Pages

December 05, 2008

နေရာကမှား... အချိန်ကာလမှား...

ငါဟာ မှားပြီး ရောက်လာတဲ့သူ

လူမှား - ဇော်ဝင်းထွဋ်

ကျောက်ဖျာများ အထက်မှာ...ငါပျိုးကြဲ
ကန္တာရတို့ အလယ်မှာ ထွန်ယက်ခဲ့....
အလဟားသတ် လုပ်ရပ်များအတွက်
အချီးအနှီး အသီးအပွင့်တွေပဲ

ထုတည်ကြီးမားတဲ့ အချစ်များလည်း
အမှုန့် ဖြစ်သွားခဲ့တာ အကြိမ်ပေါင်းမနည်း..
လိုချင်တာ ငါ့မှာ မရှိတော့ဘူး..
ဘာကိုမှလည်း ငါမတက်မက်

မညီမျှတဲ့ လောက အလယ်....အမှန်ကလည်း မှားနေတယ်

ရည်ရွယ်တာများ...ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့ အတူ

နေရာကမှား... အချိန်ကာလမှား... ငါဟာ မှားပြီး ရောက်လာတဲ့သူ

Credit to SoeThawn

December 04, 2008

November : Movies or Move it?

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ ရုပ်ရှင် တော်တော်များများ ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေက...
  1. Madagascar: Escape 2 Africa - Trailers , Official Site
  2. Body Of Lies - Trailers , Official Site
  3. Beverly Hills Chihuahua - Trailers , Official Site
  4. City Of Ember - Trailers , Official Site
  5. Four Christmases - Trailers , Official Site
Madagascar: Escape 2 Africa ၊ Beverly Hills Chihuahua နဲ့  City Of Ember က ကြိုက်လို့  ကြည့်ချင်လို့  သွားကြည့်တာ။ Body Of Lies က သူငယ်ချင်းတွေက ခေါ်လို့ ကြည့်ဖြစ်တာ။ Four Christmases ကတော့ X'mas နီးလာပြီးတာတာကြောင့် X'mas နဲ့ ပတ်သက်တဲ့ ခံစားမှု့ လေးရမလားဆို သွားကြည့်တာ။ သရုပ်ဆောင် မင်းသမီး (Reese Witherspoon) ကိုလည်း အရင်ကတည်းက ကြိုက်တယ်။ Four Christmases ကြည့်ပြီးတော့ ချစ်သူကို သတိရတယ်။

The official Madagascar 2 music video: I Like To Move It.

အခုရက်ပိုင်း ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေမှာ အကြိုက်ဆုံးက Madagascar 2: Escape 2 Africa ။ အရင် Madagascar ကတည်းက ကြိုက်ခဲ့တာ။ အဲဒီကာတွန်း ဇာတ်လမ်းထဲက ခြင်္သေ့လေး Alex, မြင်းကျားလေး Marty, ကုလားအုပ်လေး Melman နဲ့  ရေမြင်းမလေး Gloria .. အားလုံးကို ကြိုက်တယ်။ ကာတွန်းကားတွေ ကြည့်ရတာ တကယ် စိတ်ချမ်းသာတယ်။

Body Of Lies မှာ နည်းနည်း ရက်စက်တဲ့ ပြကွက်လေးတွေ ပါပေမယ့် ကြည့်လို့ ကောင်းပါတယ်။ အဲဒီ ဇာတ်ကားမှာ Roger Ferris အဖြစ် သရုပ်ဆောင်ထားတာကို ကြည့်ပြီး Leonardo ကိုနည်းနည်း ကြည့်လို့ ရလာတယ်။ အရင်ကဆို Leonardo ကိုမကြိုက်လို့  သူပါတဲ့ ရုပ်ရှင်ဆို ဘယ်ရုပ်ရှင်တစ်ကားမှ ပြီးအောင် မကြည့်ဖူးဘူး။

Four Christmases ထဲမှာ မင်းသားက သူ X'mas မှာ အိမ်ပြန်မလာနိုင်တာ ဘာကြောင့်ဆိုတာ သူ့ အမေကို ဖုန်းထဲကနေ ညာပြောတဲ့ အခန်း (Merry Christmas in Burmese )။ အဲဒီမှာ မြန်မာလို "Merry Christmas" ကို ဘယ်လိုပြောတယ်ဆိုတာ ပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြား ရုပ်ရှင်ကား အတော်များများမှာ Burma/Burmese ဆိုတာ ပါပါနေတာ သတိထားမိတယ်။ ကောင်းတဲ့ နေရာက ပါခြင်းမျိုးတော့ မဟုတ်ဘူး။

ရုပ်ရှင်ဇာတ်ကား Reviews ရေးဖို့  မရည်ရွယ်တဲ့အတွက် တခြားရုပ်ရှင်တွေအကြောင်း မရေးတော့ဘူး။ ကျွန်မ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေကို မသိလို့ ၊ သိချင်တယ်ဆို ကြည့်လို့ ရအောင် Trailers နဲ့ Official Sites လင့်တွေ အပေါ်မှာ ထည့်ပေးထားတယ်။ နိုဝင်ဘာလတုန်းက ရုပ်ရှင် ၅ ကားကြည့်တယ်။ အခု ဒီဇင်ဘာလမှာလည်း အချိန်ရတယ်၊ စိတ်ကူးပေါက်တယ်ဆို ရုပ်ရှင်တွေ ထပ်ကြည့်ချင် ကြည့်အုံးမယ်။ စိတ်မပါဘူး ဆိုရင်လည်း ဘာမှမကြည့်ပဲ နေချင်နေမယ်... အဆင်ပြေသလို ပေါ့....

ဟန်ဆောင်သူများ

ဟန်ဆောင်သူများ

သည်ဘက်စွန်း၌
နစ်မွန်းပျော်ပါး၊ ငါ ၀ံ့စားစွ
လင်သားအိမ်ထောင်၊ ကျပ်တည်းနှောင်လည်း
ဟန်ဆောင်နှုတ်မှ
ဗုဒ္ဓ၏လမ်း၊ လွတ်မြောက်နန်းသို့ 
ဖြတ်သန်းလိုပါ၊ တစာစာလျှင်
မုသာဝါဒ၊ စကားမဆိုချင်။

ဟိုဘက်စွန်းသို့ 
ပြတ်ရွှန်းလှမ်းခို၊ သွားရောက်လိုဟန်
ခိုတွယ်အားထား၊ ဘုရား တရား
စကားမျှပင်၊ ကျင်လည်သည်မှာ
လူ့ ဘာသာမှ၊ တစ်ဝါရှောင်ရုံ
တစ်ချုံကွယ်လျှိုး၊ သစ်ဝါးတိုးဟန်
ပြန်လာခေါက်ခေါက်၊ ဟိုသည်နှောက်၏
လွတ်မြောက်တကယ်၊ စွန့် ပယ်ဝံ့သူ
သည်မူ မဟုတ်နိုင်တကား။

ငါစွန့် ခွါလျှင်
ပြန်မလာတတ်၊ ကင်းရှင်းပြတ်အံ့
အို..... သူမြတ်တို့ 
မလွတ်မြောက်ခင်
ခုံမင်မြူးကြွ၊ လူ့ ဘ၀နှင့်
ခဏမြင်ဖူး၊ အသိထူးပြား
ကူးလူးချင်၍
ရှင်သန်ပါရမီ၊ ဖြည့်တင်းသည်ဟု
ယုံကြည်လိုက၊ ယုံကြည်ကြစေ
အရိယဟု ၊ အတ္တပြတ်ဟန်
ကြောက်ဖွယ်ဖန်လာ
မာန်မာနသာ၊ ကင်းပစေရှင့်။ ။

ကြည်အေး
ရှု့ မ၀မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၇၁။

ဒီကဗျာကိုပဲ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလထုတ် ရှု့ မ၀မဂ္ဂဇင်းမှာ "စွန့် ဝံ့သည်" ဆိုတဲ့ အမည်ဖြင့် နောက်တစ်ကြိမ် ဖော်ပြခဲ့တယ်လို့  သိရတယ်။ ကဗျာလေး ဖတ်ပြီး ဒီကဗျာဟာ မူလပေးထားတဲ့ " ဟန်ဆောင်သူများ " ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုလိုက်သလား၊ " စွန့် ဝံ့သည် " ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုလိုက်သလား...... အင်း.. အတွေးပွားနေ မိတယ်..

December 03, 2008

Myanmar Ebooks (Free Download)

ကျွန်မရဲ့ Bookmarks မှာ မှတ်ထားတဲ့ မြန်မာစာအုပ် (eBooks) တွေ ရရှိနိုင်တဲ့ နေရာတွေပါ။ အခု စုထားတဲ့ စာရင်းမှာပါတဲ့ ဆိုဒ်တွေအားလုံးဟာ Free Download လုပ်လို့ ရတဲ့ နေရာတွေကြီးပါပဲ။
eSnips မှ မြန်မာစာအုပ်များ...
တကယ်ဆို မှတ်ထားတဲ့ website တွေက အများကြီး၊ ဒီနေ့  တစ်ခုခြင်း ပြန်ကြည့်လိုက်မှ တချို့ ဆိုဒ်တွေ လုံးဝ မရှိတော့တာ တွေ့ လိုက်ရတယ်။ ချယ်ရီသစ္စာ ဆို အရင်က နာမည်ကြီးတဲ့ နေရာတစ်ခု.. အခုတော့ ဘာမှ မရှိဘူး.. နာမည်လေးရှိသေးတယ် ဆိုတော့ နောက်တစ်ချိန်မှာ ပြန်ရှိချင်လည်း ရှိလာနိုင်တယ်။

ကျွန်မအနေနဲ့  မြန်မာစာအုပ်တွေ ဖတ်ချင်တယ်ဆို အပေါ်ကလို File Sharing Websites တွေတင်မကဘူး မြန်မာဖိုရမ်တွေမှာပါ လိုက်ရှာ ဖတ်လေ့ရှိတယ်။ တချို့ ဖိုရမ်တွေမှာဆို မန်ဘာတွေက မြန်မာစာအုပ်တွေကို ကိုယ်တိုင်စာရိုက်ပြီး၊ ဒါမှမဟုတ် scan လုပ်ပြီး တင်ပေးလေ့ ရှိတယ်။ စာအုပ်တစ်အုပ်လုံးပြီးသွားရင်လည်း eBook တွေ လုပ်ပေးကြတယ်။ စာဖတ်ဖို့ သွားလေ့ရှိတဲ့ မြန်မာဖိုရမ်တွေ စာရင်းကိုတော့ နောက်မှပဲ ထပ်ညွှန်းပါတော့မယ်။

December 02, 2008

ကျန်းမာရေး မကောင်းပါ၊ ပုဇွန်ဟင်းချက်စားသည်..

ဤဘလော့ရေးသူသည် ယမန်နေ့  ညနေမှပိုင်းမှ စ၍ နေထိုင်မကောင်း ဖြစ်နေပါသဖြင့် ယနေ့  အလုပ်မသွားနိုင်ခဲ့ပါ။

ကျန်းမာရေး မကောင်းဘူးလား။ ဘာဖြစ်တာလဲဆို ဖျားတာမဟုတ်ဘူး၊ ခေါင်းကိုက်တာ။ ကိုက်နေတဲ့ ခေါင်းကို ပြန်ကိုက်ချင်ပေမယ့် ပြန်ကိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ဆေးသောက်ပြီး သည်းခံ နေလိုက်ရတယ်။ မနေ့ ညက အိမ်ရောက်အောင် မနည်း ပြန်လာရတယ်။ သွားရလာရ သိပ်မဝေးတဲ့ နေရာမှာမို့  တော်သေးတယ်။ ခေါင်းကိုက်တော့ ထုံးစံအတိုင်း အစာမ၀င်တော့ဘူး၊ စားသမျှ အန်ပြန်ရော။ မလွယ်ပါဘူး။ စိတ်ကြီးတာကို ၊ ဒေါသကြီးတာကို ခေါင်းကိုက်မှာပေါ့တဲ့ ချစ်သူက ကြင်နာစွာ အားပေးစကား ဆိုရှာတယ်။ ပထမတော့ စိတ်ဆိုးတော့ မလို၊ (စိတ်ဆိုးလိုက်ပါသေးတယ် :D) နောက်မှ စဉ်းစားမိတယ်၊ သူပြောတာလဲ မမှားပါဘူး။ ကျွန်မကလည်း တစ်ခုခု စိတ်အနှောက်အယှက် ဖြစ်ပြီဆိုတာနဲ့  အဲဒီခေါင်းက ကိုက်လေ့ရှိတယ်လေ။ ခေါင်းကိုက်ပြီဆို ဘာမှ လုပ်မရဘူး၊ နောက်ဆုံး ဆေးသောက် အိပ်လိုက်မှပဲ ပျောက်တော့တယ်။ မနေ့ ကတော့ စိတ်နည်းနည်း ရှုပ်တာရော၊ နေ့ လယ်စားချိန် အပြင်ထွက်တာ အပူအအေး မမျှဖြစ်သွားတာရော၊ ညနေ ၃ နာရီလောက်ကတည်းက ခေါင်းစကိုက်နေပြီဆိုတာ သိရဲ့နဲ့  တေတာပေတာရောကြောင့် အတော်လေး ခံလိုက်ရတယ်။ ခေါင်းကိုက်ပြီဆို အမေ့ကို သိပ်သတိရတယ်။ အိမ်မှာဆို အမေက ပေါင်မုန့် ၊ ကော်ဖီပူပူ၊ ဒါမှမဟုတ် နွားနို့ နွေးနွေးလေးနဲ့  ဆေးနဲ့ ကို အိပ်ရာထဲ အထိ လာတိုက်လေ့ရှိတယ်။ ခုတော့လည်း ကိုယ့်ဘာသာ မိုင်လိုသောက်၊ ဆေးသောက် အိပ်လိုက်ရတာပေါ့။ ကျင့်သားတော့ ရနေပါပြီ။

အိမ်ရောက်ရောက်ခြင်း အိပ်လိုက်တာ ၁၁ ကျော်မှာ နိုးတယ်။ နည်းနည်းသက်သာနေပြီ။ ဒါကို ချက်ချင်းပြန် မအိပ်ပဲနေလိုက်တာ မနက်နိုးလာချိန်မှာ ခေါင်းကိုက်နေပြန်တယ်။ မနေ့ ညကလောက်တော့ မဆိုးဘူး။ ဒါပေမယ့် အလုပ်သွားဖို့  မဖြစ်နိုင်တာနဲ့  ဆေးခွင့်ယူပြီး ဆက်အိပ် နေလိုက်တယ်။ တစ်နေကုန် အိမ်မှာ ဘာလုပ်နေသလဲ။ အိပ်တယ်၊ ပြီးတော့ ဟိုးကမ္ဘာတစ်ခြမ်းမှာ ညနက်သန်းခေါင် အိမ်ပြန်လို့ မရ၊ အလုပ်တွေ အရမ်း ရှုပ်နေသူ တစ်ယောက်ကို စကားတွေပြောပြီး နှောက်ယှက်တယ်။ ဘာကြောင့်မှန်းမသိ ကျွန်မ ပုံမှန် အလုပ်သွားချိန်မှာ အလုပ်မသွား အိမ်မှာရှိတဲ့ ရက်တွေဆို ဟိုဘက်မှာ အလုပ်ကနေ ပုံမှန်အချိန်ပြန်မရ၊ မနက် ၄-၅ နာရီ လောက်မှ ပြန်နိုင်အောင်ကို အလုပ်ရှုပ်တတ်တယ်။

နေ့ လယ်ပိုင်း ခေါင်းကိုက်သက်သာတဲ့ အချိန်မှာ ပုဇွန်ဟင်းချက်ဖြစ်တယ်။ အင်း.. ၅ လအတွင်း ဒါပထမဆုံး ဟင်းချက်ခြင်းပဲ။ အခု နေတဲ့အိမ်ကို ပြောင်းလာကတည်းက ဘာမှ ချက်မစားဖြစ်ဘူး။ အခုတောင် ဒီပုဇွန်တွေကို ဟိုတလောက ဈေးသွားရင် တွေ့ တာ နဲ့  ၀ယ်ဖြစ်သွားတယ်။ ပုဇွန်ဟင်းကြိုက်တော့ ပုဇွန် လတ်လတ်၊ ဈေးတန်တာတွေ့ ရင် ၀ယ်ချင်တယ်။ လတ်တယ်ဆိုတာ အရှင်တွေကို ပြောတာမဟုတ်ဘူးနော်။ ဒီမှာက အလတ်ဆုံးဆို လတ်သလားမမေးနဲ့  အရှင် ၀ယ်လို့ ရတယ်။ တချို့ ဆိုင်တွေမှာ ပုဇွန်အရှင်တွေ ရောင်းတယ်လေ။ ရှင်းအောင်ပြောတာ။ အသက်မရှိတော့တဲ့ ပုဇွန် လတ်တာတွေ့ ရင် ၀ယ်ချင်တယ်။
ဒီလို ပုဇွန်တွေကို အခွံ့ ခွာပြီး...

ဒီနေ့ မှ ၀ယ်သာဝယ်ပြီး ဘယ်တော့ ချက်ဖြစ်မယ်မှန်းမသိတဲ့ ပုဇွန်တွေကို တကယ် ချက်ဖြစ်သွားတယ်။ ပုဇွန်က ဒီမှာဝယ်လို့ ရတဲ့ အထဲကဆို အကောင် သိပ်မသေးသလို၊ အရမ်းလည်း မကြီးဘူး ဆိုရမယ်။ အကောင် ၁၅-၂၀ လောက် ရှိမယ်။ ပုဇွန် S$4.30 ဖိုး ၀ယ်ထားတာ အကုန် ချက်လိုက်တယ်။ ချက်တာ လွယ်ပါတယ်။ ပုဇွန်ကို အခွံခွါ၊ ခေါင်းက ပုဇွန်ချီးအိပ်နဲ့  ကျောကဟာတွေ လှီးထုတ်ပြီး ကြက်သွန်ဖြူ နီ ဆီသတ်ပြီး ချက်တာ။ ဆားနဲ့  ဆီက လွဲရင် တခြား ဘာမှ မထည့်ဘူး။ ဟင်းချက်တယ်တောင် မခေါ်နိုင်ဘူးထင်တယ်၊ ကြော်သလို လုပ်တာ။ အဲလို ပုဇွန်ချက်တာကို အကြိုက်ဆုံးပဲ။ တခြား ဘာမှ ထည့်ချက်တာ မကြိုက်ဘူး။ အိမ်မှာလည်း အဲလိုပဲ လုပ်ပေးတယ်။ တခါတလေ ကြက်သွန်ဖြူ နီတောင် မထည့်ဘူး။ ဆီပြန်၊ အရည်ကျန်တာ မကြိုက်ဘူး။ ပုဇွန်ကို ပုဇွန်အနံ့ နဲ့  အရသာ မွှေးမွှေးလေး အတိုင်း ထမင်းကို ပုဇွန်ဟင်းထဲက ဆီးလေးနဲ့ နယ်ပြီး စားရတာ ကြိုက်တယ်။ CityHall မှာ သွားစားရင် အဲ့လို ပုဇွန်ချက်တာမျိုး မတွေ့ ဖူးဘူး။ ၀ယ်စားလို့ မရဘူး။ ရောင်းတဲ့ ဟင်းတွေမှာ အရည်တွေနဲ့  တခြား အနံ့ တွေပါတယ်။ မကြိုက်ဘူး။
ဟင်းချက်လိုက်တဲ့ အခါ

ပုဇွန်ဟင်းချက်မယ်ဆိုတော့ ကောင်းတယ်၊ စားချင်တာ စား၊ ပြီးရင် ဆေးသောက်ထားလိုက်ဆိုတဲ့ စကားအတိုင်း ပုဇွန်ဟင်းနဲ့  ထမင်းစားပြီး ဆေးထပ်သောက် အိပ်လိုက်မယ်။ မနက်ဖြန်ဆိုရင်တော့ ခေါင်းထပ်ကိုက်ဖို့  မရှိတော့ဘူး ထင်ပါတယ်။

သက်ဆိုင်သူသို့ 

သက်ဆိုင်သူ သို့ ...
ဒီပုံလေး သဘောကျလွန်လွန်းလို့  မမွန် ရဲ့ ဘလော့ကနေ ကူးယူလာတာပါ။

December 01, 2008

တင်အောင်နီ - ပြာဂလောင် ပြာလချောင် - ကံကောင်းလို့

ခေါင်းရှုပ်တယ်။ အလုပ် မလုပ်ချင်ဘူး။ ကာတွန်းပဲ ဖတ်နေချင်တော့တယ်။ ငယ်ငယ်က ဆို ပြာဂလောင် ပြာလချောင် မကြိုက်ဘူး။ ကိုယ့်ဘာသာ ကာတွန်းငှါးတယ်ဆို မငှါးဘူး။ သူများငှါးလာရင်တော့ ဖတ်တယ်။ ကာတွန်းဇာတ်ဆောင် အမွှာခြင်းတူတူ လေးမွန် ထွေးမွန် ပိုကြိုက်တယ်။ အခုတော့ မရရတာ ဖတ်ရတဲ့ အနေအထားဆိုတော့ တွေ့ သမျှ အကုန်ဖတ်တယ်။




ဒီကာတွန်းစာအုပ်ကို ၀ိညာဉ်သစ်ရဲ့ နေရာလေး မှာ တွေ့ တာပါ။ သွားနေကျ နေရာတစ်ခုပါပဲ။ အဲဒီမှာ တခြား မြန်မာစာအုပ် (eBooks) တွေ အများကြီးရှိတယ်။ eBooks တွေဖတ်ရတာ သိပ်မကြိုက်ပေမယ့် အပြင်မှာ စာအုပ်လုံးဝ ရှာလို့ မရတာဆိုရင်တော့ မရွေးနိုင်တော့ဘူး၊ eBooks လဲ ဖတ်ရတော့တာပဲ။

November 30, 2008

Yummy Viet

ပြီးခဲ့တဲ့ သောကြာနေ့ က နေ့ လယ်စာ.... ဗီယက်နမ် စားသောက်ဆိုင်မှာ သွားစားဖြစ်တယ်။ အလုပ်က ဗီယက်နမ် သူငယ်ချင်းတစ်ယောက်က သူ့ ရဲ့ မင်္ဂလာပွဲ အထိမ်းအမှတ် အနေနဲ့  လိုက်ကျွေးတာပါ။ အဲဒီသူငယ်ချင်းက နိုဝင်ဘာလစမ်းပိုင်းက ဗီယက်နမ်ပြန်ပြီး မင်္ဂလာဆောင်ခဲ့တယ်။ ဒီမှာတော့ ဘာမှ ထပ်မလုပ်တော့ဘူး။ ဒါပေမယ့် ကျွန်မတို့  ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုတော့ ထမင်းလိုက်ကျွေးမယ် ပြောနေတာကြပြီ။ အားလုံး အလုပ်ရှုပ်နေတာနဲ့  အချိန်ညှိလို့ မရဖြစ်နေခဲ့တယ်။ သောကြာနေ့ မှာတော့ တခြား သူငယ်ချင်း တစ်ယောက်ရဲ့ နောက်ဆုံးနေ့ လည်း ဖြစ်နေတဲ့ ထမင်းအတူ သွားစားဖြစ်ခဲ့ကြတယ်။ ဒါတောင် ၂ ယောက်က မအားလို့  မလိုက်နိုင်ဘူး။

အစားအသောက် အကြောင်းအရေးခင် သူငယ်ချင်းကို အရင်ဆုတောင်းပေးလိုက်အုံးမယ်။ မင်္ဂလာဆောင် ဓာတ်ပုံတွေ ကြည့်လိုက်ရတယ်။ ဗီယက်နမ်ဝတ်စုံဝတ်ထားတဲ့ ပုံလေးတွေက အတော်လေးကို လှတယ်။ သူကလည်း နဂိုထဲက ချောတယ်။ ရိုးရာဝတ်စုံနဲ့ ဆိုတော့ ပိုပြီးကြည့်လို့ ကောင်းနေတယ်။ ဓာတ်ပုံတွေ ရှိပေမယ့် ခွင့်မတောင်းထားမိလို့  ဒီမှာတော့ မတင်တော့ပါဘူး။

Congradulation Mai!!
May you have a lifetime of love and happiness.


မင်္ဂလာပွဲအတွက် ဆုတောင်းပြီးတော့ အစားအသောက်အကြောင်း ရေးတော့မယ်။ ဗီယက်နမ် အစားအသောက် ပထမဆုံး အကြိမ် စားဖူးခြင်းပါပဲ။ မဆိုးပါဘူး။ စားလို့  ကောင်းပါတယ်။ ဈေးလည်း မကြီးဘူး။ နောက်ထပ် သွားစားဖြစ်အုံးမယ် ထင်ပါတယ်။


အစားအသောက်ပုံအကြီးတွေကို ထုံးစံအတိုင်း အောက်မှာ ဖွက်ထားတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ပါ။

ထမင်းမစားခင် စားဖို့ ဒီ ၃ မျိုးကို ဗီယက်နမ်သူငယ်ချင်းက မှာပေးမယ်။ ကျွဲကော်သီးသုတ်၊ ကော်ပျံ့ စိမ်း နဲ့  ကော်ပျံ့ ကြော်။ ကျွဲကော်သီးကို ပုဇွန်၊ ကြက်သား နဲ့ ငရုတ်သီးစိမ်းနဲ့ သုတ်ထားတာ။ မြန်မာဆိုင်တွေမှာ စားနေကြ သူငယ်ချင်းတွေက ဗီယက်နမ် ဆလတ်က မြန်မာဆလတ်နဲ့  တူသလိုလိုနဲ့  မတူဘူးတဲ့။ ဘယ်တူမလဲ ကျွဲကော်သီသုတ်မှာ ငပိမှ မပါတာ။ အရသာက ပေါ့တယ်။ စားလို့ တော့ ကောင်းတယ်။ ဒါပေမယ့် စားရတာ၊ ကျွဲကော်သီက တခြား၊ ပုဇွန် နဲ့  ကြက်သား အရသာက တခြား၊ ငရုတ်သီးအစပ်က တခြား၊ မရသာ မရောပဲဖြစ်နေတယ်။

နောက်တစ်ခုက လွယ်လွယ် ကော်ပျံ့ စိမ်းလို့ ခေါ်လိုက်တာ။ ဒီက ကော်ပျံ့ စိမ်းတွေနဲ့ မတူဘူး။ ဗီယက်နမ်လို့  ဘယ်လို ခေါ်လဲဆိုတာ သူငယ်ချင်းက ပြောပြပါတယ်။ ဒါပေမယ့် မမှတ်မိဘူး။ ပုဇွန် ပါတာကိုတော့ ပုံမှာ မြင်နေရတယ်။ အထဲက အရွက်ထဲမှာ မုန့် ဟင်းခါးဖတ်နဲ့  ကြက်သားပြုတ်ပါတယ်။ အရသာ ပေါ့တယ်။ သူတို့ ပေးတဲ့ အချဉ်နဲ့ တို့ စားမှ စားလို့ ကောင်းတယ်။ အထဲမှာ ပါတဲ့ မုန့် ဖတ်တွေက ရန်ကုန်က မုန့် ဟင်းခါးဖတ် အတိုင်းပဲ။ တူနဲ့ မစားရဘူး။ အဲ့ဒီအလိပ်ကို ဒီတိုင်း လက်နဲ့ ကိုင်စားရမှ စားလို့ ကောင်းတယ်ဆိုလို့  လက်နဲ့ စားလိုက်ရတယ်။ မဆိုးပါဘူး ဒါလည်း စားလို့ ကောင်းသားပဲ။



ကော်ပျံ့ ကြော်နဲ့  ကော်ပျံ့ စိမ်းနဲ့  လုံးဝ မတူဘူး။ ရိုးရိုးကော်ပျံ့ ကြော်တွေ လိုပဲ အသားကြိတ် ထားတာတွေ ပါတယ်။ အထဲမှာ ဘာတွေပါတယ် ဆိုတာ ဗီယက်နမ် သူငယ်ချင်းက ရှင်းပြပါသေးတယ်။ ကိုယ်တိုင်လုပ်စားဖို့ စိတ်ကူးမရှိတဲ့အတွက် အမှတ်ထားလိုက်ဘူး။ စားဖို့ ပဲ စိတ်ထဲရှိနေတယ်လေ။ ဒီကော်ပျံ့ ကြော်ကို အားလုံးကြိုက်ကြတယ်။

တခြား အစားအသောက်တွေကိုတော့ ကိုယ်ကြိုက်တာ ကိုယ်မှာစားကြတယ်။ ကျွန်မက ဗီယက်နမ် ထမင်းကြော်နဲ့  ၀က်သားစားဖြစ်တယ်။ ၀က်သားက နည်းနည်းမာတယ်။ ဒါပေမယ့် ထမင်းကြော်က စားလို့ ကောင်းတယ်။ အရောင်က ခရမ်းရောင်သမ်းနေတယ်။ ငပိထည့်ကြော်ထားတာလား မသိဘူး။ ဒါပေမယ့် ငပိအနံ့ မရဘူး။

ထမင်းစားပြီး မကျည်းသီးဖျော်ရည်သောက်ဖြစ်တယ်။ ကျွန်မတို့  မြန်မာပြည်က မကျည်းဖျော်ရည်နဲ့  ဘာကွာလဲ သိချင်လို့ မှာ သောက်ကြည့်တာ။ ဗီယက်နမ် မကျည်းဖျော်ရည်မှာ မြေပဲထောင်းတွေ အပေါ်မှာ ထည့်ပေးတာ တွေ့ ရတယ်။ အောက်မှာတော့ မကျည်းသီးအဖတ်တွေ ပါတယ်။


Yummy Viet
28 Smith Street
Chinatown Food Street
Tel: 6222 5191


November 29, 2008

ငါတရားစီရင်တော်မူခန်း

ချစ်ခြင်းအားဖြင့်
ငါတရားစီရင်တော်မူခန်း
ထူးအိမ်သင်

အလင်းနှစ် သန်းပေါင်းများစွာ.....
ငါ နဲ့ ငါ့ဘ၀ ဝေးကွာ.... အတ္တတစ်ခု နဲ့ အတ္တကို ပြန်မြှောက်
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ
အဆုံးအစမသိတဲ့ ခရီးမှာ... လမ်းပြကွန်းပတ်စ်လဲ မပါ
လောကပညတ်များထဲ ငါဘယ်မှာ
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

ငါ တည်ဆောက်ခဲ့ရသမျှ .... ပြန်ပြီး ဖြိုချ....
ငါ စုဆောင်းခဲ့ရသမျှ .... ငါ စွန့်လွှတ်လိုက်ရ..
ငါ သိထားခဲ့ရသမျှ... ငါ မေ့ဖို့ ကြိုးစား..
ငါ မရှိ... ငါ မသိ... ငါ ၏ ငါ အမှားများ . . .

ငါ သိပ်မသိသော ... ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော ... ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော ... ငါ့မှာ ...
ငါ့ကို ငါက ရှုံ့ ချ .... ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ ... ငါ့ရဲ့  အနီးဆုံးမှ ...
ငါ လိုက်ရှာဆဲ ... ငါ့ရဲ့  အဝေးဆုံးက ...
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ ... ငါ ...

လူ့ ကလပ်စည်းများ အတွင်းမှာ ...
ငါ စိုးသိပ်တိုး တဖျတ်ဖျတ်ခါ
အတ္တတစ်ခုက အတ္တကို စေစား
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

မီးများနဲ့ ကင်းဝေးရာ... ငါမီးထွန်းပြီးတော့ လိုက်ရှာ
ငါ့လမ်း ပညတ်များနဲ့ ငါ အလယ်မှာ
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

.....
.....

ငါ ပျောက်နေဆဲ ... ငါ့ရဲ့  အနီးဆုံးမှ ...
ငါ လိုက်ရှာဆဲ ... ငါ့ရဲ့  အဝေးဆုံးက ...
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ ... ငါ ...

Credit to shinyehtut from NativeMyanmar

Other Post : ငါ - မင်းသုဝဏ်

November 28, 2008

Evolution of Dance

ဒီနေ့  ကြည့်ဖြစ်တဲ့ YouTube Video လေး။ ဒီနေ့  သောကြာနေ့ လည်း ဖြစ်ပြန်၊ လတစ်လရဲ့ နောက်ဆုံးအလုပ် လုပ်ရတဲ့ ရက်လည်းဖြစ်ပြန် ဆိုတော့ တစ်နေကုန် အလုပ်ရှုပ်နေတယ်။ ညနေစောင်း အလုပ်ပြီးတဲ့ အချိန်ရောက်တော့ လူက စိတ်မော လူမောဖြစ်နေပြီး ဘာမှ မလုပ်ချင်းဘူး။ အခု ဒါလေးကြည့်ပြီးမှ စိတ်ကြည်သွားတော့တယ်။ ရီရတယ်။

၂၀၀၆ ကဆိုတော့ ၂ နှစ်တောင် ရှိနေပြီ။ အခု ၂၀၀၈ .. ၂နှစ်ကြာပြီးတဲ့ အချိန် ဒီထဲက လူကြီးကို ထပ်ကခိုင်းမယ်ဆို ဘယ်လို အကတွေ ထပ်ထည့်က မလဲ ဆိုတာ သိချင်တယ်။ YouTube မှာ "Evolution of Dance" ဆိုပြီး ထပ်ရှာကြည့်လိုက်သေးတယ်။ ကြည့်မိသလောက်တော့ ပထမဆုံးကြည့်ဖြစ်တဲ့ ဟာကို သဘောအကျဆုံးမို့  ဒါလေးပဲ ပြန်ဒီမှာ တင်လိုက်တယ်။ တခြားဟာတွေလည်း ကောင်းပါတယ်။ အချိန်ရရင် တခြားဟာတွေပါ ကြည့်လိုက်ပါ။

November 27, 2008

4th Thursday in November

ချမ်းမြေ့ပါစေ။
....
4th Thursday in November
....
it's a time to give thanks.
....

ပုရစ်ကြော်

ကိုယ်တိုင်ရိုက်ထားတဲ့ အစားအသောက်ပုံတွေမို့ လား၊ ကြိုက်တဲ့ အစားအသောက်တစ်ခုမို့  ရေးတာလားဆို တစ်ခုမှ မဟုတ်ဘူ။ တခါမှ မစားဖူးတဲ့ အစားအသောက်မို့  ရေးမှတ်ထားလိုက်တာ။

ပုရစ်ကြော်... ပုရစ်ကြော် ... အခု ပုရစ်ကြော် အကြောင်း စဉ်းစားနေတယ်....

အပြင်မှ ပုရစ်ကြော် ရောင်းတာတွေတော့ တွေ့ ဖူးတယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ တစ်ခါမှ မစားဖူးဘူး။ ကြောက်လို့ .. ရွံ့ လို့  မစားဖြစ် မဟုတ်ဘူး။ စားစရာ တစ်ခုအနေနဲ့  သတိမထားမိခဲ့တာပါ။ အိမ်မှာ ဘယ်သူမှ ပုရစ်ကြော် စားတယ်၊ စားမယ်လို့  ပြောတာမျိုး ကြားမှ မကြားဖူးတာ။ အဖေက တော့ ခြေလေးချောင်းသား မစားဘူး၊ ငါးဆို အကောင်ကြီးရင် မစားတဲ့ သူဆိုတော့ ဒီလို အစားအသောက်ကို တခါမှ စားဖူးတယ် မထင်။ အဖေက တွင်းပိုးတောင် မစားဘူး။ အမေက အစားအသောက် မရွေးဘူး၊ စားလို့  ကောင်းတာဆို အကုန်စားတဲ့ သူမျိုးဆိုတော့ စားဖူးလောက်တယ်။ ဒါပေမယ့် အမေက အဖေနဲ့ မတူဘူး.. အစားအသောက်ကို အလုပ်ရှုပ်ခံ စားဖို့ စဉ်းစားတဲ့ သူမဟုတ်ဘူး။ အမေ ဘာလေးစားချင်တာ ပြောတဲ့အသံမျိုး မကြားဖူးသလောက်ပဲ။ ရှိတာနဲ့  စားတယ်၊ ဘာမှ တမ်းတမ်းတတ ဖြစ်မနေတတ်တဲ့သူ။
စားပါဦး တော့ပစ်မှာ မောင်ဂူးဂူး တင်ထားတဲ့ပုံ

Original Photo by Gu Gu
ဘယ်က ဘယ်လို ပုရစ်ကြော် အကြောင်းစဉ်းစားမိသွားတာလဲဆို နေးတစ်မှာ သူများတွေ ပုရစ်ကြော် စားကြတယ်၊ စားချင်တယ် ရေးထားတာတွေတွေ့ နေလို့ ပါ။ အခုအချိန်က ပုရစ်ပေါ်တဲ့ အချိန်။ အစ်မကြီး တစ်ယောက်ရဲ့ အရေးအသားအရဆို ဒီအချိန်ပေါ်တဲ့ ပုရစ်က ပိုစားကောင်းတယ်တဲ့။ ဇန်န၀ါရီလလောက်မှာ ပေါ်တဲ့ ပုရစ်က အကောင်သေးလို့  စားမကောင်းဘူး။ ပုရစ်အထီးထက်စာရင် ဥပါတဲ့ ပုရစ်အစ်မက ပိုပြီး စားလို့ ကောင်းတယ်လို့  ဆိုထားတယ်။ လှည်းတန်းဈေးမှာ ပုရစ် အမ ၁၀ ကောင် ၇၀၀၊ အထီး ၁၀ ကောင်ကို ၅၀၀ ၊ အကောင်တစ်ရာလောက်ဝယ်တဲ့ အခါ အမကို ၁၀ ကောင် ၅၀၀ ဈေးနဲ့  ရခဲ့ကြောင်း ဖတ်လိုက်ရတယ်။ သူရေးထားတာ နိုဝင်ဘာလဆန်းက။ အခုအချိန် ၀ယ်လို့ ရသေးလား၊ ဘယ်ဈေးရှိလဲတော့ မသိ။ မမေးကြည့်မိဘူး။ တရုတ်တန်းမှာလည်း ၀ယ်လို့ ရတယ်ဆိုတဲ့ အကြောင်း ရေးထားတာဖတ်ရမှ ကျွန်မ မြင်ဖူးတဲ့ ပုရစ်ကြော်တွေ ရောင်းနေတဲ့ မြင်ကွင်းက တရုတ်တန်းမှာဖြစ်ကြောင်း သတိရတော့တယ်။

ဝယ်လာတဲ့ ပုရစ်ကြော်ကို ဆီပူလေးထိုးစားကြတယ်။ အတောင်ချွတ် ဦးမျှင်နဲ့  ဆူးပါတဲ့ ခြေထောက်လေးတွေ ဖြုတ်ပြီး ကျန်တာ အကုန်စားတယ်။ အင်း.. ရေးထားတာ စုံနေတာပဲ။ နေးတစ်က အစားအသောက် တော့ပစ်တွေ ဖတ်ရတာ ဗဟုသုတတော့ အတော်လေးရတယ်။ ကိုယ်တစ်ခါမှ မစားဖူးတဲ့ အစားအသောက်တွေ အကြောင်းသိရတယ်။ ပုရစ်ကြော်က အမြည်းအနေနဲ့ လဲ အတော်ကောင်းဆိုပဲ။ နိုင်ငံခြားမှာလည်း ပုရစ်ကြော် စားချင်တယ်ဆို ၀ယ်လို့ ရတယ်တဲ့။ ကိုရွှေးရိုး သတင်းပေးထားတာ။ ယိုးဒယားက ဗူးနဲ့ လာတာ။ ယိုဒယား ဆိုင်တွေမှာ ရှာဝယ်လို့ ရတယ်ပြောတယ်။ ဟိုးဒယားလို ပုရစ်ကို Jing Leed လို့ ခေါ်သတဲ့။ စင်္ကာပူမှာ ၀ယ်လို့ ရမရမသိဘူး။ နောက်ကြုံမှ ထိုင်းဆိုင်တွေမှာ မေးကြည့်အုံးမယ်။ Thai Insert JingLeed
ပုရစ်ကြော် စားချင်တဲ့သူတွေ သွားရည်ယိုဖို့ အလို့ ငှါ နေးတစ်ဖိုရမ်မာ ကိုရွှေရိုး မျှဝေထားတဲ့ပုံ

Original Photo by ShweYoe
ဒီပိုစ့်ရေးရင် ချစ်သူကို မေးကြည့်လိုက်သေးတယ်။ ပုရစ်ကြော် ဆိုတာကြီး စားဖူးလားဆိုတော့ စားဖူးတယ်တဲ့။ ကြိုက်လားဆိုတော့ အရသာရှိအောင် ကြော်ထားတာဆို ကြိုက်တယ်တဲ့။ ရှင်းသွားတာပဲ။ သူပြောမှ စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ပုရစ်ကြော်ပုံကို နည်းနည်း သတိရတယ်။ အသေအချာတော့ မမှတ်မိတော့ဘူး။ ပုရစ်ဗိုက်ထဲ ကြက်သွန်ဖြူ၊ ဂျင်း စတာတွေ ထည့်ကြော်တယ်ဆိုလား မသိ။

တခြားအစားအသောက်တွေ အကြောင်းရေးရင် စားချင်စိတ်ပေါက်လာတာများတယ်။ အခု ပုရစ်ကြော်က ကိုယ်မစားဖူးတဲ့ အရာမို့ လားမသိဘူး စားချင်စိတ် မပေါ်ဘူး။ အင်း… ပုရစ်ကြော်ပုံတွေ ကြည့်ပြီး ဒီနိုင်ငံမှာ အတော်ပေါတဲ့ အကောင်တွေကို သတိရမြင်ရောင်သွားတယ်။ တူတော့ မတူဘူးပေါ့လေ…ဒါပေမယ့် ပုံစံ ဆင်တော့ ဆင်တယ်ပေါ့။ အဲဒီအကောင်ကို ကြည့်ပြီး ကြောက်တဲ့သူတွေ အခု ပုရစ်ကြော်ကိုတော့ စားကြ၊ ကြိုက်ကြလား မသိဘူး။

November 26, 2008

The Living Years

အချိန်လွန်မှ နောင်တ ရတယ်ဆိုတာမျိုး မဖြစ်ရအောင်..

Every generation
Blames the one before

And all of their frustrations
Come beating on your door

I know that I'm a prisoner.. To all my father held so dear
I know that I'm a hostage.. To all his hopes and fears
I just wish I could have told him..
In The Living Years

Crumpled bits of paper
Filled with imperfect thought
Stilted conversations
I'm afraid that's all we've got

You say you just don't see it.. He says it's perfect sense
You just can't get agreement .. In this present tense
We all talk a different language.. Talking in defence

Say it loud, say it clear
You can listen as well as you hear
It's too late when we die
To admit we don't see eye to eye


So we open up a quarrel
Between the present and the past
We only sacrifice the future
It's the bitterness that lasts

So don't yield to the fortunes.. You sometimes see as fate
It may have a new perspective... On a different day
And if you don't give up, And don't give in
You may just be OK

Say it loud, say it clear
You can listen as well as you hear
It's too late when we die
To admit we don't see eye to eye

I wasn't there that morning.. When my father passed away
I didn't get to tell him .. All the things I had to say.
I think I caught his spirit .. Later that same year
I'm sure I heard his echo ...In my baby's new born tears
I just wish I could have told him
In the living years

Say it loud, say it clear
You can listen as well as you hear
It's too late when we die
To admit we don't see eye to eye

ခုရက်ပိုင်း အရင်တုန်းက သီချင်းတွေ နားထောင်ဖြစ်နေတယ်။ The Living Years - Mike & The Mechanics သီချင်း စပေါ်တာ ၁၉၈၈ ခုနှစ်ကဆိုတော့ အနှစ် ၂၀ သက်တန်းရှိနေပြီ။ သီချင်းဟောင်းကြီးလို့ မပြောချင်ဘူး၊ သီချင်းရဲ့ သက်တန်းက ကိုယ့်ရဲ့ သက်တန်းထက် ငယ်နေတယ်လေ။ ဒီတော့ ဒီသီချင်းဟာ သစ်တော့ မသစ်ဘူး၊ ဒါပေမယ့် အရမ်း မဟောင်းသေးတဲ့ သီချင်းတစ်ပုဒ်လို ပဲ ပြောချင်တယ်..

This was written from the perspective of a son who has a conflicted relatonship with his Father. After his father dies, he discovers that he and his father had a much stronger bond than he ever realised, and regrets not saying more while he was alive. [more...]

November 24, 2008

စင်္ကာပူမှ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲ (၂၀၀၈)

စနေနေ့က ရှမ်းနှစ်သစ်ကူးပွဲ သွားဖြစ်တယ်။ ဒီနိုင်ငံမှာ ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲလုပ်တာ အခု အကြိမ်နဲ့ ဆိုရင် ၃ ကြိမ် တိတိ ရှိပြီလို့ သိရပါတယ်။ ကျွန်မအတွက်တော့ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ပါ။ တိုင်းရင်းသား ရိုးရာ နှစ်သစ်ကူး ပွဲတွေမှာ ကျွန်မ သိတာ၊ ကြုံဖူးတာဆိုလို့  ကရင် နှစ်ကူးပွဲတစ်ခုပဲ ရှိခဲ့ပါတယ်။ ရှမ်းနှစ်သစ်ကူးပွဲကို တစ်ခါမှ မကြုံဖူး၊ မသွားခဲ့ဖူးဘူး။ ဒီနှစ်တော့ ကျွန်မတို့ ရဲ့ အစ်ကိုကြီး ရှမ်းတိုင်းရင်သား တဦးဖြစ်တဲ့ ကိုဘွိုင်ဇ်က သူတို့ ရဲ့ ရိုးရာနှစ်ကူးပွဲကို လာရောက် အားပေးပါ ဆိုပြီး ဖိတ်ခေါ်လာတာရယ်၊ ဒီလိုပွဲမျိုး တခါမှ မသွားဖူးတဲ့ အတွက် ရောက်အောင် သွားကြည့်သင့်တယ်လို့  တစုံတယောက်ကလည်း တိုက်တွန်းလာတဲ့ အတွက် လက်မှတ် ၂ စောင် ၀ယ်ပြီး သူငယ်ချင်း တစ်ယောက်နဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။

ပထမတော့ ရှမ်းနှစ်ကူးပွဲသွားတဲ့ အတွေ့ အကြုံကို ဘာမှ မရေးတော့ဘူးလို့ စိတ်ကူးခဲ့ပါတယ်။ ပွဲတစ်ခုခု သွားဖြစ်တယ်ဆို မြင်တာ၊ တွေ့ တာ၊ ကြားတာ၊ သတိထားမိတာ၊ စိတ်ထဲပေါ်တာ အကုန်ချရေးဖြစ်တယ်။ ခုလိုပွဲမျိုးက ရိုးရာပွဲ တစ်ခုအနေနဲ့  အခက်အခဲတွေကြားက မဖြစ်ဖြစ်အောင် လုပ်ရတာဆိုတော့ ပြည့်စုံမှု့ က မရှိနိုင်ဘူးလေ။ ဒါတွေကို သိနေတဲ့အခါမှာ ကိုယ်မြင်တဲ့အတိုင်း ရေးမိတယ်ဆို ကောင်းပါ့မလားလို့  စဉ်းစားနေမိတာ။ ရေးပြီဆိုလည်း မြင်သမျှကို မချွင်းမချန်ရေးချင်တယ်။
ကျွန်မရယ်၊ ကျွန်မ သူငယ်ချင်းရယ်၊ ဂူးဂူးရယ် လာဗဲန်းဒါး ဘူတာမှာ ဆုံကြပြီး ပွဲတော်ကျင်းပမယ့် နေရာ ဖူချောင်းခန်းမကို အတူသွားဖြစ်တယ်။ ၃ ယောက်လုံး တခါမှလည်းမရောက်ဘူး၊ ဘယ်လို သွားရမယ်ဆိုတာ မသိတာနဲ့  (လက်မှတ်နောက်ကျောမှာ လမ်းညွှန်မြေပုံ ပါတာ သိပေမယ့် အပြင်းထူပြီး တစ်ယောက်မှ မကြည့်ဘူး) ရှေ့ ကသွားနေတဲ့ ရှမ်းနှစ်ကူး ပွဲသွားမယ် ထင်ရတဲ့ လူတွေ နောက်ကို နောက်ရောင်ခံ လိုက်သွား ခဲ့ကြတယ်။

ကျွန်မတို့  ဖူချောင်းခန်းမ ရောက်တဲ့အချိန်က ၅ နာရီ ခွဲနီးပါးရှိပြီ။ လက်မှတ်နဲ့  ထိုင်ခုံနံပါတ်တွေလဲပြီး အစားအသောက ယူရတယ်။ လက်မှတ်တစ်စောင်ကို အစားအသောက် တဗူးစီ ပေးတယ်။ ထမင်း ယူမလား ကောက်ညှင်း ယူမလား မေးတာနဲ့  ထမင်းမစားချင်တဲ့အတွက် ကောက်ညှင်း စားမယ် ပြောလိုက်တယ်။ တခြား သူ ၂ ယောက်ကတော့ ထမင်းယူကြတယ်။ ထမင်းနဲ့ ဆို ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ အထုတ်ကလေးတစ်ခု ပါတယ်။ မီကင်းထား သလိုပဲ။ စားမကြည့်ဖြစ်တော့ ဘာမှန်းမသိဘူး။ ကောက်ညှင်း စားမယ်ပြောတဲ့ ကျွန်မကိုတော့ တို့ ဖူးကြော်ထုတ်လေး ပေးတယ်။ ကျန်တာတွေကတော့ ကောက်ညှင်းနဲ့ ထမင်း ကွာခြားတာကလွဲရင် ပါတဲ့ဟင်းတွေက အတူတူပါပဲ။
ငါးကို အရွက်တမျိုးနဲ့ ပေါင်းထားတာ။ Keng Tung Sausage ပါတယ်။ ပထမဆုံးအကြိမ် စားဖူးတာ ဖြစ်ပြီး သိပ်မကြိုက်ဘူး။ နည်းနည်းမာ သလိုပဲ။ အရသာကို မသိရဘူး။ ငရုတ်သီးအစပ်လို ထောင်းထားတာရယ် နည်းနည်းရယ်၊ နောက်တမျိုး ဘာမှန်း မသိတဲ့ အရွက်လိုလို ချဉ်တာလေး တစ်ခုလည်းသေးတယ်။ ငါးပေါင်းက အရသာရှိပါတယ်။ Dessert ကလည်း မုန့် လက်ဆောင်နဲ့  ခပ်ဆင်ဆင်၊ နည်းနည်းအချိုကဲတာက လွဲရင် စားလို့ ကောင်းတယ်။
အောက်က ထမင်းဗူးမှာတော့ ငါးကုန်သွားလို့ ထင်တယ်.. ငါးပေါင်း မပါတော့ဘူး

ကျွန်မ ရှမ်းတိုင်းရင်းသူတွေကို သိပ်မတွေ့ ဖူးဘူး။ တိုင်းရင်းသားဆို ကရင် နဲ့  ချင်းလူမျိုးတွေကိုပဲ အနီးကပ် မြင်ဖူးတယ်။ ရှမ်းနှစ်ကူးပွဲမှာ တွေ့ ရတဲ့ တချို့  ရှမ်းမလေးတွေဆို အတော်လေးကို လှကြောင်း သတိထားမိ လိုက်တယ်။ ချစ်စရာလေးတွေ။ သူတို့ လေးတွေကိုကြည့်ပြီး ကျွန်မ သူငယ်ချင်းတချို့  တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှု့ ကို တည်ဆောက်နိုင်အောင် ဘာအတွက်ကြောင့် ကြိုးစားကြတယ် ဆိုတာ သဘောပေါက် သွားခဲ့ရပါတယ်။ ရှမ်းပျိုဖြူများဖြင့် အထူးတလည် ရင်းနှီးကျွမ်းဝင်ချင်သော သူငယ်ချင်းများသို့  ....

ပထမဆုံး အနေနဲ့  ပွဲတွေမှာ လုပ်မြဲ ထုံးစံအတိုင်း ဖွင့်ပွဲ လုပ်တယ်။ ဖဲကြိုးဖြတ်ပြီး ဖွင့်တာ မဟုတ်ပါဘူး၊ အဖွင့်တီးလုံး (ရှမ်းရိုးရာ တီးလုံး) သံနဲ့  အစီအစဉ် တင်ဆက်သူတွေက အခန်းအနားကို စတင်ပြီဖြစ်ကြောင်း ရှမ်းလို၊ အင်္ဂလိပ်လို၊ မြန်မာလို ပြောပြီး ဖွင့်တာပါ။ အစီအစဉ် တင်ဆက်သူ အနေနဲ့  ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၂ယောက်က ဆောင်ရွက်ပါတယ်။ ၄ ယောက်မှာ တစ်ယောက်ပဲ အသံကျယ်ကျယ် ထွက်တယ်။ တခြား ၃ ယောက် စကားပြောရင် ဘာပြောမှန်း မကြားရဘူး။ ကျွန်မ တစ်ယောက်တည်း မကြားတာလားလို့  ဘေးကသူတွေ မေးတော့လည်း ဘာပြောတာမှန်း မသိဘူးတဲ့။ ဒါတောင် ကျွန်မတို့ ရတဲ့ ထိုင်ခုံက စင်နဲ့ဆို ၄-၅ တန်းပဲ ကွာတာပါ။ ကျွန်မတို့ တောင် သေချာ ရှင်းရှင်းလင်းလင်း မကြားရင် နောက်ကလူတွေဆို ဘာမှ ကြားရမယ် မထင်ဘူး။ တော်ပါသေးတယ် အသံကျယ်တဲ့ တစ်ယောက်က အင်္ဂလိပ်လို ပြောတဲ့သူ ဖြစ်နေတာကြောင့်သာ ဘာအစီအစဉ်တွေ လာမယ်ဆိုတာ သိနေရတာပါ။ တခြား သူတွေက ရှမ်းလို ပြောတာ များတယ်။ မြန်မာလိုလည်း ပြောတယ် ထင်တယ်။ မကြားရတော့ သူတို့  ဘာစကားနဲ့  ပြောမှန်း မသိဘူး။ အဲ… ကြားရသမျှ ပြောရရင် အစီအစဉ် တင်ဆက်တဲ့ သူတွေ မြန်မာစကား ပြောတဲ့အခါ အသုံးအနှုန်း မှန်မှန် မသုံးတတ်တာ သတိထားမိလိုက်တယ်။ မြန်မာလို့  ပြောကျင့် မရှိလို့  ထင်ပါတယ်။ နှလုံးသားရပ်ဝန်းက ကိုဘွိုင်းဇ် နဲ့ တော့ ကွာတယ်.. တကယ်ဆို သူကို စင်ပေါ်တတ်ပြီး အစီအစဉ် တင်ဆက်သူလုပ်ခိုင်းရမှာ.. ရှမ်းလို၊ အင်္ဂလိပ်လို မွှတ်နေယုံ မက.. ဗမာလိုပြောတတ်ပုံ၊ အသုံးအနှုန်းတတ်ပုံများ တခါတလေ ဗမာစစ်စစ်ဖြစ်တဲ့ သူတွေတောင် လိုက်မမှီပဲ လက်မှိုင်ချ ငိုရလောက်အောင် အပြောကောင်းတယ်...

ပထမဆုံး အစီအစဉ်အစမှာ ပြောသွားလို့  ရှမ်းလူမျိုးတွေကို မြန်မာနိုင်ငံမှာဆို ရှမ်းလူမျိုး အနေနဲ့ သိပြီး တခြားနိုင်ငံတွေမှာလည်း တခြားလူမျိုးတွေ အနေနဲ့ ရှိနေကြကြောင်း သိလိုက်ရတယ်။ တခါတည်း မြန်မာပြည်က ရှမ်းလူမျိုးတွေ ဒီနိုင်ငံ သေးသေးလေးမှာလည်း အတော်များများရှိကြောင်း သတိထားမိ လိုက်တယ်။ လူများများရှိလို့ သာ ဒီလို ရိုးရာ နှစ်သစ်ကူပွဲမျိုး လုပ်နိုင်တာပေါ့။ ဒုတိယ အစီအစဉ် အနေနဲ့  Sao Ku Damasami စီက ပေးပို့ တဲ့ ရှမ်းနှစ်သစ်ကူး သ၀ဏ်လွှာကို ရှမ်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့  ဖတ်ကြားတယ်။ မြန်မာလိုပါ ဖတ်ပြရင် ပိုကောင်းမယ်။ မလိုလို့  မြန်မာလို ဘာသာ ပြန်မပြတာလို့  ဖြစ်ပါလိမ့်မယ်။ မြန်မာလိုသာ ဖတ်ပြခဲ့မယ်ဆို အဲဒီ နှစ်သစ်ကူးသ၀ဏ်လွှာ မှာ ဘာတွေ ဘာတွေပါတယ် ဆိုတာကို လုံးစေ့ပတ်စေ့ ပိုနားလည်ပြီး ဒီမှာ ပြန်ရေးပြလို့ ရမှာ။ ခုတော့ ရေးမပြနိုင်တော့ပါဘူး။

တတိယ အစီအစဉ်အနေနဲ့  ရှမ်းနှစ်သစ်ကူး သီချင်းကို အုပ်စုလိုက် သီဆိုကြပါတယ်။ စင်ပေါ်က လူတွေသာမက စင်အောက်နေ လိုက်ပြီးကူညီ ဆိုပေးနေတဲ့ သူတွေရှိကြောင်း တွေ့ မြင်လိုက်ရပါတယ်။ လူများများဆိုတော့ ပိုမြိုင်တာပေါ့။ ရှမ်းဘာသာနဲ့  သီဆိုကြတာ ဖြစ်တဲ့အတွက် ဘာတွေဆိုတာလည်း ဆိုတာ ကျွန်မ နားမလည်ဘူး။ နားထောင်လို့ တော့ ကောင်းပါတယ်။ ပြီးတော့ ယောက်ျားလေး တစ်ယောက်ရဲ့ ရှမ်းသိုင်းအက။ ကြည့်လို့ ကောင်းတယ်။ ဒါပေမယ့် ခဏလေးပဲ ကသွားတယ်။ ဒီထက် အချိန် နည်းနည်းကြာကြာလေး ကမယ်ဆို ပိုကောင်းမယ်။ နောက်အစီအစဉ်တွေမှာ စိုင်းအောင်ထီးခမ်းနဲ့  တင့်တင်ထွန်းရဲ့ သီဆိုဖျော်ဖြေမှု့  Live Concert ( ၃ကြိမ်) နဲ့  ရှမ်း ရိုးရာအကတွေက တစ်လှည့်စီ တင်ဆက်သွားတယ်။ အစဉ်အလိုက် ရေးမပြတော့ဘူး၊ အဆင်ပြေသလိုပဲ ရေးတော့မယ်။
ရှမ်းရိုးရာ အကတွေမှာ ရှမ်းသိုင်းအက၊ ရှမ်းစုံတွဲအက၊ ကိန္ဒရီ ကိန္ဒရာ အက၊ "Kong Mong Yang" အက၊ ရှမ်းဓားသိုင်း (စုံတွဲ) အက၊ တိုးနယား အက၊ "Sip Song Pan Na" အက၊ ရှမ်းပျိုဖြူ ၇ နှစ်ယောက်ရဲ့ အက.. စုံနေတာပဲ။ ရှမ်းသိုင်းအက အကြောင်းက အပေါ်မှာ ရေးပြီးပြီ။ ကိန္ဒရီ ကိန္ဒရာ အက။ ပထမဆုံး အစီအစင်တင်ဆက်သူက ကိန္ဒရီ ကိန္ဒရာ လို့ ပြောတော့ စိတ်ဝင်စား သွားတယ်။ မြန်မာ ကိန္ဒရီ ကိန္ဒရာ အကကိုတော့ ကြည့်ဖူးပေမယ့် ရှမ်းအကကိုတော့ မကြည့်ဖူးဘူး။ ကြည့်လို့ ကောင်းတယ်။ မထင်ထားဘူး။ ကတဲ့ သူနှစ်ယောက်လုံး တော်ပါတယ်။ ကြည့်ရင်း ကိန္ဒရီအဖြစ်ကတဲ့ ကောင်မလေးကို သနားတောင် သနားတယ်။ နောက်မှာ ဒေါင်းမှီးလို ဟာအလေးကြီး သယ်ပြီးကရတာ အတော်ပင်ပန်းမယ်။ အစီအစဉ် တင်ဆက်သူ ပြောတုန်းက Kainayi & Kainaya Dance လို့ ပြောပြီး Peacock Dance လို့ ထည့် ပြောလိုက်တာ ကြားခဲ့ရတယ်။ အဲဒီတုန်းက ကိန္ဒရီ ကိန္ဒရာ နဲ့  ဒေါင်းနဲ့  ဘာဆိုင်လဲလို့ ထင်နေတာ၊ အဲဒီနောက်က ဒေါင်းမှီးလို ဟာကြီးကြောင့် Peacock လို့ ထည့်ပြောသွားတာ ထင်မိတယ်။ ကျွန်မမြင်ဖူးတဲ့ ကိန္ဒရီ ကိန္ဒရာ အကမှာ အဲလိုမျိုး နောက်ကဟာကြီး ပါမှ မပါတာ။

အဲဒီနေ့ က ကြည့်လိုက်ရတဲ့ "Kong Mong Yang" အကကို အကြိုက်ဆုံးပဲ။ အမျိုးသမီးတွေက ရှမ်းရိုးရာ တူရိယာတွေနဲ့  အတူကတာ။ အဲဒီမှာ တူရိယာ ၃ မျိုးပါတယ်။ ရှမ်းအမျိုးသမီး နှစ်ယောက်က မောင်းအကြီး အသေးနှစ်ခုကို ထမ်းပိုးနဲ့ ရှေ့ နောက်သယ်ပြီး တီးရင်း ကတယ်။ ခပ်တောင့်တောင် ဗလကောင်းကောင်း ရှမ်းအမျိုးသမီး တစ်ယောက်က ရှမ်းအိုးစည်ကိုလွယ်ပြီး တီး၊ နောက်တစ်ယောက်က လကွင်း တီးရင်း တခြား ရှမ်းအမျိုးသမီးတွေနဲ့  အတူ ကကြတယ်။ ဘာသီချင်းမှ မဆိုဘူး။ အတော်လေး မြူးပြီး တီးလုံးသံ နားထောင်ရတာ၊ အကတွေ ကြည့်ရတာ နှစ်သက်မိပါတယ်။ အဲဒီနေ့ ကပွဲမှာ ပရိတ်သတ်ရဲ့ လက်ခုပ်သြဘာ ပေးသံ အရဆုံး ရိုးရာအကလို့ ပြောနိုင်မယ် ထင်ပါတယ်။

တိုးနယားအက ကလည်း ကြည့်လို့ ကောင်းပါတယ်။ တိုးနယားကို ဆုငွေချဖို့ ကြိုးစားတာကိုကြည့်ပြီး ရယ်နေရတယ်။ တိုးနယားမှာ ထဲမှာ ၀င်ကနေတဲ့သူတွေက ဆုငွေပေးမယ့်သူတွေကို မမြင်ရဘူးထင်တယ်။ တိုးနယား ပါးစပ်ထဲကို ဆုငွေထည့်ထားတဲ့ အနီရောင် အိတ်လေး ထည့်ပေးလိုက်နိုင်တော့ ပွဲကြည့်တဲ့သူတွေ အကြားကနေ တိုးနယားလည်း ဒေါ်လာစားတယ်ဟ ဆိုတဲ့ အော်ဟစ်အားပေးသံတွေ ကြားလိုက်ရပါတယ်။

တခြား အကတွေက ရွှေအိုရောင် ၀တ်ထားတဲ့ အမျိုးသမီး လေးယောက်ကတာ။ ဘယ်လို ခေါ်လည်း မမှတ်မိဘူး။ အဲဒီ အကမှာ အမျိုးသမီးတစ်ယောက်က အတော်လေး ကတတ်တယ်။ သူကတာကို သဘောကျတယ်။ နောက်တစ်ခုက အနက်ရောင် ၀တ်ထားတဲ့ အမျိုးသမီးလေးတွေ ထီးရောင်စုံတွေ ကိုင်ပြီးကတတဲ့ အက။ အဲဒီအက နာမည်က "Sip Song Pan Na" အကလို့ ထင်တယ်။ အဲဒီအက ကတဲ့ မိန်းကလေးတွေ အကုန် ပိန်ပိန်သွယ်သွယ် ချောချောလေးတွေ။ လူတွေကလည်းလှသလို ၊ အကလည်း ကောင်းကြပါတယ်။
နောက်တစ်ခုက ရှမ်းပျိုဖြူ ခုနှစ်ယောက်ရဲ့အက။ သူတို့ က မတူညီတဲ့ ရိုးရာ ရှမ်းဝတ်စုံ ၇ မျိုးကို ၀တ်ထားတယ်လို့  အစီအစင်တင်ဆက်သူတွေက ပြောတယ်။ ၇ နှစ်ယောက်လုံး ချစ်စရာလေးတွေ နဲ့  လှလှပပလေးတွေ။ ၀တ်ထားတာတွေလည်း လှတယ်။ သူတို့ ကိုကြည့်ပြီး ရှမ်းမလေးတွေ ချောသလို၊ ၀တ်စုံတွေလည်း ပုံစံ အတော်လှတာပဲလို့  ယူဆလိုက်တယ်။ သူတို့  ၇ ယောက်ကတဲ့ အချိန်မှာ စိုင်းအောင်ထီးခမ်းက ရှမ်းလို သီချင်းဆိုပေးပါတယ်။ အဲဒီအက အပြီး စိုင်းအောင်ထီးခမ်းက ရှမ်းအိုးစည် သီချင်းဆိုတဲ့ အခါ စင်ပေါ်မှာရှိနေတဲ့ ရှမ်းပျိုဖြူ ခုနှစ်ယောက်သာ မက၊ တခြား ရှမ်းတိုင်းရင်းသားတွေပါ စင်ပေါ်တတ်လာ ကြပြီး ၀ိုင်းဖွဲ့ ကကြပါတယ်။ တင့်တင့်ထွန်းလည်း ၀င်ကသလို ၊ ကျွန်မတို့ ရဲ့ အစ်ကိုကြီး ကိုဘွိုင်းလည်း စင်ပေါ်တတ် ၀ိုင်းဖွဲ့ ကသူနဲ့ အတူ ပါဝင်ဆင်နွှဲတာကို တွေ့ လိုက်ရပါတယ်။

ရှမ်းရိုးရာအကတွေ အကြောင်းပြောအပြီး နည်းနည်း ဝေဖန်ရေးလေး လုပ်အုံးမယ်။ ဝေဖန်မှ တိုးတတ်မယ် မဟုတ်လား။ ရှမ်းဓားသိုင်း စုံတွဲအက အပြီးမှာ အစီအစဉ် တင်ဆက်သူနှစ်ယောက်က ဟာသတစ်ခု လုပ်ပါတယ်။ အဲလိုလုပ်ရမှာ စကားထောက်ပြီး ပန့် ပိုးပေးတဲ့သူက လိုနေလို့  မရီရဘူး ဖြစ်သွားတယ်။ သူများကို ဝေဖန်နေလိုက်တာ ရှင်ကိုယ်တိုင် သူ့  နေရာဝင်လုပ် ကြည့်ပါလားဆို ကျွန်မ မလုပ်တတ်ဘူးလို့ ပြောရမှပဲ။ ကျွန်မက ပွဲကြည့်တဲ့သူလေ။ ကြည့်တဲ့သူ တစ်ယောက်အနေနဲ့ ပဲ ပြောမယ်။ အဲဒီတစ်ယောက်သာ အပို့  ကောင်းမယ်ဆို ဟာသ လုပ်တာပီပြင်ပြီး ပရိတ်သတ်က သဘောကျ နှစ်ချိုက်ရယ်မောမယ်လို့ ထင်ပါတယ်။ ခုတော့ တော်တော်များများ ရယ်ရမလို မရယ်ရဘူးလို ဖြစ်ပြီး ရယ်သံတွေ သိပ်မကြားလိုက်ရဘူး။

နောက်တစ်ခုက နေရာအကြောင်း။ ထိုင်ခုံတွေက အတော်လေး သေးပြီး ကပ်နေတယ်။ ဒီထက် အခုထက် နည်းနည်း ချဲပြီး ချထားမယ်ဆို ပိုအဆင်ပြေပမယ်။ ကျွန်မလို ခပ်ပိန်ပိန်လူတောင် ထိုင်ရတာ ဘေးက ခုံအပြည့် လူတွေထိုင်နေတယ်ဆို ထိုင်ရတာ သိပ်အဆင်မပြေဘူး။ နောက်ပိုင်းအချိန်မှာ ဘေးကလူတွေပြန်သွားမှ အသက်ရှူချောင်ပြီး စင်ပေါ်က တင်ဆက်မှု့ တွေကို ကောင်းကောင်းခံစားကြည့်ရှု့လို့  ရတော့တယ်။ စီစဉ်သူတွေ မှာ နေရာ အခက်အခဲ၊ တခြား အခက်အခဲတွေ ရှိမယ်ဆိုတာ နားလည်ပေမယ့် ကိုယ်က ပွဲကြည့်သူဆိုတော့ ကြည့်သူနေရာက ဝေဖန်ရမှာပဲလေ။

ဒီပုံက Camera တွေကြွားတာ မဟုတ်ဘူး၊ ထိုင်ခုံ ဘယ်လောက်ရှိတယ်ဆိုတာ ကိုပြချင်တာပါ။ :-)

အစားအသောက်တွေ ယူတဲ့အချိန်မှာ သတိထား မိလိုက်တာလေး တစ်ခုရှိသေးတယ်။ လက်မှတ်ကို ခုံနံပါတ်နဲ့ ချိန်းတဲ့ အချိန်တုန်းက လက်မှတ်တောင်းကြည့်ပြီ့း  ထိုင်ခုံနံပါတ် sticker ထုတ်ပေပြီး၊ လတ်မှတ်ကို နည်းနည်းဖြဲပြီး ပြန်ပေးတယ်။ အစားအသောက်ယူတဲ့ အချိန်မှာတော့ ဘာမှတောင်း မကြည့်ဘူး။ ဘာစားမလဲ မေးပြီး အစားအသောက် ထုတ်ပေးပါတယ်။ မူရင်း ၀ယ်ထားတဲ့  လက်မှတ်ကို နောက်ထပ်အသုံးပြုဖို့ မှ မလိုတော့တာ၊ ယူသိမ်းထားလိုက်တာ၊ ဒါမှမဟုတ် လက်မှတ်ကို တခြမ်းဖြဲလိုက်တာတို့  လုပ်ပြီး အစားအသောက်ယူပြီး မှန်းသိအောင် တစ်ခုခု လုပ်လိုက်သင့်တယ်။ မဟုတ်လို့  ရှေ့ လူတွေက ၂ ကြိမ်၊ ၃ ကြိမ် ယူသွားရင် နောက်လူတွေအတွက် မကျန်၊ မလောက်မင ဖြစ်ကုန်မှာပေါ့။ လူတွေအရမ်းများလို့  ဂရုမစိုက်နိုင်တော့ တာလား၊ အစားအသောက်တွေ အရမ်းကို ပိုနေလို့ လား ဘာကြောင့်မှန်းတော့ မသိဘူး။ အားလပ်ချိန် ၁၀ မိနစ်ပေးချိန်မှာ ထင်တယ် အစီအစဉ်တင်ဆက်သူ တစ်ယောက်က အစားအသောက်တွေ ရှိပါသေးတယ် ထပ်စားချင်ရင် သွားယူနိုင်ပါတယ်လို့ ပြောသံကြား လိုက်ရပါတယ်။ ကောက်ညှင်းတောင်းတဲ့ ကျွန်မကို ထမင်းပေးပြီး၊ ထမင်းစားမယ်ပြောတဲ့ သူငယ်ချင်းကို ကောက်ညှင်းဘူးပေးလိုက်တဲ့ လွဲမှားမှု့ လေးက သိပ်တော့ အရေးမကြီးပါဘူး... ကျွန်မတို့  အချင်းချင်း လဲစားပြီးပဲ ဖြေရှင်းလိုက် ပါတယ်..

နောက်ပြီး Live Concert (အဆိုတော် နှစ်ယောက် ) သီချင်း သီဆိုချိန်မှာ တင့်တင့်ထွန်းဆိုတဲ့ အခါ အခန်းမီးတွေကို ပိတ်ပေးပေမယ့် စိုင်းထီးအောင်ခမ်း သီဆိုချိန်မှာ မီးမပိတ်တာ ဘာကြောင့်လည်း မသိဘူး။ သီချင်းနားထောင်တဲ့အချိန် မီးတွေ ထိန်လင်းနေတော့ သိပ်အဆင်မပြေဘူး လိုပဲ။ တစ်ယောက်ဆိုချိန်မှာ ပိတ်ပြီး၊ နောက်တစ်ယောက်ဆိုချိန်မှာ မပိတ်တာကလည်း နားလည်ရခက် လှပါတယ်။ ဝေဖန်မှု့ တွေကတော့ ဒီလောက်ပါပဲ။

နောက်ဆုံးပိုင်းအနေနဲ့ Live Concert အကြောင်းလေးရေးပါမယ်။ Live Concert က သုံးကြိမ်ပါ။ ပထမ နဲ့  ဒုတိယ အကြိမ်တွေမှာ စိုင်းအောင်ထီးခမ်း အရင်ဆိုပြီးမှ တင့်တင့်ထွန်း သီချင်းဆိုပါတယ်။ နောက်ဆုံး အကြိမ်မှာတော့ ပွဲပိတ်တာကို စိုင်းအောင်ထီးခမ်းရဲ့ သီဆိုမှု့ နဲ့ ပိတ်မှာ ဖြစ်တာကြောင့်ထင်တယ် တင့်တင့်ထွန်း အရင်ဆိုပြီးမှ နောက်ဆုံး စိုင်းအောင်ထီးခမ်း ဆိုတယ်။

တင့်တင့်ထွန်းရဲ့ သီဆိုမှု့ ကို အရင် ရေးမယ်။ ပထမဆုံး စိုင်းအောင်ထီးခမ်း သီဆိုအပြီး တင့်တင့်ထွန်း စင်ပေါ်တတ်လာတဲ့ အချိန်မှာ အားပေးသံတွေ ဆူညံသွားတယ်။ ၀တ်ထားတာက အပြာရောင်၊ ပုံစံက ရေရေလည်လည် မိုက်နေတယ်။ ဒီလိုပွဲမျိုးမှာ အဲ့ဒီလို ၀တ်မယ် ထင်မထားဘူး။ ကျွန်မပဲ ပွဲတွေ သွားဖူးတဲ့ အတွေ့  အကြုံနည်းတာကြောင့်လား မသိဘူး။ သူ ဘယ်လို ၀တ်ထားတယ်ဆိုတာ အောက်မှာ ကြည့်ပါ။ သီဆိုဖျော်ဖြေရာမှာ သူရဲ့ စတိုင်အတိုင်း မြူတူးလှုပ်ရှား အက များနဲ့  သီဆိုဖျော်ဖြေသွားပါတယ်။ ပထမအကြိမ်မှာ သူရဲ့ နာမည်ကြီး သီချင်းတွေ ဖြစ်တဲ့ "ဒါလေးများ"၊ "လိုတရ"၊ "မခေါ်တော့ဘူး"၊ "မင်းလုပ်သမျှ ကြိုက်တယ်"၊ "သွားတော့ အဝေးဆုံး" .. အားလုံး သီချင်း ၅ ပုဒ် ဆိုတယ်။

ဒုတိယအကြိမ် ထွက်လာတော့ အရင်ကထက်စာရင် ၀တ်ထားတာ နည်းနည်းအဆင်ပြေ သွားတယ်။ အဖြူနဲ့  အနက်။ ဒါတောင် သူ နည်းနည်း ၀နေတယ်ဆိုတာ တချက်တချက် မြင်နေရသေးတယ်။ ဒါပေမယ့် လှတုန်းပါပဲ။ သူငယ်ချင်းတစ်ယောက်က ပြောပြတယ်။ အခု အဆိုတော်က အသက် ၄၀ ကျော်ပြီလို့  ဘေးမှာ ထိုင်နေတဲ့ လူမျိုးခြားတစ်ယောက်ကို ပြောတာ ဟိုက မယုံဘူး ဖြစ်နေတယ်တဲ့။ ဒီအသက်အရွယ်မှာ ဒီလောက် နုပျို အရွယ်တင်နေ သေးတာကတော့ ချီးကျူးစရာ တစ်ခုပါ။

ဒီတစ်ခါ သီချင်း ၄ ပုဒ်ဆိုတယ်။ မနက်ဖြန် ဈေးဝယ်ထွက်မှာဖြစ်တဲ့အတွက် ပါလာတာတွေ အားလုံး ကုန်သွားမှာ ဆိုပြီး "ပါလာတာ အားလုံးကုန်" ဆိုတဲ့ သီချင်းကို စတင်သီဆို ပါတယ်။ နောက်ထပ် ခိုင်ထူးရဲ့ "မကျေနပ်ဘူး"။ နောက် သူ့ ကို အားပေးတဲ့ အသံတွေ သိပ်မကြားရဘူး ဆိုပြီး အားပေးသံတွေ ထွက်လာအောင် လှုံဆော်သီဆိုတဲ့ သီချင်းက... "ကိုကိုယောက်ျား မဟုတ်ဘူး" ။ အားပေးအော်ဟစ်သံတွေ ဆူညံနေအောင် ကြားလိုက်ရပါတယ်။ ဒုတိယပိုင်းအတွက် နောက်ဆုံး သီဆိုတဲ့ သီချင်းက "တောက်ပခဲ့တဲ့ နေ့ ရက်များ"။

နောက်ဆုံး အခေါက်ထွက်လာချိန်မှာ ရှမ်းဝတ်စုံဝတ်ပြီး ထွက်လာတယ်။ သူဆိုမယ့် သီချင်းတွေနဲ့  ၀တ်ထားတဲ့ ၀တ်စုံနဲ့  မလိုက်ပါဘူး။ ဒါပေမယ့် ဒီလိုလေး ၀တ်ပြီး သီဆိုချင်လို့ ပါဆိုပြီး လက်ခုပ်တီးသံတွေ ရယူသွားခဲ့ ပါတယ်။ သူကိုယ် အတိုင်းနဲ့  ဒီဝတ်စုံကို စီစဉ် ချုပ်ပေးထားတာ ဆိုလား မသိပြောသွား သေးတယ်။ ပထမဆုံး ဆိုတဲ့သီချင်းက "နမ်းပါ" ၊ နောက် လွန်ခဲ့တဲ့ နှစ် ၂၀ က သီချင်းသီဆိုခဲ့တဲ့ အရမ်းကြိုက်တဲ့သီချင်းလို့ ပြောပြီး "ပုဂံလမ်းက စောင့်နေမယ" ကို သီဆိုပါတယ်။ အဲဒီမှာ သီချင်းတွေဘယ်တုန်းက ဆိုခဲ့တယ် ဘယ်လောက်ကြာပြီဆိုတာကို မပြောချင်ပါဘူး။ အဲလိုပြောလိုက်ရင် သူ့ အသက် ဘယ်လောက်ဆိုတာ လူတွေသိကုန်မယ်လို့  သူ့ အသက်က အခုမှ ၂၀ ဆယ်ကို နှစ်ထပ် ပဲရှိသေးတယ်ဆိုပြီး သူ့ ရဲ့အသက်ကို ပြောသွားပါတယ်။ နောက်သီိချင်းက စိုင်းထီဆိုင် အသက် ၅၀ ပြည့်ပွဲမှာ သူသီဆိုခဲ့တဲ့ စိုင်းထီဆိုင်ရေးသားတဲ့ သီချင်း "တုံ့ ပြန်ဖို့ မလိုဘူးလား" ဆိုတဲ့သီချင်း။ နောက်တစ်ပုဒ်က "ရှမ်းပဲပုတ်"။ ဒီသီချင်းမှာ နောက်ကနေ ရှမ်းတိုင်းရင်းသူတွေက တင့်တင့်ထွန်းနဲ့ အတူ ကူညီ ကပေးကြတယ်။ ဒီသီချင်းကို ဆိုရာမှာ သီဆိုချင်လွန်းလို သီဆိုခြင်းဖြစ်ပါတယ်။ သီချင်းစာသားမရလို့  ကြည့်ဆိုပါရစေဆိုပြီး စာရွက်ကြည့် ဆိုသွားပါတယ်။ ဒါလည်းဆိုပြီးရော တိုက်ထားတာ ကုန်ပြီ၊ ဆိုပြီး နှုတ်ဆက်ပါတယ်။ ဒါပေမယ့် နောက်ထပ်ဆိုဖို့ တောင်းဆိုတာကြောင့် အချစ်က "တခြားတစ်ယောက် ဆီမှာလား” ဆိုတဲ့သီချင်းနဲ့ ထပ်ပြီးသီဆိုပေး ပါတယ်။ နောက်တခါ တားမှား စိုးလို့ ထင်တယ်။ သီချင်းလည်း ဆိုပြီးရော ချက်ချင်းအထဲ ၀င်သွားတော့တာပါပဲ။

ဒီနေရာမှာ တင့်တင့်ထွန်းကို ချီးကျူးရမှာတစ်ခုက ရှမ်းအ၀တ်အစားနဲ့ တောင် သီချင်းဆိုရင်း နည်းနည်းလေးတော့ ကဖြစ်အောင် ကသွားပါ သေးတယ်။ (ရှမ်းအကကိုပြောခြင်း မဟုတ်ပါ)။ တင့်တင်ထွန်းက ၀ါရင့်အဆိုတော်ပီပီ ပွဲထိမ်း အတော်လေးကောင်းတာ တွေ့ ရပါတယ်။ ဒီပွဲမှာ သူ့ ထက်စာရင် ရှမ်းတိုင်းရင်းသား အဆိုတော်ဖြစ်တဲ့ စိုင်းအောင်ထီးခမ်းကို ပိုပြီး အားပေးကြတာ သိသာနေပေမယ့် သူ့ ကလည်း အပြောလေးတွေကဲပြီး အားပေးလက်ခုပ်သံတွေ ဆူညံလာအောင် လုပ်နိုင်ပါတယ်။

စိုင်းထီးဆိုင်ရဲ့ ညီဖြစ်သူ စိုင်းအောင်ထီးခမ်း၊ သူဆိုတဲ့ သီချင်းတွေကို တခါမှ နားမထောင်ဖူးဘူး။ အခု အကြိမ်က ပထမ အကြိမ် နားထောင်ဖြစ်ခြင်းပါ။ လူကိုလည်း ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ အသက်သိပ် မကြီးသေးဘူးပဲ။ သူငယ်ချင်း တစ်ယောက်နဲ့  တောင် နည်းနည်း ဆင်နေတယ်။ သူ့ ကိုယ်ပိုင် ရှမ်းသီချင်းတွေနဲ့  စိုင်းထီဆိုင် သီချင်းတွေကို သီဆိုသွားပါတယ်။ စိုင်းထီးဆိုင်ကို မမှီပေမယ့် စိုင်းထီဆိုင် သီချင်းတွေ ဆိုသွားတာကို နားထောင်ကြည့်ပြီး လက်ခံနိုင်တယ်။ သူလည်း တင့်တင့်ထွန်းလိုပဲ သုံးကြိမ် သီချင်း ဆိုတယ်။ တင့်တင့်ထွန်း လိုပဲ အ၀တ်လည်း ၃ခါ လဲ သွားပါတယ်။ ရှမ်းအင်္ကျီနဲ့  ရှမ်းဘောင်းဘီ ၀တ်တာပါပဲ။ အရောင် ကွဲတာပါ။ ပထမ အဖြူရောင်၊ နောက် အနက်ရောင်၊ နောက်ဆိုးက ပင်နီရောင်။

ပထမဆုံးအကြိမ်မှာ သီချင်း ၄ ပုဒ် ဆိုသွားတယ် ထင်တယ်။ သိပ်မသေချာဘူး။ ရှမ်းသီချင်း ၂ ပုဒ်နဲ့  စိုင်းထီဆိုင်ရဲ့ သီချင်း ၂ ပုဒ်။ "အမေ့ရုပ်ရည်" သီချင်းနဲ့  နောက်တစ်ပုဒ်က "အချစ်ဆိုသည်မှာ" ဆိုတဲ့ သီချင်း။ ရှမ်းသီချင်းတွေကို လည်း လူတော်တော်များများ လိုက်ဆိုကြတာတွေ့ ရတယ်။ စိုင်းအောင်ထီးခမ်းက ရှမ်းလို သီချင်း ဆိုတဲ့ အဆိုတော်တွေမှာ အတော်လေး နာမည်ရှိတယ်လို့  ထင်ရပါတယ်။

ဒုတိယအကြိမ်မှာ "ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ"။ "ဒီထက်ပိုပြီး မတတ်နိုင်ဘူး" ။ "ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ" ။ " နေရာတိုင်းမှာ" ။ "မြင့်မိုရ်မို့ လား"။ "ရွှေဟင်္သာ သီချင်းများ" စတဲ့သီချင်းတွေ သီဆို သွားပါတယ်။ သူ့ အစ်ကိုဖြစ်တဲ့သူ စိုင်းထီဆိုင်လို့  စကားပြော မကောင်းဘူးလို့  သူပြောထားတဲ့ အတိုင်းပဲ ဘာမှ သိပ်မပြောပဲ သီချင်းတွေသာ သီဆိုသွားတာ တွေ့ မြင်ရတယ်။ သူဆိုသွားတဲ့ သီချင်းတွေမှ အားလုံး ကြိုက်တယ်။

တတိယအကြိမ်မှာ "ခြင်္သေ့လည်ပြန်" ၊ ရှမ်းသီချင်းတစ်ပုဒ် .. စိုင်းခမ်းလိပ် သီချင်းလို့  ပြောလိုက်သလိုပဲ။ နာမည်ကြီး သီချင်းထင်တယ်၊ အောက်က ပရိတ်သိတ် အတော်များများ လိုက်ဆိုနိုင်တာ သတိထားမိတယ်။ နောက်တော့ "တို့ တောင်ပေါ်ကို ဖိတ်ခေါ်ပါတယ်" ဆိုတဲ့သီချင်းကို နန်းအေမီ နဲ့  စုံတွဲ သီဆိုသွားတယ်။ နန်းအေးမီကလည်း သီချင်းဆို ကောင်းတယ်။ နောက်ထပ် သီဆိုမယ့် သီချင်းက စိုင်းထီးဆိုင်ရဲ့ အကောင်းဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်လို့  ပြောလိုက်တဲ့ အချိန်မှာ ပရိတ်သတ်ရဲ့ အားပေးသံတွေက ဆူညံသွားခဲ့ပါတယ်။ သီဆိုတဲ့ သီချင်းက "မောင့်လပြည့်ဝန်း"။ နောက်တစ်ပုဒ်က "ချစ်တဲ့ ရှမ်းရိုးမ" ဆိုတဲ့သီချင်း ထင်တယ်။ လူတွေ စင်ပေါ်တတ်ပြီးကကြတဲ့ သီချင်း။ နောက် ရှမ်းသီချင်း တစ်ပုဒ်ဆိုသေးတယ်။ ပြီးတော့ "စိုင်းပြန်ရအုံးမယ်" ဆိုတဲ့ သီချင်းဆိုပါတယ်..

နောက်ဆုံး အစီအစဉ်မှာ ပါဝင်သူ အားလုံးကို ဖိတ်ခေါ်ပြီး ပွဲသိမ်းအနေနဲ့  သီဆိုတဲ့ သီချင်းက "ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းက လွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ" ဆိုတဲ့ သီချင်း။ စင်ပေါ်စင်အောက် အားလုံးအတူလိုက်ကဖို့  လည်း ပြောပါတယ်။ အတော်များများ က တာတွေ့  ရတယ်။ ကြည့်ရတာ ပျော်စရာ၊ ကြည်နူးစရာ ကောင်းတဲ့ ပွဲသိမ်းလေး တစ်ခုပါ။ ဖျော်ဖြေမှု့ အားလုံးပြီးလို့  ရှမ်းနှစ်ကူးပွဲက အပြန် အမ်အာတီရောက်တဲ့ အချိန်မှာ ည ၁၁း၃၀ လောက်ရှိနေပါပြီ။
ဒီပိုစ့်မှာ ပုံတွေ နည်းတယ်၊ ကြည့်ရတာ အားမရဘူးဆို စိတ်မကောင်းပါဘူး။ ကျွန်မ ကိုယ်ပိုင် camera မပါတာနဲ့  ဖုန်းနဲ့  ဓာတ်ပုံတစ်ပုံပဲ ရိုက်ဖြစ်တယ်။ အစားအသောက်ပုံပါ။ အခု ဒီမှာတင်ထားတဲ့ပုံတွေကို ကိုတီဇက်အေ စီက ကူးယူထားတာပါ။ ပုံတွေကို Click လုပ်ပြီး ပုံကြီးတွေ ကြည့်နိုင်ပါတယ်။ နောက်ထပ် သူငယ်ချင်း တစ်ယောက်စီကလည်း ဓာတ်ပုံတွေ တောင်းထားပါတယ်၊ ရခဲ့မယ်ဆို ဒီပိုစ့်မှာ ထပ်တင်မယ်။

နောက်နှစ်တွေမှာလဲ ရှမ်းနှစ်ကူးပွဲတော်ကို ထပ်မံ ကျင်းပနိုင်ပါစေ၊ ဒီထက် ပိုမိုကောင်းမွန်သော ဖျော်ဖြေမှု့ များ ပြလုပ်နိုင်ပါစေလို့  ဆန္ဒပြုလိုက် ပါတယ်။ အင်း အစားအသောက် ကောင်းကောင်း ကျွေးနိုင်ပါစေ ဆိုတာထည့် ဆုတောင်းဖို့ မေ့လို့  မဖြစ်ဘူး။ နောက်လာမယ့် နှစ်မှာ ပွဲရှိတယ်ဆို အားလည်းအားတယ် ဆိုရင် ထပ်သွားကြည့် ဖြစ်မယ် ထင်ပါတယ်။ အခု ဒီနေရာမှာ ရေးထားသည်များမှာ ကျွန်မ မှတ်မိသလောက် ရေးထားခြင်းသာဖြစ်သည့် အတွက် ကျန်ရစ်သည်များ ရှိနိုင်သလို၊ အနည်းငယ် လွှဲမှားသည်များလည်း ရှိနိုင်ပါသည်။

Photos Credit to TZA and GuGu

Other Post : "စင်္ကာပူမှ အင်ပါယာဂီတညချမ်း "