Pages

July 19, 2007

အာဇာနည်နေ့ သီချင်းများ

ဒီနေ့  အလုပ်မှာ အာဇာနည်နေ့ သီချင်းတွေကို မိုးမခကနေ့  နားထောင်ဖြစ်နေတယ်။ သီချင်းတွေကို သူများတွေပါ အလွယ်တကူ နားထောင်နိုင်အောင် တစုတစည်းထဲ ပြန်တင်ချင်ပေမယ့် ဖိုင်နာမည်မပါတာ၊ ပြန်စုပြီးတင်ဖို့  မအားတာနဲ့  ဘာမှမလုပ်ဖြစ်ဘူး။ ခုညနေ နည်းနည်းအားမှ နေးတစ်ကို ၀င်ကြည့်မှပဲ မမေက သီချင်းတွေကို ဒေါင်းလုတ်လုပ်ရလွယ်အောင် ပြန်လည်စုစည်းပြီး ပြန်တင်ပေးထားသလို၊ File တစ်ခုခြင်းစီကိုလည်း FileDen မှာတင်ပေးထားတာတွေ့ လိုက်ရတယ်။ သီချင်းတွေမှာ နာမည်တွေပါ အတိအကျ ရေးပေးထားတာမို့  ဒီမှာ ထပ်ဆင့်ဖေါ်ပြလိုက်ပါတယ်။

အရင်က အာဇာနည်နေ့ဆို ရေဒီယိုက လာနေကျ မေလှမြိုင် သီချင်းလေးအပါအ၀င် အာဇာနည်နေ့ အမှတ်တရ ဂုဏ်ပြုတေးများကို အလွမ်းပြေ နားထောင်နိုင်ပါတယ်။

အာဇာနည်နေ့ ဂုဏ်ပြုတေးများ

၁။ အလေးပြုပါတယ် - မေလှမြိုင်
၂။ ပြည်သူ့မျက်ရည် - စိန်ပါတီ
၃။ အာဇာနည်နေ့ မမေ့အပ်ပေ - မေလှမြိုင်
၎။ အာဇာနည်နေ့ တို့မမေ့ - မေလှမြိုင်
၅။ သတိရသည်နှင့်အမျှ - ၀င်းဦး
၆။ ညီညွတ်ခြင်းသည်အဓိက - ၀င်းဦး + မာမာအေး
၇။ မမေ့အပ်သော ၁၉ဇူလိုင် - မာမာအေး
၈။ အာဇာနည် မှာခြွေသည့်စကား - ၀င်းဦး
၉။ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ် - မာမာအေး
၁၀။ ဗိုလ်အောင်ဆန်း - ကိုမြကြီး
၁၁။ သခင်အောင်ဆန်း - ကိုမြကြီး
၁၂။ စည်းကမ်း - မေလှမြိုင်

ကျွန်မက မမေမျှဝေထားတဲ့ Zip File ကိုသာ ပြန်တင်ပေးခြင်းဖြစ်လို့ ၊ Internet Connection နှေးတယ်၊ သီချင်း တစ်ပုဒ်ခြင်းကို သာ ဒေါင်းလုတ်လုပ်ပြီး နားထောင်ချင်တယ်ဆိုရင် မမေ ဘလော့မှာ သွားပြီး ဒေါင်းလုတ်လုပ်လို့ ရပါတယ်။

အာဇာနည်နေ့ ဂုဏ်ပြုသီချင်းများ - EmotionalCorner

Credit to Ma May (EmotionalCorner) and MoeMaKha Radio

No comments: