Pages

November 30, 2007

ကျောင်းဖွင့်ချိန် - ရွှေဘုန်းလူ

ဟိုတစ်ရက်က ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ရွှေဘုန်းလူရဲ့ ကျောင်းဖွင့်ချိန် ကဗျာကို Scan ဖတ်ထားတာ မလိုချင်ဘူး၊ PDF ဖိုင်နဲ့  မလိုချင်ဘူး၊ မြန်မာစာလုံးတစ်ခုခုနဲ့ ရေးထားတာကို လိုချင်ပါတယ်ဆိုလာလို့  ကျွန်မ မှာရှိနေတဲ့ ဇော်ဂျီ မြန်မာယူနီကုတ်နဲ့Typing လုပ်ထားတဲ့ စာသားတွေကို ပေးဖြစ်လိုက်တယ်။ သူ့ လိုပဲ လိုချင်သူတွေ ကူးယူနိုင်အောင် ကျွန်မှာရှိနေတဲ့ ကဗျာရေးပြီးသားကို ဒီမှာ ပြန်လည်မျှဝေလိုက်ပါတယ်။ နောက်ပြီး ဒီမှာမှတ်ထားတော့ မပျောက်တော့ဘူးပေါ့။ Computer ထဲမှာဆို တစ်ခါတလေ ပြန်လိုချင်ရင် အတော် ရှာရခက်တယ်။

ဒီကဗျာက အားလုံးသိကြတဲ့အတိုင်း ရွှေဘုန်းလူ ခေါ် တာရာမင်းဝေ ရဲ့ နာမည်ကြီး ကဗျာတစ်ပုဒ်ပါ။ အပိုဒ် ၁၀ ပိုဒ်ပါဝင်ပါတယ်။ ဒီကဗျာမှာ ကျွန်မ အကြိုက်ဆုံးကတော့ နောက်ဆုံး စာပိုဒ် အပိုင် ၁၀ ပါပဲ။

ကဗျာတစ်ပုဒ်လုံးကို ဖတ်ချင်ရင် ကဗျာခေါင်းစဉ်ကို click လုပ်ပါ။
(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဗြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

ရွှေဘုန်းလူ

ကျွန်မမှာလည်း ဒီကဗျာကို အင်တာနက် တစ်နေရာမှာ တွေ့ လို့  ကူးယူထားလိုက်တာပါ။ ကြာတော့ကြာပြီ။ ဘယ်နေရာကလည်း မမှတ်မိတော့ဘူး။ မူရင်း အပင်ပန်းခံ Typing လုပ်ထားသူကို ကျေးဇူးတင်ပါတယ်။

ကျောင်းဖွင့်ချိန် - ရွှေဘုန်းလူ ( PDF - Mediafire)

No comments: