Pages

December 30, 2007

Get Well Soon

Myanmar Movies and Videos

အခုအားလပ်ရက်မှာ အပြင်မထွက်ဖြစ်လို့  အိမ်မှာရှိနေတဲ့ အချိန်အများစုမှာ အရင်တုန်းက ဒေါင်းလုတ်လုပ်ထားပြီး ဖတ်ဖို့  ကျန်နေတဲ့ ebooks တွေ ဖတ်လိုက်၊ မြန်မာ ဗီဒီယို တွေ ကြည့်လိုက်နဲ့  အပြည့်အ၀ အနားယူနေပါတယ်။ အင်တာနက်ကွန် နက်ရှင်ကောင်းရင် Streaming တွေ ကြည့်တယ်။ ကွန်နက်ရှင် နှေးတဲ့ အချိန်ကြတော့ ဒေါင်းလုတ် လုပ်ထားတာတွေ ကြည့်တယ်။ မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေတော့ မကြည့်ဖြစ်တာ ကြာနေလို့ လားမသိဘူး သူများတွေ တင်ထားသမျှ အကုန်မကြည့်ပဲ ရွေးကြည့်တာတောင် ခုချိန်ထိ ကြည့်စရာ မကုန်သေးဘူး။

Burmese Classic
MinThiLa - Free Movie Download
Khayan Pyar Ein Met
MyanmarWorld
Yet Another Myanmar Community - Forum
Shwe Dream - Sreaming Videos
Shwe Classic

December 28, 2007

Red Umbrella - Faith Hill



Sometimes life can get a little dark
I'm sure I've got bruises on my heart
Here come the black clouds full of pain
Yeah, you can break away without the chains

Your love is like a red umbrella
Walk the streets like Cinderella
Everyone can see it on my face

(So) let it rain
It's pourin' all around
Let it fall
(No) it ain't gonna drown me
After all
I'm gonna be okay
(So) let it rain
(Oh, let it rain)
(Let it fall)
(I'm gonna be okay)

Let it wash my tears away
Tomorrow's another day
Yeah

December 27, 2007

Splashup : Photo editing tool and Photo manager

Computer ထဲမှာ Software တွေအများကြီး မသွင်းထားချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် Web Application တစ်ခုပါ။
  • ဓာတ်ပုံတွေ Splashup မှာ တင်ပြီး တခြားသူတွေနဲ့  share လို့ ရတယ်။
  • Splashup မှာတင်ထားတဲ့ ပုံတွေကိုသာမက တခြား Photo Sharing sites တွေဖြစ်တဲ့ Flickr, Facebook နဲ့  Picasa မှာတင်ထားတဲ့ ပုံတွေကိုလည်း ပြင်ဆင်လို့  ရတယ်။
  • ပုံတွေ ပြင်ဆင်ရမှာ Crop ၊ Resize လုပ်တဲ့ Features တွေပဲရှိတာ မဟုတ်ပါဘူး။ တခြား pixel controls, layers, blends, filters, brushes, webcam effects, text editing စတဲ့ Feature တွေကိုလည်း အဲ့ဒီ Web Application ကိုသုံးပြီးလုပ်လို့ ရပါတယ်။
  • Splashup မှာ ပါဝင်တဲ့ Photo editing tools ဟာ Photoshop CS3 မှာ tools နဲ့  ခပ်ဆင်ဆင်တူတယ်လို့  ရေးထားတာ ဖတ်ရတယ်။ Splashup ကို စမ်းသုံးကြည့်ဖြစ်ပေမယ့် CS3 ကို မသုံးဘူးတော့ တကယ်တူမတူ မပြောတတ်ဘူး။
  • ပုံတွေ edit လုပ်လို့  တခါတည်းနဲ့  မပြီးနိုင်ရင်လည်း save လုပ်ပြီး နောက်မှ တခါ ပြန်ပြင်လို့ ရပါတယ်။
  • နောက်တစ်ခုကတော့ ပုံတွေ edit လုပ်ရာမှာ ပုံတွေ အများကြီးကို တပြိုင်နက် ပြင်ဆင်လို့ ရပါတယ်။
  • Splashup သုံးဖို့  အတွက် User Login လုပ်ဖို့ လိုအပ်ပေမယ့် Free Registeration ပါ။

Splashup အကြောင်း တခြားသူတွေ ရေးထားတဲ့ အချက်အလက်တွေကို သိချင်တယ်ဆို ဒီအောက်က လင့်တွေမှာ ဖတ်ကြည့်လို့ ရပါတယ်။
Splashup Review: Not Quite There
Splashup.com - Powerful Photo Editing For Pros, Novices

Credit to THKZ

အလိုအပ်ဆုံးအရာ

နဂိုက အအိပ်နဲရတဲ့အထဲ နည်းနည်းလောက် စိတ်ပင်ပန်း၊ စိတ်ရှုပ်၊ စိတ်အခန့် အသင့်တာတွေကြုံ၊ တစ်ခုခုကို စိုးရိမ်ပူပန်လာတာနဲ့  အိပ်မပျော်တတ်တဲ့ အကျင့်ဆိုးက ရှိနေတယ်။

ဒီရက်ပိုင်းမှာ အလိုအပ်ဆုံးအရာကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူရခြင်းပါပဲ။

သူငယ်ချင်းတစ်ယောက် ပြောဖူးသလို ပြောရမယ်ဆို စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုရှိလာတိုင်း ညဘက်တွေမှာ အိပ်မပျော်ဖြစ်တာ စိတ် မထားတတ်တာလို့  ဖြစ်ရတာတဲ့။ တချို့ များ စိတ်ထားတတ်တော့ ဘယ်အနှောက်အယှက်ဖြစ်စရာ ဘယ်လောက်ပဲ များနေပါစေ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အနေအထားမျိုးကို ရောက်နေပါစေ ချက်ချင်း အိပ်ပျော်သွားကြ၊ အဆင်ပြေသလို အိပ်တတ်ကြတယ်။ အဲ့ဒီလို လူတွေကို အခုအချိန်အထိ ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်နေသူတွေလို့  ယူဆတာကြောင့် အထင်ကြီး အားကျမိပါတယ်။

December 26, 2007

ခရစ်စမတ်ညမှာ သာတဲ့လ

ဒီနှစ် ၂၀၀၇ ခရစ်စမတ်ညမှာ သာတဲ့ လ ဟာ တောင်ပပြီး အရမ်းကို လှပနေခဲ့တယ်။ ကံကောင်းတဲ့သူတွေမှ အဲဒီလို တောက်ပနေတဲ့ လကို ခရစ်စမတ်ညမှာ မြင်ခွင့်ကြုံကြရမှာ ဆိုပြီး သူငယ်ချင်းတစ်ယောက်က သူမြင်နေရတဲ့ လရဲ့ပုံကို ဖုန်းနဲ့  ဓာတ်ပုံ ရိုက်ပြီး ပို့ ပေးခဲ့ ပါတယ်။ မနေ့ ညက ထွန်းလင်းတောက်ပနေတဲ့ လ ကို ဘယ်သူတွေများ တွေ့ မိ၊ သတိထားပြီး ကြည့်ဖြစ်ခဲ့ကြ ပါသလဲ။

Photo Credit to Hong Huei

December 25, 2007

Merry Christmas!


Don't Save It All For Christmas Day


Don't even wait a little while
To give them a little smile
A little is enough

How many people are crying
People are dying...
How many people are asking for love

Don't save it all for Christmas Day
Find a way
To give a little love everyday

Don't save it all for Christmas Day
Find your way
Cause holidays have come and gone
But love lives on
If you give on
Love...
Love...

December 19, 2007

How Busy Am I?

အားလပ်ရက်တွေ ရောက်တော့မယ်ဆိုတော့ အလုပ်ပါးလို့  အများစု ပျော်ရွှင်နေကြတဲ့ အချိန်မှာ၊ ကျွန်မ အလုပ် အရမ်းရှုပ်နေပါတယ်။

How Busy I Am!

December 18, 2007

The Blog Readability Test

လျှောက်ကြည့်ရင်း Blog Toy လေး တစ်ခုတွေ့ တာနဲ့ စမ်းကြည့်လိုက်တာ ကျွန်မ ဘလော့ကို ဖတ်ပြီး နားလည်ဖို့ ဆို High School လောက် ပညာရေးအဆင့်ရှိရုံနဲ့  နားလည် နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ ဟုတ်လောက်မယ်။ သိတဲ့အတိုင်း ကျွန်မက စိတ်ကူးပေါက်ရာ၊ စိတ်ကူးတည့်ရာတွေ လျှောက်ရေးတာ များတယ် မဟုတ်လား။ High School လောက်တတ်ဖို့  လိုတယ် ဆိုတာတောင် ဒီမှာ ရေးထားတာတွေများတော့ အဲ့လောက်မှ မတတ်ရင် အကုန်ပြီးအောင် ဖတ်နိုင်မယ် မထင်လို့  ဖြစ်ပါလိမ့်မယ်။ :D

cash advance
ဒါနဲ့  တချို့ ဘလော့တွေများ ရေးထားတာ သိပ်အဆင့်မြင့်လွန်းတော့ Genius အဆင့် ရှိမှသာ သူတို့  စာတွေ ဖတ်ပြီး နားလည်နိုင်မယ် ဆိုလား။ အရေအတွက်ထက် အရည်အချင်းက ပိုပြီး အရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်။ အားကျမိပါတယ်။ တချို့  ဘလော့တွေကြတော့လည်း သူတို့ ရေးထားတဲ့ စာတွေကို ဖတ်ပြီး နားလည်ဖို့ ဆို Genius အဆင့်မဟုတ်တောင် Collage ( PostGrad) အဆင့်လောက်တော့ အနည်းဆုံး တတ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း သတင်းပေးတယ်။

ကိုယ့်ဘလော့အကြောင်း ဘယ်သူတွေ ဖတ်ပြီး နားလည်မယ်ဆိုတာ စမ်းကြည့်ချင်တယ်ဆို ဒီမှာ သွားကြည့်လို့ ရပါတယ်။

Linux Journal ( January 2008 )

linuxjournal.com က ထုတ်တဲ့ Linux Journal ပါ။ လစဉ်တင်ပေမယ် စိတ်ကူးခဲ့ပေမယ့် ပို့ မယ့် သူကလည်း မေ့၊ တောင်းရမယ့် သူကလည်း သတိမရ ဖြစ်နေတာ 2007 August ထုတ် တင်ပြီးကတည်းကနေ အခုအချိန် အထိဆို လအတော်ကြာနေပါပြီ။ ဒီတစ်ခါတော့ ပို့ ပေးသူက သတိတရပို့ ပေးတာကြောင့် Year 2008 အတွက် ပထမဆုံး ထုတ်ဝေတဲ့ ဂျာနယ်၊ January လထုတ်ကို Lunix နှစ်သက်သူတွေ၊ စိတ်ဝင်စားသူတွေ ဖတ်နိုင်အောင် မျှဝေလိုက်ပါတယ်။
Credit to : THKZ

Related Link:
Linuxjournal.com
Old-Linux Journals

December 17, 2007

17 December 2007

သူငယ်ချင်းတစ်ယောက် သတင်းပေးတာ နဲ့  G2000 WareHouse Sales ကို နေ့ လယ်ပိုင်းမှာ သွားဖြစ်ခဲ့တယ်။ ပထမ သူငယ်ချင်းတစ်ယောက်က သွားဖို့ ခေါ်တုန်းက မလိုက်တော့ဘူးလို့  ပြောလိုက်တယ်။ ဒါပေမယ့် တခြား သူငယ်ချင်းတွေက သူတို့ သွားကြမယ်ပြောလာတော့၊ အိမ်မှာလည်း မနေချင်၊ G2000 ဆိုတော့ အလုပ်အတွက် ၀တ်ဖို့  သင့်တော်တာတွေ့ ရင် ၀ယ်လို့  ရနိုင်တာ တွေးလိုက်မိလို့  လိုက်သွားဖြစ်တယ်။

Sales ချပြီး ရောင်းတဲ့နေရာကို StreetDirectory မှာ ကြည့်လိုက်တော့ ကျွန်မ အရင်လုပ်ခဲ့တဲ့ အလုပ်နားမှာ ဆိုတာ သိလိုက်ရပေမယ့် ထုံစံအတိုင်း လမ်းတွေ အသေအချာ မမှတ်မိတာနဲ့  Toa Payoh MRT အထိ ရထားစီးပြီး အဲ့ဒီကမှ တဆင့် Taxi စီး သွားလိုက်တယ်။ သိပ်မဝေးတော့ Taxi ခ $S 4 လောက်ပဲ ပေးရပါတယ်။ Taxi မစီးချင်လည်း Toa Payoh MRT ကနေ Bus စီးမယ်ဆို No.8 ကို စီးပြီး သွားလို့ ရပါတယ်။ သိပ်မကြာဘူး။ Macpherson Road - POSB Bank ရှေ့မှာ ဆင်းလိုက်ပြီး လမ်းနည်းနည်းလျှောက်ရင် ရပါတယ်။ အဲ့ဒီ POSB Bank ရှေ့မှာ Siemens Centre ရှိတယ်။ မသိရင် ကားမောင်းတဲ့သူကို POSB မှတ်တိုင် ရောက်ရင်ပြောလို့ မှာ ထားလိုက်လို့ ရပါတယ်။ သွားရလွယ်ပါတယ်။ သူငယ်ချင်းတွေနဲ့  စုပြီးသွားတာဆိုရင် အသွားမှာ Bus စီးမယ့်အစား Taxi စီးသွားတာ အဆင်ပြေမယ် ထင်တယ်။ အနီးဆုံးဖြစ်တဲ့ Potong Pasir MRT ကနေ လမ်းလျှောက်သွားရင်လည်း ရတယ်။ Potong Pasir ကနေ သွားမယ်ဆို နေရာသိတယ်၊ သွားတတ်မယ်ဆို မိနစ် ၂၀ လောက်ပဲ လမ်းလျှောက်ရမယ်။ Ang Mo Kio မှာနေတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ AMK ကနေ တစ်ခါတည်း Taxi စီးသွားလိုက်တာ အဲ့ဒီနေရာ အရောက် S$7 လောက်ပဲကျတယ် ပြောတယ်။ ဒါက ဘယ်လို သွားလို့ ရတယ်ဆိုတဲ့ အကြာင်း။ အဲ့ဒီနားမှာ Levis ကို လျှော့ဈေးနဲ့  ရောင်းလေ့ရှိတဲ့ နေရာလည်းရှိတယ်။

ဟိုမှာ ဘာတွေရောင်းနေလဲ။ ကျွန်မ ကတော့ အဲ့ဒီကို သွားသာ သွားဖြစ်လိုက်တယ် ဘာတစ်ခုမှ မ၀ယ်ဖြစ်ခဲ့ပါဘူး။ အဲ့ဒီမှာ ဈေးချရောင်းနေတဲ့ အမျိုးသမီးဝတ် တွေထဲမှာ ကျွန်မနဲ့  အဆင်ပြေတာ ဆိုလို့  တစ်ခုမှ မတွေ့ မိဘူးလေ။ ကုတ်အိင်္ကျီတွေနဲ့  စတိုင် ဘောင်းဘီတွေ၊ Skirt တွေတော့ တွေ့ ပါတယ်။ ကိုယ်နဲ့  ဘယ်လိုမှ ၀တ်လို့ တော်မှာ မဟုတ်တဲ့ Size တွေပဲ ရှိမယ်ဆိုတာ သိနေတာကြောင့် အသေအချာတောင် မကြည့်ဖြစ်ခဲ့ပါဘူး။ သင့်တော်တာတွေ့ ရင် ၀ယ်မယ် စိတ်ကူးထားတဲ့ မိန်းမ၀တ် ရှပ်အိင်္ကျီတွေတော့ မတွေ့  သလောက်ပဲ။ မိန်းကလေး အ၀တ်အထည်တွေ သိပ်မကျန်တော့တာ ကျွန်မတို့ သွားတဲ့အချိန်က ညနေ့ ဖြစ်နေလို့ လားတော့ မသိဘူး။ ဒါပေမယ့် ယောက်ျားလေး ၀တ်တွေကတော့ အတော်များများ ရှိနေတယ်။ အတူသွားတဲ့ သူငယ်ချင်းတွေကတော့ တစ်ယောက်ကို ၃-၄ ထည်စီလောက် ၀ယ်ကြတာတွေ့ ရတယ်။ Size တွေကတော့ အစုံမရှိဘူးတဲ့။ ပြောကြတာပဲ။ ဒါပေမယ့် သူတို့  အတွက် Size တွေတော့ ရှိသေးလို့  ၀ယ်နိုင်တာ ဖြစ်မှာပါ။ ဘာမှ သိပ်မရှိတော့ဘူး။ ဒါတောင် လျှော့ရောင်းတာ ၂ ရက်မြောက်နေ့ ပဲရှိသေးတာပါ။ အဲ့ဒီ WareHouse Sales က 25 December အထိလို့  ကြေညာထားပါတယ်။ အ၀တ် ထုတ်ကြီးတွေ တွေ့ တယ် ဆိုတော့ အဲဒီ အထုတ်သစ်တွေ ထပ်ဖောက်အုံးမယ် ဆိုရင် ၀ယ်စရာတွေ ရှိမှာပေါ့။ ထပ်မဖောက်တော့ဘူး ဆိုရင်တော့ ၀ယ်စရာ ဘာမှရှိတော့မယ် မထင်။

သူငယ်ချင်းတွေ အ၀တ်တွေရွေးနေတုန်း ကိုယ့်မှာလဲ ၀ယ်စရာ၊ ရွေးစရာမရှိတာနဲ့  ဟိုဘက် လျှောက်လိုက်၊ ဒီဘက် လျှောက်လိုက်နဲ့  အ၀တ်တွေ ၀ယ်နေ၊ ရွေးနေတဲ့ သူတွေကို လိုက်ကြည့်ဖြစ်တယ်။ ကျွန်မ မသွားခင်ကတည်းက အဲဒီသွားပြီး ပြန်လာနေတဲ့ သူငယ်ချင်းက မြန်မာတွေ အများကြီးပဲ တွေ့ တယ်ဆိုတဲ့ အကြောင်း သတင်းပေးပါတယ်။ သူပြောတုန်းက ဟုတ်လားလောက်ပဲ ပြန်ပြောမိတယ်၊ ကိုယ်တကယ်ကြုံမှ သူပြောတဲ့ များတယ်ဆိုတာ ဘယ်လောက်များလည်း သိလိုက်ရတယ်။ စကားပြောသံတွေအရတော့ အဲဒီ အခန်းကျဉ်းလေးထဲမှာ ရှိနေတဲ့ လူနည်းနည်းလေးမှာ မြန်မာတွေက တ၀က်ကျော်လောက် ရှိမယ် ထင်တယ်။

အဲ့ဒီမှာ ဈေးဝယ်ပြီး သူငယ်ချင်းတစ်ယောက်က ကိစ္စရှိတယ်ဆိုတာနဲ့  Bus စီးပြီး အော့ချက်သွားဖြစ်တယ်။ နောက်တော့ Orchard မှာ သူငယ်ချင်းတွေ shopping လုပ်တဲ့ နောက်ကို လိုက်ပြီး ဟိုကြည့်ဒီကြည့်နည်းနည်း လုပ်ဖြစ်တယ်။ သူတို့  ၀ယ်လို့ ပြီးတဲ့ အချိန်မှာ အတော်ဆာနေပြီ။ ဒါနဲ့  CityHall သွားပြီး အင်းလေးမှာ ထမင်းစားဖြစ်တယ်။ ဖုန်းကတ်လည်း ၀ယ်ဖြစ်တယ်။ အိမ်ပြန်ရောက်တော့ ည ၁၀ နာရီလောက်ရှိနေပြီ။ ရေမြန်မြန်ချိုးပြီး အင်တာနက်တောင် မသုံးနိုင်တော့ပဲ တန်းပြီး အိပ်ရာဝင်ဖြစ် သွားပါတယ်။ အပြင် မထွက်တာကြာလို့ လား မသိဘူး၊ ဒီနေ့  အတော်လေး ပင်ပန်းသွားတယ်။ မစီးဖြစ်တာကြာတဲ့ Bus စီးလိုက်ရလို့ ပဲလား၊ လမ်းလျှောက်ရတာ များသွားလို့ လားတော့ မသိပါဘူး။ အားလပ်ရက်မှာ ဘာတွေရှုပ်လို့  ရှုပ်မှန်းမသိ ရှုပ်နေပြီး ဘယ်မှ မထွက်ဖြစ်၊ မသွားဖြစ်တာ အတော်ကြာနေပြီလေ။ အခု အားလပ်ရက်မှာတော့ ကတော့ သူများတွေ ဈေးဝယ်ထွက်ရာ လိုက်ဖြစ်သွားတယ်ပေါ့။ ဒါနဲ့ ဒီတစ်ပတ် ကြာသာပတေးနေ့  အလုပ်ပိတ်တယ် အင်း... အဲဒီနေ့ မှ ကိုယ့်အတွက် လိုတာလေးတွေ ထွက်ဝယ်ဖို့  ကြိုးစားကြည့် လိုက်ပါအုံးမယ်။

December 16, 2007

G2000 Warehouse Sales

14 to 25 Dec 07
11am to 7pm

Price Club Pte Ltd
19A Tannery Road
Singapore, 347731

Bus # 8, 61, 64, 65, 66, 90, 151 & 154

Goods sold are non-exchangeable & non-refundable.
While stocks last.
Payment by Cash & NETS only.

Related Links: G2000 Singapore

December 14, 2007

If I knew You and You knew Me

To Know All Is To Forgive All

If I knew you and you knew me--
If both of us could clearly see,
And with an inner sight divine
The meaning of your heart and mine--
I'm sure that we would differ less
And clasp our hands in friendliness;
Our thoughts would pleasantly agree
If I knew you and you knew me.

If I knew you and you knew me,
As each one knows his own self, we
Could look each other in the face
And see therein a truer grace.

Life has so many hidden woes,
So many thorns for every rose;
The "why" of things our hearts would see,
If I knew you and you knew me.

Nixon Waterman

December 13, 2007

Make Up Tutorial, Make Up and I

ဟိုရက်ပိုင်းက သူငယ်ချင်းတစ်ယောက်နဲ့  အလှပြင်တဲ့ အကြောင်း ထူးထူးခြားခြား စကားစပ်မိသွားရင်း၊ ခုခေတ် တချို့  ကောင်မလေးတွေဆို မိတ်ကပ် ပြင်ထားပေမယ့် ပြင်လို့  ပြင်ထားမှန်း မသိသာပဲ သဘာဝ အတိုင်းလို ဖြစ်အောင် ပြင်တတ်ကြတယ်ဆိုတဲ့ အကြောင်း ပြောဖြစ်သွားတယ်။ ပုံမှန် လှလှပပ၊ ပြင်ပြင်ဆင်ဆင်လေး နေတတ်သူတွေ အများစုကတော့ အဲဒီလို ဖြစ်အောင် ဘယ်လို ပြင်ရမယ်ဆိုတာ သိကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ မသိဘူး။ ကျွန်မ နဲ့  အရင်းနှီးဆုံးလို့ ဆိုရမယ့် သူငယ်ချင်း ကောင်မလေးတွေလည်း သိကြမယ် မထင်ဘူး။

သူငယ်ချင်းနဲ့  စကားပြောပြီး ကျွန်မ တစ်ခါကြည့်ဘူးတဲ့ သဘာဝအတိုင်းဖြစ်အောင် ဘယ်လို ပြင်ဆင်ရမယ် ဆိုတဲ့ Youtube က Vedio Chip လေးကို ပြန်ရှာကြည့်ဖြစ်တယ်။ အဲ့ဒီ YouTube ဖိုင်ကို နေးတစ်ဖိုရမ်က အလှအပ အကြောင်း Topic မှာ ပန်းပွင့်လေး သတင်းပေးထားလို့  သိခဲ့ရတာပါ။ ၇ မိနစ်ကျော်ကြာတဲ့ Video မှာ ဘယ်လို ပြင်ဆင်ရလည်းဆိုတဲ့ Conceal dark undereye circles, Mineral Conceraler, Mineral Foundation, Eyebrows, Eyeliner, Curl and mascera, Blush, Lips ဆိုပြီး အဆင့်ဆင့် ပြင်ဆင်ပုံကို ရှင်းပြထားတယ်။ ပြင်ဆင်ပြတဲ့ ကောင်မလေးက ချောချောလေးမို့  အဲ့လောက် ပြင်ယုံလေးနဲ့  လှနေတာလားတော့ မသိဘူး။ အတော်လေး ကြည့်ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အသုံးဝင်မယ် ထင်ပါတယ်။ အချိန်ရရင် အဲ့လို ပြင်ကြည့်ကြပါ။ သူလို့  ဖြစ်မဖြစ်လည်း ပြန်ပြောပြပေါ့လေ။




Michelle Pan ရဲ့ YouTube Profile မှာ တခြား အလှအပနဲ့  ပတ်သက်တဲ့ ပြင်ဆင်ပုံတွေလည်း ရှိပါသေးတယ်။ အခုလက်ရှိတော့ ဒီဟာလေးတွေ ရှိနေပါတယ်။
Eyeliner Tutorial - Pencil, Cream/Gel, Liquid
Basic Eyebrows Tutorial
Skin Clearing Treatment
Brighter Larger Looking Eyes - Makeup Tutorial
Basic Smoky Eye Tutorial

Credit to panpwintlay from NativeMyanmar and MichellePhan

December 10, 2007

Cartoon: Story of a Java Rebel

Java Rebel ရဲ့ ကြော်ငြာပါ။ "This is a story of an enthusiastic Java programmer who found JavaRebel and how it changed him forever. " လို့  ဆိုထားတယ်။
ဒီလင့်လေးလေးရတုန်းက Title မှာ A Java Programmer's Nightmare လို့  ရေးထားတာနဲ့  ချက်ချင်း ဖွင့်ကြည့် ဖြစ်သွားတယ်။ DZone မှာ ဒီလို့  နာမည်တပ်ထားတယ်လေ။ DZone မှာ လင့်တင်တုန်းက ကြော်ငြာကို ကြော်ငြာလို့  ထားလို့  ဆိုလား ZeroTurnAround's Blog မှာ ပြန်တောင်းပန်ထားတာလည်း တွေ့ ရသေးတယ်။ ထားပါ။ Java Rebel ဟာ သူ့ ရဲ့ ကြော်ငြာထဲကလို ဟုတ်မဟုတ်တော့ နောက်မှ စမ်းကြည့်ရအုံးမယ်။ အခုရက်ပိုင်း အလုပ်တွေရှုပ်နေလို့  စမ်းဖို့ ၊ ဖတ်ဖို့  အချိန်မရ သေးဘူး။

Credit to THKZ
Source: ZeroTurnaround

December 09, 2007

At New Home

အခုတော့ လူရော.. ရှိသမျှ ပစ္စည်းတွေရော.. အိမ်အသစ်ကို ရောက်သွားပါပြီ။ အင်တာနက်လည်း သုံးလို့  ရသွားပါပြီ။ နေရာအသစ်၊ အခန်းအသစ်မှာ အခြေကျအောင် ကြိုးစားနေပါတယ်။ ခုရက်ပိုင်း ရာသီဥတုကလည်း မိုးတစွတ်စွတ်နဲ့  နေလို့  သိပ်မကောင်းဘူး။ ဒီတစ်ခေါက် အိမ်ပြောင်းတာ လူရော၊ စိတ်ရော အတော်ပင်ပန်း သွားတယ်။ နောက်ပြီး လူတွေ အကြောင်းလည်း ပိုသိလိုက်ရတယ်။ ဘာတွေ ပိုသိလည်းဆို လူသားပီသလွန်းတဲ့ လူတွေအကြောင်းလို့ပဲပြောရမယ်။ ဘာပဲဖြစ်ဖြစ် အတွေ့ အကြုံ တစ်ခုရတယ်လို့ ပဲ သဘောထားလိုက် ပါတယ်။ နောက်ဆို ရှောင်ရန် ဆောက်ရန် အချက်တွေ၊ ဘယ်လိုလူတွေ ပေါင်းသင့်တယ်၊ ဘယ်လိုလူတွေကို ဝေးဝေးရှောင်ရမယ် ဆိုတာ ပိုသိလာတာ ကိုယ့်အတွက် တစ်မျိုးကောင်းတာပေါ့။ ဒါနဲ့  ကျွန်မ အခုနေရာ အသစ်မှာ အနည်းဆုံး ၆ လ လောက်တော့ နေဖြစ်ပါလိမ့်မယ်။ အဆင်ပြေရင်တော့ ဒီထက်ကြာကြာဆက်နေဖြစ်မယ် ထင်ပါတယ်။

အိမ်ရှာရာမှာ လူအား၊ နှုတ်အား နဲ့  ကူညီကြသူ အားလုံးနဲ့  စိတ်ညစ်လို့  ဖုန်းဆက်တိုင်း နားထောင်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အိမ်ဝယ်ဖို့ လည်း စိတ်ကူးမရှိတော့ ဒီမှာ နေသမျှတော့ အိမ်ပြောင်းတဲ့ဒုက္ခ ကြုံတွေ့ နေရအုံးမှာပါပဲ.. တစ်ယောက်တည်း ပြောင်းရရွှေ့ ရ၊ အိမ်ရှာရတာ အဆင်မပြေမှာ သေချာနေတော့... နောက်တစ်ခါ အိမ်ပြောင်းဖို့  ကြုံလာရင်လည်း ခုလိုပဲ တတ်နိုင်သလောက် ထပ်ပြီး ကူညီကြပါအုံးလို့  ခုထဲက ကြိုတင် အကူအညီ တောင်းထား လိုက်ပါတယ်။ :D

December 07, 2007

Friends Are ....

သူငယ်ချင်းများသို့ ...
အကြောင်းအရာ တစ်ခုခုရဲ့ လူအများမသိတဲ့ သတင်း၊ အတင်းဆိုလည်း.. အတင်းပေါ့ ... ဒါမျိုးတွေ ပြောမယ်ဆို ကိုယ်နဲ့  အမြင်တူမယ့် ယုံကြည်ရသူတွေကိုပဲ ပြောမှ ဖြစ်မယ်... မဟုတ်ရင် ပြဿနာပေါင်း များစွား ရှင်းလို့ ပြီးတော့မယ် မထင်...

ရန်ဖြစ်မယ်ဆိုရင်လည်း ကိုယ့်ကို တကယ် နာအောင် ချမယ်သူတွေနဲ့  တစ်ယောက်ချင်း ရန်ဖြစ်လို့  မဖြစ်ဘူးလေ။ :D အဲ.. တကယ်ချ ရတော့မယ်ဆိုရင်လည်း ကိုယ့်ဘက်က အဖော်လေးနဲ့ မှ ...

December 06, 2007

The 10 Most Marketable Web Development Skills

ခုရက်ပိုင်း အလုပ်တွေကရှုပ်၊ အိမ်မှာလည်း အင်တာနက် သုံးလို့ မရသေးတော့ သတင်းတွေကို အရင်ကလောက် မဖတ်ဖြစ်ဘူး။ ဒီနေ့ တော့ အလုပ်ရောက်တာ နဲ့  လုပ်စရာရှိတာတွေ မြန်မြန်လုပ်ပြီး အချိန်ရအောင်ယူလို့  သတင်းတွေ လိုက်ဖတ်ဖြစ်တယ်။ ဒီနေ့ ဖတ်မိသမျှ အကြောင်းအရာတွေထဲက Artical တစ်ခုကို သဘောကျသွားတယ်။

တိုက်ဆိုင်တယ် ဆိုရမလား၊ ကျွန်မ ခုရက်ပိုင်း Ruby ဆိုတာဘာလဲ၊ Perl ဆိုတာဘာလဲ၊ PHP နဲ့  Python ဘာကွာလဲ စတဲ့ မေးခွန်းတွေကို သူငယ်ချင်းတစ်ချို့ က မေးတာကြုံနေရတယ်။ Web Developement နဲ့  ပတ်သက်ရင် ဘာလေ့လာရမလဲ မေးတာတွေလည်း ကြုံတွေ့ ရတယ်။ ဘာကြောင့် ဟိုဟာမသုံးပဲ ဒီဟာသုံးတာလည်း ဆိုတာမျိုးတွေကလည်း မေးကြသေးတယ်။ ကိုယ်ကလည်း ကျွမ်းကျင်သူ မဟုတ်လေတော့ တချို့ မေးခွန်းတွေကို သူတို့ နားလည်အောင် ဖြေရတာ အတော်လေး ပင်ပန်းတယ်။ တကယ်ဆို အားလုံးက သူ့ ဟာနဲ့ သူတော့ ကောင်းနေကြတာ ပဲလေ။ နောက်ပြီး အလုပ်အတွက်၊ အလုပ်ရဖို့ အတွက်ပဲ ရည်ရွယ်ပြီး လေ့လာချင်တယ်ဆို ပိုပြီး ဖြေရခက်တယ်။ နိုင်ငံအလိုက် လိုအပ်ချက်တွေကလည်း ကွာခြားတယ် မဟုတ်လား။

The 10 Most Marketable Web Development Skills ဆိုတဲ့ Artical မှာ အခု Market မှာ အရေးပါနေတဲ့ Languages 10 မျိုးနဲ့  အဲ့ဒီ Programming Language တစ်ခုချင်းစီက ဘာလဲ၊ ဘာကြောင့် အရေးပါတာလဲ နဲ့  ဘယ်နေရာမှာ လေ့လာနိုင်တယ်ဆိုတဲ့ Links တွေနဲ့  အချက်အလက်တွေကို စုစည်းပေးထားပါတယ်။

The 10 Most Marketable Web Development Skills - Read/Write Web
1. ASP & VBScript
2. C# or VB.Net
3. Flash & ActionScript
4. Java
5. JavaScript & AJAX
6. Perl
7. PHP
8. Python
9. Ruby & Ruby on Rails
10. Structured Query Language (SQL)

သူပေးထားတဲ့ Languages တွေ အစီအစဉ်အတိုင်း Market မှာ Popular ဖြစ်မဖြစ်တော့ ကျွန်မလည်း သေချာ မသိဘူး။ ဒါပေမယ့် Web Development ပိုင်းမှာ အလုပ်လုပ်နေသူတွေ ဖတ်ကြည့်သင့်တယ်လို့ ထင်မိတာနဲ့  မဖတ်မိသူတွေ ဖတ်ဖြစ်သွားအောင် မျှဝေလိုက်တာပါ။

Source : Read/Write Web

December 05, 2007

Good Morning!!!


Good morning !!!!!
It's a new day
I hope things get better
For this I did pray
May all of your problems
Be out on their way
On this bright morning
That starts this new day

December 04, 2007

4th December 2007

တန်းဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ .. ဒီနေ့ အမျိုးသားနေ့ တဲ့..

၂၀၀၇ ဒီဇင်ဘာ ၄ ရက်... အင်္ဂါနေ့ ..
ကျွန်မအတွက်တော့ ဒီနေ့ ဟာ အဆင်မပြေမှု့တွေ စုပြုံကြုံတွေရတဲ့ နေ့ တစ်နေ့ ပါပဲ..
မနက်မိုးလင်းထဲက ခုအချိန်ထိ ကြုံတွေရသမျှ တစ်ခုမှ အဆင်မပြေဘူး..
စိတ်ပင်ပန်း လူပင်ပန်း... အော်ဟစ်ပေါက်ကွဲ ပစ်လိုက်ချင်နေပြီ...
ဟင်း.... မလွယ်ဘူး... မလွယ်ဘူး...
စင်္ကာပူမှာနေရတာ အတော်လေး မလွယ်ဘူး...
သူငယ်ချင်း ပြောသလိုပဲ.. ကိုယ်မှ ဘာမှ မတတ်နိုင်တာမျိုးတွေပဲလေ..
စိတ်လျှော့... စိတ်လျှော့ပြီး ဖြစ်သမျှ လက်ခံ၊ အဆိုးထဲက အကောင်းရှာပြီး အဆင်ပြေအောင် ကြိုးစားရုံသာ ရှိတော့တာပေါ့..
ဘာကြောင့်များ အဆင်မပြေတာတွေကို တစ်ချိန်ထဲမှာ စုပြုံကြုံတွေ့ ရတာပါလိမ့်...
ခံနိုင်ရည်ကို စမ်းသပ်နေတာလား..
ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာတော့ အဆင်ပြေသွားမယ်ထင်ပါတယ်..
ဒီမနက်ဖြန် အဆင်မပြေလည်း နောက်မနက်ဖြန်ပေါ့...
ကောင်းသော မနက်ဖြန်များကို မျှော်လင့်ရင်းနဲ့ ပဲ.....

December 02, 2007

A Great Love?

Me2You ကြိုက်သော သူငယ်ချင်းများနှင့် အချစ် ဆိုတာဘာလဲ သိချင်နေသော၊ အချစ်ကို လိုက်လံရှာဖွေနေကြသော သူငယ်ချင်းများအတွက် :D

Sweet December, 2007!

The new month, the last month of year 2007, is almost here!
Sweet December to You ALL!!

December 01, 2007

Happy November 2007!

နိုဝင်ဘာရဲ့ နောက်ဆုံးနေ့ ..
အနှစ်သက်ဆုံးလ၊ အမျှော်လင့်ဆုံး လတစ်လ...
မကြာခင်ကုန်ဆုံးတော့မယ်..

ဒီနိုဝင်ဘာလ အတွင်းမှာ ...
လိုချင်ပေမယ့် အချိန်မှီ မရတော့မှာ သေချာသွားပြီးဖြစ်တဲ့ အရာတွေ...
ကြားချင်ပေမယ့် လုံးမ၀ မကြားရတော့မှာ သေချာသွားတဲ့ အသံတွေ....
ရှိခဲ့ပါတယ်...
အချိန်မှီ ရမှာ မဟုတ်မှန်း၊ စကားသံတွေ ကြားရမှာ မဟုတ်မှန်း....
သိသလိုလိုရှိနေပေမယ့် လက်သင့်မခံချင်ပဲ မျှော်လင့်နေခဲ့မိတယ်..
လဆန်း ၁ရက်နေ့ ကနေ နောက်ဆုံး ၃၀ ရက်နေ့ အထိ..
ဘယ်အချိန်မှာများ ရလိုက်မလဲ...
ခုဆို ည ၁၂ နာရီ ထိုးတော့မယ်..
မကြာခင် မိနစ်ပိုင်းအချိန်လေးမှမှာ နိုဝင်ဘာလကုန်ဆုံးလို့  ဒီဇင်ဘာလကို ရောက်တော့မယ်
စိတ်လျှော့လိုက်ဖို့ သင့်ပြီပေါ့ ...
မရနိုင်တာ သေချာသွားပြီလေ ...

ဒီတစ်လလုံး ဘာတွေ ဖြစ်ခဲ့သလဲ... ပြန်စဉ်းစားကြည့်မိတယ်..
အိမ်ပြောင်းဖို့ ကိစ္စနဲ့  စိတ်ပင်ပန်းရတာရယ်..
အလုပ်နည်းနည်း များတာရယ်ကလွဲရင် တခြား အရမ်းစိတ်ညစ်ရတယ်၊ စိတ်ရှုပ်ရတယ် ဆိုတာမျိုး မကြုံခဲ့ရဘူး..
လွတ်လွတ်လပ်လပ် ပြုံးပျော်နေခဲ့တဲ့ရက်တွေ အရမ်း မများပေမယ့် ရှိခဲ့တယ် ဆိုရမယ်..
၂၀၀၇ မှာ Happy November ဆိုတဲ့စကား ...
မမှားခဲ့ပါဘူး..

November 30, 2007

ကျောင်းဖွင့်ချိန် - ရွှေဘုန်းလူ

ဟိုတစ်ရက်က ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ရွှေဘုန်းလူရဲ့ ကျောင်းဖွင့်ချိန် ကဗျာကို Scan ဖတ်ထားတာ မလိုချင်ဘူး၊ PDF ဖိုင်နဲ့  မလိုချင်ဘူး၊ မြန်မာစာလုံးတစ်ခုခုနဲ့ ရေးထားတာကို လိုချင်ပါတယ်ဆိုလာလို့  ကျွန်မ မှာရှိနေတဲ့ ဇော်ဂျီ မြန်မာယူနီကုတ်နဲ့Typing လုပ်ထားတဲ့ စာသားတွေကို ပေးဖြစ်လိုက်တယ်။ သူ့ လိုပဲ လိုချင်သူတွေ ကူးယူနိုင်အောင် ကျွန်မှာရှိနေတဲ့ ကဗျာရေးပြီးသားကို ဒီမှာ ပြန်လည်မျှဝေလိုက်ပါတယ်။ နောက်ပြီး ဒီမှာမှတ်ထားတော့ မပျောက်တော့ဘူးပေါ့။ Computer ထဲမှာဆို တစ်ခါတလေ ပြန်လိုချင်ရင် အတော် ရှာရခက်တယ်။

ဒီကဗျာက အားလုံးသိကြတဲ့အတိုင်း ရွှေဘုန်းလူ ခေါ် တာရာမင်းဝေ ရဲ့ နာမည်ကြီး ကဗျာတစ်ပုဒ်ပါ။ အပိုဒ် ၁၀ ပိုဒ်ပါဝင်ပါတယ်။ ဒီကဗျာမှာ ကျွန်မ အကြိုက်ဆုံးကတော့ နောက်ဆုံး စာပိုဒ် အပိုင် ၁၀ ပါပဲ။

ကဗျာတစ်ပုဒ်လုံးကို ဖတ်ချင်ရင် ကဗျာခေါင်းစဉ်ကို click လုပ်ပါ။
(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဗြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

ရွှေဘုန်းလူ

ကျွန်မမှာလည်း ဒီကဗျာကို အင်တာနက် တစ်နေရာမှာ တွေ့ လို့  ကူးယူထားလိုက်တာပါ။ ကြာတော့ကြာပြီ။ ဘယ်နေရာကလည်း မမှတ်မိတော့ဘူး။ မူရင်း အပင်ပန်းခံ Typing လုပ်ထားသူကို ကျေးဇူးတင်ပါတယ်။

ကျောင်းဖွင့်ချိန် - ရွှေဘုန်းလူ ( PDF - Mediafire)

Myanmar and IS UNITS

အလုပ်က စင်္ကာပူရီးယမ်း သူငယ်ချင်းတစ်ယောက်က ကမ္ဘာပေါ်မှာ IS UNITS ( International System Units) တရားဝင် မသုံးတဲ့ နိုင်ငံ ၃ နိုင်ငံပဲရရှိတဲ့ အထဲမှာ နင်တို့ မြန်မာနိုင်ငံပါတယ်၊ ဒီမှာကြည့် ဆိုပြီး ကျွန်မစီ ပို့ ပေးတဲ့ ပုံလေးပါ။ သူ မနေ့ က အင်တာနက်ပေါ်မှာ လျှောက်ကြည့်ရင်း Believe It or Not! ဆိုဒ်မှာ တွေ့ လို့  ကျွန်မကို ပြရအောင် သိမ်းထားတာ ဆိုပြီးလည်း ပြောပါသေးတယ်။
မြန်မာနိုင်ငံလိုပဲ IS Units မသုံးတဲ့ တခြား နိုင်ငံနှစ်ခုကတော့ Liberia နဲ့  USA ပါ။ အင်တာနက်ပေါ် နည်းနည်းလိုက်ကြည့် လိုက်တော့ ဒီဆိုဒ်ကို လည်း တွေ့ ရတယ်။

အင်တာနက်ပေါ်မှာ အဲ့ဒီအကြောင်း ရေးထားတာ တချို့ ကိုတွေ့ ရတယ်။ ယူအက်စ်က ဘာကြောင့် မသုံးလည်း ဘာလဲဆိုတာတွေ။ ခေါင်းရှုပ်နေလို့  လိုက်ဖတ်ရတာ စိတ်မရှည်ဖြစ်နေတယ်။ နောက် အချိန်ရ၊ စိတ်ကြည်လင်မှ ထပ်ပြီး လိုက်ရှာဖတ်ကြည့်အုံးတော့မယ်။

Other Links:
Metrication (Wiki) , The Metric System in the United States

November 27, 2007

Looking for a room to rent..

ဟိုတလောကတင် အိမ်ပြောင်းထားတယ်။ အခုမကြာပါဘူး အိမ်ထပ် ပြောင်းရပြန်အုံးမယ်။ အိမ်ပြောင်းဖို့ အခန်း လိုက်ရှာနေတာ ခုချိန်ထိ မရသေးဖူး။ ခုတလော အဲ့ဒီ အခန်းငှါးဖို့  ကိစ္စအတွက် အလုပ်ရှုပ်၊ စိတ်ရှုပ် ဖြစ်နေတာပါ။ စင်္ကာပူရီးယမ်း လူမျိုးခြားတွေအိမ်မှ တစ်ခန်းငှားနေလို့  ရတာတွေတော့ တွေ့ ပါတယ်။ အဲ့လိုလည်း မနေချင်လို့  ဖြစ်နိုင်မယ်ဆိုရင် မြန်မာတွေနဲ့  ရှယ်နေလို့ ရအောင် အခန်းလိုက်ရှာ နေတာပါ။ ကျွန်မမှာကလည်း ဒီနိုင်ငံမှာ အသိသိပ်မရှိတော့ အပေါင်းအသင်းပေါတဲ့၊ လူသိများတဲ့ သူငယ်ချင်းတွေကို အပူကပ်ပြီး၊ အခန်းငှါးဖို့  မေးပေးပါ၊ လိုက်ရှာပေးပါ အကူအညီတောင်းထားရ ပါတယ်။ ဒီိကိုလာလေ့ရှိတဲ့ သူငယ်ချင်းတွေလည်း အခန်းငှါးဖို့ ရှိတယ် ကြားရင် သတင်းပေးကြပါအုံး။

တော်ရုံနဲ့  ကျွန်မစီကို ဘယ်ဧည့်သည်မှ လာလေ့မရှိပါဘူး။ တစ်ယောက်တည်း နေတတ်ပါတယ်။ နောက်ပြီး အိမ်မှာ ကျွန်မ ရှိနေရင်တောင် ရှိနေမှန်း မသိအောင် တိတ်တဆိတ်နေတတ် ပါသေးတယ်။ ကွန်ပြူတာနဲ့  အင်တာနက် ရှိနေရင် ပတ်ဝန်းကျင်ကို မေ့နေတတ်သူတွေကို စာရင်းလိုက် ပြုစုမယ်ဆိုရင်၊ အဲ့ဒီစာရင်းမှာ ထပ်ဆုံးက မဟုတ်တောင် အလယ်လောက်ကတော့ ကျွန်မ ပါလိမ့်မယ် ထင်ပါတယ်။

လိုချင်တာကတော့ တစ်ယောက်တည်း တစ်ခန်း၊ အဲ့လို အိပ်ခန်း တစ်ခန်းလုံး ရနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ common roomပဲဖြစ်ဖြစ် master room ပဲဖြစ်ဖြစ် ရပါတယ်။ လုံးဝမဖြစ်နိုင်ရင်တော့ ရှယ်နေရမလားတောင် မသိတော့ပါဘူး။ ကိုယ်က တစ်ယောက်တည်းနေနေတာ ၇နှစ်ကျော်ပြီးဆိုတော့ ရှယ်နေတယ်ဆို၊ ကိုယ်အချိန်မတော် အိပ်တတ်ပုံ၊ ကွန်ပြူတာသုံးတတ်ပုံတွေနဲ့ အတူ တစ်ခန်းထဲနေတဲ့သူကို အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တာပါ။ နေရာကတော့ အခုလက်ရှိ ကျွန်မ အလုပ်လုပ်နေတာက မြို့ လယ်မှာဆိုတော့ ဘယ်နေရာမဆို အမ်အာတီနဲ့  နီးရင်၊ သွားလာရလွယ်ရင် အဆင်ပြေပါတယ်။

Update: 30 November 2007 :
ဒီနေ့ ပဲ တစ်ခန်းတော့ ယူမယ်ပြောလိုက်တယ်။ ဒါပေမယ့် သေချာအောင် မနက်ဖြန် နောက်တစ်ခေါက် သွားကြည့်ပြီးမှ သေချာ confirm ဖြစ်မှာ။ အဆင်ပြေရင် ကိစ္စမရှိဘူး၊ အဆင်မပြေရင် တခြားအခန်း ရွေးရကြည့်ရအုံးတော့မယ်။ မြန်မြန်ပြောင်းပြီးမှပဲ အေးမှာ။ ကူညီပေးကြသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ :)

Update: 28 November 2007
comment က တဆင့် သတင်းပေးတဲ့ သူငယ်ချင်းတွေ၊ ဖုန်းဆက်၊ အီးမေးပို့  သတင်းပေးတဲ့ သူငယ်ချင်းတွေ နဲ့  ဆက်သွယ်လိုက်ရှာပေးနေတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှာနေတုန်းပဲ။ ခုထိတော့ အိမ်ခန်းမရသေးဘူး :(

November 26, 2007

Do you know where Google stores data?

အားလုံးသိကြတဲ့ အတိုင်း Google က သူရဲ့ Free Service ဖြစ်တဲ့ Gmail ရဲ့ Storage Size ကို နေ့ စဉ်နဲ့ အမျှ တိုးတိုးပြီး ပေးနေပါတယ်။ Gmail Mail size တစ်နေ့ ဘယ်လောက်တိုးပြီး ရနေသလဲ မသိရင် ကို TAZ ရေးထားတာကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ အဲ့ဒီလောက် နေ့ စဉ်အမြဲ တိုးပေးနေနိုင်အောင် ဂျီမေးကို ဘယ်နေရာမှာ သိမ်းထားလဲ။ Google ရဲ့ ၀န်ဆောင်မှု့ ကို သဘောကျသူတွေက Google ရဲ့ Gmail Storage ရှိတဲ့ နေရာကို ဒီလို ပုံလေး ဆွဲပြထားတာ တွေ့  မိပါတယ်။
ပုံအကြီးကို ကြည့်ချင်တယ်ဆို အခုအပေါ်က ပုံကို click လုပ်ပြီး ကြည့်နိုင်ပါတယ်။

ပုံအရဆိုရင်တော့ ကမ္ဘာကြီးရဲ့ အတွင်းမှာ သိမ်းထားတာတဲ့။ ဟုတ်မှာ။ :D ဒါကြောင့်လည်း တစ်နေ့ ထက် တစ်နေ့  Storage Size ကို တိုးပြီး ပေးနေနိုင်တာ ဖြစ်ပါလိမ့်မယ်။ နောက်ဆို ကမ္ဘာကြီးထဲမှာ သိမ်းလို့  မဆန့် တော့လို့  ဟိုးစကြာဝဋ္ဌာကြီးထဲက တွင်းနက်ကြီးတွေထဲမှာ သိမ်းရတော့မယ် ထင်တယ်။ ပုံလေးကို ကြည့်ပြီး သဘောကျလို့  မှတ်ထားလိုက်တယ်။

Credit to THKZ

November 23, 2007

High Hope


Pink Floyd - High Hopes

Nightwish - High Hopes

The grass was greener
The light was brighter
The taste was sweeter
The nights of wonder
With friends surrounded
The dawn mist growing
The water flowing
The endless river

Forever and ever

The fourth Thursday of November



The fourth Thursday of November
22 November 2007
Dear Mum and Dad,
I'm very thankful to you for making me who I am today. I love you much!

Dear Friends,
Many thanks to all of you for your wishes. You all are the best!!!

November 22, 2007

Are you LONELY at Work?

Are you lonely??

Don't like working on your own ?
Can't make decisions ?
Then call a MEETING !!

You can ...

SEE people ..... FEEL important
DRINK free coffee .. FEEL important
DRAW flowcharts .. FEEL important
EAT free lunch.. FEEL important
FORM subcommittees ... FEEL important
IMPRESS your colleagues .. FEEL important
MAKE meaningless recommendations .. FEEL important

ALL on COMPANY TIME !!!

MEETINGS . . .
The practical alternative to work

ဒီလေးဖတ်ပြီးမှ အလုပ်မှာ မီတင်... မီတင်.. ဆိုပြီး တချိန်လုံး ဘာကြောင့် ခေါ်နေရသလဲဆိုတာ သိရတော့တယ်။

Thanks SMA for the email..
Source : musicentre.co.uk

November 21, 2007

Happy Birthday, Mom


Wishing you have a wonderful birthday and Many More!!
I love You, Mom!!
ဒီနေ့  တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ ...
ကျွန်မ့ မေမေ ရဲ့ မွေးနေ့ ...

November 20, 2007

My Sole Wish by Moe Hein

ဒီနေ့  မိုးဟိန်း (သားဂျာနယ်ကျော်) ရေးတဲ့ ကဗျာတစ်ပုဒ်နဲ့  စာသားတစ်ချို့ ကို ပြန်ပြီး ဖတ်ဖြစ်တယ်။ ကဗျာကိုလည်း သဘောကျပါတယ်။ ရေးထားတဲ့ စာတွေကိုလည်း နှစ်သက်ပါတယ်။ အင်္ဂလိပ်စာ အရေးအသားကလည်း ပြောစရာမလိုအောင် ကောင်းပါတယ်။

“My Sole Wish”
In this very country
I wish to be reborn
loving and serving it.

I breathe its air
I eat its food
and grow up as a tree.

I care not storms
I fear not winds
come whatever for.

Happy am I
to live and die
on this beloved soil.
And to be its citizen
once again, to love and serve.

For a fish, no place is better than a river. For a bird, no happier can it be than in the woods. For man, a question also rises, what is the best? I, for one, would answer “his homeland.” Do I sound patriotic? But that is not the point. It is simply a man’s love for his soil.
Whenever I travel up or down country, a feeling of gratitude and joy overwhelms me. The fields, things growing, valley or mountain, monuments or houses, people at work, children playing, and etc. …all become a quilt. Patterns and colours may differ but the quilt is one piece. Likewise, society and surrounding merge into oneness.
Looking at this oneness of souls and soil, in other words, a country and its citizens, I am filled with pride. Since days of yore, our ancestors have gone through thick and thin, weal and woe. Times may be good, times may be bad as history will show, but we have not lost our identity. The struggle for the better continues.
As a Buddhist, and as a devotee, I do believe in “the rounds of birth”. I do not know my past life nor the future. What matters most is the present. Here, in this country, I was born. Here, I have grown up. I have enjoyed all the merits that this country could give. From the time of our forefathers to the present, the shaping and making of this country is the greatest task. With sweat and blood, the noble ones have toiled and sacrificed for this generation and for more to come. We are indebted to them. Being a son of this soil, I must serve so. Out of love and duty, and to the best of my ability, I must do utmost for the land I live in. For me, one life is not enough to fulfill this wish.
Let me be born here again, in Myanmar. I fear not what I have to face. Whatever the odds. So long as I am a citizen breathing its air, quenching my thirst with its water, and living on its produce, I shall be happy. My head and heart will uphold and cherish all the values of the land I am born in. To be among one’s countrymen and serve the land together, is my sole wish. Nothing great, just a simple and strong wish, may I say.

Photo Source : Myanmarventure

20 November 2007


November 18, 2007

Enjoy Weekend!


Hope you all enjoy yours', ... doing Just what you love to!

အခု အားလပ်ရက်မှာ ဘယ်မှမသွားဖြစ်ပဲ၊ အိမ်က ထည့်ပေးလိုက်တဲ့ အစားအစာတွေ စားလိုက်၊ အိပ်လိုက်နဲ့  အပြည့်အ၀ အနားယူနေပါတယ်။

ကျွေးတော့ မကျွေးပဲ အစားအသောက်ပုံတွေ တင်လိုက်၊ အစားအသောက် အကြောင်းတွေပဲ ရေးလိုက် လုပ်နေတယ် ဖြစ်မှာ စိုးတာနဲ့  Hide လုပ်ထားပါတယ်။ သိချင်တယ်ဆိုရင်တော့ အောက်က Link ကို Click လုပ်ပြီး ဖတ်ကြည့်လို့ ရပါတယ်။ ;)

အစားအသောက်များ

အခုရက်ပိုင်းတွေမှာတော့ အဲဒီ အစားအသောက်တွေစားရင် မိဘနှစ်ပါးရဲ့ ကျေးဇူး အထူးကြီးမားပါလားလို့  တွေးတွေးပြီး အိမ်ကို သတိရနေတော့မှာပါပဲ။ :D

November 16, 2007

ရှောက်သီးသုတ် နဲ့  ကြာဇံဟင်းခါး

ဗိုက်ဆာလို့  ကွန်ပြူတာထဲမှာရှိနေတဲ့ စားစရာပုံ တွေကြည့်နေတာ ဒီထဲက လုစားခဲ့ရတဲ့ ရှောက်သီးသုတ်၊ ကြာဇံဟင်းခါး နဲ့  ဟို ကြင်စဦး ဇနီးမောင်နှံ အစ်ကိုကြီးနဲ့ မမ စားတဲ့ ဆီချက် ခေါက်ဆွဲနဲ့  လက်ဘက်ရည်ကို စားချင်သောက်ချင်စိတ်တွေ ပေါက်လာတယ်။ နောက်ပိုင်း ရှောက်သီးသုတ်နဲ့  ကြာဇံဟင်းခါးကို အကြိမ် အတော်တော်များများ စားဖူးပေမယ့် အဲ့ဒီတစ်ခါ စားသလောက် စားမကောင်းတော့ဘူး။ အဲ့ဒီတုန်းက ကျွေးတဲ့သူတွေက စေတနာကြောင့် စားကောင်းနေတာ ဖြစ်မှာပါ။ ( နောက်တွေ့ တဲ့အခါ ထပ်ဝယ်ကျွေးချင်စိတ် ပေါက်လာအောင် တမင်ရေးတာ မဟုတ်ပေမယ့် ကျွေးမယ်ဆိုတာကို သိနေပါတယ် :D)

Migrate your domain email address to Google

ကိုယ်ပိုင် Domain နဲ့  အီးမေးကိုသုံးလည်း သုံးချင်၊ ကိုယ်တိုင် Maintain လုပ်ရမှာ စိတ်မရှည်၊ အီးမေး အတွက် အကုန်အကျ မခံချင်သူတွေအတွက် အသုံးဝင်တဲ့ Information တစ်ခုပါ။ Google Apps Service အကြောင်းကို အတော်များများလည်း သိပြီးရမယ် ထင်ပါတယ်။


အဲ့ဒီမှာ ကိုယ်ပိုင် Domain ရှိရင် Google Apps မှာ signup လုပ်ပြီး MX records ကို Google ကို point လုပ်လို့ ရတဲ့အကြောင်း နဲ့  ဘယ်လို Setup လုပ်ရမယ်၊ ဘာတွေ အားသာချက်တွေရှိတယ် ဆိုတာကို ရေးထားပါတယ်။ အားနည်းချက်တွေနဲ့  တခြားသူတွေရဲ့ အမြင်တွေကိုလည်း အဲ့ဒီပိုစ့်က Comments မှာ ဖတ်လို့ ရပါတယ်။

ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင် Email အပြင် Google ရဲ့ တခြား serive တွေဖြစ်တဲ့ Google Docs and Spreadsheets, Google Calendar, Google Talk စတာတွေကိုပါ သုံးလို့ ရမှာပါ။ Email အနေနဲ့ ကတော့ Free ပေးတဲ့ Standard Edition မှာ အခု ကျွန်မတို့  free သုံးနေတဲ့ Gmail storage size အတိုင်း ရမှာပါ။ Premier Edition ဆိုရင်တော့ 25 G (အခုလက်ရှိ) ရမှာပါ။ Premier Edition ကို သုံးမယ်ဆို user တစ်ယောက်ကို တစ်နှစ်ကို US$50 ပေးရပါ့မယ်။ 24/7 tech support နဲ့ 99.9% uptime guarantee လို့ ဆိုထားတော့ သင့်တင့်တဲ့ဈေးနှုန်းလို့  ဆိုရမယ်။ ကုမ္ပဏီအီးမေးကို ကိုယ်ပိုင် email server နဲ့ သုံးတာ ကုမ္ပဏီအကြီးတွေအတွက် ကောင်းပေမယ့် အသေးတွေ အတွက်တော့ မလိုအပ်ဘူး ထင်ပါတယ်။ အလုပ်မှာ email server ပြဿနာတတ်လို့  ပို့ မရတာ၊ ဟိုကပို့ လိုက်တာတွေ ရောက်မလာတာ၊ ကိုယ့်ကပို့ တယ် ဒီမှာလည်း အထွက်ပြတယ် ဒါပေမယ့် ဟိုကိုမရောက် .. အမျိုးမျိုးသော ပြဿနာတွေကို ကြုံဖူးရင် ဘယ်လောက်စိတ်ညစ်ရလည်း သိကြမှာပါ။ စိတ်ချရတဲ့ ဒီလို Google က service ကို ၀ယ်သုံးမယ်ဆို Email ပြဿနာတတ်မှာ မပူ ရတော့ဘူးပေါ့။ ရေးရင်း ရေးရင်း Google ကို ကြော်ငြာပေးသလိုတောင် ဖြစ်နေပြီ ထင်ပါတယ်။ :D

ဒါနဲ့  Google Apps Premier Edition ဟာ PC World Magazine က ရွေးချယ်တဲ့ The 100 Best Products of 2007 မှာ No. 1 ရထားပါတယ်။ Google Apps မှာ Education Edition ဆိုပြီး လည်းရှိသေးတယ်။ အသေးစိတ် သိချင်ရင်တော့ Google Apps မှာ ဖတ်ကြည့်နိုင်ပါတယ်။

Credit to forrestgump from MMGeeks
Related Links:
Google Apps [Wiki] , Google Apps[Google]

November 15, 2007

Dressed for Success - Roxette


ဒီညနေက အလုပ်မှာ ၂ နာရီ ခွဲ လောက် Knowledge sharing meeting မှာ သွားထိုင်လိုက်ရပြီး သကာလ နောက်ကျိသွားတဲ့ စိတ်တွေကို ပြန်လည် တက်ကြွ မြူးတူး လန်းဆန်း ကြည်လင်လာစေဖို့  နားထောင်ဖြစ်လိုက်တဲ့ သီချင်း...

November 14, 2007

New websites for Myanmar IT Professionals

ဒီရက်ပိုင်း သူငယ်ချင်းတွေ သတင်းပေးလို့  မန်ဘာဝင်ဖြစ်တဲ့ နေရာနှစ်ခု...
A society of Burmese people involved in Science and Technology activities.

ဒီဖိုရမ်ကို ဘဘောကျမိတယ်။ အဲ့ဒီမှာ အခုအချိန်အထိတော့ မန်ဘာသိပ်မများသေးဘူး။ ဒါပေမယ့် နောက်ပိုင်း များလာမယ် ထင်ပါတယ်။ မန်ဘာမ၀င်ပဲ ဖတ်လို့ ရတဲ့ ဖိုရမ်တွေကို ဒီတိုင်း ဖတ်လေ့ရှိပေမယ့် ဒီတစ်ခုတော့ မန်ဘာဝင်လိုက်ပါတယ်။ ခုထိတော့ ဘာမှ ၀င်မရေးဖြစ်သေးဘူး။ သူများရေးတာတွေကို လိုက်ပြီး ဖတ်ကြည့်နေတုန်း အဆင့်ပဲရှိသေးတယ်။ နောက်ပိုင်းတော့ ရေးဖြစ်လာမယ် ထင်ပါတယ်။
Connecting Myanmar / Burma IT Professionals World-Wide

နောက်တစ်ခုက ဒီရက်ပိုင်းမှ စတက်လာတဲ့ Friendster ၊ Facebook တို့ လို Social Network တစ်ခုပါ။ အဲ့ဒီမှာလည်း ဖိုရမ်တစ်ခုရှိတာကို တွေ့ ရတယ်။ ဒီနေရာမှာတော့ ဘယ်လောက်အထိ ပါဝင်ဖြစ်မလဲ မသိသေးပါဘူး။