Pages

April 17, 2019

New Year Wishes - Tin Moe

"နှစ်သစ်ဆုတောင်း"
 အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်၍
တွင်းအောင်ရသည့်ဘဝမှ လွတ်ပါစေ။

စိတ်ဓါတ်သေးနုပ်၊ ညဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။

တို့ အချင်းချင်း၊ ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့် ဘဝမှ လွတ်ပါစေ ။

သူကမမှန်၊ ငါကမှန်ဟု
တစ်ယူသန်စွဲ၊ စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ ။

သူ့ ဂုဏ်ကိုချ၊ ကိုယ့်ဂုဏ်ပြကာ
မာနစကား၊ တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။

မကောင်းမှုခင်၊ ကောင်းမှုကြဉ်သည့်
ဥာဉ်ဆိုးဥာဉ်မိုက်၊ မီးပုံမြှိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။

နှစ်သစ်မြတ်ဆု ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသော်..

 တင်မိုး
၁၇ - ၄ - ၉၁
နံနက်ခင်း
(မြန်မာ နှစ်ဆန်းတစ်ရက်  ၁၃၅၃ခု)

January 18, 2019

Burmese Zodiac Animal at Thursday Corner

ဓာတ်ပုံရိုက်ဖို့ လူရှင်းအောင်ဘေးလေးမှာ အသာရပ်စောင့်နေတုန်း

အသံတွေ.. အသံတွေ..
တစ်ယောက်က မေးတယ်.. ဒါဘာအကောင်လဲတဲ့
တစ်ယောက်က ဖြေတယ်.. ပူး.. 
နောက်တစ်ယောက်က ဖြေတယ်..ကြွက် 
ပူးပါ.. ကြွက်ပါ ငြင်းနေလိုက်ကြတာ

ကိုယ်မနေနိုင်တော့ ဝင်ပြောလိုက်တယ်..

ဒါက ကြာသာပတေး ထောင့်.. ကြွက်... လို့

သူတို့ ထွက်သွားမှာ သေချာငုံကြည့်မိ..

ပူးလား
ကြွက်လား
ဘာကောင်မှန်း 
ကိုယ်သေချာမသိတော့ပါ။