၀၀း၅၅ အိပ်ချင်စိတ် မရှိ၊ ကြိုးစားအိပ်ပါ။
၀၁း၂၇ အိပ်မပျော်သေးပါ။
၀၄း၁၂ တရေးနိုး။
၀၄း၁၄ စကားပြော။
၀၄း၂၀ ပြန်အိပ်ဖို့ ကြိုးစား။
၀၈း၄၅ မှ နိုးလာတယ်။ ရေချိုး အလုပ်သွားဖို့ ပြင်ဆင်။ (မနက် ၇း၄၅ နိုးစက် မမြည်။ အချိန်မှားပြောင်းထားမိသည်။)
၀၉း၀၅ ရထားဂိတ်ရောက်။
၀၉း၃၅ အလုပ်ရောက်သည်။
၁၀း၃၀ အပြင်ခဏ ပြန်ထွက်သည်။ မေးမြန်းစရာရှိတာ မေးမြန်းစုံစမ်းသည်။ အဆင်မပြေ။
၁၀း၄၅ အလုပ်ပြန် ရောက်သည်။ ရှာဖွေသည်။ နည်းလမ်းရှာသည်။
၁၂း၀၀ နေ့ လည်စာစားချိန် အပြင်သွားသည်။
၁၂း၂၅ စုံစမ်းမေးမြန်းရပြန်သည်။ အဆင်ပြေသည်။ စိတ်ချမ်းသာပါသည်။
၁၂း၄၀ အလုပ်ပြန်ဖို့ အဆင်မပြေ၊ အိမ်ခဏပြန်သည်က ပို၍အဆင်ပြေသည်။
၁၂း၄၅ ကားငှါးပြီး အိမ်ပြန်လာသည်။
၁၃း၀၀ အိမ်သော့မပါလာ။ အလုပ်မှာကျန်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ရပြန်သည်။
၁၃း၁၀ အိမ်ပြန်ရောက်သည်။ လူမရှိ။ ဘေးခန်းများတွင်လည်း လူမရှိ။ အိမ်ထဲမဝင်နိုင်။
၁၃း၃၅ သော့ပါသည့် ကလေးငယ် ကျောင်းမှ ပြန်ရောက်လာသည်။
၁၃း၄၅ အိမ်မှ ပြန်ထွက်သည်။
၁၄း၁၅ အလုပ် ပြန်ရောက်သည်။
.
အလုပ်လုပ်နေပါသည်။
.
၁၅း၄၀ ဦးနှောက်အနားပေး ဒီစာရေးသည်။
.
အလုပ်ဆက်လုပ်ရမည်။
.
၁၉း၀၀ တွင် Report တစ်ခု ပို့ ပေးစရာရှိသည်။
.
.
.
၁၉း၃၀ သွားစရာတစ်ခု ရှိသည်။
၂၀း၃၀ တွေ့ စရာတစ်ခု ရှိသည်။
၂၁း၀၀ လုပ်စရာတစ်ခု ရှိသည်။
၂၁း၃၀ သွားစရာတစ်ခု ရှိသေးသည်။
.
.
၂၄း၀၀ မထိုးမှီ အိမ်ပြန်ရောက်မည် မျှော်လင့်ပါသည်။
8 comments:
စားတာလည်း မပါဘူး။ ဘာမှ မစားတော့ဘူးလား။ :P
မစားရသေးဘူး. အချိန်မရလို့  .. ညနေမှ ပေါင်းစားရမယ်..
သြော်.. မေ့သွားလို့.. နေ့ လည် အလုပ်ကနေ MRT အသွားလမ်းမှာ Old Chang Kee က Chicken Nuggets တစ်ချောင်း ဝယ်စားထားတာ ရှိတယ်။
တစ်ယောက်တည်းတောင် ဒီလောက်အလုပ်များနေရင်.. နှစ်ယောက် သုံးယောက်ဖြစ်လာရင် ...... ။ အင်း... မောလိုက်တာ။
မမွန်
Bridget Jones Diary လိုမျိုး...
နေနေ's Diary ပေါ့...း))
အလွန် အလုပ်များသော နေနေ ပါတကား...
အွန်...နားရတဲ့ အချိန်လည်း မပါပါလားကွယ်...
ဖဘ မှာ ငြိမ်သက်နေကထဲက အလုပ်များနေမယ်ထင်တော့ထင်သား။ ကျမ်းမာရေးဂရုစိုက်ဗျို့။
Hooooooo.....C'est la vie:( Gyidaw
Post a Comment