Pages

July 29, 2007

ဂျူး - ရေမျောသီး + မြရဲ့လ

ဂျူး ရဲ့ ၀တ္ထုတိုနှစ်ပုဒ် (ရေမျောသီး နဲ့  မြရဲ့လ ) ကို ဟေမာနေ၀င်း နဲ့  ထူးအိမ်သင်က ပြန်ဖတ်ပေးထားတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်လာက်က အွန်လိုင်းမှာ ( မိုးမခ - စာဖတ်ခန်းမှာ ဖြစ်မယ်ထင်တယ်) နားထောင်ဖူးခဲ့တယ်။ တစ်နှစ်ကျော်လောက်က အဲ့ဒီ အော်ဒီယိုဖိုင်တွေ ပြန်နားထောင်ချင်လို့ လိုက်ရှာတာ ဘယ်နေရာမှ ရှာမရဘူး ဖြစ်နေခဲ့ဖူးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က နေးတစ်မြန်မာဖိုရမ်မှာ နေးတစ်ဒီဂျေတစ်ဦးဖြစ်တဲ့ ရှင်းမင်းက အဲ့ဒီအော်ဒီယို ဖိုင်တွေကို တင်ပေးထားတာတွေ့ လိုက်ရတယ်။ အရမ်း ၀မ်းသာသွားပြီး File နှစ်ခုလုံးကို Download အမြန်လုပ်ပြီး သိမ်းထားလိုက်တယ်။ ခုအားလပ်ရက်မှာ အသေအချာပြန်ပြီး နားထောင်ဖြစ်တယ်။ အရင်တုန်းကလို ကြိုက်နှစ်သက်မိတုန်းပါပဲ။

ရေမျောသီး - ဟေမာနေ၀င်း
မြရဲ့လ - ထူးအိမ်သင်

ဂျူးကို ကြိုက်နှစ်သက်သူ အတော်များများ ဒီ ဂျူးရဲ့ ၀တ္တုတို နှစ်ပုဒ် ရေမျောသီးနဲ့  မြရဲ့လ ကို ဖတ်ဖူးကြမှာပါ။ အဲ့ဒီ ၀တ္ထုတွေကို ပြန်ဖတ်ချင်တယ်ဆို အပြင်မှာ ရှာရလွယ်နိုင်ပေမယ့် ဒီလို Audio File တွေကတော့ အတော်ရှာရ ခက်ပါတယ်။ ကျွန်မတောင်မှ ဒီဖိုင်တွေကို ရှင်းမင်း ပြန်တင်ပေးလို့ သာ ပြန်ပြီးနားထောင်ခွင့်ရတာပါ။ ကျွန်မလိုပဲ ပြန်နားထောင်ချင်တဲ့သူတွေ၊ သိမ်းထားချင်တဲ့ သူတွေရှိမှာပဲ တွေးမိလို့  ထပ်ဆင့်မျှဝေ လိုက်ပါတယ်။ တခါမှ နားမထောင်ဖူးသူတွေလည်း ဂျူးကိုကြိုက်တယ်၊ ဟေမာနေ၀င်းကိုကြိုက်တယ်၊ ထူးအိမ်သင်ကို ကြိုက်တယ်ဆို နားထောင်ကြည့်နိုင်ကြတာပေါ့။

Credit to ShinMin (NativeMyanmar)

5 comments:

မေ said...

မမေ မြရဲ့လကို အီးဘွတ်ခ် လိုက်ရှာနေတာ။ နေနေ့မှာများ ရှိလား။ စာအုပ်တော့ ရှိမယ်။ ပြန်ရိုက်ရမှာ ပျင်းနေလို့ :P

ThuHninSee said...

ဖတ်ရတာကို နားထောင်ရတာထက် ပိုကြိုက်လို့ တခါမှသေချာနားမထောင်မိဘူး။
အခုမှ ပြန်နားထောင်ကြည့်မလားလို့။

Nay Nay Naing said...

မမေ.. >> မြရဲ့လ ရိုက်ပြီးသား မရှိဘူး.. မမေ ကွန့် မန့် ကိုတွေ့ လို အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်တာလဲ မတွေ့ ဘူး.. မမေလိုချင်ရင် ပြန်ရိုက်ရမယ် ထင်တယ်..

မမွန် >> နေနေလည်း နားထောင်တာနဲ့ ဖတ်တာ၊ စာဖတ်ရတာကို ပိုကြိုက်တယ်။ ဒီဝတ္ထုတွေက ဖတ်ပြီးသားဆိုတော့ နားထောင်လို့  ရတယ်။ လုံးဝ မဖတ်ရသေးတာဆိုရင်တော့ နားထောင်ရင် ဘာမှန်းသိမှာ မဟုတ်ဘူး။

Su said...

THANK YOU, THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU,THANK YOU!!
I'VE BEEN SEARCHING FOR THEM FOR THE LONGEST TIME.
I DON'T EVEN REMEMBER WHEN OR WHERE I LISTENED TO THEM.
LUV YA....*MWAH*

Nay Nay Naing said...

My Pleasure :)