Pages

October 11, 2011

Rainy Day

From Singapore

ဒီနေ့  မိုးတွေ ရွာတယ်။ ဒီနေ့ မှ မဟုတ်ပါဘူး။ ခုတလော အလုပ်သွားချိန်ဆို မိုးရွာတာများတယ်။ ဒီနေ့ မနက်စောပိုင်း ၇ နာရီလောက်က နေပူမလိုနဲ့  ၈ နာရီကျော်တော့ မိုးစရွာလာတာပဲ။ အလုပ်သွားချိန် ကွတ်တိရွာတဲ့မိုးပဲ။ လေပါ ပါတယ်။ အမိုးအကာအောက်မှာ ထီးဆောင်းပြီး လျှောက်လာတာတောင် မိုးစိုသွားသေးတယ်။ အလုပ်ရောက်တော့ ၉ နာရီ၊ အခန်းထဲမှာ ၁ ယောက်ပဲ ရောက်သေးတယ်။ ၉း၃၀ လောက်မှ တခြားသူတွေ ရောက်လာတယ်။ ဒီနိုင်ငံမှာက ထုံးစံပါပဲ။ မိုးရွာရင် ကားပိတ်၊ ရထားနှေးနဲ့  ဆိုပြီး လူတွေ ပုံမှန်ထက် နောက်ကျမှ အလုပ်ရောက်တာများကြတယ်။

မနေ့ (တနင်္လာနေ့ )ကလည်း မနက်စောစော အိပ်လို့ ကောင်းနေတုန်း မိုးကြိုးတွေ ဆက်တိုက်ထစ်တာ အတော်ကြီးကို ကြာတယ်။ မိုးကြိုးပစ်သံကိုက သီးခံနိုင်သေးတယ်၊ အခုလို မိုးကြိုးဆက်တိုက်ထစ်သံကိုတော့ ဘယ်လိုမှ သည်းငြီးခံလို့ မရဘူး။ ဒါနဲ့  စောစော အိပ်ယာ ထလိုက်ရတယ်။ အသံက ကောင်းကင်ပေါ်ကနေ မိုးနတ်သား အငြိမ်မနေပဲ ဒလိမ့်တုံးကို ဆက်တိုက် လှိမ့်ဆော့နေသလား အောင်မေ့ရတယ်။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်နေသလို၊ ဒလိမ်းဒလိမ်းနဲ့  ဆူညံနေတာပဲ။

ဟိုတလောကလည်း ညနက် ၁၂ နာရီကျော်ကြီး လေတိုက်တဲ့အသံကြောင့် နိုးခဲ့သေးတယ်။ ပြူတင်းပေါက် နည်းနည်းလေးပဲ ဟပြီးဖွင့်ထားတာ။ ဒါကိုတောင် တရွှီးရွှီးနဲ့  အသံတွေ ဆူညံနေလို့  နိုးသွားရတာ။ ဘာသံလည်း သိချင်လို့  ဧည့်ခန်းထဲထွက် ကြည့်တော့မှ အပြင်ကလေတိုက်လို့ မြည်နေတဲ့အသံတွေမှန်း သိခဲ့ရတာ။ သန်းခေါင်းယံကြီးမှာ အဲလိုအသံတွေကြားရတာ၊ ကြောက်တတ်ရင်တော့ ချောက်ခြားစရာပဲ။ အဲဒီလောက် တရွှီးရွှီးအသံတွေမြည်အောင် လေတိုက်တာမျိုး ဒီနိုင်ငံမှာ တခါမှ မကြုံဖူးဘူး။ ရာသီဥတုတွေက အတော်ကြီးကို ဆိုးလာတာပဲ။ ထိုင်း၊ဗီယက်နမ် တွေမှာ ရေတွေကြီးနေတာ အတော်အခြေအနေဆိုးတယ်လို့  သတင်းတွေမှာ တွေ့ မိတယ်။ အားလုံးအဆင်ပြေပါစေလို့  ဆန်ဒပြုမိတယ်။

ဘာရယ် မဟုတ်ပါဘူး၊ နေ့ လည် ထမင်းသွားစားရမှာ စိတ်မပါတာနဲ့  မသွားပဲ အချိန်အားနေလို့ ၊ မနက်က ရိုက်ထားတဲ့ပုံ ဒီမှာလာမှတ်တာ။ ပုံကို ရက်စွဲထိုးမှ သတိထားမိတယ်။ ဒီနေ့  နေ့ စွဲက လှသား၊ ၁ လေးလုံး၊ ၁၁-၁၀-၁၁ ပဲ။

October 09, 2011

သဘောပေါက်မှာပါလေ

ညီစေမင်း
တေးဆို - ခင်မောင်တိုး

ပွင့်အံထွက်တဲ့စကားဖြစ်မယ်..
ပုံမှန်လေသံကွဲ နေလားကွယ်..
နာကျင်စေချင်သူ ထင်ရင်မှားမယ်..
ဆိုလိုချင်တာက ဖွင့်ပြောဖြစ်အောင်..
အချိန်တွေယူကာပင် ပြင်ဆင်ခဲ့တယ်..
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်..
တမျိုးစီ တွယ်တာရင်း.. တို့ ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း..
အပြုံးတွေကိုယ်စီနဲ့ .. စိတ်ချသူချင်းမို့ ညီစေမင်း..

ကာရံရှာဖွေစဉ် ညီမျှခြင်းကို
ပုံသေယူမယ်ဆို မှန်ဖို့ ခက်တယ်.
ပြေလည်ရာကိုသာ ကိုယ်တိုင်းရွေးချယ်..
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်..

အို... သဘောပေါက်မှာပါလေ..
ချစ်သူချင်းမို့  ငြင်းမိလည်း..
အို...ဖွင့်ဟ၀န်ခံရင်း ..
ချစ်ကြသူချင်းမို့  ညီစေမင်း
တမျိုးစီ တွယ်တာရင်း.. တို့ ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း..
အပြုံးတွေကိုယ်စီနဲ့ .. စိတ်ချသူချင်းမို့ ညီစေမင်း..

အချစ်ရယ်.. အချစ်ရယ်..
အချစ်ရယ်.. အချစ်ရယ်..

October 06, 2011

RIP, Steve Job


The world has lost an amazing human being!

From ThePhoto

October 03, 2011

[Game] SushiChop



SushiChop အလကားပေးနေလို့  ဒေါင်းလုတ်လုပ်ပြီး ဆော့ကြည့်တယ်။ ဆော့ရတာ မဆိုးပါဘူး။ Fruit Ninja မကြိုက်တဲ့သူတွေတော့ ကြိုက်မှာ မဟုတ်ဘူး။ SushiChop က Fruit Ninja ဂိမ်းပုံစံ အတိုင်းပဲ။ ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်။
*** iTune Store - SushiChop ***

Available for iPhone and iPod Touch!

** "This is the best Fruit Ninja clones on the App Store I’ve seen yet, because it not only has two different game modes but its also really addictive!" -- PocketFullOfApps.com

** "SushiChop is a great game with above average graphics and audio. . . Don’t be too quick to think that this is just another Fruit Ninja clone" -- iGamesCentral.com


September 29, 2011

Keep our fingers crossed!

Changes Summary ကိုကြည့်၊ ရှိနေတဲ့ Documentation တွေကိုဖတ်၊ System ကို မြင်အောင်ခံစား၊ Existing code တွေကိုလေ့လာ..
ပြောင်းလဲမှု့ တွေအတွက် လိုအပ်မယ်ထင်တာတွေကို ၃-၄ ရက်ကြာ အချိန်ယူ... စိတ်ကူနဲ့ တွေး၊ ရေးထည့်ပြီး...
Compilation Error မရှိ၊ ကိုယ်ပြင်ထားသမျှ ပို့ ဖို့  ပြင်ဆင်နေတုန်း သကာလမှာ...

ကိုယ်လိုလူတချို့ ရဲ့ Gtalk status တချို့ ကို တွေ့ လိုက်ရတဲ့အခါ မှတ်ထားချင်စိတ်ပေါ်သွားတယ်..

September 27, 2011

အင်တာဗျူး (မိကောက်)

အင်တာဗျူး

ဘာလုပ်တာလဲ
ဦးနှောက်ဖောက်စားတာ။

မြိန်ရဲ့လား
ဆား လုံးဝမပါ။

ဘာလိုသလဲ
အချိုမှုန့် ကဲနေတယ်။

မိကောက်
ခပ်ညံ့ညံ့ကဗျာများ
(၁၉၉၁-၁၉၉၆) ကဗျာစုစည်းမှု

September 23, 2011

20110923 - သောကြာနေ့  နေ့ လည်စာ

ဒီနေ့  သောကြာနေ့  နေ့ လည်စာ အနေနဲ့  ထမင်းကြော်စားဖြစ်တယ်။

From Everything


ဒီတစ်ခုထဲနဲ့ တော့ ကျန်နေသေးတဲ့ သောကြာနေ့ တစ်ဝက်မှာ အလုပ်ဆက်လုပ်ဖို့  အတွက် လုံလောက်တဲ့ အင်အားကို ဘယ်လိုမှ မရနိုင်ဘူး။ ဒီတော့ ဟင်းရံအနေနဲ့  တချို ဟင်းတွေ ထပ်မှာ စားကြပါတယ်။

ပဲပြားနဲ့  မှို
From Everything

ကြက်တောင်ပံကြော်
From Everything

ကန်စွန်းရွက်အစပ်ကြော်.
From Everything

ကုန်လားဆို တစ်ယောက်တည်းတော့ အဲလောက်ကြီး ဘယ်ကုန်နိုင်မလဲ။ သောကြာနေဆိုတော့ ထုံးစံအတိုင်း အဖွဲ့ လိုက်နေ့ လည်စာသွားစား ကြရတာ။ အပေါ်မှာပါတဲ့ ပဲပြားမှို၊ ကြက်တောင်ပံကြော် နဲ့  ကန်စွန်းရွက် တစ်မျိုးကို ၃ ပွဲစီမှာပြီး လူ ၁၂ ယောက်မျှစားကြပါတယ်။ အပေါ်က တစ်ဆက်က လူ ၄ယောက်စာ အရံဟင်းတွေပေါ့။

မစားလို့ မဖြစ်ဘူး။ အစာများများ စားပေးရတယ်၊ စားမှ အားရှိမယ်၊ အားအင်အပြည့်ရှိမှ အလုပ်လုပ်နိုင်ကြမယ်။

September 22, 2011

Busy days are starting up..

ပြီးခဲ့တဲ့ ရက်တွေကစပြီ အလုပ်မှာ အရေးတကြီး Project တစ်ခုကို ကူကြရမယ်ဆိုတဲ့ အတွက် အလုပ်တွေ ပိုများလာတယ်။

မူရင်း ကိုယ်လုပ်နေကြ အလုပ်ကို လုံးဝရပ်ပြီး ကူရမယ့်အလုပ်ကိုသာ ၁၀၀% လုပ်ကြပါတဲ့ ညွှန်ကြားချက်တွေလာပေမယ့်.. တကယ်တကယ် လက်တွေမှာ ကိုယ်တာဝန်ယူထားဆဲ အရာတွေကို လုံးဝ ၀င်မပါပဲ နေဖို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက် လုပ်နေကျအလုပ်တွေကို ၅၀-၆၀% နှုန်းလောက် အထိ လျှော့ချဖို့ ကြိုးစားရင်း ကူညီရမယ့် Project မှလည်း လိုအပ်ချက်အတိုင်း ၁၀၀% ဆိုတဲ့ ပါဝင်မှု့ မျိုး ရနိုင်ဖို့  ကြိုးစားနေရပါတယ်။

ဘာပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်နိုင်မယ် ထင်ပါတယ်။ မလုပ်နိုင်ဘူးဆိုတမျိုး လုပ်လို့ လည်း မရနိုင်ဘူး။


စဉ်းစားရတာတွေ၊ ချက်ချင်းပြောင်းလဲ တွေးရတာတွေ သိပ်များတယ်။ ခုလိုပဲ အာရုံတစ်ခုကို ခဏလွှဲယူရတယ်။

September 20, 2011

Night at Smurfs's Village

ဘာရယ်မဟုတ်ပါဘူး.. မနေ့ က Update လုပ်လိုက်တဲ့ အသစ် (Version 1.1.3) မှာ.. နေ့ နဲ့  ည (Day and Night mood) ပါလာပြီ.. ညဘက်ရောက်တဲ့အခါ Smurfs တို့ ရွာအိမ်လေးတွေ မီးထွန်းထားတာ သဘောကျလို့ ...

From ThePhotoILike

အပြင်က အချိန်နဲ့ မတူဘူး။ အခု ဒီမှာ နေ့ လည် ၁၁ ကျော်မှာ Smurfs ရွာလေးမှာ ညဆိုပြီးပြနေတယ်.. မနက် ၈ နာရီလောက် ကြည့်တုန်းက နေ့ ခင်း အလင်းရောင်နဲ့  အိမ်တွေမြင်ရတုန်းပဲ.. ကြည့်ရတာ အဲဒီထဲက အချိန်က ယူအက်စ်ကအချိန် တစ်ခုခုကို ယူထားတယ် ထင်တယ်.

Game: iTune Store - Smurfs' Village


သူငယ်ချင်းတွေရဲ့ ရွာလေးတွေလည်း မှောင်နေတယ်။



ပိုင်ရှင်တွေလိုပဲ ရွာသူရွာသားတွေက သိပ်ကြိုးစားကြတယ်၊ မှောင်ကြီးမည်းကြီးထဲမှာ အလုပ်လုပ်နေကြတာ တွေ့ ရပါတယ်။

ပုံတွေက ညပိုင်းဆိုတော့ မှောင်နေလို့  သေချာမမြင်ရဘူး။ တကယ်ဆို သူတို့ ရွာလေးတွေမှာ ပြင်ထားတာ လှတယ်။ အားကျပြီး ကိုယ်လည်း ပြင်ကြည်ဖို့ စိတ်ကူးမိပေမယ့် မပြင်တတ်တာရယ်၊ စိတ်မရှည်တာနဲ့  ဒီတိုင်းထားပဲ လိုက်တော့တယ်။

အဲ့ဒီလို အချိန်အရပြောင်းပြီး ပေါ်တာမျိုး မကြိုက်ဘူးဆိုရင် Option မှာ Off လုပ်ထားလို့ ရတယ်။ စိတ်ကူးမိတယ်။ အပြင်ဘ၀တွေမှာလည်း ဂိမ်တွေထဲကလို ကိုယ်မကြိုက်တဲ့ အချိန်တွေကို Off လုပ်ထားလို့ ရရင် သိပ်ကောင်းမယ်။
ဘယ်အချိန်တွေကို လုပ်ထားချင်လည်း ဆိုရင်
နေ့ ရက် - တနင်္လာ မှ သောကြာ အထိ ငါးရက်
အချိန်က - မနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ

September 18, 2011

National Library Singapore Celebrates Customer Appreciation Day 2011

National Library eNewsletter ကို sign upလုပ်ထားတော့ အဲ့ဒီကနေ အီးမေးရတယ်။ NLB ကနေ Customer Appreciation Day 2011 ဆိုပြီး လက်ဆောင်ပေးတယ်။ Lee Kong Chian Reference Library ရဲ့ Information Counters မှာ 1 to 30 September 2011 အတွင်း အီးမေးပြပြီး လက်ဆောင်ထုတ်လို့ ရတယ် လို့ ပါတယ်။ ရှိသေးရင်ရမယ်၊ ကုန်သွားရင်တော့ မရတော့ဘူးဆိုပြီးလည်း ပါတယ်။

ဘာလဲ စိတ်ဝင်စားသွားတယ်။ လူအများကိုပေးတာဆိုတော့ ကတ်ပြားလေး တစ်ခုခု၊ NLB တံဆိပ်ပါတဲ့ ဘောပင် တစ်ချောင်းချောင်း လောက်ဖြစ်မယ် ထင်မိတယ်။ Google ကြည့်တယ်။ ဘာလဲဆိုတာ ရှာမရဘူး။ Library မရောက်တာ အတော်ကြာပြီ။ သိချင်ပေမယ့် သပ်သပ်ကြီးသွားကြည့်ဖို့ တော့ စိတ်မကူးမိဘူး။ ငှါးဖတ်ချင်တဲ့ စာအုပ်ရှိတာတောင် အာရုံမရလို့  Library မသွားဖြစ်ဘူး။

အသိတစ်ယောက်က Weekend မှာ အေးအေးဆေးဆေး စာဖတ်ချင်လို့  ဘယ်မှာ အဆင်ပြေနိုင်မလဲ မေးလာတယ်။ နေတဲ့နေရာမေးကြည့်တော့ Central Library နဲ့ နီးတာမို့  အဲဒီမှာ စာသွားဖတ်ပါလားလို့ ပြောလိုက်မိတယ်။ ဖြစ်နိုင်ရင် လိုက်ပြပါလား အကူအညီတောင်းလာတာနဲ့  သောကြာညနေပိုင်းက Library ရောက်သွားတယ်။ Information ကောင်တာမှာ Gift ထုတ်လို့ ရလား မေးကြည့်တာ Level 8/9 မှာ ထုတ်လို့  ရတယ်ဆိုတာနဲ့  သွားကြည့်လိုက်တယ်။

Email ရလို့ ဆိုပြီး ဖုန်းနဲ့ အီးမေးလေးပြလိုက်တာ လက်ဆောင်လေး ထုတ်ပေးတယ်။ ဖုန်းကို သေချာတောင်သေချာ မကြည့်ပါဘူး၊ ဘာမှလည်းမမေးဘူး ဒါပေမယ့် စာရွက်ပိုင်းလေးထုတ်ပေးပြီး Full Name ရေးပေးပါပြောလို့  နာမည်တော့ ရေးပေးခဲ့ရတယ်။ ပါလာတဲ့အသိလည်းရတယ်။ သူလည်း နာမည်လေးတော့ ရေးပေးရတာပေါ့။ အထဲဝင်ကြည့်ပြီး ပြန်အထွက်မှာ ကောင်တာမှာ လူတစ်ယောက် Email ကို Print ထုတ်ယူလာပြီး ပြနေတာတွေ့ လိုက်တယ်။

ဒါက NLB ကပို့ တဲ့ အီးမေးမှာပါတဲ့ပုံ.. ဒါလေးပြရင် လက်ဆောင်ပေးတယ်..
(click here for large image)

ဒါက လက်ဆောင်
From Singapore



Friday Evening Photo Diary...

Bugis ကထွက် ဘယ်သူလည်းမသိဘူး လူတွေစုနေတယ်... လက်မှတ်ထိုးပေးနေတာ...
From Singapore


လမ်းကူးဖို့ စောင့်ရင်း မြင်ရတဲ့ Library..

From Singapore

Central Library ကို သဘောကျတယ်..

From Singapore




Welcome to National Library Building
From Singapore

လူ့ မိတ်ဆွေများ...
From Singapore

မနှောက်ယှက်ပါနှင့်...

From Singapore

Read More Books..

From Singapore

များများဖတ်ပါ။
From Singapore


Library ပေါ်မှ လှမ်းမြင်သမျှရိုက်သည်။


From Singapore

From Singapore


From Singapore

ရိုက်သည်၊ ရိုက်သည်၊ ဆက်ရိုက်သည်။
ဗိုက်ဆာလာပါပြီ။

Library Lobby
From Singapore

အောက်ကိုရိုက်ခဲ့သည်၊ အပေါ်ကိုရိုက်နေသည်၊ ရှေ့ ကိုဆက်ရိုက်မည်။
From Singapore


From Singapore


အပြန်လမ်း...
From Singapore


Central Lending Library , Lee Kong Chain Reference Library, Drama Center

From Singapore


လျှောက်သည်၊ လျှောက်သည်၊ ဆက်လျှောက်သည်။
Raffles City
From Singapore


From Singapore


From Singapore

စားသည်၊ ၀ါးသည်၊ အားဖြည့်သည်။
From Singapore


အားပြည့်သောအခါ ဈေးဝယ်ထွက်သည်။ ဆိုင်ပိတ်မည်ကို မစိုးရိမ်ရ။
Challenger... ၂၄ နာရီဖွင့်သည်။
From Singapore

ဈေးပိုမပေးရပါ။
From Singapore


ကြည့်သည်၊ ကြည့်သည်၊ လျှောက်ကြည့်သည်။
From Singapore

ပြန်မည်၊ ပြန်မည်၊ ပြန်တော့မည်။
From Singapore


From Singapore

လူတွေ ရှိသေးသည်။
ဆူမည့်သူမရှိ၊ သို့ သော် အိမ်ပြန်ချိန် နောက်မကျပါ။

From Singapore

ရိုက်ချက်။
From Singapore

မှတ်ချက်။ ။ လက်ရည်တက်လာသည်။

September 15, 2011

Cambridge - Total : $94.89

Cambridge - Total : $94.89

Advanced Grammer in Use Activities - $9.99
English Grammer in Use Activities - $9.99
Essential Grammer in Use Activities - $9.99
Advanced Grammer in Use Tests - $4.99
English Grammer in Use Test - $4.99
Essential Grammer in Use Tests - $4.99
IELTS 6 Trainer - $9.99
IELTS 7 Trainer - $9.99
FCE Trainer - $9.99
CAE Trainer - $9.99
PET Trainer - $9.99


အားလုံးပေါင်းလိုက်တော့ US$94.89 တန်ဖိုးရှိတယ်။ ဖုန်းကို jailbreak လုပ်မထားဘူး။ ဒီတော့ အဲဒီ Applications တွေက iTune Store ကဈေးအတိုင်း တန်းဖိုးရှိတယ် ပြောလို့ ရနိုင်မယ်။

ဒါတွေ ထည့်ထားပြီး ဖတ်နေတယ်ပေါ့ဆို..
ဘယ်ကဟုတ်ရမှာလဲ.. အလကားရတယ် ဆိုတုန်းက ယူထားလိုက်တာ။

ကြာပါပြီ။ တရေးနိုးသော်အကြံပေါ်ဆိုသလို မနက် ၂ နာရီလောက် တရေးနိုး ပြန်အိပ်မရတာနဲ့  ဖုန်းနဲ့ ဖေ့ဘုတ်ဝင်ကြည့်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို သူငယ်ချင်းတစ်ယောက်က ဒါတွေ Free ဖြစ်နေတယ်ဆို တင်ထားတာတွေ့ တုန်းက ဒေါင်းလုတ်လုပ် ယူထားလိုက်တာ။

မှတ်ချက်။ ။ အလုပ်လုပ်ရတာ စိတ်မပါ၊ အတော်ကြီးကို အာရုံမရဖြစ်နေတယ်။

Thanks Ko Ye (YWN) for sharing this info with us in fb.

September 10, 2011

Goodbye, Grandfather..

စက်တင်ဘာ ၄ နေ့  ညနေပိုင်းမှာ ကျွန်မ အဖိုးဆုံးတယ်ကြားတယ်ဆိုပြီး အမျိုးတစ်ယောက်က ဖုန်းကို sms ပို့ လာတယ်။ အံ့သြသွားတယ်။ မဖြစ်နိုင်ပါဘူးဆို မယုံချင်ဘူး။ သောကြာနေ့ ကတင် အိမ်နဲ့ ဖုန်းပြောတာ၊ အဖိုး နေမကောင်းဘူးလည်း မပြော၊ ဘာမှ ထူးထူးခြားခြားပြောတာ မျိုးမကြားခဲရဘူး။ ဒါနဲ့ အိမ်ကို ဖုန်းခေါ်တယ် မရဘူး။ ဟန်းဖုန်းတစ်လုံးကိုက ဖုန်းဝင်သွားတယ်။ ညီမလေး ထူးသံပဲကြားရပြီး ဖုန်းပြန်ပျက်သွားတယ်။ ထပ်ခေါ်တာ ဘယ်လိုမှ မရတော့ဘူး။ မဟုတ်ပါစေနဲ့ လို စိတ်ထဲမှာ တွေးနေမိတယ်။ အဖိုးက အသက်သာကြီးတာ နေမကောင်းဖြစ်တယ် ဘာညာ ထူးထူးခြားခြား မကြားမိခဲ့ဘူးလေ။ နောက်နေ့ မနက် အိမ်ကို ဖုန်းဆက်တယ်။ အဖေနဲ့ စကားပြောတော့ ဟုတ်တယ်တဲ့။ တနင်္ဂနွေနေ့  မနက် ၂း၄၀ မှာ အဖိုးဆုံးတယ်ပြောတယ်။ ပြီးခဲ့တဲ့ နှစ် မြန်မာပြည်ပြန်ချိန်က အဖိုးရှိရာကို သွားပြီး ကန့် တော့ဖြစ်တယ်။ ဒီတစ်ခေါက်ပြန်ရင် အဖိုးမရှိတော့ဘူး။

ကျွန်မရဲ့ မိဘတွေတောင်မှ စနေနေ့ မှာ ဘကြီးတို့  ဖုန်းဆက်လာလို့  အဖိုးဖျားနေတယ် သိခဲ့ရတာ၊ အဖျားသွေးနည်းနည်း လောက်ပဲရှိပါတယ်။ ညနေပိုင်းတော့ ချောင်းနည်းနည်းဆိုတယ် သိခဲ့ရတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ လူကြီးပိုင်းဆို ဘာပဲဖြစ်ဖြစ် အမေနဲ့ အဖေ သွားလိုက်မယ် တိုင်ပင်စီစဉ်နေတုန်း၊ နောက်နေ့  မနက်စောစောမှာ ဆုံးသွားပြီဆို သိလိုက်ရတာလို့ ပြောပြတယ်။ အဖိုးဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဘ၀တစ်ပါး ကူးပြောင်းသွားတယ်လို့  ပြောပြတယ်။ အဖိုးဆုံးတာကို အဲဒီညက မအိပ်ပဲ စောင့်ကြည့်နေတဲ့ ကျွန်မတို့ ရဲ့ ကြီးတော်ကြီး(ဘကြီးရဲ့ အမျိုးသမီး)၊ သူနာပြုဆရာမနဲ့  နောက်အမျိုးသမီး အကူတစ်ယောက်ရယ်ပဲ သိလိုက်တယ်။ လိုရမယ်ရဆို ညနေပိုင်းက အောက်ဆီဂျင်ဘူးတွေစီစဉ်ပြီး သူနာပြုဆရာမပါ ခေါ်ထားလိုက်တာတဲ့။ အရင်ရက်တွေကတောင် ညညဆို ခွေးဟောင်သံ ဆူသံပူသံတွေ ကြားရသေးတယ်။ အဖိုးဆုံးတဲ့ညက ပတ်ဝန်းကျင်တစ်ခုလုံး တစ်ညလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲလို့ သိရတယ်။ ခွေးအူသံတွေ၊ ငှက်ဆိုးထိုးသံတွေ ကြားရမလား စိတ်ပူနေတာ၊ ဘာဆိုဘာမှ မကြားရပဲ အေးအေးချမ်းချမ်းနဲ့  ဘ၀ကူးသွားမျိုးဖြစ်ကြောင်း သိခဲ့ရပါတယ်။

အတူရှိနေတဲ့ မြေးတွေဆို နောက်နေ့ မနက် သူတို့  နိုးလာချိန်မှာ အဖိုးနေကောင်းလား၊ ဘယ်လိုနေသေးလည်း မေးချိန်မှ ပဲ အဖိုးညက ဆုံးသွားတယ်ဆို သိလိုက်ရတာလို့ ပြောပြတယ်။ အဖိုး အဖျားနည်းနည်းရှိနေတာ သိကြတယ်၊ ဒါပေမယ့် သူတို့ မအိပ်ခင် စနေနေ့ ည ၁၀ နာရီလောက်မှာ အဖိုးက ဘုရားရှစ်ခိုး ဘာညာ သူဘာသာ ကိုယ်တိုင်လုပ်ပြီး အေးအေးဆေးဆေး အိပ်သွားဆိုတော့ ခုလို ချက်ချင်းကြီးဆုံးသွားမယ် ဘယ်သူမှ မထင်ကြဘူးဖြစ်နေကြတယ်။ အဖိုးဆုံးတာနဲ့  ကြီးတော်ကြီးနဲ့  သူရဲ့သားငယ် (ကျွန်မ့ မောင်ဝမ်းကွဲ) ကိုနှိုးပြီး ရေချိုးပြင်ဆင်တာဘာညာလုပ် လိုက်တယ်။ အဖိုးကို တနင်္ဂနွေ နေ့ လည် ၂ နာရီမှာ နေ့ ချင်းပဲ သဂြိုဟ်လိုက်တယ်လို့ ပြောပြတယ်။ အဖိုးဟာ သဂြိုဟ်တဲ့ အချိန်အထိ အသားအရည်က ပြောင်းလဲမှု့ မရှိ နဂို အိပ်နေသလိုပဲလို့ သိရတယ်။ ကျွန်မတို့ အဖိုးက အသက်သာ ရာကျော်နေတာ လူက ပိန်ပိန်မဟုတ်ဘူး၊ ခပ်ပြည့်ပြည့်ရှိတယ်။

ကျွန်မတို့ အဖိုးက အသက်ရာကျော် ရှိနေပါပြီ။ အဖိုးအသက် ၁၀၅ နှစ်မပြည့်သေးတာ သိတယ်။ အဖိုးက ကျွန်မလိုပဲ နတ်တော်လအတွင်း မွေးတာ သိတယ်။ အဖိုးမွေးနေ့ ပြီးနောက်တစ်ရက်က ကရင်နှစ်သစ်ကူးနေ့ ဆိုတာလည်း သိပေမယ့် အသက်အတိအကျ ဘယ်လောက် ဆိုတာ မမှတ်မိဘူး။ အမေ့ကို သေချာအောင် ပြန်မေးကြည့်ဖြစ်တယ်။ အဖိုးမွေးနေ့ က နတ်တော်လကွယ်နေ့ ၊ ကြာသာပတေးနေ့ ဖွား၊ လာမယ့် နတ်တော်လကွယ်ဆို အဖိုးအသက် ၁၀၄ နှစ်ပြည့်မယ်လို့  အမေက ပြောပြတယ်။ ဒါဆို တွက်ကြည့်တာ အဖိုးမွေးနေ့ က မြန်မာခုနှစ်နဲ့ ဆို ၁၂၆၉ နတ်တော်လကွယ်နေ့ ။ အင်္ဂလိပ်လိုရော အတိအကျသိနိုင်မလား အင်တာနက်ပေါ်လိုက်၇ှာတာ မြန်မာနှစ် ၁၃၀၀ ကစလိုပဲ ရှာလို့ ၇တော့ ဘယ်ရက်လည်း ကြည့်မရခဲ့ဘူး။ အိမ်က လူကြီးတွေကို ပြန်မေးရင်တော့ သိနိုင်မယ် ထင်တယ်၊

ဘိုးဘပျို
မွေးဖွားသည့်ရက် - ၁၂၆၉ နတ်တော်လကွယ်နေ့ 
ကွယ်လွန်သည့်ရက် - ၁၃၇၃ တော်သလင်းလဆန်း ၇ ရက်နေ့  (၄-စက်တင်ဘာ-၂၀၁၁)

ကျွန်မတို့ ရဲ့ အဖိုး ဦးဘပျိုဟာ နှစ် ၁၀၃ နှစ်ကျော် ၁၀၄ နှစ်နီးပါး လူ့ ဘ၀မှာ နေသွားပြီး ငြိမ်းငြိမ်းချမ်းချမ်း နောက်တစ်ဘ၀ကို ကူးပြောင်းသွားခဲ့ပြီ။

ပြီးခဲ့တဲ့ စနေနေ့  ( ၁၀-စက်တင်ဘာ-၂၀၁၁) မှာ အဖိုးဆုံးတာ ၇ ရက်ပြည့်၊ ရက်လည် သပိတ်သွပ်ကို ကျွန်မတို့ ရဲ့ ဘကြီးအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဖိုးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှု့ တွေ လုပ်ကြခဲ့တယ်။

-အာရုံတက်မှာ ဘုန်းကြီး ၅ ပါးပင့်ပြီး သပိတ်သွပ် တရားနာ၊ ဆွမ်းကပ်၊ ပစ်စည်း ၆၇ မျိုးနဲ့ အလှူငွေကပ်
-မနက်ခင်းမှာ အိမ်ရှေ့ ကို ဆွမ်းခံကြွလာတဲ့ ရဟန်းကိုရင် အပါး ၂၄၀ ကို ဒန်ပေါက် ဆွမ်းလောင်း
(ပုံမှန်ဆို ကြီးတော်က မနက်တိုင်း အိမ်ရှေ့ မှ ဆွမ်းခံကြွသမျှ ကိုယ်တော်တိုင်းကို ထမင်းနဲ့  ဆွမ်းဟင်း လောင်းနေကြ။ အဲဒီနေ့ ကတော့ အဖိုးအတွက် ကုသိုလ်ကောင်းမှု့  အလှူပြုတဲ့အနေနဲ့  ဒန်ပေါက်ထမင်းနဲ့ ကြက်သားဟင်းချက်လောင်းတယ်။ ပုံမှန်နေ့ တိုင်းဆွမ်းလောင်းသလို သပိတ်ထဲ ဆွမ်းဟင်းခွက်နဲ့ ၊ ထမင်းထည့်လှူတာမျိုးမဟုတ်ပဲ ဒန်ပေါက်ထမင်းနဲ့ ဟင်းတွေကို ဘူးတွေနဲ့ ထည့်ပြီး ဆွမ်းလောင်းတာမျိုး လုပ်တာလို့  ပြောပြတယ်။ ဆွမ်းဘူးပေါင်း ၂၄၀ ကုန်သွားတဲ့အတွက် အဲဒီနေ့ မနက်က ဘုန်းကြီးနဲ့ ကိုယ်ရင် အပါး ၂၄၀ ဆွမ်းခံကြွတယ် သိခဲ့ရတာလို ပြောနိုင်တာပါ။ အဲဒီနေ့ က ကျွန်မ ဖုန်းဆက်တဲ့အချိန် မနက် ၇း၃၀ နာရီလောက်မှာတင် ပထမ ပြင်ဆင်ထားတဲ့ ၂၀၉ ဘူး ကုန်သွားလို့  ထပ်ပြင်ဆင် ဆွမ်းလောင်းနေတယ်လို့  သိခဲ့ရပါတယ်။)
- ရက်လည်ကြွလာတဲ့ ဧည့်သည်တွေကိုလည်း ဒန်ပေါက်နဲ့  ကြက်သားဟင်းကျွေးတယ်လို့ ပြောပြတယ်။ လူ ၃၀၀ လောက်လာတယ်လို့ သိရတယ်။

ဒန်ပေါက်ချက်တာ ဆန် ၂ တင်းခွဲ ကုန်တယ်၊ အကူရသမျှ ပစ်စည်းတွေကို အကုန် ပြန်လှူဖြစ်ခဲ့တယ်။ အလှူလာသမျှ လူတွေကို ကျွေးမွေးလှူဒါန်းတာ ဘာမှ လိုအပ်မှု့ မရှိ အဆင်ပြေပြေ လှူဒါန်းနိုင်တဲ့အတွက် ကျန်ရစ်သူမိသားစုတွေ၊ ကျွန်မ့ အမေနှင့် ဆွေမျိုးများ အားလုံး စိတ်အေးချမ်းမှု့  ရှိကြောင်း သိရပါတယ်။

* * *

သတင်းမေး အားပေးတဲ့ သူငယ်ချင်း၊ မိတ်ဆွေများကို မိသားစုဝင်အားလုံးက အထူးကျေးဇူးတင်ပါတယ်။

* * *
သူငယ်ချင်းတွေ မေးသလိုပဲ အဲဒီအဖိုးက ကျွန်မတို့ နဲ့ တူတူနေ၊ သူငယ်ချင်းတွေ တွေ့ ဖူးနေတဲ့ အဖိုးပါ။ အဖိုးက ကျွန်မတို့ အမေ၊ သူ့ ရဲ့ သမီး အငယ်ဆုံးကို စောင့်ရှာက်ဖို့  သမီးနဲ့ ပဲနေမယ်ဆိုပြီး ကျွန်မတို့  မိသားစုနဲ့  တူတူနေခဲ့တာပါ။ အဖိုးဆုံးတာကတော့ ရန်ကုန်မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ်ကမှ အမေရဲ့ အစ်ကိုကြီး မိသားစုရှိတဲ့ သူ့ ဇာတိအရပ် ပြန်ပြောင်းနေတာပါ။

September 08, 2011

Happy Birthday Sister

Thinking of you with love on your birthday and
Wishing you everything that brings you happiness today and always!

Happy Birthday, My Little Sister..
8th Sept 2011

Happy Birthday Little Sister Graphi Pictures
Birthday Graphics


August 30, 2011

Food From Home

From Everything

- လက်ဖက် (ချဉ်စပ် ၂ထုတ်၊ ရိုးရိုး ၁ ထုတ်)၊ နှစ်ပြန်ကြော်၊ ပုဇွန်ခြောက်ကြော်၊ ငါးရံခြောက်ဖုတ်
- ရွှေပုဇွန်ခြောက်၊ ငါးသလောက်ဥကြော်၊ ပုဇွန်ထုတ်၊ ငါးခူကြော်
- ငါးပုဏ္ဏားကြော်၊ ငါးသလဲထိုးကြော်၊ ငါးကျီးကြော်


သမီးစားဖို့ ဆိုပြီး အမေနဲ့  အဖေက အစားအသောက်တွေ ထည့်ပေးလိုက်တယ်။ ဒီကို ပြန်လာတဲ့ သူငယ်ချင်းနဲ့ ထည့်ပေး လိုက်တာပါ။ အစားအသောက်တွေ သည်လာပေးတဲ့ သူငယ်ချင်းကြီးကို အားလည်းနာတယ်၊ အထူးကျေးဇူးတင်ပါတယ်။

ရန်ကုန်ကပြန်လာတယ်ဆို လူတိုင်းက ကိုယ့်ပစ်စည်းတွေနဲ့ ကို ပေါင်ချိန်မပိုအောင် ဂရိုစိုက်နေရတဲ့ လူကများတယ်။ ဒီတော့ အိမ်က လူကြုံပေးမယ်ဆို အိမ်က ထည့်ပေးတာတွေကို သည်ပေးနိုင်တာ သေချာတဲ့၊ ကိုယ်ပိုင်ပစ်စည်း သိပ်မသည်ကြတဲ့၊ အားနာစရာလည်း မလိုတဲ့ သူတွေနဲ့ ပဲ ထည့်ပေးလေ့ရှိတယ်။ ဘယ်သူတွေလည်းဆို အကိုမောင်တွေ နဲ့  ၀မ်းကွဲမောင်နှမတွေ။ တခါတလေ ဖေဖေ့သူငယ်ချင်း အန်ကယ်ကြီးတွေ။

ဒီလထဲ ရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက် ရန်ကုန်ကို ခဏ ပြန်ကြတယ်။ တစ်ယောက်က ပြန်တာမှ ၃-၄ရက်၊ ဟိုမှာနေတဲ့ရက်လည်း သူအလုပ်တွေနဲ့ သူရှုပ်နေမှာဆိုတော့ အိမ်ကို ဘာမှမပြောဖြစ်ဘူး။ သူငယ်ချင်းက ရန်ကုန်ရောက်ပြီး မအားတဲ့ကြားကနေ၊ သူမပြန်ခင်တစ်ရက်မှာ ကျွန်မအိမ်ကို၊ ဖုန်းဆက်ပြီး ကျွန်မလိုချင်တာတွေ၊ ပေးချင်တာပေးလိုက်ပါ သူသည်သွားပေးမယ် သွားပြောတော့ အိမ်က စိတ်ဆိုးတယ်။ သူငယ်ချင်းကို မဟုတ်ဘူး၊ သူ့ သမီးဖြစ်တဲ့ ကျွန်မကို ကြိုမပြောလို့ စိတ်ဆိုးတာ။ နီးတဲ့သူပဲ အဆူခံရတတ်တာ သဘာဝဆိုတော့ ဖုန်းဆက်တဲ့သူ ခံလိုက်ရတာပေါ့။ :-D (အဖေအော်တာလေးကို ကျွန်မကိုယ်စား ခံယူပေးတာ ကျေးဇူးပါ သူငယ်ချင်း၊ အမှတ်တရပေါ့ ;))။

ကျွန်မလည်း ကိုယ့်အလှည့်အဆူမခံရအောင်၊ နည်းနည်း လူလည်ကျပြီး နောက်တစ်ယောက်နဲ့  လည်းထည့်ပေးချင် ထည့်ပေးလို့ ရတာကြောင့် ဒီတစ်ယောက် ဖုန်းခေါ်မယ်ဆိုတာ သိပေမယ့် မပြောလိုက်တာဖြစ်ကြောင်း ပြောရတော့တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မှာ ရှိနေသေးတဲ့ သူငယ်ချင်းကလည်း အွန်လိုင်းလာတာတွေ့ တာ နဲ့  ဖုန်းနံပါတ်တောင်းပြီး အိမ်ကိုပေးလိုက်တယ်။ ပစ်စည်းမများဘူး သည်နိုင်တယ်ဆိုရင် ထည့်ပေးလိုက်ပါ၊ အရေးတကြီးလိုတာမရှိ၊ ခုတလော စားချင်စိတ်ပေါ်တာ ငါးကြော်ပဲရှိတယ် ပြောလိုက်တယ်။

ဒီနေ့  သူငယ်ချင်းပြန်လာတော့ အပေါ်ပုံထဲက အစားအသောက်တွေပါလာ ပါတယ်။ ထည့်ပေးလိုက်သမျှ အကုန်သည်လာပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

August 25, 2011

Never Say Goodbye

နေရာတစ်ခုမှာ တွေ့ ဆုံခဲ့ကြတယ်...
...
နေရာတစ်ခုကို သူထွက်သွားခဲ့တယ်...
...
နေရာတစ်ခုမှာပဲ ပြန်လည်ဆုံဆည်းခဲ့တယ်...
...
နေရာတစ်ခုကို သူထွက်သွားပြန်တယ်...
(25th August 2011)
.
.
.
အစစအရာရာ အားလုံး ..... အဆင်ပြေပါစေ။
* * * *
* *
*
တချိန်ချိန်မှာ တစ်နေရာရာမှာ...
ပြန်လည်တွေ့ ဆုံကြဖို့  မျှော်လင့်ဆန္ဒပြုလျှက်...

*Big Bear Hug*

August 08, 2011

Happy Birthday!

မင်္ဂလာရှိသောမွေးနေ့ ဖြစ်ပါစေ.. ချစ်သူ

ယနေ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်....
ချမ်းမြေ့သောစိတ်၊ ကျန်းမာသောကိုယ်နှင့် အောင်မြင်ပျော်ရွှင်သောဘ၀ကို အမြဲပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။

ချစ်ခြင်းများစွာဖြင့်..
နေနေ

July 26, 2011

I Believe (Author Unknown)



I Believe...

That just because two people argue, it doesn't mean they don't love each other.
And just because they don't argue, it doesn't mean they do love each other.

I Believe...
That we don't have to change friends if we understand that friends change.

I Believe...
That no matter how good a friend is,
they're going to hurt you every once in a while and you must forgive them for that.

I Believe...
That true friendship continues to grow, even over the longest distance.
Same goes for true love.

I Believe...
That you can do something in an instant that will give you heartache for life.

I Believe....
That it's taking me a long time to become the person I want to be.

I Believe...
That you should always leave loved ones with loving words.
It may be the last time you see them.

I Believe...
That you can keep going long after you think you can't.

I Believe...
That we are responsible for what we do, no matter how we feel.

I Believe...
That either you control your attitude or it controls you.

I Believe...
That heroes are the people who do what has to be done when it needs to be done,
regardless of the consequences..

I Believe...
That money is a lousy way of keeping score.

I Believe...
That sometimes the people you expect to kick you when you're down, will be the ones to help you get back up.

I Believe...
That sometimes when I'm angry I have the right to be angry, but that doesn't give me the right to be cruel.

I Believe...
That maturity has more to do with what types of experiences you've had and what you've learned from them and less to do with how many birthdays you've celebrated.

I Believe...
That it isn't always enough, to be forgiven by others sometimes, you have to learn to forgive yourself.

I Believe...
That no matter how bad your heart is broken the world doesn't stop for your grief.

I Believe...
That our background and circumstances may have influenced who we are,
but, we are responsible for who we become.

I Believe...
That you shouldn't be so eager to find out a secret. It could change your life Forever.

I Believe...
Two people can look at the exact same thing and see something totally different.

I Believe...
That your life can be changed in a matter of hours by people who don't even know you.

I Believe...
That even when you think you have no more to give,
when a friend cries out to you - you will find the strength to help.

I Believe...
That credentials on the wall do not make you a decent human being.

I Believe...
That the people you care about most in life are taken from you too soon.

I Believe...
I believe in you, that's why I share this with you.


သူငယ်ချင်းတစ်ယောက် သူ့ ဘလော့မှာ share လုပ်ဖူးလို့  ဖတ်ခဲ့ဖူးတာလေး သတိရတာကြောင့် အင်တာနက်ပေါ်မှာ လိုက်ပြန်ရှာပြီး မှတ်ထား ဖြစ်တယ်။ မူရင်းရေးသားသူ ဘယ်သူဆိုတာ သိချင်လို့ လိုက်ရှာတာ ရှာလို့ မတွေ့ ဘူး။ ရေးသူ မသိ (Author unknown) ဆိုတာတွေပဲ တွေ့ မိတယ်။ လိုက်ရှာရင်း Youtube က Movie Clip လေးတစ်ခု တွေ့ တယ်။

Movie Clip credit to Original Uploader Nur287

July 19, 2011

The Sound Of Silence


And in the naked light I saw
Ten thousand people, maybe more.
People talking without speaking,
People hearing without listening,
People writing songs that voices never share
And no one dare
Disturb the sound of silence.
Related Links:
The Sound Of Silence, Lyrics, Lyrics Analysis

July 08, 2011

Aal Izz Well...

ဟိုတလောက ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကား တစ်ခုထဲက စာသား။ ကောင်းတယ်ဆိုလို့  ကြည့်ဖြစ်သွားတာ။ ကြည့်ပြီးတော့လည်း ကြိုက်ပါတယ်။ သူတို့ ပြောတာတွေကို ဒီတိုင်း နားမလည်တော့ အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ပါတယ်။ အချိန်ရတယ်ဆို ကြည့် ကြည့် သင့်တယ်။

ဘ၀မှာ ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားတာကို လုပ်ခွင့်ရလို့  စိတ်ချမ်းသာပြီး အောင်မြင် ပျော်ရွှင်နေနိုင်တယ် ဆိုတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူး။

Saari Umr Hum, Mar Mar ke jee liye
Ek pal to ab humein, Jeene Do Jeene do

"All our lives, we've needed to get a life. Let us live a little now, if only for a moment".


Na Na NA.. Na Na NA.. Na Na NA... Na Na NA..

Give Me some sunshine
Give me some rain...
Give me another chance...
I wanna grow up once again...

Bachpan to gaya, Jawani bhi gayi
Ek pal To ab humein, Jeen Do jeene do

"We lost our childhood. We lost our prime. Let us live a little now, if only for a moment".






"Aal Izz Well" ဆိုတာကို ရုပ်ရှင်ထဲကလို အသံထွက်တူ မျိုး ပြောနိုင်အောင် လိုက်ကျင့်နေတယ်။ မအောင်မြင်သေးဘူး။