.

"And when you're young, you make mistakes and you do some stupid stuff....


Read More...

-----
Thanks for sharing it..

Hainanese Chicken Rice

Chicken Rice နာမည်ကြီးတယ် ဆိုပြီး အလုပ်ကသူငယ်ချင်း ခေါ်သွားလို့ သွားစားဖြစ်တယ်။ ကြက်သားရဲ့ သဘာဝ အရသာကို ခံစားလိုသူတွေ အဲဒီက Chicken Rice ကို ကြိုက်ကြတယ်လို့  ပြောပါတယ်။

အဲဒီဆိုင်က နာမည်အတော်ကြီးတာတော့ သေချာတယ်။ ရှေ့ မှာ ဘယ်စာစောင်မှာ ဘယ်လိုပါတယ်ဆိုတာ ကပ်ထားတယ်။ နောက်ပြီး ကြက်သားမှာဖို့  စောင့်နေတဲ့သူတွေ နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ နှစ်ခါ သွားစားဖူးတယ်။ စားတိုင်း မိနစ် ၂၀-၃၀ လောက်တော့ တန်းစီခဲ့ရတယ်။ နေ့ လယ်ထမင်းစားချိန်ဆိုတော့ လူပိုများတာလည်း ဖြစ်မယ်။

အဲဒီမှာ ၀မှာစိုးလို့  ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကြက်အရေခွံ မစားချင်ဘူးဆို မှာတဲ့အချိန်မှာ Skin ဖယ်ပေးပါဆိုပြီးမှာလို့ လည်း ရတယ်။

Tian Tian Hainanese Chicken Rice


Hainanese Chicken


Vegetable with Oyster Sause


Bean Sprout with Cuttlefish


ကျွန်မ အနေနဲ့ ကတော့ အရမ်း မကြိုက်ဘူး။ နဂိုဓာတ်ခံကိုက အဲဒီလို အဖြူရောင် ကြက်စီထမင်းတွေဆို မကြိုက်တတ်လို့ လဲဖြစ်တယ်။ အတူသွားစားတဲ့ သူငယ်ချင်းတချို့ ကတော့ ကောင်းတယ် ပြောကြတာပဲ။ တချို့ ကလည်း သိပ်မထူးပါဘူးတဲ့။ စိတ်ဝင်စားတယ်၊ လမ်းကြုံတယ်ဆို သွားစားကြည့်ပေါ့။

Tian Tian Hainanese Chicken Rice
Stall 10 ,
Maxwell Road Food Centre
Open 11 am to 8 pm,
everyday except Monday.



Very Long Q

ဟိုး ၂ ပတ်ကျော်က သွားစားဖြစ်တာ။ ပထမ ဓာတ်ပုံရိုက်ပြီး ဘလော့ရေးဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမယ့် တန်းနေရတာ လည်းကြာ၊ ကိုယ့်ရှေ့ မှာ တန်းစီနေတဲ့ သူတွေလည်း ကမ်မရာတွေနဲ့  တဖြတ်ဖြတ် ဓာတ်ပုံရိုက်နေတာတွေ့ လို့  ကိုယ်လည်း ရိုက်ယူထားလိုက်တယ်။

အဲဒီ Maxwell Food Court က ရှာရ လွယ်ပါတယ်။ သူ့ ရှေ့ မှာ ကို TZA သူ့ ဘလော့မှာ တစ်ခါ ရေးခဲဖူးတဲ့ တရုတ် အဆောက်အအုံကြီး ရှိတယ်။

September 08, 2009

2 Days of TOIL

T.O.I.L

၂၉-၀၈-၂၀၀၉ (စနေ နေ့ ) မှာ နေ့ တစ်ဝက် နဲ့ 
၃၁-၀၈-၂၀၀၉ (တနင်္လာနေ့ ) ည အလုပ်လုပ်ရတဲ့ အတွက်

Time-Off-In-Lieu - 2 Days

ခွင့် ၂ ရက် အစား ပြန်ယူလို့ ကြောင်း အကြောင်းကြား လာပါတယ်။

သြဂတ်စ် ၃၁ ရက် ညက အလုပ်လုပ်ရတာ စက်တင်ဘာ ၁ ရက်နေ့  နေ့ လည် ၁၂ လောက်မှ ပြီးတယ်။ ထမင်းသွားစား ဘာညာနဲ့  အိမ်ပြန်ရောက်တော့ နေ့ လယ် ၂ နာရီလောက်ရှိပြီ။ မထူးပါဘူး ညနေ ၆ နာရီမှ ပြန်ပါတော့ဆို ပြောမလာပါဘူး။ ပြောလာရင်လည်း အားလုံးက ပြဿနာပြန်ရှာတော့မှာ သိနေတယ် ထင်ပါတယ်။ အလုပ်အနေနဲ့ ဆို ဒီလောက် ဆက်တိုက် တစ်ခါမှ မလုပ်ဖူးဘူး။ အလွန်ဆုံး လုပ်ဖူးတာ မနက် ၂ နာရီ - ၃ နာရီ။ ပထမဆုံး အလုပ်တုန်းက Server Down လို့  ၃ -၄ နာရီထ အလုပ်လုပ် မနက် အလုပ်ဆက်သွား ဆိုတာမျိုးတွေလည်း ရှိခဲ့ဖူး ပါတယ်။အင်း... ကျောင်းတတ်တုန်းက ကိုယ့်ဘာသာ နေ့ မအိပ် ညမအိပ် စာလုပ်ရတဲ့ အချိန်တွေတော့ ရှိဖူးတာပေါ့လေ။ ကျောင်းနဲ့  အလုပ်နဲ့  တူတာမှ မဟုတ်တာ။

အဲဒီနေ့ က အလုပ်လုပ်ရတာ အရမ်း ပင်ပန်းလားဆို သိပ်မပင်ပန်းပါဘူး။ တစ်ညလုံး Program ထိုင်ရေးနေရတာ မဟုတ်တော့ ဦးနှောက်လည်း မခြောက်ဖူး။ ပြဿနာက ကိုယ့်ပြဿနာလည်း မဟုတ်တော့ စိတ်လည်း မရှုပ်ရဘူး။ ဒါပေမယ့် တစ်ချိန်လုံး ထိုင်နေရတဲ့ အတွက် ညောင်းတာ၊ နှုန်းတာလောက် တော့ရှိတယ်။ နောက်တစ်နေ့  တခြားသူတွေ မျက်လုံးတွေနီရဲပြီး တ၀ါးဝါးသန်းနေတဲ့ အချိန် ကိုယ်က အေးအေးဆေးဆေးပဲ။ ဒီလိုကြတော့လည်း အအိပ်မမက်တာ၊ အိပ်ပျက်ခံနိုင်တာ၊ ပေပေတေတေ နေတတ်တာ အတော်လေး ကောင်းသားလို့  တွေးမိပါရဲ့။ မန်နေဂျာကတော့ ပြောတယ်။ ငယ်သေးလို့  ဒီလို ခံနိုင်တာတဲ့။ သူတို့ အရွယ်ဆို ခံနိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ အခုတောင် ဟိုးအရင် ၇-၈နှစ်ကျော် ကျောင်းတတ်တုန်းကလောက်လို အိပ်ပျက်ခံ ပေတေ မနေနိုင်တော့ဘူး။

အခု ခွင့် ၂ ရက် ယူခွင့် ရတာ အတော်ပဲ ဖြစ်သွားတယ်။ လုပ်စရာလေးတွေရှိလို့  ခွင့်ယူဖို့  စဉ်းစားနေတာ၊ ခုတော့ Annual Leave ထဲက ယူသုံးဖို့  မလိုတော့ဘူး။ ဒါနဲ့  လာမယ့် တစ်ပတ်ကျော် တနင်္ဂလာနေ့  (၂၁-၀၉-၀၉) က Holiday ပဲ။ ၃ ရက် အားမယ်။ တနင်္ဂနွေက Hari Raya (၂၀-၀၉-၀၉) မို့  တနင်္လာ ပိတ်တာ။ ပြောသာ ပြောတာ ဒီနိုင်ငံမှာ အားလပ်ရက်တွေစွတ်ရလည်း အလုပ်မသွားရတာသာရှိတာ တခြားဘာမှ ထူးထူးခြားခြား လုပ်စရာလည်း မရှိဘူး။ ခရီးသွားဆိုရင်လည်း ကိုယ်နဲ့ အတူသွားမယ့်သူက မရှိ။ မိသားစုတွေ ချစ်တဲ့သူတွေ အနားမှာ ရှိရင်တော့ ကောင်းမှာပေါ့။ ခုတော့ ပျင်းစရာ ကောင်းတာ။ ရုပ်ရှင်ကြည့်လို့  မပြောနဲ့  .. ရိုးနေပြီ။ စာဖတ်လို့  လည်း မပြောနဲ့ ။ အဲဒါက ပိုတောင် ပျင်းဖို့ ကောင်းသေး။ အင်း.. ရေးရင်တောင် ပျင်းလာပြီ။ တော်ပြီ။ အလုပ် ဆက်လုပ် လိုက်အုံးမယ်။

September 07, 2009

07 Sept 2009

ဒီနေ့  နေလို့  မကောင်းဘူး။ လည်ချောင်းတွေယားပြီး ချောင်းပြန်ဆိုးနေတယ်။ ဒီ မနက်စာနဲ့  နေ့ လည်စာ စားလို့  မ၀င်ဘူး။ အခု ဗိုက်ဆာနေတယ်။ စားချင်စိတ်လည်း သိပ်မရှိဘူး။ အတော်ခံ ရခက်တာပဲ။ ဒီနေ့ အလုပ် အရမ်း မရှုပ်လို့  တော်သေးတယ်။

မနေ့ က အခန်းရှင်း လိုက်ခြင်းရဲ့ အကျိုးဆက်ရလာဒ် ဖြစ်မယ် ထင်တယ်။ ပစ္စည်းတွေ နေရာရွှေ့ တာ တင်မကဘူး ရှိသမျှ ပစ္စည်း ဖုန်ခါတယ်။ ကျန်တဲ့ နေရာတွေက ဖုန်သိပ် မရှိပါဘူး။ ဒါပေမယ့် အခန်းထောင့်မှာ ရှိတဲ့ ပန်ကာကို ဖုန်သွား ခါလိုက်မိတယ်။ အဲယားကွန်းပဲ သုံးတော့ အဲဒီ ပန်ကာကို လုံးဝ မဖွင့်ဖြစ်ဘူး။ ထောင့်မှာ ရှိနေတော့ လူလည်း မရောက်ဘူး။ မနေ့ ကမှ ကြည့်တော့ ဖုန်တွေတက်နေတာတွေ့ တာနဲ့  သန့် ရှင်းရေး လုပ်လိုက်တယ်။ ပန်ကာလေးတော့ သန့် သွားပါရဲ့ အဲဒီက ဖုန်မှုန့် တွေတော့ လည်ချောင်းထဲ ဘယ်လောက်ဝင်သွားလည်း မသိဘူး။

မနေ့ က ညနေပိုင်း စာလည်းပြန် ဖတ်ဖြစ်လိုက်သေးတယ်။ နိစ္စဓူဝ လုပ်နေကျအရာတွေ ထက် ထူးတာတွေ ပို လုပ်မိလို့  ကျန်းမာရေး ချူချာသွားတာလားလဲ မသိပါဘူး။

ဒီမှာ ခုရက်ပိုင်း နည်းနည်းအေးပြီး မိုးလည်း ရွာနေတယ်။ တနင်္ဂနွေနေ့ မနက်စောစောပိုင်းက မိုးရွာတာမှ သည်းသည်းမဲမဲပဲ။ လျှပ်စီးတွေလက် မိုးတွေချုန်း။ အဲလို မိုးရွာတယ်ဆို နိုးလာတာ များတယ်။ အသံနည်းနည်း ဆူတာနဲ့  နိုးတာပါပဲ။ နိုးပြီးရင်လည်း ချက်ချင်း ပြန်အိပ်လို့ မရ။ အအိပ်ဆက်တာ မကောင်းဘူး။ ဒါတောင် အရင်ကထက်စာရင် တိုးတက်လာတာ ဆိုရမယ်။ ခုနောက်ပိုင်း အသံနည်းနည်း ဆူတာလောက်ဆို အိပ်လို့ ရလာပြီ။

အစားအသောက်ပိုင်းက ဟိုး အရင်ကထက်စာရင် အများကြီးတိုးတက်တယ်။ အစာမှန်မှန် စားတတ်လာပြီ။ အိပ်တာတော့ လိုသေးတယ်။ အလုပ် ပင်ပန်းရင် အိပ်မရတာမျိုးက ရှိသေးတယ်။ အိမ်မှာဆို တခြားမောင်နှမတွေ နဲ့  ကျွန်မ ပြောင်းပြန်။ သူတို့ တွေက ဘယ်လို အချိန်မှာဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်တတ်တယ်။ ထိုင်ရက်လည်း အိပ်တတ်တယ်။ ချက်ချင်းလည်း အိပ်ပျော်တယ်။ အိပ်တော့မယ်ဆို အိပ်ယာထဲဝင်သွား၊ ခနနေ သွားကြည့် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ စိတ်ရှုပ်၊ အလုပ်ရှုပ်နေလည်း အိပ်ရေးတော့ လုံးဝ မပျက်ဘူး။ အိပ်ပျော်တာပဲ။ အိပ်ပျော်နေတုန်း သွားနိုး၊ ပြီးရင်ူဆက်အိပ်လို့  ရတာပဲ။ ကျွန်မဆို ဒါမျိုး လုံးဝ မရဘူး။ ဘယ်လို၊ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အိပ်ပျော်အောင် အိပ်နိုင်တဲ့သူတွေကို အားကျတယ်။ အဲလို ဖြစ်ချင်တယ်။

အခြားအချိန်ဆို အိပ်မပျော်တာ သိပ်အကြောင်းမဟုတ်ပေမယ့် အလုပ်ပင်ပန်းရင် လူအတော် ခံရတယ်။ အခုတလော အလုပ်အတော် ပင်ပန်းတယ်။ အစားအသောက် စားဝင်နေတော့ အဆင်ပြေပါတယ်။ နည်းနည်း ပြန်ပိန်သွားပေမယ့် ဟိုးအရင်ကလောက်တော့ မပိန်သွားဘူး။ လူကြီးတွေ စိတ်ချမ်းသာနိုင်သေးတာပေါ့လေ။

September 06, 2009

In Love With....

In Love With ..


29th August 2009

and

Mac



*******

Enjoy!

Speaker ၀ယ်ဖြစ်တာ ပြီးခဲ့တဲ့ စနေ နေ့ က။ Snow leopard ၀ယ်ရင်း တခါတည်းဝယ်ဖြစ်သွားတာ။ ပြီးခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေ ရှုပ်နေတာနဲ့  ခုအားလပ်ရက်မှ သေချာ နားထောင်ဖြစ်တော့တယ်။ အားလုံး နေသားတကျ ထားဖို့  ရှုပ်နေတဲ့ အခန်းကိုလည်း ရှင်းရသေးတယ်လေ။ ခုတော့ အားလုံး နေရာတကျဖြစ်သွားပြီ။

အခန်းရှင်းပြီးတာနဲ့  ရေမိုးချိုး အေးအေးဆေးဆေး သီချင်းနားထောင်ရင်း စာဖတ်ဖြစ်တယ်။ အရမ်း အရမ်းကို ကျေနပ် သဘောကျနေပါတယ်။