Pages

November 12, 2010

♥ In Love With...

From In Love With

အရုပ်လေး နှစ်ရုပ် ရတယ်။ ထူးထူးဆန်းဆန်းပဲ။ အရုပ် လက်ဆာင်ရတယ် ဆိုတာ မထူးဆန်း ပါဘူး။ တခြားသူငယ်ချင်း အပေါင်းအသင်းတွေစီက အကြိမ်ကြိမ် ရဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်စီကတော့ အခုလိုရတာဟာ ပထမဆုံးအကြိမ်ပါပဲ။ နှစ်ပေါင်းများစွာ အတွင်းမှာ သူပေးခဲ့တဲ့ အရာတိုင်းဟာ ကိုယ့်အတွက် အသုံးလိုမယ့်၊ အသုံးလိုတဲ့ အရာတွေကြီးပဲ။ ဒီတစ်ခါမှ ရှားရှားပါးပါးဆိုသလို အရုပ်လေး ၂ ရုပ်ပါလာတယ်။ ထူးဆန်းနေတယ်။ သေသေချာချာ သိမ်းထားရမယ်။

November 10, 2010

20101110

၀၀း၅၅ အိပ်ချင်စိတ် မရှိ၊ ကြိုးစားအိပ်ပါ။
၀၁း၂၇ အိပ်မပျော်သေးပါ။
၀၄း၁၂ တရေးနိုး။
၀၄း၁၄ စကားပြော။
၀၄း၂၀ ပြန်အိပ်ဖို့ ကြိုးစား။
၀၈း၄၅ မှ နိုးလာတယ်။ ရေချိုး အလုပ်သွားဖို့ ပြင်ဆင်။ (မနက် ၇း၄၅ နိုးစက် မမြည်။ အချိန်မှားပြောင်းထားမိသည်။)
၀၉း၀၅ ရထားဂိတ်ရောက်။
၀၉း၃၅ အလုပ်ရောက်သည်။
၁၀း၃၀ အပြင်ခဏ ပြန်ထွက်သည်။ မေးမြန်းစရာရှိတာ မေးမြန်းစုံစမ်းသည်။ အဆင်မပြေ။
၁၀း၄၅ အလုပ်ပြန် ရောက်သည်။ ရှာဖွေသည်။ နည်းလမ်းရှာသည်။
၁၂း၀၀ နေ့ လည်စာစားချိန် အပြင်သွားသည်။
၁၂း၂၅ စုံစမ်းမေးမြန်းရပြန်သည်။ အဆင်ပြေသည်။ စိတ်ချမ်းသာပါသည်။
၁၂း၄၀ အလုပ်ပြန်ဖို့ အဆင်မပြေ၊ အိမ်ခဏပြန်သည်က ပို၍အဆင်ပြေသည်။
၁၂း၄၅ ကားငှါးပြီး အိမ်ပြန်လာသည်။
၁၃း၀၀ အိမ်သော့မပါလာ။ အလုပ်မှာကျန်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ရပြန်သည်။
၁၃း၁၀ အိမ်ပြန်ရောက်သည်။ လူမရှိ။ ဘေးခန်းများတွင်လည်း လူမရှိ။ အိမ်ထဲမဝင်နိုင်။
၁၃း၃၅ သော့ပါသည့် ကလေးငယ် ကျောင်းမှ ပြန်ရောက်လာသည်။
၁၃း၄၅ အိမ်မှ ပြန်ထွက်သည်။
၁၄း၁၅ အလုပ် ပြန်ရောက်သည်။
.
အလုပ်လုပ်နေပါသည်။
.
၁၅း၄၀ ဦးနှောက်အနားပေး ဒီစာရေးသည်။
.
အလုပ်ဆက်လုပ်ရမည်။
.
၁၉း၀၀ တွင် Report တစ်ခု ပို့ ပေးစရာရှိသည်။
.
.
.
၁၉း၃၀ သွားစရာတစ်ခု ရှိသည်။
၂၀း၃၀ တွေ့ စရာတစ်ခု ရှိသည်။
၂၁း၀၀ လုပ်စရာတစ်ခု ရှိသည်။
၂၁း၃၀ သွားစရာတစ်ခု ရှိသေးသည်။
.
.
၂၄း၀၀ မထိုးမှီ အိမ်ပြန်ရောက်မည် မျှော်လင့်ပါသည်။

November 09, 2010

♦ Cartoons

From ThePhotoILike

Source: The Voice Weekly Journal (6-49, November 8-14, 2010)

ဒီကာတွန်းပုံထဲက အတိုင်းသာအပြင်မှာ အမှန်ဖြစ်မယ်ဆို ကိုယ်ဘယ်လိုလူမျိုးလဲ။ လောဘကြီးလား၊ ဒေါသကြီးလား၊ အပျော်ကြူးလား၊ အပျင်းကြီးလား၊ ယောင်ဝါးဝါးလား။ FB မှာ မဟနစံ ရှယ်ယာလုပ်ထားတာတွေ့ လို့ ။ ကာတွန်းဖတ်ပြီး The Voice Weekly Journal တွေကို Download လုပ်ဖတ်ကြည့်ဖြစ်တယ်။ အလုပ်များနေတာနဲ့  Journal တွေမဖတ်ဖြစ်တာ တောင်အတော်ကြာပြီ။ ဒီနေ့ တော့ အဟောင်း ၇ စောင်လောက် ဟိုကြည့်ဒီကြည့် ဖတ်ဖြစ်သွားတယ်။ ကာတွန်းဖတ်ချင်လို့  ဂျာနယ်တွေပြန်ရှာ ဖတ်ဖြစ်တာပါ။ ဒါပေမယ့် အစောင်တိုင်းမှာ Cartoons Of The Week အမြဲ ပါတာမဟုတ်မှန်း တွေ့ ရတယ်။ E-Book (PDF Version) မို့ လားတော့ မသိဘူး။ Joke Of The Week ကတော့ အမြဲပါတယ်။ Joke တွေလည်းမဆိုးပါဘူး၊ ဖတ်ကောင်းသားပဲ။

November 03, 2010

Who's Suing Whom? (InfoGraphic)

From ThePhotoILike

ဒီပုံကို InformationIsBeautiful ဆိုဒ်မှာ တွေ့ တာပါ။ အဲဒီဆိုဒ်ကို သဘောကျတယ်။ သတင်းအချက်အလက်တွေကို အခုလိုပဲ ပုံလေးတွေနဲ့  ပြပေးတယ်။ တကယ်ဆို ဒီပုံထဲ အချက်တွေကို နည်းပညာနဲ့ ဆိုင်တဲ့သတင်းတွေ ဖတ်လေ့ရှိသူတွေ အကုန်သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အခုလို ပုံလေးနဲ့  ပြထားတော့ အားလုံးကို လွယ်လွယ်ကူကူ ပုံလေး(InfoGraphic) တစ်ချက် ကြည့်ယုံနဲ သိခွင့်ရတယ်။

ဒီလို Infographics (Information graphics) တွေကြည့်ရတာ ကြိုက်တယ်။ စာဖတ်ရ သက်သာတယ်လေ။ စိတ်ဝင်စားတဲ့ သတင်းတွေကို ဖတ်တာ အကုန်ဖတ်မိဖို့ မလွယ်ဘူး။ အချိန်ရမှ သတင်းတွေ ဖတ်ရတာဆိုတော့ သတိမထားမိ လိုက်တာ၊ လွတ်သွားတာတွေ ရှိနိုင်တယ်။ (ဆင်ခြေပေးလို့ လည်း ယူဆနိုင်ပါတယ် ;))။ ဖတ်လေ့ရှိတဲ့ သတင်းဆိုဒ်တွေဆို Reader တွေနဲ့ ဖတ်တာများပါ။ ဒါပေမယ့် မသိလိုက်တာတွေလည်း ရှိတာပဲ။ နေတိုင်းအချိန်ရရင် အကုန်ခေါင်းစဉ်လောက်တော့ အနည်းဆုံး ကြည့်ဖြစ်ပေမယ့်၊ အလုပ်များလို့  ၃-၄ရက် မဖတ်ဖြစ်၊ အသစ်တွေများနေရင် MakeAllAsRead ဆိုတာလေး နှိပ်လိုက်တတ်တဲ့ အကျင့်ကြောင့်ဖြစ်မယ်။ Infographics တွေတော့ ကြည့်တယ်။ အဲဒီထဲက ကိုယ်မသိတာလေးတွေတွေ့ လို့  သိချင်တာလေးများ ပေါ်သွားရင် လွယ်လွယ်ကူကူ Google လုပ် ရှာဖတ်လိုက်နိုင်တယ်။

October 26, 2010

Remember When

Remember when thirty seemed so old
Now lookin' back, it's just a steppin' stone
To where we are, where we've been
Said we'd do it all again
Remember when



Alan Jackson - Remember When

Remember when I was young so were you
time stood still love was all we knew
You were the first, so was I
made love and then you cried
Remember when

Remember when we vowed the vows walked the walk
Gave our hearts, made the start, it was hard
lived and learned, life threw curves
There was joy, there was hurt
Remember when

Remember when old ones died new were born
life was changed, disassembled, rearranged
We came together, fell apart
broke each other's hearts
Remember when

Remember when the sound of little feet was the music
We danced to week to week
Brought back the love, we found trust
Vowed we'd never give it up
Remember when

Remember when thirty seemed so old
Now lookin' back, it's just a steppin' stone
To where we are, where we've been
Said we'd do it all again
Remember when

Remember when we said when we turned gray
When the children grow up and move away
We won't be sad, we'll be glad
For all the life we've had
And we'll remember when

Remember when
Remember when

October 21, 2010

Wavin' Flag

၁၉၇၄ ခုနှစ် မတ် ၂ မှ စတင်အသုံးပြုခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံရှိ..

အနီရောင်သည် ရဲရင့်ပြတ်သားခြင်း ၊ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည်ခြင်း၊ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း နှင့် အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် ပြည်နယ်နှင့်တိုင်း (၁၄)ခု ကိုယ်စားပြုသည်။
စပါးနှံ နှင့် စက်သွားသည် တောင်သူလယ်သမားများ နှင့် အလုပ်သမားများကို ကိုယ်စားပြုသည်။

ကျွန်မတို့  ငယ်ငယ်က သင်ရတာတွေ။ အခုတော့ ပြောင်းလဲသွား ပါပြီ။ ဒီနေ့  နေ့ လည် ၃ နာရီမှာ အလံသစ်တင်ပြီး၊ အခုလက်ရှိအလံကို ချ၊ ဖျက်ဆီးကြတယ်လို့ သတင်းတွေ အရ သိလိုက်ရတယ်။
ညီမတစ်ယောက်က " မီးပွိုင့်ကြီးတစ်ခုလုံး တစ်ပြိုင်နက်လင်းနေသည်ကို မြင်လိုက်ရသကဲ့သို့  " လို့  ပြောထားတယ်။ ပထမ သူရေးထားတာ ဖတ်ပြီးပြီး၊ ဘာရေးထားတာလဲလို့  စဉ်းစားလိုက်ရတယ်။ နောက်မှ အလံသစ်ကို ပြောချင်မှန်း သဘောပေါက်သွား ရတော့တယ်။

- - -

WikiMyanmar မှ......
ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ
* ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဌာန်းထားသည်။

* ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ၀န်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။

* စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။

* အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။

* နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုတ်သိမ်းခဲ့သည်။

* ကိုးကား - မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်

October 08, 2010

Friday Night


You know I like my chicken fried
Cold beer on a Friday night

သောကြာည။ ဒီသီချင်း ဗားရှင်း နှစ်မျိုးနားထောင်ဖူးတာ အခုညတော့ ဒီခပ်မြူးမြူး ဗားရှင်းကို နားထောင်နေပါတယ်...



ဒါကတော့ ခပ်အေးအေးပဲ။


စိတ်ပါတယ်ဆို Youtube မှာ သီချင်းစာသားကြည့်ပြီး လိုက်ဆိုလို့ တောင်ရသေးတယ်။
Chicken Fried with Lyrics

Well I was raised up beneath the shade of a Georgia pine
And that`s home you know
Sweet tea pecan pie and homemade wine
Where the peaches grow
In my house it`s not much to talk about
But it`s filled with love that`s grown in southern ground
And a little bit of chicken fried

Cold beer on a Friday night
A pair of jeans that fit just right
.....

Well its funny how it`s the little things in life that mean the most
Not where you live, the car you drive, or the price tag on your clothes
There`s no dollar sign on a piece of mind this I`ve come to know
So if you agree have a drink with me
Raise your glasses for a toast
To a little bit of chicken fried

I thank god for my life
And for the stars and stripes
May freedom forever fly, let it ring.
Salute the ones who died
The ones that give their lives so we don`t have to sacrifice
All the things we love
Like our chicken fried

Cold beer on a Friday night
A pair of jeans that fit just right
And the radio up
Well I`ve seen the sunrise
See the love in my woman`s eyes
Feel the touch of a precious child
And know a mother`s love

Swissotel Merchant Court Buffet

ရှေ့ မှာ တင်ထားတဲ့ ပုံတွေက Durian Pengat ကို Swissotel Merchant Court Buffet မှာ စားတာပါ။ နေရာက Ellenborough Market Cafe. 20 Merchant Road (S) 058281။ Clarke Quay MRT နားမှာ။ အဲဒီဆိုင် နာမည်ကြီးတယ်။ အတော်များများ သိကြမယ် ထင်တယ်။ အင်တာနက်ပေါ်မှာ လွယ်လွယ်ကူကူ ရှာလို့ ရတယ်။ အင်တာနက်ပေါ်မှာ သူမျာတွေရိုက်တင်ထားတဲ့ ပုံတွေကြည့်ပြီး ဗိုက်တောင်ဆာလာတယ်။ အဲဒီမှာ HSBC Card ပရိုမိုးရှင်းရှိတာ များတယ်။ ဟိုနေ့ က ၄ ယောက်စားရင် ၃ ယောက်အတွက် ပဲပေးရတာတွေ့ မိတယ်။

ဒီမှာ ရေးထားတာအရဆို အဲဒီမှာ Crab Buffet ဆိုတာမျိုးတောင် ရှိတတ်သေးတယ်တဲ့။ ၂၀၀၉ ကပဲ။ ကျွန်မတော့ ခုချိန်ထိ Crab Buffet နဲ့ တခါမှ မကြုံဖူးသေးဘူး။ ပုံမှန် Buffet ပဲစားဖူးတယ်။

ဟိုဒူးရင်းသီးပုံရိုက်ဖြစ်တဲ့နေ့ က တခြားပုံတချို့ လည်းရိုက်ဖြစ်တယ်။ ပုံတွေကြည့်ရတာ နေ့ လည်စာ စားတာနဲ့  မတူ ဆော့သလိုဖြစ်နေမယ် ထင်တယ်။ ထမင်းနဲ့  တခြား အကြော်လှော်တွေ ဟိုနည်းနည်း၊ ဒီနည်းနည်း ဗိုက်ပြည့်လုနီးပါး စားပြီးမှာ နောက်ထပ် ဟိုတို့ ထိ ဒီတို့ ထိ စားတာလေးတွေကိုပဲ ဓာတ်ပုံရိုက်ဖြစ်တာပါ။ ဗိုက်ဆာနေတုန်းဆို ဓာတ်ပုံရိုက်ဖို့ စိတ်မ၀င်စားဘူး။

From Everything


တစ်ကောင် စမ်းစားကြည့်တယ်။ စားရတာ သိပ်မခက်ဘူး။
From Everything


စားလို့ လည်းအဆင်ပြေတာနဲ့ နောက်နှစ်ကောင်ထပ်သွားယူလိုက်တယ်။
From Everything
Align Center

အချိုနည်းနည်းလည်း စားဖြစ်တယ်။
From Everything

ဒါနဲ့  ဒီညစာ Steamboat buffet သွားစားမယ်။ မစားချင်ဘူး။ မလာဘူးဆို Ninja Turtle ဖြစ်လိမ့်မယ်ဆို ပြောတာနဲ သွားစား လိုက်ပါအုံးမယ်။ အစားအသောက်ပုံတွေတော့ ရိုက်ဖြစ်မယ် မထင်ပါဘူး။ Buffet စားရင် ဘာတွေရှိလည်း ကြည့်ပြီးတာနဲ့  စိတ်ကူးထဲမှာ ဘာပြီးရင် ဘာစားမယ် ဆိုတဲ့ အတွေးတွေနဲ့ ပြည့်နေပြီး ဓာတ်ပုံရိုက်ဖို့  သတိရလေ့ မရှိတတ်တာပါဘူး။

October 06, 2010

Good Food To Eat

Camera ယူမသွား ဖြစ်ဘူး။ အပြင်ထွက်ရင် ကိုယ်နဲ့  အမြဲမကွာပါတတ်တဲ့ ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ အဲဒီနေရာကို မကြာခဏလို ရောက်ဖြစ်တတ်ပေမယ့် ဓာတ်ပုံ တစ်ခါမှ မရိုက်ဖြစ်ဘူး။ ပြီးခဲ့တဲ့လ အဲဒီနေရာကို ရောက်ဖြစ်ချိန်မှာ တစ်စုံတစ်ယောက်ကိုပြဖို့  ပုံတချို့  ရိုက်ဖြစ်သွားတယ်။

ကြိုက်သလောက်ယူပါ။
From Everything
Durian Pengat!

ဒီလောက်ပဲ (တစ်ဇွန်း) စားနိုင်ခဲ့ပါတယ်။
From Everything


ကြိုက်တဲ့သူတွေအတွက် စားကောင်းပြီး၊ မကြိုက်တဲ့သူတွေအတွက်တော့ စားလို့  ကောင်းမှာ မဟုတ်ပါဘူး။

September 30, 2010

Literary Talk in Singapore - 2010

ပြီးခဲ့တဲ့ တနင်္ဂနွေက စာပေဟောပြောပွဲသွားဖြစ်ခဲ့တယ်။ ပထမအကြိမ်တုန်းက မသွားဖြစ်ဘူး၊ ဒီတစ်ခေါက်တော့ ရောက်ဖြစ်တယ်၊ စာရေးဆရာများရဲ့ ပြောတာချက်တွေ နားထောင်ဖြစ်ခဲ့တယ်။
From Literary Talk in Singapore - 2010
စာရေးဆရာ - လယ်တွင်းသားစောချစ်
From Literary Talk in Singapore - 2010

စာရေးဆရာ/ကဗျာဆရာ - မောင်စိန်ဝင်း(ပုတီးကုန်း)
From Literary Talk in Singapore - 2010
စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ဟောပြောနေစဉ်မှာ ကျွန်မ အသံသွင်းယူဖြစ်ခဲ့တဲ့ ဟောပြောချက် အပိုင်းတွေပါ။
လူငယ်တွေအတွက် ကဗျာ တစ်ပုဒ် ( အာရုံကြို )…

အခြေအနေ မကောင်းရင်၊ မငြိမ်းချမ်းရင်......... ကလေးတွေလည်း မပျော်နိုင်ပါဘူး။ ကလေးများအားလုံး ပျော်နိုင်ကြပါစေ။

ရသစာပေအကြောင်း.... ရှေးဟောင်းကဗျာတစ်ပုဒ် ရွတ်ဆိုရင်း ရှင်းလင်းပြခဲ့တယ်။

နာဂစ်မှာ ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုလည်း အခုလို…..

တော်တဲ့ကြယ်တွေမှာ နာမည်ရှိတယ်တဲ့…
လူသိထင်ရှား သူရဲကောင်းတွေရှိသလို၊ ကျွန်မတို့ ရဲ့ ပတ်ဝန်းကျင်မှာ လူမသိ သူမသိ သူရဲကောင်းများစွာလည်း ရှိကြောင်း ပြောကြားရင်း၊ ၂၀၀၉ ဖိလစ်ပိုင်နိုင်ငံ မုန်တိုင်းတစ်ခုအတွင်းမှာ လူပေါင်း ၃၀ ကျော်ရဲ့ အသက်ကို ကယ်တင်ရင်း အသက်စွန့် သွားတဲ့ ၁၈ အရွယ် လူငယ် Muelmar Magallanes အကြောင်းနဲ့  မြန်မာပြည်တော်လှန်ရေးသမိုင်းမှ လူမသိသူမသိ ကြယ်တစ်ပွင့် မာရီလှတော အကြောင်းကို ခုလို… ပြောပြခဲ့ပါတယ်။

အမှန်တရားကို ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနဲ့  သူရဲကောင်းဆိုတာ ဘယ်လိုလူမျိုး၊ သူရဲကောင်းဆိုတာ အဲဒါပါပဲဆိုတဲ့ အကြောင်းအရာ ဟောပြောကြားချက်တွေကို အသံမဖမ်းလိုက်မိတာ အတွက် စိတ်မကောင်းပါဘူး။

နောက်ဆုံးပိတ်. အနှစ်ချုပ်စကားတွေနဲ့ အတူ… ပန်းတိုင်ရှိရာ နဲ့  ငှက်တို့ တေး ကဗျာ နှစ်ပုဒ် ကို အခုလို….

တိုက်ဆိုင်တယ်ဆိုရမလား၊ ကျွန်မ အသံသွင်းယူမထားဖြစ်တဲ့ ဟောပြောချက်အပိုင်းတွေကို ညီညီသံလွင်က သူ့ ရဲ့ Facebook က Notes မှာ ခုလိုရေးသားထားပါတယ်။

* * * ဒုတိယအကြိမ် စင်္ကာပူစာပေဟောပြောပွဲ (အပိုင်း ၁)- ညီညီသံလွင်

ကာတွန်းဆရာအော်ပီကျယ်
From Literary Talk in Singapore - 2010

သဘောကျမိတဲ့ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ "ကြွက်ခုတ်တဲ့ နွား" အကြောင်း ဆရာအော်ပီကျယ် ဟောပြောနေပုံပါ။

ဆရာအော်ပီကျယ် ဟောပြောတဲ့အခါမှာ သူ့ ရဲ့ ကာတွန်းတွေကိုပါ Projector နဲ့ ပြသရင်း ရှင်းပြ ဟောပြောသွားတာဖြစ်လို့  သူတပါးကို ပြန်လည်မျှဝေမယ်ဆို အသံသပ်သပ်၊ ရုပ်သပ်သပ် ထက်စာရင် ရုပ်ရောအသံပါ ပါအောင် video ရိုက်ကူးထားပါမှ ပိုပြီးသင့်တော်တယ် ထင်မိခဲ့တယ်။ တချို့ နေရာလေးတွေမှာ ကြိုးစားကြည့် ပါသေးတယ်။ ဒါပေမယ့် မိနစ်ပိုင်းနဲ့ အမျှ လှုပ်ရှားရွေ့လျားနေတဲ့ ဦးခေါင်းနှစ်ခုကို လွတ်အောင်ရှောင်ရိုက်ယူဖို့ ဆိုတာ မလွယ်ကူလို့  လက်လျှော့လိုက်ပါတယ်။ ဓာတ်ပုံတချို့ ပဲ ရိုက်ဖြစ်တယ်။
From Literary Talk in Singapore - 2010

ဆရာအော်ပီကျယ်ရဲ့ ဟောပြောချက်များကိုလည်း ညီညီသံလွင်က အခုလို ရေးသားထားတာ တွေ့ ရပါတယ်။
* * * ဒုတိယအကြိမ် စာပေဟောပြောပွဲ (အပိုင်း ၂) - ညီညီသံလွင်

ခုလို ပြန်လည်မျှဝေခွင့်ပေးတာ ကျေူးဇူးအထူးတင်ပါတယ်။

ထုံးစံအတိုင်း (စာရေးဆရာတွေ ဟောပြောတာမပါ) တခြားမြင်တာ၊ ကြားတာ၊ တွေးမိသွားတာသာ ရေးမယ်ဆို ရေးစရာတွေရှိတယ်။ ဒါပေမယ့် ခုရက်ပိုင်း လူပင်ပန်း၊ စိတ်ပင်ပန်းနဲ့ မို့  သွားဖြစ်ခဲ့တဲ့ ဒီစာပေဟောပြောပွဲအကြောင်း ပြန်ရေးဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမယ့် "အသံသွင်းထားတာ မျှပါဦးဗျာ" ဆိုတဲ့ Mr.DBA စကားကြောင့် Audio File လေးတွေမျှဝေဖြစ်အောင်လို့သာ နည်းနည်းရေးလိုက်တာပါ။ တခြားကိစ္စတွေတော့ သူများရေးတာတွေပဲ လိုက်ဖတ်တော့မယ်။

September 27, 2010

The Bright Side

From ThePhotoILike

တစ်ပတ် ၁ ကြိမ်၊ တစ်လ ၄ ကြိမ်၊
၂၀၁၀ - တစ်နှစ်လုံးနေမှ ၅၂ ကြိမ်သာ ကျရောက်သော တနင်္လာ။

September 25, 2010

Lighting

အခုနက လူသံတွေဆူညံ ညှော်နံ့ တွေရလို့  ကြည့်လိုက်တော့ တိုက်အောက်မှာ လူငယ်တွေ ဖယောင်းတိုင်းတွေနဲ့  မီးထွန်းနေပြီး၊ ကလေးတွေ မီးပန်းတွေနဲ့  ဆော့နေတာ တွေ့  မိတယ်။ သူတို့ တွေ မီးထွန်းနေကြတာ ခနပါပဲ၊ သိပ်မကြာဘူး။

From Singapore


From Singapore
ပုဇွန်မျှားတဲ့အကြောင်းအတွက် ဓာတ်ပုံတွေမလုပ်ရသေးဘူး။ သူတို့ တွေ မီးထွန်းနေကြတာတွေ့ ပြီး သီတင်းကျွတ် မှာ ဆော့ရတာ ပြန်အောင့်မေ့သွားမိပါသေးတယ်။

September 24, 2010

ဗိုလ်ချုပ်ဈေးကြာဇံသုတ်

From Everything
မြန်မာပြည်ပြန်၊ ဗိုလ်ချုပ်ဈေးသွားပြီး ကြာဇံသုတ်စားခဲ့တာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာပဲ မြန်မာ စားသောက်ဆိုင်မှာ စားဖြစ်တာပါ။ နာမည်က အဲလို မှန်တယ် ထင်တာပဲ။ အရင်က တခါမှ မစားဖူးဘူး၊ သူငယ်ချင်းတစ်ယောက် စားတာတွေ့ တာနဲ့  စားကြည့် ဖြစ်ခဲ့တယ်။ ရန်ကုန်မှာနေတုန်းက ဗိုလ်ချုပ်ဈေးကို ရောက်ဖူးတဲ့ အခေါက်အရေအတွက်က မများသလို၊ အဲဒီဈေးထဲက စားသောက်ဆိုင်တွေမှာ စားဖြစ်ခဲ့တဲ့ အကြိမ်ကလည်း လက်ချိုးရေတွက်လို့ ရနိုင်တယ်။ ဒီတော့ တကယ်ရှိမရှိ၊ ပုံစံအရသာတူလား၊မတူဘူးလား သေချာမသိ၊ မပြောတတ်ပါ။

ဘာတွေပါလဲဆို ကြာဇံကို ကြာညှို့  နဲ့ နယ်၊ ကြော်ထားတယ် ပြောမရဘူး ဆီမပါသလောက်နဲ့ လှိမ့်ထားတာကို မကျည်းသီး အနှစ်အချဉ် စမ်းထားတယ်။ ဂေါ်ဖီနည်းနည်းလည်း ပါတယ်။ အစာပလာက ၀က်သားတုတ်ထိုးနဲ့  နံနံပင်အုပ်ပေးတယ်။ မဆိုးဘူး။ စားလို့ ကောင်းပါတယ်။ အဲဒီထဲမှာပါတဲ့ ၀က်သားတုတ်ထိုးက ကျွန်မအကြိုက် အူမကြီးနဲ့  လျှာဖြစ်နေလို့  စားလို့ ကောင်းတာလားတော့ မသိဘူး။ ဖြစ်နိုင်ရင် အခုပဲ ရန်ကုန်ပြန် ဗိုလ်ချုပ်ဈေးသွားပြီး စားကြည့်ချင်စိတ်တောင် ပေါ်တယ်။
From Everything
Thanks to AWM and His Beloved Wife,Chaw for dinner ;)

To nyimuyar: အင်းလေးမှာ စားတာပါ။

September 22, 2010

Weekend Activities (2010-09-11)

ခုလတွေမှာ ပုံမှန်ဆို ကြားရက်တွေဆို အလုပ်နဲ့  အိမ်၊ ပိတ်ရက်ဆို အိမ်မှာနေ။ ဒါကတော့ အပြင်ထွက်ဖြစ်တဲ့ ပိတ်ရက်တစ်ခု။ အဲဒီအပတ် သောကြာနေ့ က Hari Raya Puasa မို့  ရုံးတွေ ပိတ်တယ်။ Weekend နဲ့ ဆက်သွားတော့ ၃ ရက်ပိတ်ရက်တော့ Long Weekend လို့ ခေါ်မလား၊ တကယ်ဆို ၃ရက်တည်းပိတ်တာ နည်းလွန်းပါတယ်။ စနေ၊တနင်္ဂနွေကို ကြားမှာထား ရှေ့ နှစ်ရက်ပိတ်၊ နောက်နှစ်ရက်ပိတ်တဲ့ Long Weekend မျိုး တစ်လ တစ်ခါလောက်ရမယ် လိုချင်တယ်။

အဲဒီပိတ်ရက် သောကြာနေ့ မှာ အိမ်မှာပဲနေဖြစ်တယ်။ ဒါပေမယ့် စနေနေ့ မှာ တစ်နေကုန် အပြင်ထွက်ဖြစ်ခဲ့တယ်။ ပထမဆုံးသွားတာ တိရစ္ဆာန်ရုံ။ IBM Day @ Zoo ဆိုပြီး အခမဲ့ ၀င်ခွင့်လက်မှတ်ရလို့ သွားဖြစ်တာပါ။ ကျွန်မကတော့ IBM မှာအလုပ်လုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့်
IBM မှာ အလုပ်လုပ်တဲ့ အသိတစ်ယောက် လိုက်မယ်ဆို Tickets တွေယူထားမယ်ဆိုတာနဲ့  တခြားသူငယ်ချင်းတွေ နဲ့ အတူ သွားဖြစ်ခဲ့တာ။ ဒါကတော့ သုံးခေါက်ချိုးထားတဲ့ ၀င်ခွင့်လက်မှတ်။ ဒီဓာတ်ပုံကိုက Bus ပေါ်မှာ ရိုက်ထားတာ။ သဘောကောင်းရုပ်ချောအပြောချိုတဲ့ ညီမငယ်တစ်ဦးက လက်မှတ်ကို ဓာတ်ပုံရိုက်ဖို့ အဆင်ပြေအောင် ကိုင်ထားပေးခဲ့တယ်။ (မုန့် ဝယ်ကျွေးသင့်ပြီ)

IBM Day @ The Zoo (Saturday - 2010-09-11)

From IBMDay @ The Zoo
အခုလို လို ကြိုတင်မှာထားတာတွေလည်း ရှိတယ်။ ဒီမှာ No 6. က အချက်ဖတ်ပြီး ကိုယ်တွေက ကျင့်သားရနေပြီလို့ တောင်ပြောမိကြသေးတယ်။ ဒါပေမယ့် အဲလို ကြိုသတိပေးတာမလဲ မမှားပါဘူး။ လာမယ့်သူတွေက လူမျိုးစုံ။ မိသားစုနေ့ ဆိုတော့ ကလေးတွေပါ ပါလာခေါ်လာကြမှာ။ တော်ကြာ ဟိုမှ ခြင်ကိုက်လို့  ဟိုကပြန်လာပြီးနောက် ဖျားကြပြီး ဆေးကုရပါတယ် ဆိုပြီး တရားစွဲနေရင် မလွယ်ဘူး။ တချို့  နိုင်ငံက လူတွေက ဘာဖြစ်ဖြစ် တရားစွဲလိုက်မယ်ဆိုတာကြီးပဲ။ ဒီမှာ ကြည့်။
From IBMDay @ The Zoo
Kranji ထိရထားစီးသွားပြီး အဲဒီကမှာ IBM က စီစဉ်ပေးထားတဲ့ Shuttle Bus စီးသွားတာပါ။ Zoo မရောက်ခင် အတော်ဝေးဝေးကတင် ကားလမ်းမဘေးမှာ ရပ်ထားတဲ့ ကားတွေကြည့်ပြီး အတော်လူများမယ်ဆိုတာ သိသာနေပြီ။ ပိတ်ရက် ၃ ရက်၊ Hari Raya ၊ IBM Day ဆိုတော့ လူအရမ်းများတာ မဆန်းဘူးဆိုရမယ်။

Ticket ၀ယ်တဲ့နေရာမှာ လူတန်းက အတော်ရှည်တယ်။ တော်သေးတယ် IBM Ticket နဲ့ ဆိုတော့ တန်းစရာမလိုဘူး။ ဘေးပေါက်ကနေ ၀င်ရတယ်။ မ၀င်ခင် တစ်ယောက် ရေးဘူးတစ်ဘူးစီလည်းပေးတယ်။ ကားပေါ်မတက်ခင် ၀ယ်လာတဲ့ ရေဗူးဖိုးတောင် နှမျောသွားရတယ်။ ရောက်တဲ့အချိန်က ၁၁ နာရီကျော်ပြီဆိုတော့ တခြား ဘာညာကြည့်ဖို့ ထက်စာရင် နေ့ လည်စာ သွားစားဖို့ ပဲ စိတ်သန်နေကြပြီ။ ဗိုက်ဆာနေပြီ။ ရေခဲမုန့်  Popcorn လည်းရမယ်တဲ့။ Ticket ထဲမှာပါတဲ့ Pavilion by the Lake ဆိုတဲ့နေရာ အမြန်သွားကြတယ်။ ဒါတောင်မှ လမ်းမှာ ဓာတ်ပုံ ၁၄-၅ ပုံ ရိုက်ဖြစ်အောင် ရိုက်ကြသေးတယ်။ လာတဲ့ရည်ရွယ်ချက်က လည်း တရိစ္ဆာန်ကြည့်ဖို့ မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ဖို့  တဲ့။ တကယ်လည်း ရည်ရွယ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြပါပေတယ်။

အဲဒီနေ့ က တိရစ္ဆာန်ရုံကို ရောက်ခဲ့ကြောင်း သက်သေတစ်ခု။
From IBMDay @ The Zoo
တခြားသူတွေ အသာထား IBM ကလူတွေ ဘယ်လောက်များလဲဆို ဒီအောက်ကပုံမှာကြည့်ရင်သိနိုင်တယ်။ တကယ့်ကို အေးအေးဆေးဆေး အခင်းတွေယူလာပြီ ထိုင်နေကြတာ။ မိသားစုတွေ အများကြီး၊ ကလေးတွေလည်းအများကြီး။ ကလေးတွေအတွက် သီးသန့် အစီအစဉ်တွေလည်း ပါတယ်။ ကျွန်မတို့ တောင် နေ့ လည်စာစားရင် ခဏတဖြုတ်ထိုင် ကြည့်ခဲ့တယ်။ မိဘတွေ၊ကလေးတွေ အသံတွေဆူညံနေပေမယ့် သူတို့ တွေက ကြည့်ရတာ ပျော်စရာကြီးပါ။
From IBMDay @ The Zoo

From IBMDay @ The Zoo
ဘာတွေစားခဲ့လဲဆို.. ပထမဆုံး Ticket ထဲမှာပါတဲ့ လက်မှတ်လေးဖြတ်ပြီး Popcorn ယူ စားတယ်။ ချိုတယ်၊ ပုံမှန်ဆို စားဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပါးစပ်ထဲ ထည့်ရင်းထည့်ရင်း ဘယ်လိုကုန်သွားလဲတောင် မသိလိုက်ဘူး။ နောက်ပြီးတော့ နေ့ လည်စာ သွားယူစားတယ်။ နေ့လည်စာက KFC။ တစ်ယောက် တစ်ဗူး။ ဒါလည်း ဗိုက်ဆာလို့ လားမသိဘူး အကုန် ကုန်သွားတာပဲ။ လျှောက်မကြည့်ခင် အားဖြည့်ရမယ်လေ။ ပြီးတော့ Coke သောက်၊ ရေသောက်။ အားအင်အပြည့်နဲ့  လျှောက်သွားဖို့  အဆင်သင့်ဖြစ်ပြီ။

အဲဒီနေ့ က ရာသီဥတုက သာယာတယ်။ မိုးမရွာဘူး။ နေပူလို့ တောင် အိုက်စပ်စပ်ဖြစ်သေးတယ်။ အိုက်နေမယ် ဆိုပြီး ၀ါသနာရှင် ညီမငယ်တစ်ယောက်က ဆံပင်တွေကို ဖွတ်မြီးခေါ်လား၊ ကြက်ဆံမြီးခေါ်လား အဲဒါလာ ကျစ်ပေးတယ်။ အင်း.. ဆံပင်သွားညှပ်ရ အုံးမယ်။ ကဲ အားလုံးပြီးတော့ သွားကြမယ်ဆို.. မသွားရသေးဘူး၊ ရေခဲမုန့် စားရင် ထိုင်ပြီးအနားအရင် ထပ်ယူကြတယ်။ ရပ်နေရင်း ဘယ်ကစကြည့်မှာလဲ မေးမိတော့ အပေါ်မှာပြောသလို ဘာကောင်မှ ကြည့်ဖို့ စိတ်မ၀င်စားကြဘူးတဲ့။

တိရစ္ဆာန်ရုံလာပြီး တိရစ္ဆာန်တွေ မကြည့်ရဘူးဆိုတော့ စိတ်ဆိုးချင်စရာ။ ဒါပေမယ့်လည်း ကိစ္စတော့ မရှိပါဘူး။ ဒီနေရာကို ဒါပထမ ဆုံးအကြိမ်ရောက်ဖူးတာမှ မဟုတ်တာ။ အခုအကြိမ်နဲ့ ဆို ၃ ကြိမ်မြောက်။ ပထမ နဲ့  ဒုတိယအကြိမ်တွေက အကောင်တွေက သေသေချာချာ ကြည့်ထားတယ်။ Singapore Zoo ဘယ်လောက် အရွယ်အစားရှိတယ်ဆိုတာကို ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ဒီလိုနေရာကို ၃ ခေါက်မြောက်ဆိုတော့ အဲဒီမှာရှိတဲ့ အကောင်တွေဟာ မှတ်ဥာဏ်ကောင်းတဲ့ တိရစ္ဆာန်တွေသာ ဖြစ်မယ်ဆို သူတို့ တွေလည်း ကိုယ့်ကို မှတ်မိနေလောက်တယ်။ စိတ်ဒုံးဒုံးချ လိုက်ပါတယ်။ ဘာကောင်မှ မကြည့်တော့ဘူး၊ ဓာတ်ပုံတွေပဲ လိုက်ရိုက်ပေးတော့မယ်။

ဒီနေရာမှာ ပိုစ့်ပေးကောင်းတဲ့ ညီမငယ်ကို မှတ်တမ်းတင်ပါတယ်။ Camera ချိန်လိုက်တာနဲ့  လာထား၊ ပုံစံမထပ်တဲ့ အိုက်တင်မျိုးစုံ ပေးပြီး သားပဲ။ ရိုက်သမျှပုံတွေမှာ သူငယ်ချင်းတွေ ပုံပါနေတော့ ဒီမှာ မတင်တော့ပါဘူး။ အဲဒီနေ့ က ကျွန်မ camera မှာ အားလုံးရိုက်တာ ၂၅၀ နီးပါ။ ကိုယ့်လူတွေ မပါတာ ၁၀ ပုံလောက်ပဲ ရှိတယ်။ စိတ်လက်ပေါ့ပါး မြူးနေတဲ့ မော်ဒယ်မမလေးတွေကို လိုက်ရိုက်နေရတော့.. ဟိုးအရင်လို လူမပါပဲ တခြားစိတ်ကူးထဲ မျက်စိထဲတည့်တာလေးတွေ လိုက်ရိုက်ဖို့  လက်က ထပ်မလှုပ်ချင်တော့ဘူးလေ။

ဒါကတော့ ဓာတ်ပုံရိုက်နေတဲ့ ကျွန်မတို့ အနားကပ်လာတဲ့ ကလေးလေးပါ။ ရိုက်ကွင်းထဲ ၀င်လာလို့  သူ့ ပုံပါ ရိုက်ယူထားလိုက်တယ်။ ခေါင်းပေါ်က ဦးထုပ်မှာ ရေးထားတယ်။ Holidays!!..
From IBMDay @ The Zoo
ဒါကတော့ လှမ်းမြင်လိုက်တဲ့ အဝေးက အရာတစ်ခု။ Boat Rides @ the Zoo ဆိုတာ ထင်တာပဲ။ သေချာ မသိဘူး။ တခါမှ မစီးဖူးဘူး။
From IBMDay @ The Zoo
တကယ်ပါ။ အဲဒီနေ့ က တိရစ္ဆာန်ရုံမှာ မျောက် ၄-၅ ကောင်၊ ဆင် ၂ ကောင်၊ သားပိုက်ကောင်တွေကို အဝေးကနေ၊ ဘာငှက်မှန်းမသိတာ ၂ ကောင် ဒါလားပဲ သေချာတွေ့ ခဲ့ရပါတယ်။ ခြင်္သေ့ မမြင်ခဲ့ရဘူး။ ကျားကိုတော့ ကျောက်ရုပ်ကျားကြီးနဲ့  ကတ်ထူးပြားကျားဖြူ အရုပ်ကြီး မြင်ခဲ့ပါတယ်။ အကောင်တွေရှေ့ မှာ လူတွေက ကျိတ်ကျိတ်တိုးဆိုတော့ လူတွေကို တိုးခွေ့ ဝင်ကြည့်ဖို့ လည်း စိတ်မ၀င်စားတော့ဘူး။

ဒါတွေက ဒီတစ်ခေါက် တိရစ္ဆာန်ရုံမှာ ကျွန်မ မြင်ခဲ့တဲ့ အကောင်တွေ။
From IBMDay @ The Zoo

From IBMDay @ The Zoo

From IBMDay @ The Zoo

အဲဒီနေ့ က တရိစ္ဆာန်ရုံမှာ အကြာကြီး မနေဖြစ်ဘူး။ လမ်းလျှောက်တာလည်း ၀ါသနာမပါကြ၊ အကောင်တွေကြည့်ဖို့ လည်း စိတ်မ၀င်စား၊ ချိန်းထားတာလေးတွေ ရှိကြတယ်ဆိုတော့ ပြန်ဖို့ စီစဉ်ပေးတဲ့ ပထမဆုံး ထွက်တဲ့ Bus (3:30 PM) နဲ့ ပြန်လိုက်ခဲ့တယ်။ ချိန်းတဲ့သူက ပြန်တာဖို့ စိတ်ကူးတာ၊ ဘာမှမချိန်းထားတဲ့ ကျွန်မတို့ ကတော့ ပြန်ဖို့ စိတ်မကူးသေးပဲ Bugis ဘက်သွားဖြစ်တယ်။ Bugis Street Market လည်း ရောက်တယ်။ Bugis Street အကြောင်းသိချင်ရင် Mr.DBA - Singapore 93 (ဘူးဂစ်လမ်းကြားဈေး) မှာ ဖတ်ပါ။

Bugis Street ကို အရင်က ရောက်ဖူးတယ်။ အဲဒီအနားမှာ အလုပ်လုပ်ခဲ့ ဖူးတယ်။ အဲဒီတုန်းကရောက်တာလဲ ဖြတ်သွားဖြတ်လာ့ ရောက်တာပါ။ အခုတစ်ခေါက်တော့ အသစ်ဖွင့်တယ်ဆိုတဲ့ အပေါ်ကဆိုင်တွေ သွားကြည့်ခဲ့တယ်။ ပထမဆုံးအကြိမ် အဲဒီဈေးတန်းထဲဆိုင်တွေို့ ဟိုကြည့်ဒီကြည့် သေချာ လျှောက်ကြည့်ဖြစ်လို့ လည်းပြောနိုင်တယ်။ တစ်ခုသတိထားမိတာ အဲဒီမှာ ရောင်းတဲ့ ဆိုင်တွေက လူအချို့  အတော်ရိုင်းတယ်။ စကားပြောတဲ့ လေယူလေသိမ်းနားထောင်ရတာ ပြည်ကြီးက တရုတ်တွေ ထင်တာပါပဲ။ ကိုယ်ကပဲ ရိုင်းတဲ့သူတွေနဲ့ တွေ့ ခဲ့တာလားတော့ မသိဘူး။

Bugis Street ဟိုကြည့်ဒီကြည့် နည်းနည်း လုပ်ကြပြီး Golden Miles ကို ညစာစားဖို့  ဆက်သွားကြတယ်။ အစားအသောက်ပုံတွေလည်း ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ပါဘူး။ ဗိုက်ဆာနေတော့ စားဖို့ ပဲ စိတ်ထဲရှိတယ်။ စားတာတွေကလည်း အထူးအဆန်းတွေမှ မဟုတ်တာ။ စားလေ့ရှိတာတွေပဲ စားဖြစ်ခဲ့တာပါ။ ပြီးတော့ မစားဖြစ်တာကြာပြီဖြစ်တဲ့ သရက်သီး ၀ယ်စားတယ်။ အားလုံးလည်းပြီးရော ဗိုက်လည်းပြည့်၊ မိုးလဲချုပ်နေတာမို့  ရထားကြီးစီးပြီး အိမ်ပြန်လာခဲ့ပါတယ်။

Weekdays ဆိုအလုပ်သွား၊ Weekend ဆို အခန်းတွင်းအောင်းနေတာ အတော်ကြာပြီ။ အခုနောက်ပိုင်းတော့ အိမ်မှာပဲ မနေပါနဲ့  အပြင်လေးဘာလေး ထွက်ပါအုံးဆိုတဲ့ စကား နားထောင်ဖို့  ကြိုးစားရပါအုံးမယ်။

September 09, 2010

My Lunch

ဒီနေ့ နေလို့ သိပ်မကောင်းတာနဲ့  နေ့ လည်စာသွား မစားတော့ဘူး။ အစာ စားချင်စိတ်မရှိဘူး။ မနေ့ မနက်ပိုင်းက မိုးမိသွားပြီး အ၀တ်စိုတွေနဲ့  နေလိုက်ရတာကြောင့် ဖြစ်နိုင်တယ်။ ပြီးတော့ နေ့ လည်စာ စားချိန်တိုင်း အပြင်ထွက်စားဖြစ်အောင် တွန်းအားပေးမယ့်သူ ဒီနေ့  စောစောအိပ်သွားတာကြောင့်လည်း ပါလိမ့်မယ်။ ဖေ့ဘုတ်ကို ဟိုကြည့်ဒီကြည့်လုပ်ပြီး ဘာဆက်လုပ်ရမှန်း မသိတာနဲ့  အရင်နေ့ တွေ နေ့ လည်စာ စားတုန်း ရိုက်ဖြစ်တဲ့ပုံ တချို့  ကြည့်ဖြစ်တယ်။ ထမင်းစားချင်စိတ်များ ပေါ်လာ မလားလို့ ။

From Everything


ဒါက South Birdge Road ပေါ်မှာရှိတဲ့ "Macpherson BBQ Seafood" ဆိုတဲ့ ဆိုင်က။ အဲဒီဆိုင်က BBQ Stingray နဲ့  Sambal Sotong နာမည်ကြီးတယ်။ အလုပ်က လူတချို့  အဲဒီဆိုင်ကို သိပ်ကြိုက်၊ ကျွန်မကတော့ သူတို့ နဲ့ နေ့ လည်စာ သွားစားမှသာ အဲဒီဆိုင် ရောက်ဖြစ်တာပဲ။ ကိုယ့်ဘာသာတော့ မသွားဖြစ်ဘူး၊ အဲဒီဆိုင်က နေ့လည်ထမင်းစားချိန်ဆို လူများတယ်။ အပေါ်က Set က S$ 5 ပတ်ဝန်ကျင်ပဲ။ 4.80 လား 5.50 လား မသိဘူး။

From Everything


ဒါကတော့ အသစ်ပြန်ဆောက်ထားတာ သိပ်မကြာသေးတဲ့ China Square Food Centre မှာရှိတဲ့ Korea ဆိုင်က။ Saba Fish Set။ ကိုရီးယားစာဆို အကင်က လွဲရင် တခြားဟာ မစားတာများပေမယ့် ဒီလို Saba Fish Hotplate တော့စားလို့ ရတယ်။ ဈေးနှုန်းက S$ 5.0-6.0 ကြားပဲ။ အဲဒီ Food Centre မှာသွားစားရင် အဲဒါပဲမှာစားဖြစ်တာ များတယ်။ စားနေကြလို့ ပြောရနိုင်ပေမယ့် အခုပြန်စဉ်းစားတော့ ဈေးနှုန်း သေချာ မမှတ်မိတော့ဘူး။

From Everything

အပေါ်က Korea ဆိုင်ကပဲ။ ပြီးခဲ့တဲ့အပတ် အဲဒီသွားစားဖြစ်တုန်း Item အသစ်ဆိုပြီး တခြားသူတွေ မှာတာနဲ့  လိုက်မှာ စမ်းပြီး စားကြည့် ဖြစ်ခဲ့တယ်။ ပုံမှန်ဆို အဲဒီ Korea ဆိုက Saba Fish ပဲစားလေ့ရှိတာ များတယ်လေ။ အခု အဲဒီ ကြက်သားကြော်ကတော့ S$6 ကျော်တယ်။ 6.50 ထင်တယ်။ စားရတာ မဆိုးပါဘူး။ ကင်ချီ ထမင်း။ ရိုးရိုးထမင်းမှာလည်း ရတယ်။ ကျွန်မ စားတာတော့ ကြက်ကြော်ရိုးရိုး။ ငရုတ်ရည်လောင်းထားတဲ့ အစပ်ကြော်မှာလည်း ရတယ်။

ဒီနားတစ်ဝိုက်မှာ အစားအသောက်ဆိုင်တွေ များသလို၊ အရှေ့ အနောက် တောင်မြောက် ၁၀ မိနစ် လမ်းလျှောက်မယ်ဆို လူသိများတဲ့ အစားအသောက်ဆိုင်တွေ အများကြီးပဲ။ မြို့ လည်မှာ အလုပ်လုပ်ရတာ ကောင်းတယ်ပြောမလား မကောင်းဘူးပြောမလား၊ အစားအသောက်မျိုးစုံရှိတယ်(ဆိုင်တွေများတယ်) ဒါပေမယ့် ဈေးကြီးတယ်။

နောက်ရက်တွေ ထမင်းမစားချင်တဲ့ အချိန်တွေမှ နေ့ လည်စာ အစားအသောက်ပုံတွေ ထပ်တင်တယ်။ အခုတော့ Lunch Time ကုန်လို့ အလုပ်လုပ်ချိန်ရောက်ပါပြီ။

September 07, 2010

For An Ordinary Girl...

I'm just an ordinary Girl
Sometimes I'm Lazy, I get bored.
I get scared, I feel ignored
I feel happy, I get silly
I choke on my own words
I make wishes, I have dreams
And I still want to believe
Anything can happen in this world
for an Ordinary Girl
like you, like me



September 06, 2010

20100906

ပျင်းလို့  ရေးသည်။

အလုပ်လုပ်စရာလေးတွေ ရှိတယ်။ ဒါပေမယ့် စလို့ မရသေးဘူး။

သောကြာနေ့ က အလုပ်ကွန်ပြူတာမှာ HD အသစ်လဲတယ်။ ကွန်ပြူတာ သုံးရတာ အဆင်မပြေတာလေးတွေ ရှိနေလို့ ပြီးခဲ့တဲ့အပတ်က Helpdesk ကိုဖုန်းဆက် အကြောင်းကြားခဲ့တယ်။ နောက်တစ်ရက်မှာ လာကြည့်ပြီး Window OS အသစ် ပြန်သွင်းပေးမယ်၊ HD ပါလဲပေးမယ် ဆိုပြီး သောကြာနေ့ မှာ အားလုံး လာလုပ်ပေး သွားတာပါပဲ။ ပုံမှန် Standard Software တွေပဲ သွင်းပေးတာဆိုတော့ ကျန်တာတွေ ကိုယ့်ဘာသာ install လုပ်ရမယ် ပြောတယ်။ အများကြီးတော့ install လုပ်စရာ မရှိပါဘူး။ အလုပ်အတွက်လိုတဲ့ License နဲ့ သုံးရတဲ့ Software တွေ ကိုယ့် ID နဲ့  Check လုပ်ပြီး ပြန်သွင်းပေးထားတာတွေ့ တယ်။ လိုတာရှိရင် ဖုန်းဆက်ဆိုလာပေမယ့် ခုထိ ကြည့်မိသလောက်တော့ သူတို့ install လုပ်ပေးနိုင်တာ အကုန်နီးပါး install လုပ်ပေးထားတာ တွေ့ တယ်။ ဒီတော့ တခြား ကိုယ်ဘာသာသုံးလေ့ ရှိတာလေးတွေပဲ ထပ် install လုပ်ဖို့  လိုမယ်။

အခု Firefox၊ iTune install လုပ်ပြီးပြီ။ Zawgyi Unicode လဲ install လုပ်ပြီးပါပြီ။ အလုပ်အတွက်ကတော့ JDK install လုပ်ပြီးပြီ။ အရင်က တခြား Department ကလူတွေနဲ့ မတူ IT-DD က လူတွေမှာ ကိုယ့်ကွန်ပြူတာကိုယ် Admin Access ရှိခွင့် ရှိတယ်။ အခု နောက်ပိုင်း Policy အရ ဘယ်သူမှာ Admin Access ပေးလို့ မရတဲ့ အတွက် ပြန်လာဖြုတ်ရမယ် ပြောတာပဲ။ အခု Admin Right လေး ရှိနေတုန်း Install လုပ်ချင်တာ အကုန်လုပ်ထားပါပြောသွားတယ်။ အလုပ် ကွန်ပြူတာမှာ ဘာမှ အလုပ်အတွက် လိုတာကလွဲရင် တခြားဘာမှ ထူးထူးခြားခြား သိပ်မသုံးတော့ အဲဒါတွေ Install လုပ်တာ သိပ်မကြာလောက် ပါဘူး။ ဒါပေမယ့် အခုအရင်ဆုံး Development environment တစ်ခုပြန်ရအောင် Setup လုပ်နေရတယ်။ အဲဒါ ကြာတယ်။ ပြီးရင် တခြား လိုတဲ့ Configuration တွေ ပြန်လုပ်ရအုံးမယ်။ အဲလိုတွေ လုပ်ရတာ ပျင်းစရာကောင်းတာ။ ဒီနေ့ အဖို့  အလုပ်လုပ်ရတာ စိတ်မပါ။

September 03, 2010

August 30, 2010

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်

ကြိုးကြာသံ - ခင်မောင်တိုး

Download
မိုးဦး ၀င်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း
မြောက်ဖက်ကို ဦးတည်လှည့်ကာ
သားဖောက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်(ပျံ)လေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

မျိုးဆက်ရဲ့ အားမာန်တခုပါ လမ်းကြောင်းမှန် ရွေးချယ်ခြင်း.
အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ၊ မိုင်ထောင်ချီ ပျံနေရင်း
ကြိုးကြာငှက်တချို့ လေ ချီလာစဉ် ကျန်ရစ်ပြီ

ဆုံးဖြတ်ချက် တခုကျမယ့် ..
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.... ဟန်နိုင်မှ


ရိုးမပေါ် ဖြတ်ကျော်လွှားချိန်
စီးလမ်းလေကြောင်းလွှာထဲ
ချဉ်းနင်း ၀င်ရောက်လာ ပြီးရင်
အားစိုက် မျှောလိုက်နဲ့
မိုင်ထောင်ချီ ပြန်(ပျံ)နေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

August 29, 2010

နေ့ လည်စာ ထမင်းဝိုင်း

Sunday Lunch (2010-08-29)
ငါးဖယ်ဆီပြန်၊ ချဉ်ပေါင်နဲ့  ပုဇွန်ကြော်၊ ဆိတ်သားဟင်း၊ ပဲကြီးဟင်း၊ ငါးပိကြော်၊ သခွားသီးတို့ စရာ၊ ငုံးဥကြော်၊ ကြက်သွန်ကြော် နဲ့  အချဉ်။
From Everything

သောကြာနေ့ ညနေ ပင်နီဆူလားမှာ သွားဝယ်လာတဲ့ ငါးဖယ်ကို ကြော်ပြီး ခရမ်းချဉ်သီးနဲ့  ဆီပြန်ချက်ထားတာ
From Everything

ဒါက ချဉ်ပေါင်ကို ပုဇွန်နဲ့ ကြော်..

From Everything

ငုံးဥကိုပြုတ်ပြီး မုန့် နှစ်နဲ့ ကြော် ... ကြက်သွန်ကြော်..

From Everything

အကြော်စုံနဲ့  အတူ စားဖို့ အချဉ်
မန်ကျီးသီးနှစ်၊ ငရုတ်ဆီ၊ ဆား၊ သကြား၊ ငရုတ်သီးစိမ်း

From Everything

ရန်ကုန်က ပို့ လိုက်တဲ့ ပုစွန်ခြောက်ငါးပိကြာ်.. စနေ နေ့ ကမှ သွားယူထားတာ
From Everything

တို့ စရာ အနေနဲ့  သခွားသီး
From Everything


From Everything


From Everything

August 24, 2010

ရိုးမရဲ့ညနေ....

ရိုးမရဲ့ ညနေခင်းလေးကိုတောင် ...
အလှကြည့်ဖို့  မအားပါ ခင်ဗျာ...
...

Download
.....
..
တောင်ပေါ်မှာနေ.. တောင်ပေါ်မှာဝေ.. တောင်ပေါ်မှာကြွေ..
သစ်ရွက်တွေလို ..တို့ ဘ၀ဟာလည်း
ရိုးမရဲ့ ညနေခင်းလေးကိုတောင်... အလှကြည့်ဖို့ မအားပါခင်ဗျာ..
...
.......
....
ရွှေပင်တွေအလယ်.. ရတနာတွေအလယ်
လူတွေလူတွေ အသက်စွန့် ကာလေ ကြိုးပမ်းနေဆဲ..
ရိုးမရဲ့ ညနေခင်းလေးကိုတောင်... အလှကြည့်ဖို့ မအားပါခင်ဗျာ..
...
.......
....
ရိုးမရဲ့ ညနေခင်းလေးကိုတောင်...
အလှကြည့်ဖို့ မအားပါခင်ဗျာ..


August 19, 2010

On your wedding day..

Congratulations to a wonderful couple!!!
"Two hearts that beat as one" on "August 19, 2010"

May the promise you two make today
Change your world in a wonderful way.

Wishing You All the Joy of a Long and Happy Marriage Life!!!!

Best Wishes,

August 15, 2010

ဆေးရောင်စုံမြင်ကွင်းကျယ်

ဆေးရောင်စုံမြင်ကွင်းကျယ်..
Download

နေရောင်ခြည်ဟာပေတရာလမ်းပေါ်ခုန်ကာပေါက်ကာရောက်လာ

မြန်မာစံတော်ချိန်နံနက်ခင်းဟာ ရေဒီယိုထဲကထွက်လာ..
အတောင်ပံမပါတဲ့ ဘိုင်စကယ်သတင်းစာ အိမ်ပေါ်အရောက်ပျံသန်းလာ
ငိုမလိုရီမလိုအိမ်သူမျက်နှာရှာဖွေလမ်းထွက်ဖို့နှိုးဆော်လာ..

လာမယ်ကြာမယ်.. ယာဉ်ရထားတွေ မနိုင်ဝန်ထမ်းကာထွက်ခွါ..
နေပြည်တော်ကို လွယ်အိတ်တစ်လုံးနဲ့  ခြေလျှင်တိုင်းခန်းလှည့်လာ
ရန်ကုန်ရင်ပြင်ပေတရာဈေးမှာ သမင်လိုက်ပွဲနဲ့ တိုးကာ..
ကော်ဖီဆိုင်မှာ လူတချို့ ဟာ လေသေနတ်နဲ့  စစ်တိုက်နေတာ..

နိုင်ငံတကာက မော်တော်ကားတွေ ခြေစုံရပ်ကြည့်မောကာ
ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြှီးတစ်ပိုင်း ပြတ်ကာ
အဆီပြန်နေလောင် ဆံပင်တွေမွဲကာ ၀င်ငွေအလုပ်မှန်လိုက်ရှာ
အကြိမ်ကြိမ်အဖန်ဖန် လီဘာလဲကာ ကြံရာမရတဲ့ နောက်ဘိတ်ဆုံးမှာ..

ကားလမ်းဘေးက ဗေဒင်ဆရာရေ အားကိုးစမ်းပါရစေ..
ကြီးပွါးကိန်းတော့မြင်နေပြီလေ ဟောကိန်းထုတ်လို့ နေ
အိတ်ကပ်ထဲက အကြွေတွေ အပြင်ကိုမျက်စပစ်လို့ နေ..

လောလောလတ်လတ် ထောင်ကိုမြင်ရင် ရာကိုစွန့် ကာ...
ထီတစ်စောင် တစ်ကျပ်နဲ့  ထိုးကာ..
မည်သူမဆို နေပူထဲမှာ မျှော်လင့်ခြင်းရဲ့ မျက်နှာ..

ကြော်သံလှော်သံညှော်သံကြားမှာ အစာအိမ်ဟွန်းသံပေးလာ
အကြံတူကံမကူ ဥာဏ်အုတ်ခေါင်းက
ဆံပင်ဖြူတစ်ချောင်းနှစ်ချောင်း ထိုးထွက်ခါလာ

...
ကားလမ်းဘေးက ဗေဒင်ဆရာရေ အားကိုးစမ်းပါရစေ..
ကြီးပွါးကိန်းတော့မြင်နေပြီလေ ဟောကိန်းထုတ်လို့ နေ
...

Updated the Links. Thank, Ma KOM and SDL..

August 08, 2010

Happy Birthday My Love

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ ချစ်သူ။

ယနေ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်
အောင်မြင်ပျော်ရွှင်ချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်...
နေနေ

August 07, 2010

It's my Lunch..

အရွက်ကြော်နဲ့ စတယ်..
From Everything

ကိုယ်ကြိုက်တာ ကိုယ်စားတာပဲ..
ပုဇွန်လုံးလေးတွေ ခေါ်မလား သေးသေးလေးတွေ ကြော်ထားတာ စားကောင်းတယ်

From Everything

အကြော်ဆို တစ်ပန်းကန် နဲ့  အာသာမပြေ..
From Everything
လည်ချောင်းခြောက်လို့  အရည်သောက်..
ငရုတ်ကောင်းလေးပါတော့ သောက်လို့ ကောင်းတယ်

From Everything

ထမင်းလေးတော့ နည်းနည်း စားအုံးမှ
From Everything


ခံတွင်းရှင်းတဲ့ အနေနဲ့ .. မာလကာသီး၊ နှင်းသီးနဲ့  ရှောက်ချိုသီး
From Everything
ကြက်သားကင် နည်းနည်းထပ်စား..

From Everything

တကယ်ဆို စူရှီး လုံးဝ စားလေ့မရှိ... အခု နည်းနည်း ယူစားလိုက်တယ်..
From Everything

အရွက်ဆိုတာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပဲ
From Everything

ပြီးတော့ အသီးနည်းနည်း ယူစားလိုက်တယ်..
From Everything

တကယ်ထပ်စားချင်တာ ပုဇွန်လုံးလေးတွေကြော်..
ဒါပေမယ့် ဆီကြော်အရမ်းစားတာမကောင်းဘူးဆိုပြီး ဒါလေးပဲ ထပ်စားလိုက်ပါတယ်..
ဒါနဲ့  အတူ Soup တစ်ခွက် အအေးတစ်ခွက်ထပ်သောက်...

From Everything

Paul... ငါ.. နင့်ကို မမေ့ပါဘူး...
From Everything

အိပ်ပျက်တာများလို့ ထင်တယ်။ ခေါင်း နည်းနည်း ကိုက်နေတယ်။ ဒီနေ့ လည်စာတော့ ဒီလောက်ပဲ စားနိုင်တယ်။ မစုံဖူးပေါ့။ ဒါပေမယ့် မကြာခင် ပြန်ဆုံ ကြအုံးမှာပဲဟာ။ အဲဒီအခါမှာ အကုန် စုံအောင် ပြနိုင်အောင် ကြိုးစားပါ့မယ်။