From ThePhotoILike |
အပြင်က အချိန်နဲ့ မတူဘူး။ အခု ဒီမှာ နေ့ လည် ၁၁ ကျော်မှာ Smurfs ရွာလေးမှာ ညဆိုပြီးပြနေတယ်.. မနက် ၈ နာရီလောက် ကြည့်တုန်းက နေ့ ခင်း အလင်းရောင်နဲ့  အိမ်တွေမြင်ရတုန်းပဲ.. ကြည့်ရတာ အဲဒီထဲက အချိန်က ယူအက်စ်ကအချိန် တစ်ခုခုကို ယူထားတယ် ထင်တယ်.
Game: iTune Store - Smurfs' Village
သူငယ်ချင်းတွေရဲ့ ရွာလေးတွေလည်း မှောင်နေတယ်။
ပိုင်ရှင်တွေလိုပဲ ရွာသူရွာသားတွေက သိပ်ကြိုးစားကြတယ်၊ မှောင်ကြီးမည်းကြီးထဲမှာ အလုပ်လုပ်နေကြတာ တွေ့ ရပါတယ်။
ပုံတွေက ညပိုင်းဆိုတော့ မှောင်နေလို့  သေချာမမြင်ရဘူး။ တကယ်ဆို သူတို့ ရွာလေးတွေမှာ ပြင်ထားတာ လှတယ်။ အားကျပြီး ကိုယ်လည်း ပြင်ကြည်ဖို့ စိတ်ကူးမိပေမယ့် မပြင်တတ်တာရယ်၊ စိတ်မရှည်တာနဲ့  ဒီတိုင်းထားပဲ လိုက်တော့တယ်။
အဲ့ဒီလို အချိန်အရပြောင်းပြီး ပေါ်တာမျိုး မကြိုက်ဘူးဆိုရင် Option မှာ Off လုပ်ထားလို့ ရတယ်။ စိတ်ကူးမိတယ်။ အပြင်ဘ၀တွေမှာလည်း ဂိမ်တွေထဲကလို ကိုယ်မကြိုက်တဲ့ အချိန်တွေကို Off လုပ်ထားလို့ ရရင် သိပ်ကောင်းမယ်။
ဘယ်အချိန်တွေကို လုပ်ထားချင်လည်း ဆိုရင်
နေ့ ရက် - တနင်္လာ မှ သောကြာ အထိ ငါးရက်
အချိန်က - မနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ
5 comments:
အပြင်ဘ၀တွေမှာလည်း ဂိမ်တွေထဲကလို ကိုယ်မကြိုက်တဲ့ အချိန်တွေကို Off လုပ်ထားလို့ ရရင် သိပ်ကောင်းမယ်။
ဘယ်အချိန်တွေကို လုပ်ထားချင်လည်း ဆိုရင်
နေ့ ရက် - တနင်္လာ မှ သောကြာ အထိ ငါးရက်
အချိန်က - မနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ
ဟယ်...တို.ရွာလေးတော့.... :)))
ဟုတ်ပါ့. ကိုယ့်ရွာလေးကို မှတ်မိသားပဲ :P
နေနေ့ဆီမှာ ပိုက်ပိုက်တွေ အများကြီးပဲနော်... ကိုယ့်မှာတော့ ထောင်ဂဏန်းတောင် အနိုင်နိုင်...း))
နေနေနဲ့ ရွာနီးချင်း လုပ်ပြီး ပိုက်ပိုက်ချေးရရင် ကောင်းမလား စဉ်းစားနေတယ်...း))
ဟိုတလောက ပစ်စည်းတွေဝယ်လိုက်တာရယ် Magic အသီးတွေစိုက်တာရယ်ကြောင့် ပိုက်ဆံအကုန်နီးပါး ကုန်သွားတယ်။ ဒါနဲ့ Golden Potatoes တွေစိုက် ပိုက်ဆံပြန်ရှာထားလို့ ပါ။
Post a Comment