Pages

April 01, 2007

နေရာတိုင်းမှာ - စိုင်းထီးဆိုင်

တစ်ယောက်တစ်နေရာစီ ဝေးကွာနေကြသော ချစ်သူများသို့  ...

နေရာတိုင်းမှာ - စိုင်းထီးဆိုင်

ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ .. အချစ်ဆုံးရဲ့ အနံ့ အသက်ကို ယူခဲ့ပြီ..
နေ၀င်ချိန် အိပ်တန်းတက်ငှက်လေးတွေ .. အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီး

နေခြည်တွေ ခြုံလွှမ်းတဲ့ နံနက်ခင်းမှာ .. အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ.. အချစ်ဆုံးရဲ့ အထိအတွေ့ ကိုပြန်ရပြီ

ဘယ်စီကို ရောက်လို့ နေ .. ဘယ်လောက်ပဲ ဝေးရတယ် .. ဘယ်တော့မှ အထီကျန်း မဆန်ခဲ့ ..
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့  ..ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ်..

လူတွေက ကိုယ်တို့ နှစ်ယောက်ခွဲရလို့  .. အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့ လောက်နီးကပ်တာ .. ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ်..

4 comments:

ညီညီ(သံလွင်) said...

ဒီသီချင်းအတွက် ကျေးဇူးပါ။ နေရာတိုင်းမှာကို အခု နားထောင်နေရင်း ငါ့ချစ်သူနဲ့ သင်္ကြန်ပြန်တဲ့အခါ ပြန်ဆုံမယ့်နေ့ကို ကြိုပြီး ရင်ခုန်နေမိတယ်.. ဟဲဟဲ.. (ကဗျာဆရာဆိုတော့ ကဗျာဆန်ဆန်လေး ပြောကြည့်တာ)

Nay Nay Naing said...

ညီညီ .. ရန်ကုန်ပြန်ပြီး ချစ်သူနဲ့ ပြန်တွေ့ မယ်ဆိုတာ သိပါတယ်။ အတော့်ကို ပျော်နေတဲ့ ပုံပဲ။ မနာလို ဖြစ်ချင်လာပြီနော်.. :P သူမ၏ကဗျာဆရာ ဆိုမှတော့ ကဗျာဆန်ဆန်လေးတွေ အမြဲ ပြောတတ်မယ်ဆိုတာ သိပြီးသားပါ။

Min Htet said...

Sis Nay Nay Naing, if it is possible, can I know where can I download this Sai Htee Saing's " Nay Yar Tine Hmar",many thanks.This is my favourite one.

Nay Nay Naing said...

Bro.. To download the file, Right-Click on the filename ("နေရာတိုင်းမှာ - စိုင်းထီးဆိုင်") and choose "Save Target As" or "Save Link As".