Pages

November 12, 2010

♥ In Love With...

From In Love With

အရုပ်လေး နှစ်ရုပ် ရတယ်။ ထူးထူးဆန်းဆန်းပဲ။ အရုပ် လက်ဆာင်ရတယ် ဆိုတာ မထူးဆန်း ပါဘူး။ တခြားသူငယ်ချင်း အပေါင်းအသင်းတွေစီက အကြိမ်ကြိမ် ရဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်စီကတော့ အခုလိုရတာဟာ ပထမဆုံးအကြိမ်ပါပဲ။ နှစ်ပေါင်းများစွာ အတွင်းမှာ သူပေးခဲ့တဲ့ အရာတိုင်းဟာ ကိုယ့်အတွက် အသုံးလိုမယ့်၊ အသုံးလိုတဲ့ အရာတွေကြီးပဲ။ ဒီတစ်ခါမှ ရှားရှားပါးပါးဆိုသလို အရုပ်လေး ၂ ရုပ်ပါလာတယ်။ ထူးဆန်းနေတယ်။ သေသေချာချာ သိမ်းထားရမယ်။

November 10, 2010

20101110

၀၀း၅၅ အိပ်ချင်စိတ် မရှိ၊ ကြိုးစားအိပ်ပါ။
၀၁း၂၇ အိပ်မပျော်သေးပါ။
၀၄း၁၂ တရေးနိုး။
၀၄း၁၄ စကားပြော။
၀၄း၂၀ ပြန်အိပ်ဖို့ ကြိုးစား။
၀၈း၄၅ မှ နိုးလာတယ်။ ရေချိုး အလုပ်သွားဖို့ ပြင်ဆင်။ (မနက် ၇း၄၅ နိုးစက် မမြည်။ အချိန်မှားပြောင်းထားမိသည်။)
၀၉း၀၅ ရထားဂိတ်ရောက်။
၀၉း၃၅ အလုပ်ရောက်သည်။
၁၀း၃၀ အပြင်ခဏ ပြန်ထွက်သည်။ မေးမြန်းစရာရှိတာ မေးမြန်းစုံစမ်းသည်။ အဆင်မပြေ။
၁၀း၄၅ အလုပ်ပြန် ရောက်သည်။ ရှာဖွေသည်။ နည်းလမ်းရှာသည်။
၁၂း၀၀ နေ့ လည်စာစားချိန် အပြင်သွားသည်။
၁၂း၂၅ စုံစမ်းမေးမြန်းရပြန်သည်။ အဆင်ပြေသည်။ စိတ်ချမ်းသာပါသည်။
၁၂း၄၀ အလုပ်ပြန်ဖို့ အဆင်မပြေ၊ အိမ်ခဏပြန်သည်က ပို၍အဆင်ပြေသည်။
၁၂း၄၅ ကားငှါးပြီး အိမ်ပြန်လာသည်။
၁၃း၀၀ အိမ်သော့မပါလာ။ အလုပ်မှာကျန်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ရပြန်သည်။
၁၃း၁၀ အိမ်ပြန်ရောက်သည်။ လူမရှိ။ ဘေးခန်းများတွင်လည်း လူမရှိ။ အိမ်ထဲမဝင်နိုင်။
၁၃း၃၅ သော့ပါသည့် ကလေးငယ် ကျောင်းမှ ပြန်ရောက်လာသည်။
၁၃း၄၅ အိမ်မှ ပြန်ထွက်သည်။
၁၄း၁၅ အလုပ် ပြန်ရောက်သည်။
.
အလုပ်လုပ်နေပါသည်။
.
၁၅း၄၀ ဦးနှောက်အနားပေး ဒီစာရေးသည်။
.
အလုပ်ဆက်လုပ်ရမည်။
.
၁၉း၀၀ တွင် Report တစ်ခု ပို့ ပေးစရာရှိသည်။
.
.
.
၁၉း၃၀ သွားစရာတစ်ခု ရှိသည်။
၂၀း၃၀ တွေ့ စရာတစ်ခု ရှိသည်။
၂၁း၀၀ လုပ်စရာတစ်ခု ရှိသည်။
၂၁း၃၀ သွားစရာတစ်ခု ရှိသေးသည်။
.
.
၂၄း၀၀ မထိုးမှီ အိမ်ပြန်ရောက်မည် မျှော်လင့်ပါသည်။

November 09, 2010

♦ Cartoons

From ThePhotoILike

Source: The Voice Weekly Journal (6-49, November 8-14, 2010)

ဒီကာတွန်းပုံထဲက အတိုင်းသာအပြင်မှာ အမှန်ဖြစ်မယ်ဆို ကိုယ်ဘယ်လိုလူမျိုးလဲ။ လောဘကြီးလား၊ ဒေါသကြီးလား၊ အပျော်ကြူးလား၊ အပျင်းကြီးလား၊ ယောင်ဝါးဝါးလား။ FB မှာ မဟနစံ ရှယ်ယာလုပ်ထားတာတွေ့ လို့ ။ ကာတွန်းဖတ်ပြီး The Voice Weekly Journal တွေကို Download လုပ်ဖတ်ကြည့်ဖြစ်တယ်။ အလုပ်များနေတာနဲ့  Journal တွေမဖတ်ဖြစ်တာ တောင်အတော်ကြာပြီ။ ဒီနေ့ တော့ အဟောင်း ၇ စောင်လောက် ဟိုကြည့်ဒီကြည့် ဖတ်ဖြစ်သွားတယ်။ ကာတွန်းဖတ်ချင်လို့  ဂျာနယ်တွေပြန်ရှာ ဖတ်ဖြစ်တာပါ။ ဒါပေမယ့် အစောင်တိုင်းမှာ Cartoons Of The Week အမြဲ ပါတာမဟုတ်မှန်း တွေ့ ရတယ်။ E-Book (PDF Version) မို့ လားတော့ မသိဘူး။ Joke Of The Week ကတော့ အမြဲပါတယ်။ Joke တွေလည်းမဆိုးပါဘူး၊ ဖတ်ကောင်းသားပဲ။

November 03, 2010

Who's Suing Whom? (InfoGraphic)

From ThePhotoILike

ဒီပုံကို InformationIsBeautiful ဆိုဒ်မှာ တွေ့ တာပါ။ အဲဒီဆိုဒ်ကို သဘောကျတယ်။ သတင်းအချက်အလက်တွေကို အခုလိုပဲ ပုံလေးတွေနဲ့  ပြပေးတယ်။ တကယ်ဆို ဒီပုံထဲ အချက်တွေကို နည်းပညာနဲ့ ဆိုင်တဲ့သတင်းတွေ ဖတ်လေ့ရှိသူတွေ အကုန်သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အခုလို ပုံလေးနဲ့  ပြထားတော့ အားလုံးကို လွယ်လွယ်ကူကူ ပုံလေး(InfoGraphic) တစ်ချက် ကြည့်ယုံနဲ သိခွင့်ရတယ်။

ဒီလို Infographics (Information graphics) တွေကြည့်ရတာ ကြိုက်တယ်။ စာဖတ်ရ သက်သာတယ်လေ။ စိတ်ဝင်စားတဲ့ သတင်းတွေကို ဖတ်တာ အကုန်ဖတ်မိဖို့ မလွယ်ဘူး။ အချိန်ရမှ သတင်းတွေ ဖတ်ရတာဆိုတော့ သတိမထားမိ လိုက်တာ၊ လွတ်သွားတာတွေ ရှိနိုင်တယ်။ (ဆင်ခြေပေးလို့ လည်း ယူဆနိုင်ပါတယ် ;))။ ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တွေဆို Reader တွေနဲ့ ဖတ်တာများပါ။ ဒါပေမယ့် မသိလိုက်တာတွေလည်း ရှိတာပဲ။ နေတိုင်းအချိန်ရရင် အကုန်ခေါင်းစဉ်လောက်တော့ အနည်းဆုံး ကြည့်ဖြစ်ပေမယ့်၊ အလုပ်များလို့  ၃-၄ရက် မဖတ်ဖြစ်၊ အသစ်တွေများနေရင် MakeAllAsRead ဆိုတာလေး နှိပ်လိုက်တတ်တဲ့ အကျင့်ကြောင့်ဖြစ်မယ်။ Infographics တွေတော့ ကြည့်တယ်။ အဲဒီထဲက ကိုယ်မသိတာလေးတွေတွေ့ လို့  သိချင်တာလေးများ ပေါ်သွားရင် လွယ်လွယ်ကူကူ Google လုပ် ရှာဖတ်လိုက်နိုင်တယ်။