Pages

July 20, 2007

20072007

ဒီနေ့  Date က Double Match ဖြစ်တယ်၊ နံပါတ်လေး လှတယ်ဆိုပြီး Gtalk Status မှာတင်ကြ၊ တချို့ များဆို SMS တွေတောင် ပို့ ပြီး ပြောကြလုပ်နေကြတာ တွေ့ ရတယ်။ တချို့  SMS တွေမှာဆို Once in a life time တဲ့။ ဘယ်လိုရက်မျိုး ကိုများ ကျွန်မတို့ ဘ၀မှာ နှစ်ခါပြန်ရတယ်ဆိုတာ ရှိဘူးလို့ လဲနော်။ ထားပါ။ ကျွန်မမှာ သူတို့ လိုပဲ နေ့ စွဲလှလှလေးတွေဆိုရင် သတိထားမိတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အဲ့ဒီသူငယ်ချင်း အွန်လိုင်းအမြဲတတ်တဲ့ အချိန်ကဆို နေ့ စွဲ လှလှလေးတွေရောက်ပြီဆို သူ့  Yahoo မှာ Status တင်ရုံမက၊ တခါတလေဆို အီးမေးနဲ့ တောင် ပို့ ပြီး ပြောတတ် သေးတယ်။

တတီတီဝင်နေနဲ့  SMS တွေကြည့်ရင်း ၊ အလုပ်လေး နည်းနည်း အားနေတာနဲ့  Double Match နေ့ စွဲ လှလှ ဖြစ်မယ့် ရက်တွေကို ချရေးကြည့်မိတယ်.. နေ့ စွဲလှလှကြိုက်သူတွေ အတွက်ပေါ့

20072007 - 20th July 2007
20082008 - 20th August 2008
20092009 - 20th September 2009
20102010 - 20th October 2010
20112011 - 20th Novermber 2011
20122012 - 20th December 2012

ဒီလိုပဲ တခြားရက်စွဲလှတာလေးတွေ အများကြီးရှိဦးမှာပါ။ တကယ်ဆို ကျွန်မရေးထားတဲ့ ရက်တွေဟာ DD-MM-YYYY Format နဲ့ ရေးလို့  ဖြစ်တာတွေပါ။ MM-DD-YYYY ၊ YYYY-MM-DD တွေ နဲ့ သာ ရေးမယ်ဆိုရင် အဲ့ဒီလို လှမှာ မဟုတ်ဘူး။ အမျိုးမျိုးပြောင်းရေးလို့ ရနေတဲ့ Date တွေကို အစွဲအလန်းထားမျိုးကို ကျွန်မလုပ်လေ့မှရှိဘူး။ ဂဏန်းလေးတွေ လှတာလေးတစ်ခုနဲ့ တော့ အဲ့ဒီ နေရက်တွေ ကျွန်မကို သာမန်ထက်ထူးခြားတဲ့ ခံစားမှုမျိုး မဖြစ်စေဘူးလေ။

4 comments:

ToMMyGiRL said...

I should get married on one of those days or like 08-08-08 or 09-09-09 :D

Nay Nay Naing said...

Hahah. Good Idea.. Dont forget to invite me to your wedding ;)...

MYO HAN HTUN said...

အတွေးလေးတွေကောင်းတယ် ..

ThuHninSee said...

မမွန်တုန်းကလဲ ၀၇၀၇၀၇မှာယူချင်တာ..
ဝါတွင်းကြီးမယူရဘူးဆိုလို့ လက်လျော့လိုက်ရတယ်